This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, 5 October 2013

ဖန်ပေါင်းချောင်ထဲက ဖားတို့ရဲ့ဘဝ

ဖား ....................

ဖားဆိုတာ သူ့သဘာဝကိုက ခုန်ဆွ ခုန်ဆွ သွားလာတတ်တဲ့ သတ္တဝါတွေပါ။ အမြဲတမ်း သွက်လက် ဖျတ်လတ်နေတဲ့ သတ္တဝါပါ။ သူ့ရဲ့ သဘာဝကိုက အစာရှာထွက်လဲ ခုန်ဆွ ခုန်ဆွ၊ တစ်နေရာမှ တစ်နေရာ သွားလဲ ခုန်ဆွ ခုန်ဆွ။ သူရောက်လေရာ အရပ်မှာ နေရာသစ် နေရာဟောင်းမရွေးပဲ အမြဲတမ်း တက်ကြွစွာ ဖြစ် ခုန်ဆွ ခုန်ဆွ သွားလာတတ်သည့် သတ္တဝါပါ။

အဲ့ဒီလို ဖားတွေရဲ့ မူလသဘာဝကို မနာလို မရှုဆိတ်သူတစ်ဦးတော့ ရှိလေတယ်။ သူက ဖားလို ခုန်ဆွ ခုန်ဆွ သွားလာဖို့ အရေအချင်းမရှိသူလေ။ သူက ဖားတွေလို ခုန်ဆွ ခုန်ဆွ သွားလာဖို့ သက်လုံလဲမကောင်ဘူး။ခုန်နိုင်တဲ့ အရည်အချင်းလဲ မရှိဘူး။ သူ့မှာဖားလေးထက်သာတဲ့ ခွန်အား ဗလ ရှိချင် ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဖားလေးလို သွက်သွက်လက်လက်မခုန်နိုင်၊ သက်လုံမကောင်းလေတော့  တက်တက်ကြွကြွ ခုန်နေတဲ့ ဖားလေးကို အမြင်တွေကပ်၊ မနာလို မရှုဆိတ်တွေဖြစ်ပြီး ခုန်နေတဲ့ ဖားလေးကို ဖန်ပေါင်းချောင်ကြီးနဲ့ အုပ်ထားပြီး လှောင်ထားလိုက်တယ်။

ဖန် ဆိုတဲ့ သဘောက အမြင်ကြည်တယ်လေ။ ဟိုဖက် ၊ ဒီဖက် နှစ်ဖက်လုံး ဖောက်မြင်နိုင်စွမ်းရှိတော့ သနားစရာဖားကလေး ဖန်ပေါင်းချောင်ထဲ အအုပ်ခံလိုက်ရတာကို မသိခဲ့မိဘူး။ ဒီတော့ သူက ခုန်မြဲတိုင်း ခုန်လိုက်တယ်။

ဖားလေးရဲ့ အရှိန်ပြင်းပြင်းနဲ့ ခုန်ချက်က သူလိုရာကို မရောက်ဘဲ ဖန်ပေါင်းချောင်ရဲ့ နံရံနဲ့သာ တိုက်မိပြီး ဖားလေးမှာ နာကျင်သွားပြီး ပြန်ပြုတ်ကျရှာတယ်။

ရိုးသားတဲ့ ဖားလေး ဖန်ပေါင်းချောင်နဲ့ အအုပ်ခံခဲ့ရတာကို မသိရှာဘူး။ ငါ ဘာများ ဖြစ်လို့ အရင်လို မခုန်နိုင်တာပါလိမ့်လို့သာ သဘောရိုးနဲ့တွေးပြီး လိုရာခရီးရောက်ဖို့ နောက်ထပ်တစ်ကြိမ် ထပ်၍ခုန်ရှာလေတယ်။

ထိုတစ်ချိန်မှာလဲ ဖန်ပေါင်းချောင် နံရံနဲ့ တိုက်မိပြီး နာကျင်ခြင်းတွေနဲ့ ဖားလေးအောက်ပြုတ်ကျပြန်ပါပြီ။ ဖန်ပေါင်းချောင်ထဲ အအုပ်ခံရတာကို မသိလို့ပဲလား ၊ကိုယ်တိုင်က ဇွဲနပဲ ကြီးလို့လားတော့ မသိဘူး ဖားလေးက သူလိုရာ ခရီးရောက်ဖို့ အကြိမ်ကြိမ်ခုန်ပြီးကြိုးစားနေတယ်။

ခုန်တဲ့အကြိမ်တိုင်းမှာလဲ နံရံတွေနဲ့ တိုက်မိလို့ ပြန်ပြုတ်ကျလာခဲ့လေတော့ ဖားလေး အနည်းငယ် တွေးဆလာတယ်။ ငါ ဒီတိုင်းခုန်နေရင် မအောင်မြင်နိုင်ဘူး။ ငါ ဒီတိုင်း ဆက်ခုန်နေရင် ငါပဲ နာကျင်နေလိမ့်မယ်။ အကြိမ်ကြိမ် ခုန်နေမှုကြောင့် နာကျင်မှုဒဏ်ရာတွေက တစ်ကိုယ်လုံးပြည့်နှက်နေပြီလေ။ ဖားလေးလဲ သွေးကြောက်လာပြီပေါ့။ ဒီတော့ ဖားလေးက ပင်ပမ်းမှု၊ နာကျင်မှုဒဏ်တွေကို ခံနိုင်ရည်မရှိတဲ့ အဆုံး ဖန်ပေါင်းချောင် အကျယ်အဝန်းထဲမှာ ရှိတဲ့ စားသောက်စရာတွေကိုသာ ယူငင်စားသုံး၊ ဖန်ပေါင်းချောင်ထဲမှာသာ ငြိမ်သက်စွာ နေထိုင်ခဲ့လေတယ်။

ဖားလေးဟာအရင်လို မခုန်တော့ပဲ ငြိမ်သက်စွာ နေထိုင်နေတာ ကာလကြာလေတော့ ဖားလေးကို မနာလို ၊မရှုဆိတ်သူက ဒီဖားလေးတော့ အရင်လိုမခုန်နိုင်တော့ဘူး။ သူ့ကို လွတ်ထားဖို့ စိတ်ချရတဲ့ အနေအထားရောက်ပြီလို့ တွေးပြီး ဖားလေးကို အုပ်ထားတဲ့ ဖန်ပေါင်းချောင်လေးကို ဖယ်ရှာပေးလိုက်တယ်။

ဖယ်ရှာခံလိုက်ရတဲ့ ဖန်ပေါင်းချောင်လေးရဲ့ အရိပ်အောက်က လွတ်ထွက်သွားတာကို ဖားလေးမသိခဲ့ရှာဘူး။ နာကျင်မှုတွေကို ကြောက်ရွံလို့ ငြိမ်နေကျအတိုင်းလေးပဲ ဆက်ပြီး ငြိမ်နေရှာတယ်။ အရင်က ခုန်ဆွ ခုန်ဆွနဲ့ တက်ကြွခဲ့တဲ့ ဖားလေး အအုပ်ခံရတဲ့ ဖန်ပေါင်းချောင်ကြီးကြောင့် ၊ ဖန်ပေါင်းချောင်ကြီးရဲ့ အောက်မှာရရှိခဲ့တဲ့ နာကျင်မှုတွေကြောင့် သူ့အသက်ထက်ဆုံး သေဆုံးသည့်အတိုင်း ငြိမ်သက်စွာပဲ နေထိုင်သွားခဲ့ရှာလေတယ်။

မေတို့ လူငယ်လေးတွေဟာ ဖားလေးနဲ့ အသွင်သဏ္ဍန်တူတယ်။ ဖားလေးက ခုန်ဆွ ခုန်ဆွနဲ့ တက်ကြွနေသလို မေတို့လူငယ်တွေဟာလဲ အရာရာကို စူးစမ်းလိုစိတ်တွေနဲ့ တက်ကြွနေကြတယ်။ လေ့လာချင်တယ်။ တီထွင်ချင်တယ်။ တိုးတက်လိုစိတ်တွေ ရှိကြတယ်။

ဒါပေမဲ့ နှစ်ပေါင်းများစွာတိုင် ဖန်ပေါင်းချောင်ကြီးထဲ အုပ်ထားခံခဲ့ရတာကြီးက အသားသေနေလေတော့ ရုန်းထွက်ရမှာ ကြောက်ရွံ့နေကြတယ်။ နာကျင်မှာကို စိုးထိတ်နေကြတယ်။

ဒါဆို မျိုးဆက်သစ်လူငယ်လေးတွေဘဝ ဖားလေးလို မလှုပ်မရှားပဲ အသက်သေဆုံးသည်အထိ ကြောက်ရွံငြိမ်သက်စွာ နေထိုင်ကြတော့မည်လား။ တစ်ကြိမ်ထက် တစ်ကြိမ်ပို၍ ကြိုးစားလိုစိတ် မရှိကြတော့ဘူးလား။ လက်ဆင့်ကမ်းပြီး ထိုးဖောက်လိုစိတ် မရှိကြတော့ဘူးလား။

အုပ်မိုးထားခံရတဲ့ ဖန်ပေါင်းချောင်က အနာဂတ်မျိုးဆက်လေးတွေကိုတင်မဟုတ်ဘူး တစ်နိုင်ငံလုံးကို အုပ်မိုးထားတဲ့ “ဝမ်းပေါင်” ဆိုသည့် ဖန်ပေါင်းချောင်ဆိုလျှင်ရော.....

ဒီတိုင်း လက်လျှော့ အရှုံးပေးပြီး ငြိမ်သက်နေကြမှာပဲလား။

“ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည် ” ဆိုသည့် စကားပုံကို လူတိုင်း ကြားဖူးကြမှာပဲနော်။ ဖန်ပေါင်းချောင်လေးထဲမှာ တစ်ကောင်ထဲ ဖားလေးလို ခုန်မနေပဲ တစ်နိုင်ငံလုံး၊ တစ်ပြိုက်နက် ခုန်ကြမည်ဆိုလျှင်ဖြစ် ဖန်ပေါင်းချောင်ကြီးကွဲအက်ပြီး လက်ပံတောင်း ၊ ကျောက်ဖြူ၊ မြစ်ဆုံ စတဲ့ ဒေသတွေမှာ လေကောင်းလေသန့်လေးတွေ ရနိုင်လာပြီပေါ့ရှင်။


ပြိုင်တူခုန်ဖို့ ခွန်အားရှိဖို့ လိုတယ်။

ပြိုင်တူခုန်ဖို့ နည်းစနစ် သိရန် လိုအပ်တယ်။

ပြိုင်တူခုန်နိုင်ဖို့ စည်းလုံးမှု ရှိဖို့ လိုအပ်တယ်။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




Wednesday, 13 March 2013

မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်များ စကာင်္ပူသို့ အလည်သွားရန် ဗီဇာရပြီ

သေးငယ်လှသည့် နိုင်ငံလေးတစ်နိုင်ငံဖြစ်သည့် စကာင်္ပူနိုင်ငံ။ ရာသီဥတုဆိုလျှင်လဲ နွေ၊မိုးဆောင်း ဆိုသည့် ပြောင်းလဲရာသီမရှိ။ တစ်နှစ်ပတ်လုံး တစ်မျိုးတစ်စားထဲ တစ်သားထဲ ၊ နေပူလျှင်ပူ ။ နေမပူလျှင်မိုးရွာ။ နေမင်းနဲ့ မိုးမင်း အမြဲထာဝစဉ်စစ်ခင်းနေ၍ အစိုးမရသည့်ရာသီဥတု။ မိုးရွာချင်သည့်အချိန် ကောက်ကာငင်ကာ ရွာချတတ်ပြီး ၊မိုးရွာပြီး နာရီဝက်မျှမကြာ နေမင်းကြီး အပြိုင်ဆင်းကာ ပူပြင်းတတ်သည့်အခါများလဲ ရှိခဲ့ပါသည်။
အရှေ့တောင်အာရှမှာ ဖွင့်ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံ ။ ကမ္ဘာမှာ ကမ္ဘာလှည့် ခရီးသည်များ မျက်စေ့ကျသည့် နိုင်ငံများထဲမှ နာမည်ကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သော စကာင်္ပူနိုင်ငံသည် သူ့နိုင်ငံမှ မည့်သည့် ထုတ်ကုန်မျှမရှိ။
အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ ၊ အမဲ ၊ကြက်၊ ဝက်၊ငါး မှစ၍ ကြက်ဥဆုံးတိုင် အသားငါးတို့ကိုလဲ ပြည်ပမှ မှာယူတင်သွင်းရသည့်နိုင်ငံ။ ကုန်ကုန်ပြောရလျှင် နိုင်ငံတွင်းမှာ ရေချိုများပင်မရှိခဲ့၍ နိုင်ငံတွင်းမှာ ရေစီးရေလာကောင်းသည့် ရေမြောင်းများဖော်ကာ မိုးရေများခံယူ၍ ဆည်မြောင်းထဲသို့ ရေလှောင်ထားခြင်း ၊ အိမ်တိုင်း အိမ်တိုင်းမှ အသုံးပြုထားပြီးသော ရေများကို မြောင်းတစ်ခုထဲ စီးဝင်စေကာ ရေလှောင်ကန်ထဲသို့ စီးဝင်စေခြင်း ၊ ထိုရေများကို ပြန်လည်သန့်စင်၍ ပြည်သူတွေထံ အခကြေးငွေဖြစ် ပြန်လည်ဖြန့်ဝေခြင်း၊ ထိုမျှနှင့် မလုံလောက်၍ မလေးရှားမှ ရေပင် ဝယ်ယူ အသုံးပြုခဲ့ရသည့် နိုင်ငံဖြစ်ပါသည်။
သို့သော် စကာင်္ပူနိုင်ငံသည် ထုတ်ကုန်မရှိပေမဲ့ တိုးတက်သည့်နိုင်ငံ။ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံမဟုတ်ပဲ စက်မှုကိုအခြေခံသည့် နိုင်ငံ။ စက်မှုကို အခြေခံသည် ဆိုသော်လည်း သှူုနိုင်ငံတွင်းမှ မည်သည့်စက်မှုထုတ်ကုန်မှ ထုတ်လုပ်နိုင်ခြင်းမရှိသေး။ သို့သော် စီးပွားရေးအချက်အခြာကျသည့် ကျွန်းနိုင်ငံငယ်လေး အဖြစ် တိုးတက်သည့် နိုင်ငံ၊ အာရှကျားတစ်ကောင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထုတ်ကုန်မရှိပေမဲ့ ကမ္ဘာအနှံအပြားမှ စားသောက်ဖွယ်ရာများ စကာင်္ပူနိုင်ငံတွင်ရှိသည်။ ရာသီပေါ်သီးနှံများ စဉ်ဆက်မပြတ် စကာင်္ပူနိုင်ငံတွင်ရှိသည်။ တစ်နိုင်ငံမှ မရလျှင် အခြားနိုင်ငံမှ တင်သွင်းသောကြောင့် ရာသီပေါ်သီးနှံမှာလဲ တစ်နှစ်ပတ်လုံးရှိစမြဲ။
ပြည်ပမှ တင်ယူပစ္စည်းများနှင့် နေသားကျနေသည့် စကာင်္ပူနိုင်ငံကြီး မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ တရားဝင်တင်သွင်းပေတော့မည်ဟု နိုင်ငံပိုင်သတင်းစာများထဲတွင် (၁၁.၃.၂၀၁၃) နေ့တွင် ထည့်ဝင်ရေးသားထားခဲ့သည်။



စိုက်ပျိုးမြေ ကျယ်ပြောလှသည့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသား မြေယာပိုင်ရှင် ခြံသမားများ ၊ စကာင်္ပူနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များပူပေါင်း၍ ခေတ်မှီနည်းစနစ်များဖြစ် စိုက်ပျိုးကာ စကာင်္ပူနိုင်ငံမှ စားသောက်ကုန်စစ်ဆေးရေး အဖွဲ့ Agri-Food and Veterinary Authority (AVA) ၏ စစ်ဆေးမှုများဖြစ် စစ်ဆေးကာ ဟင်းသီးဟင်းရွက်ကို  တင်ယူပို့ဆောင်ပါတော့မည်။
စကာင်္ပူနိုင်ငံမှ အဆင့်မြင့် ခေတ်မှီ  စိုက်ပျိုးနည်းပညာများကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဖြန့်ဝေသွားမည်ဆိုသည့်အကြောင်းလဲ ထည့်ဝင်ရေးသားထားပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပင်လယ်စာများကိုလဲ နောင်တွင် တင်သွင်းရန် စကားကမ်းလှမ်းထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်များကတော့ စကာင်္ပူသို့ အလည်သွားရန် ဗီဇာရခဲ့ပါပြီ။ ကျန်းမာရေးအတွက် သေချာသော စစ်ဆေးစမ်းသတ်မှုများပြုလုပ်ပြီး စိတ်ချရသည့် အနေအထားရှိမှ နိုင်ငံသို့ တင်သွင်းခွင့်ပြုသည့် စကာင်္ပူနိုင်ငံ၏ ထုံးစံကြောင့် အသီးအနှံများ စိုက်ပျိုးရာတွင် အသုံးပြုရမည့် ပိုးသတ်ဆေးနှင့် ဓာတုဓာတ်မြေဩဇာ အတိုင်းအတာ အကန့်အသတ်တို့သည် စလုံးတစ်နိုင်ငံထဲအတွက်သာ မရည်ရွယ်ပဲ မြန်မာ နိုင်ငံသားတို့စားသုံးသည့် အစားအသောက်အတွက်ပါ ညီမျှစွာ အသုံးချမည်ဆိုလျှင် ပြည်သူတို့၏ အစားအသောက် အန္တရယ်ကို ကာကွယ်နိုင်ရန် စိတ်ချရပါပြီ။
ခေတ်မှီနည်းစနစ်ကို အသုံးချပြီး သီးနှံအထွက်တိုးလျှင် ပြည်သူတို့စားဝတ်နေရေး ဖူလုံမှုအတွက် စိုးရိမ်စရာမရှိတော့ပြီ။
သို့သော်..........

ထိုသို့သော် ဆိုသည်မှာ အနည်းငယ်စိုးရိမ်ဖွယ် အသံစွက်နေခဲ့သည်..။ နိုင်ငံခြားဝင်ငွေ ရရှိမှုအတွက် ပြည်ပကို တင်ယူပို့ဆောင်ကြရင်း အိမ်တွင်းစားစရာမရှိ အဖြစ်မှ ကင်းဝေးရလိုပါသည်။

တင်သွင်းမှုများစလာသည်နှင့် တပြိုင်နက် ဖူလုံသည့် ထုတ်ကုန်များ တိုးမြင့်လာနိုင်ကြပါစေလို့ ပဲ ဆန္ဒပြုရင်း စည်ပင်ဝပြောလာမည့် နေ့လေးတစ်နေ့ကို ကြိုတင်မျှော်လင့်လျှက်


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



ပြုခဲ့ဖူးသည့် ဒါနတွေကြောင့် အသက်ဘေးမှ ချမ်းသာရာရခဲ့သူ

တက္ကသိုလ်မှာ ပညာနို့ရည်သောက်သုံးစဉ်က ခင်ခဲ့ ၊ မင်ခဲ့ရကာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြသည့် သူငယ်ချင်းများထဲမှ တစ်ယောက်....။
ကျောင်းတွေပြီးတော့ ရပ်ရွာဒေသခြင်း မတူကြသည့် သူငယ်ချင်းများဖြစ်သည်ကတစ်ကြောင်း၊ ဆက်သွယ်ရေးတွေ ခက်ခဲကြသည့် အချိန်ကာလ ဖြစ်နေသေးသော ထိုကာလတွင် အနေဝေးကြသည့် သူငယ်ချင်းများမှာ တစ်ယောက်ကို တစ်ယောက် ၊ ရင်မှာ တမ်းတနေယုံကလွှဲ၍ အဆက်အသွယ်တော့ သိပ်ပြီးမရှိကြတော့။ ထိုကြားထဲ ဇာတိရပ်ရွာနှင့်ဝေးကွာကာ တစ်အိုးတစ်အိမ်တည်ထောင်ကြသူများ၊ ပြည်ပရောက်သူများနှင့် (၁၀)စုနှစ် ကာလတစ်ခုမှာ အဆက်အသွယ်များ ဖြတ်တောက်ကြကုန်လေသည်။ ။ သိပ်မကြာခင်ကာလလေးတစ်ခုကမှ အမှတ်မထင် Facebook ပေါ်ပြန်တွေ့ကြရင် သူငယ်ချင်းတွေ အဆက်အသွယ်ပြန်ရကြသည်။ ကမ္ဘာကြီးက ရွာကြီးဖြစ်လာသည့် အင်တာနက်ကြီးကို ကျေးဇူးတင်မိသား။
တွေ့ခွင့်မရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် သူငယ်ချင်းတွေ ကွဲကွာခဲ့သည့် ကာလတွေကြားမှာ ဖြတ်သန်းခဲ့ရသည့် ဒုက္ခ၊သုက္ခ၊ အတွေ့အကြုံတွေကို ပြန်လည်နှီးနှောကြရင်း ကာလတစ်ခုရဲ့ ရင့်ကျက်မှုတွေကို ဝေမျှဖြစ်ခဲ့ကြသည်။
ထိုစဉ်မှာ သူငယ်ချင်းဖြစ်သူထံမှ အလုပ်ပင်ပမ်းမှုများ၊ အလုပ်အကိုင်ကြောင့် အချိန်ပြည့်နီးပါး ကွန်ပျူတာရှေ့ထိုင်နေရခြင်း ၊ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အိမ်ထောင်ရေးတာဝန် ပူပင်မှုများ စသည့် စိတ်ဖိစီးမှုများကြောင့် တွေးတောစရာ ၊သုံးသပ်စရာများကြောင့် သူ့မှာ အာရုံကြော အားနည်းလာကာ လွန်ခဲ့သည့် (၄) နှစ်လောက်မှ စ၍ အာရုံကြောအားနည်းသည့်ရောဂါ ရလာခဲ့ပါသည်။ အကြောတက်သည်မှ စ၍ ခြေလက်ကောက်ကွေးလာတာ တက်တတ်၊ချက်တတ်သည်အထိ ဖြစ်ခဲ့ပါသည်။
ဆရာဝန်တွေ သမားတော်တွေ စုံလင်ခဲ့ပြီဖြစ်သော်လည်း ရောဂါသည် လုံးလုံးမပျောက်။ ခေတ်မှီကုသနည်းနှင့်ရောဂါရှာဖွေသော်လည်း ရောဂါရှာဖွေတွေ့ရှိခြင်းမရှိ။ ထို တက်သည့်ရောဂါသည့် မကြာခဏ ဒုက္ခပေးတတ်ဆဲ...။
ယခုတစ်လော ထိုသူငယ်ချင်းကို အွန်လိုင်းပေါ်မှာမတွေ့။ အကြောင်းတစ်ခုခုကြောင့်လား။ အလုပ်ကိစ္စနှင့် ခရီးထွက်ရသည်ကြောင့်လားဟု တွေးဖြစ်သေးပေမယ့် ထွေထွေထူးထူးကြောင့်တော့ အွန်းလိုင်းက ပျောက်နေလိမ့်မည်မထင်ခဲ့ပါ။
မနေ့ညကတော့ အမှတ်မထင် သူ့ကို အွန်လိုင်းပေါ်ပြန်တွေ့တာကြောင့်
“နင့်ကို မတွေ့ရတာတောင် နည်းနည်းကြားပြီလိုပဲ။ အလုပ်တွေ များနေလား”
ဟု နှုတ်ဆက်ဖြစ်ခဲ့ပါသည်။
“ဘယ်ကအလုပ်များနေရမှာလဲ။ ငါ မတ်လ(၂) ရက်နေ့ ၊တောင်သူလယ်သမားနေ့ တုန်းက ကားအက်ဆီးဒင့်ဖြစ်တာလေ ၊ ကံကောင်းလို့မသေတာ”
“ဟဲ့..ဘယ်လိုဖြစ်တာလဲ ။ ခုရော ဘာဖြစ်သေးလဲ။ လူတွေရော ထိမိခိုက်မိသေးလား။ ကားထဲ နင်တစ်ယောက်ထဲလား။ နင့်မိန်းမနဲ့ ကလေးတွေရောပါသေးလား”
စိုးရိမ်တစ်ကြီးနှင့် မေးခွန်းတွေ တရပ်စပ် မေးခဲ့မိပါသည်။
“ဘယ်သူမှ မပါဘူး။ ကားထဲမှာ ငါတစ်ယောက်ထဲ။ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ သွားတာ။ ကားမောင်းနေရင်း ငါ့ရဲ့ ရောဂါက ရုတ်တရက်ဖောက်လာပြီး တက်နေတာ.. ကားကိုထိမ်းလို့မရတော့ဘူး။ ကားက မောင်းနေတဲ့ ယာဉ်ကြောကနေ တစ်ဖက်ယာဉ်ကြောကိုရောက်သွားပြီး လမ်းဘေးက ဓာတ်တိုင်ကို ဝင်တိုက်မိတာ”
“ဖြစ်ရလေဟယ်၊ လူတွေရော တိုက်မိသေးလား”
“ကံကောင်းတာက ဓာတ်တိုင်တွေကိုပဲ တိုက်မိလို့။ ဘေးနားမှာရှိနေတဲ့ လဘ္ဘက်ရည်ဆိုင်ကိုသာ တိုက်မိလို့ကတော့ လူတွေကိုတိုက်မိမှာပဲ။ ကားတိုက်မိတော့ လူတွေ အုံလာတယ်။ တိုက်မိလို့ လဲကျနေတဲ့ ဓာတ်တိုင်ကို ဝိုင်းမဖယ်ပြီးတော့ ငါ တက်နေတာကို သူတို့က ဓာတ်လိုက်နေတယ်ထင်ပြီး ဘယ်သူမှ မထိရဲကြဘူး။ နောက်မှ ဓာတ်လိုက်နေတဲ့ပုံမဟုတ်ဘူး.. တက်ချက်နေတာလားမသိဘူးဆိုပြီး ဝိုင်းကြည့် ဝိုင်းကူကြတာ။ လမ်းမှာ ဖြတ်သွားတဲ့ကားတွေကို တားပြီးဆေးရုံတင်ပေးမယ်လုပ်တော့ ကားတွေက တစ်စီးမှ မရပ်ပေးဘူးတဲ့ ။ နောက်မှ ကားတစ်စီးက ရပ်ပေးပြီး ဆေးရုံထိမောင်းပို့ပေးတယ်။ ပိုက်ဆံမယူပဲ ကူညီတယ်။ ဆေးရုံရောက်ပြီး တစ်နာရီကျော်လောက်မှ ငါသတိရလာတဲ့ထိ စောင့်နေပေးတဲ့ ကူညီသူတွေကပဲ ရေတွေ ဝယ်တိုက်ပြီး ဝိုင်းဝန်းပြုစု ကူညီပေးခဲ့တယ်။
“တော်သေးတယ် သူတော်ကောင်းနဲ့တွေ့လို့။ ခု ယာဉ်စည်းကမ်း ကိစ္စရော အမှုတွေ ဖြစ်နေသေးလား”
“အင်း.. ငါသတိရလာပြီးတော့ ယာဉ်ထိမ်းရဲ နှစ်ယောက်ရောက်လာတယ်...။ ပြီးတော့ ယာဉ်တိုက်တဲ့ နေရာကို သွားစစ်ဆေး ကြတယ်လေ။ စခန်းမှာ အကျိုးအကြောင်း စစ်ဆေးခံရပြီးတော့ သူတို့က အခြား ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ အကြောင်းကြောင့်လဲမဟုတ်ဘူး၊ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးကြောင့် ဆိုတော့ ကျေအေးပေးတယ်။ သူတော်အချင်းချင်း သတင်းလွေ့လွေ့တာပါ။ ကျွန်တော်တို့ဘက်အပိုင်း ပြဿနာမရှိပါဘူး။ ဒါပေမယ့် ပျက်စီးဆုံးရှုံးမှုတွေအတွက်ကိုတော့ EPC နဲ့ရှင်း ဆိုပြီး စာရွက်စာတမ်းနဲ့ လွှဲပေးလိုက်တာ အီးပီစီကိုပဲ ဓာတ်တိုင်(၂)တိုင်၊ ပျက်စီးဆုံးရှုံးမှုရဲ့ (၃)ဆ ၊ (၆) တိုင်စာ လျှော်ကြေးပေးရတယ်။ ”
“လူလဲ ဘာမှမဖြစ်၊ အခြားအမှုကိစ္စတွေလဲ ဘာမှ ရှည်ရှည်ဝေးဝေးလဲမဖြစ်တာပဲ ကံကောင်းလှပြီဟယ်”
“ဟုတ်တယ်။ ငါအရမ်း ကံကောင်းခဲ့တာ။ ကားအက်ဆီးဒင့် ဖြစ်နေချိန်မှာ ကိုယ့်အရပ်ကိုယ့်ဒေသမှာ မဟုတ်ပေမယ့် ကူညီဖေးမပေးတဲ့ လူကောင်းသူကောင်းတွေနဲ့ကြီးတွေ့ခဲ့ရတယ်။  ပြီးတော့ ကားမှာ air bag တစ်လုံးပဲ ပါတယ် ။ ကားရဲ့ ခေါင်းပိုင်းတစ်ခုလုံး ကြေမွနေတာတောင် ငါ ထိခိုက်ဒဏ်ရာဆိုလို့ ခြစ်ရာလေးတစ်ခုတောင် မရခဲ့ဘူး။
ငါ ယုံကြည်တယ်။ ဒါတွေဟာ ငါ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့်ပဲ”
“နင် ဘာကောင်းမှူကုသိုလ်တွေ လုပ်ခဲ့ဖူးလဲ ”
“ထွေထွေထူးထူး ကြီးကြီးကျယ်ကျယ် အလှူဒါနတွေ မပြုလုပ်ခဲ့ဖူးတောင် လမ်းမှာ ဖြတ်သွားဖြတ်လာ သက်ကြီးရွယ်အိုတွေကို ကူညီတယ်။ ဝမ်းစားအတွက် တောင်းရမ်းစားသောက်နေသူတွေကို ပြီးပြီးယုံလှူခဲ့တာ မဟုတ်ပဲ စိတ်စေတနာပါပါနဲ့ လှူဒါန်းခဲ့တယ်။ စားသောက်စရာတွေ ကိုယ်တိုင်ကိုယ်ကျ ဝယ်ကျွေးခဲ့တယ်။ မိသားစုက ပြန်မကြည့်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ပိုက်ဆံ၊မုန့်၊ဟင်း ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်အားဒါနပြု လှူဒါန်းခဲ့တယ်။ ရင်ထဲက စေတနာပါပါနဲ့ လှူဒါန်းခဲ့တယ်။ ဒီကုသိုလ်တွေကို ငါအမြဲ ပြုလုပ်ခဲ့တာ။ ဒီပြုခဲ့တဲ့ ကုသိုလ်တွေက အခု ငါ့ကို လက်တွေ့ အကျိုးပြုခဲ့တာပါ။”
“ဩော်.. နင်ပြုခဲ့တဲ့ မွန်မြတ်တဲ့ ကုသိုလ်တွေကြောင့်ပေါ့”

သူငယ်ချင်း၏ ပျက်စီးသွားသော ကား





















ကား၏ ပျက်စီးဆုံးရှုံးမှုကိုတော့ တွေ့မြင်ကြသည့်အတိုင်းပင်။ တိုက်မိခဲ့သည့် ဓာတ်တိုင်ကြီး ပိမိသော်လည်း ကား၏ ဦးခေါင်းပိုင်းအနည်းငယ်ကိုသာလျှင် ဖြစ်ပြီး ကားတွင်းမှ မောင်းနှင်သူကို ဖြစ်မိရာလေး တစ်ခုလေမျှသော် ထိခိုက်မှုမရှိခဲ့ပါ။
ကာယကံရှင် ထိုသူကတော့ သူပြုလုပ်ခဲ့သည့် ဒါနကုသိုလ်တွေကြောင့် သူအသက်ချမ်းသာရ ရရှိခဲ့သည်။ ကူညီစောင့်ရှောက်ပေးကြသည့် မိတ်ဆွေကောင်းများ၊ သက်ဆိုင်ရာများနှင့် တွေ့ကြုံခဲ့ရသည်ဟု ယုံကြည်ခဲ့ပါသည်။
သူသည် ဒါနပြုစဉ်က အကျိုးလို၍ ပြုခဲ့သည်မဟုတ်။ မိမိတွေ့မြင်ခဲ့ရသည့် မြင်ကွင်းမှာ ဖြစ်ပေါ်လာခဲ့သည့် စေတနာပေါ်အရင်းခံကာ ဂရုဏာထား စိတ်ရင်းမှန်ဖြစ် ၊  မြင်မြင်သမျှ နည်းသည်များသည် ပမာမထားပဲ စိတ်ရင်း စေတနာအမှန်ဖြစ်ပြုခဲ့ပါသည်။ ထိုဒါနကုသိုလ်၏ အကျိုးသည် နောက်ဘဝပင်မကူးပဲ ယခု လက်ရှိ မျက်မှောက်တွင်ပင် ချက်ချင်း အကျိုးပြုခဲ့ပါသည်။
စာဖတ်သူ မိတ်ဆွေများလဲ ဒါန၏ အကျိုးကို သိရှိ၍ မိမိစိတ်ရင်းစေတနာမှန်ဖြစ် ပြုခဲ့ဖူးသော ဒါနအကျိုးကျေးဇူးများ ဖြစ်လေရာ၊ရောက်လေရာ ဘဝတွေမှာ ခံစား၊စံစားနိုင်ကြပါစေ။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






Monday, 25 February 2013

လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး

 လူ့ပတ်ဝန်းကျင်မှာ ကြားဖူးနေကြ “ တန်ဖိုးရှိအောင်နေ ” ၊ “တန်ဖိုးမဲ့တဲ့ အလုပ်တွေ မလုပ်ကြနဲ့” စသည်ဖြစ် ကြားကြားနေရတော့ တန်ဖိုးဆိုတာ ဘာလဲလို့ တွေးကြည့်မိသည်။
တန်ဖိုး... အထူးသဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို မည်သည့်အရာများနှင့် တိုင်းတာကြပါသနည်း။
ငွေကြေးနှင့် တိုင်းတာကြသည်လား ၊ ပညာဖြစ် တိုင်းတာကြသည်လား ။ အသိုင်းအဝိုင်းကိုကြည့်၍ တန်ဖိုးနိမ့်သည်၊ မြင့်သည် စံထားတိုင်းတာကြသည်လား..။ ဤသို့ဆိုလျှင် ငွေကြေးချမ်းသာကြသောသူတိုင်းက တန်ဖိုးရှိကြပေတော့မည် ။ ပညာတတ်သူတိုင်းက တန်ဖိုးရှိကြတော့မည်။ အသိုင်းအဝိုင်းကြီးသူတိုင်းက တန်ဖိုးရှိသည့် လူသားများအဖြစ် ရှင်သန်သွားကြရတော့မည်ပေါ့။
ဟိုတစ်ယောက်က ပညာသာရှိတာ ၊ ပြောလိုက်တဲ့ စကားတွေက တန်ဖိုးမရှိတဲ့ စကားတွေ ၊ ဒီတစ်ယောက်ကဖြစ် ငွေကြေးချမ်းသာပြီး အပြုအမူတွေက တန်ဖိုးမဲ့တယ်။ သူက အသိုင်းအဝိုင်းသာ ကြီးတာ ဘာမှ တန်ဖိုးရှိတဲ့သူ မဟုတ်ဘူး...စသည့် စကားလုံးများကို ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ဤသို့ဆိုလျှင် ဥစ္စာ ငွေကြေး ၊ ပညာကြွယ်ကာ အသိုင်းအဝိုင်း ကြီးမားပြည့်စုံသူတိုင်း တန်ဖိုးရှိသူတွေ မဟုတ်နိုင်တာ သေချာလောက်ပြီဟု စာဖတ်သူများ သိနားလည်နိုင်လောက်ပါပြီ။
လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံး အဓိကအချက်သည် မည်သည့်အရာလဲဟု မေးလျှင် သင်မည်သို့ ဖြေဆိုမည်လဲ။ သင့်အတွက် တန်ဖိုးအရှိဆုံးအရာသည် မည်သည့်အရာဖြစ်သနည်း။

လူ့တန်ဖိုးနှင့် စပ်လျင်း၍ မှတ်သားခဲ့ဖူးသော အကြောင်းအရာများထဲမှ သောနဒဏ္ဍတဇာတ်တော်အကြောင်းကို သတိတရ ရေးသားဖော်ပြလိုက်ရပါတယ်။ ဤအကြောင်းအရာကို စာပေကျမ်းဂန်များမှ အလွတ်ကူးယူခြင်းမဟုတ်ပဲ ဖတ်မှတ်ဖူးခဲ့သည်ကို ပြန်လည်ရေးသားခဲ့ခြင်းကြောင့် ဇာတ်လမ်းမှာ အနည်းငယ်လစ်ဟာမှုရှိလျှင် စာရေးသူ၏ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်ဝန်ချတောင်းပန်ပါသည်ရှင်။
ဗိမ္ဗိသာရမင်းကြီးလက်ထက်၌ စံပါမြို့ဆိုသည့် မြိုနယ်လေးတစ်ခု ရှိခဲ့ပါသည်။ ထိုစံပါမြို့ကလေးအား အုပ်ချုပ်သည့် သူမှာ သောနဒဏ္ဍတပုဏ္ဏားဖြစ်ပြီး နေထိုင်ကြသည့် သူများမှာ ဗြဟ္မာဏလူမျိုးများဖြစ်ကြလေသည်။
တစ်နေ့သောအခါဝယ် မြတ်စွာဘုရားရှင်သည် နောက်လိုက်၊ နောက်ပါရဟန်းများနှင့်အတူ ထိုစံပါမြို့လေးသို့ ကြွချီလာခဲ့ရာ ဘာသာရေး လွန်စွာ ကိုးကွယ်ယုံကြည်ကြသော စံပါမြို့သူမြို့သားများမှာ မြတ်စွာဘုရားရှင်အား သွားရောက်ရှစ်ခိုးဦးတိုက်ကြလေသည်။
သောနဒဏ္ဍတပုဏ္ဏားကြီးနှင့်တကွ မြတ်စွာဘုရားရှင်အား လာရောက်ရှစ်ခိုးပူဇော်ကြသော မြှိုသူမြို့သားများအား တရားရေအေးတိုက်ကျွေးရန် မြတ်စွာဘုရားမှ ယနေ့ရောက်လာကြကုန်သော တရားနာပရိသတ်တို့အား မည်သည့်တရားဟောမည်ကို တွေးဆပြီးနောက် တရားနာကြွရောက်လာသူ ပရိတ်သတ်များအား မေးခွန်းမေး၍ တရားဟောမည်ဟု တွေးဆကာ ပထမဦးစွာ ရှေ့ဆုံးမှ နေရာယူကာ ဦးတင်နေသော ပုဏ္ဏားကြီးအား စ၍ မေးခွန်းမေးလိုက်လေသည်။
“အသင်ပုဏ္ဏားကြီးပုဏ္ဏားကြီးတို့၏ ဗြဟ္မာဏမျိုးရိုး ဘာကြောင့် အမျိုးမြင့်မြတ်ရပါသလဲ”
ပုဏ္ဏားကြီးမှာ မြတ်စွာဘုရား၏ ဤသို့သော မေးခွန်းကို အမေးခံရလျှင် လွန်စွာမှ ဂုဏ်ယူ ဝမ်းမြှောက်မိလေသည်။ မိမိတို့၏ ကြီးမြင့်လှသည့် မျိုးရိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က စိတ်ဝင်စားသည်ပါလားဟု တွေးမိကာ ဝမ်းသာအားရ လျှင်မြန်စွာ လျှောက်ထားလေးသည်။
“အရှင်ဘုရား တပည့်တော်တို့မျိုးရိုး မြင့်မြတ်နေတာ အခြားကြောင့် မဟုတ်ပါဘုရား။ တပည့်တော်တို့မှာ စောင့်ထိန်းရမည့်အချက် (၅) ချက်ရှိနေပါတယ်ဘုရား။
ထိုအခါ မြတ်စွာဘုရားရှင်မှ
“ဒကာကြီး ထိုအချက်(၅) ချက်မှာ အဘယ်သို့နည်း ”
ဟု မေးမြန်းလေရာ ထိုပုဏ္ဏားမှ အားရဝမ်းသာစွာဖြစ် မိမိတို့မျိုးရိုးဂုဏ်ကို ဖော်ကျူးပြလေသည်။
“အရှင်ဘုရား တပည့်တော်တို့ မျိုးရိုးသည် နံပါတ်
၁။ ဆွေခုနှစ်ဆက် ၊ မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရပါမည်။
၂။ဗေဒင်၊ ကျမ်းဂန် ၊ မန္တာန် အာဂုံရရမည်။
၃။ ရုပ်ရည် ချောမောတင့်တယ်ရပါမည်။
၎။ ကိုယ်ကျင့်တရားကောင်းရပါမည်။
၅။ မှား/မှန် ခွဲခြားနိုင်သော ပညာရှိရပါမည်။
ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်ထံမှ မမျှော်လင့်သော မေးခွန်း တစ်ခု ထွက်လာခဲ့သည်။
“ဒကာကြီး အကယ်၍များ တစ်ယောက်ယောက်က ဒကာကြီးအား ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက်ကို လျှော့ပါဆိုလျှင် မည်သည့် အချက်ကို သင် လျှော့ပါမည်လဲ။
“အရှင်ဘုရား  အကယ်၍များ တစ်ယောက်ယောက်က ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက် လျှော့ပါဆိုလျှင် တပည့်တော် သည် ရုပ်ရည်ချောမောတင့်တယ် လှပရပါမည် ဆိုသော အချက်ကို လျှော့ပါမည်ဘုရား”
အဘယ်ကြောင့်ဆိုသော ရုပ်ဆိုး ၊ ရုပ်လှဆိုသည်မှ ဘဝအဆက်ဆက်မှ ပြုလုပ်ခဲ့ကြသည့် ကုသိုလ် ၊အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်သည်။ ယခုလက်ရှိဘဝအတွက် တပည့်တော်တို့မတတ်နိုင်ပါ။ တပည့်တော်တို့၏ မျိုးရိုးဂုဏ်ကို တင်ချင်၍သာ ရုပ်ရည်ချောမောလှပရမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်းကြောင့် စောင့်ထိန်းရမည့် အချက်(၅)ချက်တွင် တစ်ချက်လျှော့ရမည်ဆိုပါက   “ရုပ်ရည်ချောမောလှပရမည် ” ဆိုသော အချက်ကို လျှော့ပါမည်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က
“ပုဏ္ဏားကြီး “ရုပ်ရည်ချောမောလှပရမည်”ကို လျှော့ပြီးလျှင် နောက်ထပ်တစ်ချက်ထပ်လျှော့ကြည့် ဆိုပါက အသင်မည်သည့်အရာကို လျှော့မည်နည်း”
ထိုအခါတွင်လဲ ပုဏ္ဏားကြီးမှာ ဆိုင်းငံ့ခြင်းမရှိစွာနှင့်
“အရှင်ဘုရား အချက် (၂)ချက်လျှော့ရမည်ဆိုလျှင် တပည့်တော်သည် “ ဗေဒင် ၊ ကျမ်းဂန်၊မန္တာန်များအလွတ်ရရမည်” ဆိုသည့် အချက်ကို လျှော့ချပါမည်ဘုရား။
တပည့်တော်တို့ မျိုးရိုးတွင် ကျမ်းဂန်၊မန္တာန်များကို ရှေးလာစဉ်ဆက် အလွတ်ရသည်ရှိသကဲ့သို မရှိသည့်အခါလည်း ရှိခဲ့ဖူးပေလိမ့်မည်။ ကျမ်းဂန်စာပေများသည် စာအုပ်စာပေများနှင့် အစဉ်ထိမ်းသိမ်းလာကာ လိုအပ်ပါ ပြန်လည်ရှာဖွေနိုင်၍ မျိုးရိုးမြင့်မြတ်ရန် လိုအပ်သည့် အချက်(၅)ချက်တွင် (၂)ချက်လျှော့ရမည်ဆိုပါက တပည့်တော်သည် ထိုအချက်ကို လျှော့ချပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ
“ပုဏ္ဏားကြီး အကယ်၍များ (၃)ချက်လျှော့ပါ ဆိုပါလျှင် မည်သည့်အချက်ကို သင်လျှော့ပါမည်နည်း။”

အချက် (၃)ချက် လျှော့ရမည်ဆိုသော အချိန်တွင် ပုဏ္ဏားကြီးမှာ ပြန်ဖြေရန် အနည်းငယ်ခက်ခဲလာလေပြီး။ ရှေးဦးစွာ မေးခဲ့သော မေးခွန်း (၂)ခုကဲ့သို့ လွယ်လင့်စွာ ဖြေဆိုနိုင်ခြင်းမရှိတော့ပဲ သေချာတွေးဆကာ စဉ်းစားရပေလေသည်။ အချိန်အတော်ကြာ စဉ်းစားလေပြီးသော်အခါဝယ် ပုဏ္ဏားထံမှ
“အရှင်ဘုရား ..မလျှော့မဖြစ် လျှော့ရမည် ဆိုပါက တပည့်တော်သည် “ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက် မျိုးသန့်ရမည်” ဆိုသော အချက်ကို လျှော့ရပါမည်ဘုရား”
ပုဏ္ဏားကြီး၏ ထိုသို့သော အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ မည်သည့်အသံမျှ မထွက်ပေါ်သေးမှီ ပုဏ္ဏားကြီး၏ အမျိုးအနွယ်ဝင် မြို့သူမြို့သားများထံမှ
“အသင်ပုဏ္ဏားကြီး...အဘယ်ကြောင့်ထိုအချက်ကို လျှော့ရမည်နည်း။ အကျွန်နုပ်တို့ မျိုးရိုးကို အထိခိုက်မခံနိုင်ပါ။ မျိုးရိုးဆိုတာ အလွန်အရေးကြီးပါတယ်။ မျိုးရိုးသန့်ချင်၍ ထိုအချက်ကို ထည့်ထားခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးအနေနှင့် လျှော့ချင်လျှော့ ကျန်သော အချက်နှစ်ချက်ထဲမှ ကြိုက်ရာကို လျှော့ပါ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျိုးရိုးသန့်ရမည်ဆိုသော အချက်ကို မလျှော့နိုင်ပါ”
ဟု ဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။ ထိုသို့ ဆူညံ့လာသည့်အခါဝယ် ပုဏ္ဏားကြီးမှ မြတ်စွာဘုရားရှင်ထံ ခွင့်တောင်း၍ မတ်တပ်ရပ်ကာ သူ၏ မြို့သူမြို့သားများအား စကားစလေသည်။
“အသင်တို့ ငါဆိုသော စကားကို နားထောင်ကြည့်ပါ။ငါ၏ ဆိုစကား ဆုံးလေသော်မှ သင်တို့၏ မကျေနပ်ချက်များကို ပြောကြားကြပါ။ ငါသည် အဘယ်ကြောင့် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရမည်ဟူသောအချက်ကို လျှော့ချရသည် ဆိုလျှင် ပထမဦးစွာ ငါချန်ထားသည့် အချက်နှစ်ချက်မှာ
“ကိုယ်ကျင့်တရားကောင်းခြင်းဆိုသည့် သီလ”
“မှားမှန်ခွဲခြားနိုင်ခြင်းဆိုသည့် ပညာ”
ဤ နှစ်ချက်ကိုသာ ချန်ထားခဲ့ပါသည်။ အဘယ်ကြောင့် ထိုနှစ်ချက်ကို ချန်ထားခဲ့ရသနည်းဆိုသော် ထိုနှစ်ချက်သည် လူဖြစ်လာသည့် ဘဝဝယ် မရှိမဖြစ် တန်ဖိုးရှိသည့် လူတန်ဖိုးဖြစ်သောကြောင့်ပင်တည်း။
လူတစ်ယောက် ၊ တန်ဖိုးရှိသည့် လူတစ်ယောက်ကို တိုင်းတာလျှင် မည်သည့်အရာနှင့် တိုင်းတာ၍ ရမည်နည်း။
ကိုယ်ကျင့်တရားဆိုသည့် သီလဘယ်လောက်ကောင်းပါသလဲ။

မှားမှန်ခွဲခြားနိုင်သည့် ပညာမည်မျှ ရှိသနည်း။

စသည့် နှစ်ချက်ဖြစ်သာ တိုင်းတာရပါမည်။ ထို့ကြောင့် ထိုနှစ်ချက်ကို ငါပုဏ္ဏား မလျှော့နိုင်ပါ။ ထိုနှစ်ချက်သည် လူဖြစ်ရသည့်ဘဝဝယ် မရှိမဖြစ် လိုအပ်သည့် လူ့တန်ဖိုးသာ ဖြစ်သည်”
ဟု ဆိုကာ မြတ်စွာဘုရားရှင်ထံ ဦးတိုက်ကာ လျှောက်ထားလိုက်လေသည်။
“အရှင်ဘုရား တပည့်တော် ဆုံးဖြတ်ချက် မှားသလား ၊ မှန်သလား ဖြေကြားပေးတော်မူပါ ။ အကယ်၍များ မှားယွင်းခဲ့သည် ရှိပါက အမှန်ကို ညွှန်၍ သွန်သင်ဆုံးမပေးတော်မူပါဘုရား”
ပုဏ္ဏားကြီးထံမှ ထိုသို့သောမေးခွန်ရောက်လာမည်ကို ကြိုတင်သိလင့်သော မြတ်စွာဘုရားရှင်မှာ
“အသင်ပုဏ္ဏားကြီး၏ ဆုံးဖတ်ချက်သည် ငါဘုရား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူညီပါပေသည်။ ထို လူတန်ဖိုး ဆိုသည့် တရားကို ဟောမည်ဟုဆုံးဖြတ်ကာ ထိုသို့သော မေးခွန်းများကို မေးလာခဲ့ခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဖြေဆိုသကဲ့သို့ပင် လူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်သီလနှင့် မှားမှန်ခွဲခြားနိုင်သည့် ပညာဖြစ်သာ တိုင်းတာနိုင်ပါသည်။ ထို ကိုယ်ကျင့်သီလနှင့် မှားမှန်ခွဲခြားနိုင်သည့် ပညာသည် လူတန်းဖိုးသာမက လောက၏ ကျက်သရေမင်္ဂလာပင်ဖြစ်တယ်။ ကျက်သရေမင်္ဂလာရှိလိုသော ပုဂ္ဂိုလ်သည် ထို နှစ်ချက်ကိုသာ စောင့်ထိန်းပါ။ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မယ်”

ထိုအကြောင်းအရာသည် မြတ်စွာဘုရားမှ ပုဏ္ဏားကြီးနှင့်ဗြဟ္မာဏအနွယ်ဝင်တို့အား ဟောကြားတော်မူသော တရားတော်မြတ်။
သင်သည် ထိုပုဏ္ဏားကြီးနေရာတွင် ထိုမေးခွန်းမျိုး အမေးခံရလျှင် မည်သို့ ဖြေဆိုပါမည်နည်း။
လူ့သဘော လူ့သဘာဝအရ လူတစ်ယောက်ကိုအမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ ငွေကြေးချမ်းသာမှု ၊ကျော်ကြားမှု ၊ထူးချွန်ကျော်ဇော်မှုတို့သည် လူ့တစ်ယောက်၏ စစ်မှန်သော တန်ဖိုးမဟုတ်ဟု သင် လက်ခံယုံကြည်နိုင်ပါလိမ့်မည်။ တွေးဆနိုင်ပါလိမ့်မည်။
ဒီနေ့ ဒီပို့စ်လေးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်က တစ်ခါတစ်ရံ လူ့သဘော လူ့မနောတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် “အတုကြောင့် အစစ်ပျောက်ကွယ်” ဆိုသည့်အတိုင်း တန်ဖိုးအတုအယောင်တွေနောက်ကို ယောင်ရမ်းလိုက်မိရင်း မိမိ၏ နဂိုမူလရှိရင်းစွဲ တန်ဖိုးများကို ချခင်းနင်းမိသည့် အဖြစ်မျိုး သတိမပြုမိပဲ တန်ဖိုး၏ အစစ်အမှန် ကိုယ်ကျင့်သီလ ၊ မှားမှန်ပျောက်ဆုံးကာ စာရိတ္တများပါ ပါသွားတတ်လေသောကြောင့်ဖြစ်သည်။

မေတို့တွေ ပကာသန အတုအယောင်တွေအောက်မှာ ယစ်မှူးနေကြသည့် စိတ်ကို ရုန်းထွက်ကြရအောင်။



မေတို့တွေ အတုအစစ်ကို ခွဲခြားနိုင်သည့် ဥာဏ်ပညာဖြစ် တန်ဖိုးအစစ်ကို ရှာဖွေကြရအောင်။ လက်တွေ့ ကျင့်ကြံကြရအောင်။
မိမိခန္ဓာကိုယ်ကို မည်သည့် တန်ဖိုးရှိသည့် အရာများဖြစ် ဆင်ယင်လိမ်းချယ်ကြမည်လဲ ၊ မိမိ၏ စိတ်ကို မည်သည့် တန်ဖိုးရှိသည့်အရာများဖြစ် စင်ကြယ်အောင် သန့်စင်မည်လဲဟု သေချာတွေးဆ တန်ဖိုးမြင့်တင်ကြစို့လားရှင်။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




Friday, 25 January 2013

မေနှင့် Ning ဆိုဒ်လေးမှ လူငယ်များ


မေ အွန်လိုင်းလောကထဲကို စရောက်ခါစက ning ဆိုဒ်လောကဆိုတဲ့ အတော်လေးကို စည်ကားတဲ့ အရပ်ဒေသလေးပေါ့။ စာရေးသူတွေလဲ ပေါများလှသလို စာဖတ်သူတွေကလဲ သူနှင့်ငါအပြိုင်။
ထိုသို့ စာရေးသူနှင့် စာဖတ်သူ ၊သူနှင့်ငါ အပြိုင် တက်ကြွနေသည့် ထိုအချိန်တွင် စာရေးသူအနေနှင့်လဲ မိမိရေးလိုက်သည့် ပို့စ်တစ်ပုဒ်အပေါ် တာဝန်အပြည့်ယူပြီး ရေးသားခဲ့ကြသည်။ စာရေးသူတစ်ယောက်ရေးလိုက်သည့် ပို့စ်တစ်ပုဒ်တွင် သူသိထားသည့် အသိပညာ ၊ ဗဟုသုတ၊ စေတနာအပြည့် ထည့်ဝင်ကာ အားသွန်ခွန်စိုက် ရေးထားသည်ကို တွေ့ရပါသည်။

စာတစ်ပုဒ်ကို ဖတ်လိုက်သည်နှင့် ထိုစာပုဒ်ကို ဖတ်ရန် ပေးလိုက်ရသည့် အချိန် ပမာဏနှင့် တန်အောင် အကျိုးရှိသည့် စာပေမျိုးတွေ ဖြစ်နေသည်က များပါသည်။ အိမ်နှင့်ဝေးသည့် မေတို့အတွက် အွန်လိုင်းဆိုသည့် အရပ်ဒေသကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ခြင်းမှာ ထိုစဉ်ချိန်ခါက ဖတ်ရှု့ခဲ့ရသည့် ထိုသို့သော တန်ဖိုးရှိ စာပေများ၊ မိမိလက်လှမ်းမမှီနိုင်သည့် အရပ်ဒေသမှ ဗဟုသုတများကို ရှာဖွေဖတ်ရှုခွင့်ရခြင်း၊ ဘာသာရေး ဗဟုသုတများကို ဖတ်ရှု့ခွင့်ရခြင်းကြောင့်ဟု ဆိုလျှင် မှားနိုင်မည်မထင်ပါ။ ထို ning ဆိုဒ်များသည် ဗဟုသုတ ဟင်းလျာအိုးကြီး ကဲ့သို့ပင် စုံလင်လှပါသည်။
ထိုခေတ်အခါက အားပြိုင်ရေးသားခဲ့ကြသည့် ဘလော့ဂါများ၏ သူနှင့်ငါအပြိုင်  ကြိုးစားအားထုတ်မှုများကို ပရင့်မီဒီယာ( print media ) သမားများကပင် အရေးတယူစောင့်ကြည့်ရကာ  အွန်လိုင်းမီဒီယာသမားများ ကျော်တက်သွားမည့်အရေး မျက်ခုံးလှုပ်ခဲ့ရသည် အထိပင်။

သို့သော် အွန်လိုင်းမီဒီယာသမားများ ကွာလတီကို ရေရှည် မထိမ်းသိမ်းနိုင်ကြသည်လား ၊ အသက်မွေးဝမ်းကြောင်း အခြေအနေအရ ဝါသနာကိုသာ အရင်းခံရပြီး ငွေကြေးမရသည့် အွန်လိုင်းစာပေဖန်တီးသူဘဝကို စွန့်လွတ်လိုက်ရသည်လား ။ ထင်ကြေး ၊မြင်ကြေးကို ကို ပေးတင်ဝေဖန်နိုင်သည့် ဝေဖန်မှုအပေါ် အပြုသဘောထက် အပျက်သဘောဆောင်သည့် ငြင်းခုန်ခြင်းများကြောင့် စိတ်နှလုံး နွမ်းလာ၍လား မဆိုနိုင် ဟောဒီ ning ဆိုဒ် လောကတွင် စာပေးများရေးသားလာကြသည့် စာရေးသူများ တဖြည်းဖြည်း ပျောက်ကွယ်သွားကြကုန်လေသည်။

အများစုမှာ ကိုယ်ပိုင်ဘလော့များ ဖန်တီး၍ မိမိနှင့်ဝါသနာတူ ၊ စာရေးသူ ဘလော့ဂါများထံမှ စာပေများကို လိုက်လံဖတ်ရှုခြင်း ၊ စာပေရေးသားခြင်း မှတ်ကျောက်တိုင် မိမိရေးသားလိုက်သည့် စာပေများကို စာအုပ်လေးများအဖြစ် ထုတ်ဝေရန် ကြိုးပမ်းနေမှုများကြောင့် တစ်ချိန်က မြေစမ်း ၊ခရမ်းပျိုးခဲ့ကြသည့် ning ဆိုဒ်လောကကြီးကို ကျောခိုင်းသွားကြလေပြီ။ ကျန်ရစ်သူအချို့မှာလဲ ning ဆိုဒ်လောကသည် ငြီးငွေ့ဖွယ် အရပ်ဒေသ တစ်ခု ဖြစ်နေခဲ့ပြီဟု စိတ်တွင် တွေးထင်ခဲ့ကြလေပြီ။

မကြာသေးမှီက မိတ်ဆွေဟောင်း ဘလော့ဂါ တစ်ဦးနှင့် စကားစပ်မြည်းပြောဖြစ်သေးသည်။ ထိုသူထံမှ မချင့်မရဲ ညီးတွားသံက
“ning ဆိုဒ်တွေလဲ အရင်လို မစည်ကားတော့ဘူးနော်” တဲ့
“အေးလေ..တစ်နေ့ တစ်နေ့ ဖတ်စရာ အသစ်တွေဆိုတာကလဲ မရှိ ။ ကော်ပီစာတွေသာ အထပ်တစ်ရာ ပြန်ပြန်လည်နေကြတာ။ အသစ်ရေးလာပြန်တော့လဲ အကျိုးရှိစာပေတွေထက် ၊ တစ်နေ့ တစ်နေ့ အချစ်ကဗျာ၊ အချစ်စာတွေကသာ များနေတာလေ ။ အွန်လိုင်းပေါ်ရောက်လာကြတဲ့ လူငယ်အတော်များများကလဲ ဘယ်လိုစာပေမျိုးက မိမိအတွက်အကျိုးရှိမလဲ၊ ဘယ်လိုစာပေမျိုးကို ရွေးဖတ်သင့်သလဲ မတွေးဘူး။ အချစ် အချစ်နဲ့ ထပ်နေတဲ့ ဒီဘလော့သံသရာမှာပဲ ထပ်တလဲလဲ ဝဲနေကြတာ ဘယ်အချိန်မှများ ရင့်ကျက်ကြမှာလဲ မသိတော့ဘူး။
ning ဆိုဒ်ထဲ ရောက်လာကြတဲ့ လူငယ်တော်တော်များများက chat box ထဲမှာ စကားပြောကြမယ် ၊ စာဖတ်ရသည်ကို ပျော်ပါသည် ဆိုသည့် သူများက အချစ်ကဗျာအချို့ကို ဖတ်ကြမယ် စသည်ဖြစ်ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့ကြပါသည်။ မိမိ ဘဝ တိုးတက်ရန် ရှေ့ဆက်ဖို့ ၊ စိတ်ဓာတ်ခွန်အားမြင့်တင်ရန် ဖတ်ရမည့် စာပေများ ၊ မိမိ၏ စိတ်၊ ဦးနှောက်၊ ဥာဏ် ရင်သန်စေရန် လေ့လာသင့်သည့် စာပေများကို ဖတ်ရှုရန် မေ့လျော့နေကြပေပြီ။
ရေးသူအများစုမှာလဲ ရည်းစားစာသာသာ အချစ် ..အချစ်..ဖတ်သူအများစုမှာလဲ အချစ်ကဗျာ ၊အချစ်စာတွေမှာသာ ယစ်မူးပြီး အချစ်မှိုင်းတွေ မိနေကြပေပြီ။ အနာဂတ်လူငယ်တွေ တစ်နေ့ တစ်နေ့ အသုံးချနေသည့် အချိန်တွေကို  နှမျောတသ ဖြစ်နေမိသည်။

အွန်လိုင်းဆိုသည့် ဟောဒီနေရာလေးကို အသုံးပြုနေသည့် လူငယ်များအား ကိုယ်ကိုယ်တိုင်လဲ မဖန်တီး ၊ အခြားသူ ဖန်တီးထားသည်ကိုလဲ အားမပေးသည့် အခြေအနေမှသည် အရည်းအချင်းရှိသူကိုလဲ ကူညီအားပေး ၊ ကိုယ်တိုင်လဲ သုတ ၊ပညာ စသည့် အရည်အချင်းရှိသူများအဖြစ် မိမိ၏ ရှေ့ဆက်ရမည့် မနက်ဖြန်များကို ရှေ့ဆက်စေလိုသည်မှာ မေ့ဆန္ဒပင်ဖြစ်သည်။
တစ်ဦးချင်းစီ တိုးတက်မှ တိုင်းပြည်ကြီးတိုးတက်ပါမည်။ မိမိ၏ ဥာဏ်မျက်စေ့ကို ဖွင့်လှစ်၍ အမြင်သစ်များနှင့် ယနေ့ မိမိကျင်လည်ရာ အရပ်ဒေသမှ အစချီ တိုးတက်ကောင်းမွန်ပြည့်စုံသော ခရီးအဖြစ် ရှေ့ဆက်ကြပါစို့လား ယနေ့လူငယ်များ။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Tuesday, 11 December 2012

လူ့ဘ၀ ရေနွေးအိုး



လူကတစ်ဆင့် ၊ လူဖြစ်လာတယ် ၊ လူကနေ လူကို လိမ်တယ် ၊ လူကနေ လူကို ပြုစားနိုင် ၊

အမှန်တော့ . . . စုန်းတွေ နတ်တွေ လက်နက်တွေ ၊ ချစ်သည် မုန်းသည် ၊ ရန်သူမည်တွင်

ဖြစ်ပေါ်လာသော ၊ အဆိုးတရား အကောင်းတရား အားလုံးဟာ ၊ လူတွေကိုယ်တိုင် ၊ ပြုလုပ်နေကြတာပါ

ကျွန်တော်လေ့လာနေမိတယ် ၊ အချစ်ဆိုတာ ဘာလဲ ??” ။ ငွေရှိပြီး အချစ်မရှိရင် အိမ်ထောင်ရေးဟာ

သာယာနိုင်သလား?? ။ အချစ်ရှိပြီး ငွေရှိရင်ရော အိမ်ထောင်ရေးဟာ အဆင်ပြေနိုင်ပါသလား . . . .

တွေးလေ . . တွေးလေ . . . ဝေးပါပဲ ။ အချစ်အကြောင်းကို ဋီကာဖွင့် အနက်ပြန်ရရင် ၊ အရူးထောင်မှာ

သွားနေရတော့မည် ။ မတူညီစွာ ပိုင်ဆိုင်ထားတဲ့ စိတ်နှစ်ခု + ရုပ်အသွင် + လှုပ်ရှားမှု ၊ ပေါင်းစပ်ထားတဲ့

အိမ်(ထောင်) (သို့) အိမ်(လှောင်)ရေး၊ ပြေလည်စွာ တည်ထောင်နိုင်ဖို့ ဆိုတာ ။ အဖြေရှာကြည့်လိုက်ရင်

နားလည်မှုဆိုတဲ့ ၊ ကိုယ်ခြင်းစာ တရားကိုပဲ ၊ ကျွန်တော် တွေ့မိပါတယ် ။ လူတွေမှာ အချစ်ဆိုတဲ့ စကားလုံး

လူတိုင်းနှုတ်ဖျားမှာ ၊ ရေပန်းစားနေပေမယ့် ၊ စစ်မှန်တဲ့ နားလည်မှု မေတ္တာတရားကတော့ ၊ လူတိုင်းရဲ့

နှလုံးအိမ် စိတ်ထားမှာ ၊ ကိန်းအောင်းမနေတတ်ကြပါဘူး ၊ ဒါဟာ အမှန်တရားကို ရဲရဲကြီး ပြောတာပါ ။

အချစ်နဲ့ ၊ မေတ္တာ ဆိုတာ မတူညီကြပါဘူး ၊ အချစ်မှာ ပုဂ္ဂိုလ်စွဲရှိပြီး ချစ်တတ်ကြတာပါ ၊ အမှတ်မထင်

တစ်ယောက်ယောက်ကို ချစ်နေမိပီ ၊ အဲဒီလူဟာ သူချစ်နေသူတစ်ယောက်ကိုပဲ ၊ မေတ္တာ ပိုနေမိတယ် ၊

မေတ္တာတရားဆိုတာကျတော့ ၊ ပုဂ္ဂိုလ်ရေးမရှိဘူး ၊ ဆင်းရဲ ချမ်းသာ ၊ ဂုဏ်ရှိသူ ဂုဏ်မဲ့သူ ၊ ကျော်ကြားသူ

မကျော်ကြားသူ ၊ ရာထူး ဌာနန္တရ ရှိသူ မရှိသူ ၊ ဆိုတာ မေတ္တာတရားမှာ ၊ ဘက်လိုက်မှု မရှိပါဘူး ၊ ညီမျှတဲ့

စိတ်ထားရှိတာ မေတ္တာတရားပါပဲ ။ လူတွေအားလုံးဟာ ၊ ရုပ်ရည်လှပသူကို ၊ ပိုပြီး ချစ်ခင်တတ်ကြတာ

သဘာဝကျပေမယ့် ၊ မေတ္တာတရားကတော့ ၊ ရုပ်ဆိုး အကျည်းတန် ၊ ငါ့သား ငါ့မယား ငါ့ဆွေမျိုး ၊ တစိမ်း

တရံစာ ၊ အားလုံးကို တန်းတူ မျှဝေတတ်ပါတယ် ။ မေတ္တာတရားမှာ ဒေါသမရှိဘူး အမုန်း အာဃာတ

အညှိုးတရား မရှိပါဘူး ၊ ဒေါသ မရှိတဲ့ စိတ်ထား ကောင်းကျိုးကို လိုလားတဲ့ စိတ်ထား ၊ ညီမျှတဲ့ စိတ်ထား

ရှိတဲ့ အရာကို မေတ္တာလို့ ခေါ်တာပါ ။ အိမ်ထောင်တစ်ခုကို ၊ ကျွန်တော်တို့တွေ ဘယ်လို ထူထောင်ကြမလဲ

တွေးကြည့်တယ် ။ ငွေကြေး ဥစ္စာ ပြည့်ပြည့်စုံစုံ နှင့် ခိုင်မာအောင် တည်ဆောက်ကြမလား ၊ သို့မဟုတ်

အချစ်တစ်ခုထဲနဲ့ ၊ တည်ဆောက်ကြမလား ၊ ငွေကြေး ဥစ္စာ ပြည့်ပြည့်စုံစုံ နှင့် အတူ အချစ်ဆိုသော

အရာလေးနဲ့ တည်ဆောက်လိုက်ရင် ၊ ခိုင်မာ တည်မြဲနိုင်ပါ့မလား ။ စပ်စပ်ပြီး အတွေးထဲမှာ တည်ဆောက်

ကြည့်မိပါတယ် ၊ ကျွန်တော့ ပတ်ဝန်းကျင်မှ အလုပ်သမား မိသားစုတွေကိုလည်း ၊ လေ့လာကြည့်မိပါတယ်

တစ်ချို့က ငွေမရှိနေပါစေ အေးအေးချမ်းချမ်း နေရဖို့ အချစ်တစ်ခုရှိရင် တော်ပါပီဆိုတဲ့ အတွေးနဲ့ ၊ ဘ၀တွေ

တည်ဆောက်ကြတယ် ၊ ငွေကြေး ဥစ္စာ ပြည့်ပြည့်စုံစုံနေချင်လို့ ၊ မချစ်ပေမယ့် ၊ ဘ၀တွေ တည်ဆောက်

ကြတယ် ၊ ရည်ရှည် လက်တွေ့ဘ၀မှာ ရိုးသွားတတ် ၊ အချစ် နဲ့ ငွေကြေးဥစ္စာ ဆိုတာ ၊ အစွဲတဏှာနဲ့

တပ်မက်နှစ်သက်တာ ဖြစ်နေပါတယ် ။ တဏှာဆိုတာ လူတိုင်းမှာ ရှိကြပါတယ် ၊ တဏှာရှိတဲ့ လူတွေ

အားလုံးဟာ အရူးတွေလို့ ပြောရင်မှားနိုင်မလား ၊ ဒါကြောင့် တဏှာ နဲ့ လုပ်ဆောင်နေတဲ့ လူတွေဟာ

အရူးတွေလို့ ပြောရင် မှားမယ်လို့တော့ မထင်ပါဘူး ၊ တစ်ကယ်တော့ ပျော်ရွှင်နွေးထွေးတဲ့ အိမ်ထောင်ရေး

တစ်ခုကို တည်ဆောက်ချင်ရင် ၊ ငွေကြေးဥစ္စာ မလိုဘူးလို့ ထင်ပါတယ် ၊ စစ်မှန်တဲ့ နားလည်မှုရှိတဲ့ မေတ္တာ

တရားဟာ ၊ အဓိက နေရာမှာ ရှိပါတယ် ၊ စစ်မှန်တဲ့ နားလည်မှု မေတ္တာတရားဟာ ၊ ပြည့်စုံတဲ့ ဆော့ဖ်ဝဲလ်

တစ်ခုလိုပါပဲ ၊ မတူညီတဲ့ လူနှစ်ယောက် ၊ ပေါင်းစပ် အတူနေဖို့ ၊ ဒေါင်းလွတ်ဆွဲကြတယ် ၊ ရလာတဲ့အခါ

ဖိုင်ကိုဖွင့်ကြည့်တော့ ၊ Name: MyEgy.com ပါပြီးတော့ ၊ အထဲမှာ key မပါတော့ ပြည့်ပြည့်စုံစုံ အသုံးပြုလို့

မရသလိုပါပဲ ၊ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ဒေါင်းလွတ်ဆွဲတဲ့နေရာမှလည်း ၊ အချစ်ဆိုတဲ့ Name: 
MyEgy.com တစ်ခုထဲ ပါလို့ ဘာမှ သုံးလို့ ရမည်မထင်ပါဘူး ၊ ကျွန်တော် အပေါ်မှာဖေါ်ပြထားတဲ့ မေတ္တာ

သဘောတရား အစစ်အမှန်နဲ့တူတဲ့ ၊ key ပါဖို့လိုပါတယ် ၊ ငွေကြေးဥစ္စာဆိုတာ ရှာလို့ ရပါတယ် ၊ ကိုယ်စွမ်း

ဖို့တော့ လိုပါတယ် ၊ ဒီအတွက် ကြိုးစားထားရမယ် ၊ မေတ္တာဆိုတာက အလွန်တရာ အေးချမ်းတော့ ၊

ယူတဲ့သူကလည်း အေးချမ်းနေဖို့ လိုပါတယ် ၊ လူဖြစ်လာတဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ ၊ ရေနွေးခရား

ထဲက ရေလိုပါပဲ ၊ ဘာမှန်းမသိတဲ့ အရွယ်မှာ မတည်သေးတဲ့ ရေနွေးအိုးထဲက ရေအေးပါပဲ ၊ အရွယ်ရောက်

အတောင်ပေါက်လာတဲ့အခါ ၊ အသုံးပြုဖို့ ဖိုခွင်တင်လိုက်တဲ့ ၊ ရေနွေးအိုး တစ်လုံး ဖြစ်ကြရပေါ့ ၊ အိုးတွင်းမှာ

အေးနေတဲ့ ရေအေးတွေဟာ ၊ ပွက်ပွက်ဆူနေတဲ့ ရေပူတွေ ဖြစ်သွားသလို ၊ ကျွန်တော်တို့ရဲ့ နှလုံးအိမ်

စိတ်အတွင်းမှာ ၊ လောဘ ဒေါသ မောဟ အတ္တ မာန်မာန အချစ်အမုန်း အရှုံး အနိုင် တွေ ၊ အားလုံးဟာ

အရွယ်နဲ့ အတူ ၊ ပွက်ပွက်ဆူကြပေါ့ ၊ အိုးထဲက ရေပူငွေ့တွေ အပြင်ကန်ထွက်လာသလို ၊ လူတွေရဲ့

သောက အပူလိုင်းတွေဟာလည်း ၊ သမိုင်းတွင်တဲ့အထိ ပျက်ဆီးလာတတ်ကြတယ် ၊ ရေဆိုတာ လူလိုပါပဲ

အရာရာမှာ အသုံးဝင်ပါတယ် ။ အေးနေတဲ့ ရေကို ပူအောင်လုပ်တယ်ဆိုတာ အသုံးပြုဖို့အတွက် ၊ ပူကြ

ရတာပါ ၊ ဒါပေမယ့် ၊ ကိုယ်လိုတာ အသုံးပြုပြီးပြီဆိုရင်တော့ ။ လက်ကျန် ရေဟာ ရေကျက်အေး ဖြစ်နေ

မှာပါ ၊ ဒီလိုပဲ ကျွန်တော်တို့ ဘ၀တွေ တည်ဆောက်တဲ့ နေရာမှာ ၊ အေးရာကနေ ပူ ၊ ပူရာကနေ ၊ ကျက် ၊

ရင့်ကျက်မှု အတွေးလေးတွေနဲ့ ၊ မိမိဘ၀တွေကို ကောင်းမွန်စွာ တည်ဆောက်နိုင်ကြပါစေဗျာ. . . .။


အမုန်းတရားကင်းမဲ့စွာဖြင့် နားလည်ဖတ်ရှု့နိုင်ကြပါစေ . . . . .

ကိုရင်မောင် . . . ၁၇ . ၄ . ၂၀၁၁..။

Friday, 12 October 2012

ချစ်လွန်းလို့ ဖြစ်သွားတာပါ

အချို့သူများ နာမည်လေးတွေ အရမ်းလှတာ ကြုံခဲ့ဖူးမှာပါ။ အချို့သူများကြပြန်တော့လဲ နာမည်တွေက ခေါ်ချင်စရာ မကောင်းလောက်အောင် ခေါ်ရခက်သည့် နာမည်မျိုးတွေ ကြုံခဲ့ဖူးမှာပေါ့။နာမည်မလှသူတွေက မိဘတွေကို ဘာလို့ နာမည်လှလှလေး မမှည့်ပေးတာလဲ ဂျီကျလေ့ရှိကြသည်။မိမိနာမည်ကို စိတ်တိုင်းမကျနိုင်ပဲ မကျေမနပ် ရှိနေလေ့ရှိသည်။ မေကိုယ်တိုင်လဲ ငယ်ငယ်က မိဘများကို ဂျီကျလေ့ရှိသည်။

“မေ့ကို ဘာလို့ နာမည်လှလှလေး မမှည့်ပေးတာလဲ ”ဟုဆို မေမေက
“သမီးနာမည် လှနေပြီလေ။”
“အားး မလှဘူး သူများနာမည်လေးတွေဆို လှမှလှ”
“လှပါတယ် သမီးက နေ့စဉ်ကြားနေရလို့ ရိုးသွားတာ ဖြစ်မယ်။ ကဲ ငါ့သမီးနာမည်မလှဘူးဆိုရင် ဘယ်လိုနာမည်မျိုးက လှလဲပြော။ ဘာနာမည်ပြောင်းချင်လဲ မေမေ့ကိုပြော”
မေမေက ဘာနာမည်ပြောင်းချင်လဲ မေးလာလျှင် မေ့မှာ အဖြေမရှိ။ ဘယ်လိုနာမည် လှလှလေး ပေးရကောင်းမှန်းမသိခဲ့။ မေ့နာမည်ကိုတော့ မလှဘူးလို့ပဲ ထင်ခဲ့ပါသည်။
နာမည် အခေါ်အဝေါ်လေးနဲ့ ဆက်စပ်ပြီး မေတို့ရွာက ဇနီးမောင်နှံလေးအကြောင်း ပြောပြချင်လို့။ သူတို့ဇနီးမောင်နှံဟာ အသက်အရွယ်နှောင်းပြီးမှ အိမ်ထောင်ကျခဲ့ကြသည့် ဇနီးမောင်နှံတွေ ဖြစ်တယ်။ နှစ်ဦးလုံးရဲ့ အသက်အရွယ်တွေကြောင့်လား ၊ကံအကြောင်းကြောင့်လားတော့ မဆိုနိုင်။ အိမ်ထောင်ကျပြီး နှစ်အတော်ကြာသည်အထိ သားသမီးမရခဲ့ပါ။
အိမ်ထောင်ကျပြီး နှစ်အတော်လေးကြာတော့ ရှားရှားပါးပါး ကိုယ်ဝန်ရရှိလာကာ ခက်ခက်ခဲခဲနှင့် သားလေးတစ်ဦးကို မွေးဖွားခဲ့ပါသည်။ ရှားရှားပါးပါး ရလာသည့် သားလေးဆိုတော့ ချစ်လိုက်တာမှ ထားစရာနေရာကို မရှိ။
ထိုသားလေးကို နာမည်ပေးဖို့ တွေးလိုက်ရသည့် နာမည်။ သားလေးနှင့် တစ်ခုမှ လိုက်ဖက်သည် မရှိဟု ထင်ခဲ့သည်။ အမေဖြစ်သူက နာမည်တစ်ခုရွေးပေးလိုက် အဖေဖြစ်သူက ထိုနာမည်လေးသည် မလှ။ သားလေးနှင့် မလိုက်ဖက်ပါဟု ငြင်းဆိုလိုက်။ အဖေဖြစ်သူ ရွေးလိုက်သော နာမည်သည်လည်း အမေဖြစ်သူက ထိုနည်းလည်းကောင်း ငြင်းဆိုကာ သားလေးနှင့် သင့်တင့်သော နာမည်ကို ရှာဖွေမတွေ့ခဲ့ပါ။
သားလေးတစ်နှစ်ကျော်အရွယ်သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် သားလေးနှင့် လိုက်ဖက်မည့်အမည်ကို မရရှိခဲ့ပေ။ စားလေိးု ချစ်လွန်း၍ပေးစရာ နာမည်မရှိခဲ့သည့် မိဘာများမှာ သားလေးကို မိမိတို့ နှုတ်မှ ထွက်သည့် အမည်နာမများကိုသာ တစ်ခါခေါ်တစ်မျိုး ခေါ်ချင်သလို ခေါ်ဖြစ်ကြသည်။
တစ်နေ့ အမေဖြစ်သူက
“သားလေး မေမေ့သားလေး ပူတူးတူးလေး ..
ကြည့်စမ်း ငါ့သားလေးက ချစ်စရာလေး .
.ခွေးကလေးလို ချစ်စရာလေး.
.ခွေးကလေးရေ..မေမေ့သား ခွေးကလေးရေ”

အမေဖြစ်သူ၏ ခွေးကလေးဟု ခေါ်ဆိုသံအကြားတွင် အဖေဖြစ်သူကပါ ခေါင်းထောင်လာပြီး
“ဟုတ်တယ်နော် ရှင်မရေ..ငါတို့သားလေးက ဖွေးဖွေးဥဥနဲ့ ခွေးပေါက်စလေးလို ချစ်စရာကောင်းတာ
ဘယ်လိုလဲ ရှင်မရေး သားလေးနာမည်ကို ခွေးကလေးလို့ ပေးလိုက်ရင် မကောင်းဘူးလား”
“အိုး ဟုတ်တာပေါ့ မောင်ကြီးရယ်..သားလေးမွေးစကဆို နီတာရဲလေး ခွေးပေါက်စမှ တကယ့်ခွေးပေါက်စလေးအစစ်ရှင့်...။ ဟုတ်တယ် ဒီနေ့ကစပြီ သားလေးနာမည်ကို ခွေးကလေးလို့ အတည်ခေါ်လိုက်တော့မယ်”
လင်မယားနှစ်ယောက် စိတ်တူ၊ ကိုယ်တူ ဆုံးဖြတ်ချက်ချပြီးကာ ထိုးသားလေး၏ အမည်မှာ “ ခွေးကလေး” ဟု တစ်ရွာလုံးသိအောင် ကြေငြာမောင်းခတ်လိုက်လေသည်။
ယခုဆို ထိုခွေးကလေး မှာ ဦးခွေးကလေးမှ အဘိုးခွေးကလေးဟုပင် ခေါ်ဆိုနိုင်သည့် အသက်အရွယ်ရှိနေခဲ့ပြီ။ သူသည် သူ့မိဘများက အချစ်များစွာနှင့် နှစ်သက်စွာပေးထားခဲ့သည့် ထိုခွေးကလေးနာမည်ကိုပင် သက်ထက်ဆုံးပိုင်ဆိုင်သွားကာ “ခွေးကလေး”ဟု ခေါ်ဆိုသံနောက်တွင် ကပ်ပါလာသည့် ရယ်လိုသော ၊ အားနာသော ၊ စိတ်မကောင်းသော ၊ရှက်သော စသည့် ခံစားမှုများကို တည်ငြိမ်စွာ ဖြတ်ကျော်လာနိုင်ခဲ့ပြီ။
အမည်တစ်ခုသည် ပညတ်ချက်သာဖြစ်သည်။ နာမည်လှလှလေးတွေ မှည့်ဆိုသည်ကလဲ မိမိသားသမီးကို ချစ်လွန်း၍။ မလှမပ နာမည်မှည့်ဆိုခဲ့သည့် ထိုသားသမီးကို ချစ်လွန်း၍သာတည်း။ မိဘများက မည်သည့် နာမည်ပဲ မှည့်ဆိုခဲ့သည် ဖြစ်ပါစေ ချစ်လွန်း၍ ဖြစ်သွားသည်ဟုသာ မှတ်၍ မိမိ၏ နာမည် လှသည် မလှသည် ကို စိတ်တိုင်းမကျ ဖြစ်နေကြသည့် အတွေးများထဲမှာ ရုန်းထွက်နိုင်ကြပါစေနော်။

ပညတ်ခံရသော နာမည်လှသည် မလှသည်ထက် မိမိဖြတ်သန်းနေရသည့် မိမိဘဝလေး လှပဖို့က ပို၍ အဓိကကျပါသည်။ မိမိဘဝလေး လှပပြည့်စုံနိုင်ရန်သာ အကောင်းဆုံးမှ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

မေ့ရင်ထဲမှာ စွဲလမ်းခဲ့သည့် ကဗျာတစ်ပုဒ်ကြောင်း

ငယ်ငယ်တုန်းကတော့ ဘာရယ်မဟုတ်ပဲ ဒီကဗျာလေးကို ရွတ်ဆိုခဲ့ရတယ်။
ကျောင်းမှာ ဆရာမသင်ပေးခဲ့လို့ ရွတ်ဆိုပြီး အိမ်ရောက်တော့ ချစ်စရာအမူအရာလေးနဲ့ ဟန်ရေးပြဆိုခဲ့တာကို မိဘတွေက သဘောကျပြီး ခဏခဏဆိုခိုင်းခဲ့တာ ဟန်ရေးပြကခိုင်းခဲ့တာကို အမှတ်ရနေတုန်း။ ကျောင်းကပွဲတွေမှာ မပီကလား ပီကလားနဲ့ စင်ပေါ်တက်ပြီးလဲ ဒီကဗျာလေး ရွတ်ခဲ့ဖူးပါရဲ့။
ထိုအချိန်က ဒီကဗျာလေး ရွတ်ခဲ့စဉ်က ကြက်တူရွေးနှုတ်တိုက် သင်ကြားခဲ့ပြီး အလွတ်ရနေတဲ့ ကဗျာလေးကို ရွတ်ဖတ်လာခဲ့တာပါ။ ကဗျာလေးရဲ့ အနက်အဓိပ္ပါယ်ကို သေချာမသိခဲ့။ ကဗျာလေးထဲမှာ ပါဝင်သည့် တိရစ္ဆာန်ပေါင်းစုံကသာ မေ့ကို ဖမ်းစားထားတာပါ။ ကဗျာလေးကို ဖတ်မိတိုင်း ချစ်စရာတိရစ္ဆာန်တွေကိုသာ မျက်လုံးထဲ မြင်ပြီး ကြည်နူးနေမိတာပါ။ အနှစ်သာရကို မသိခဲ့တာတော့ အမှန်ပါပဲ။
ခုတော့ ကလေးဘဝက မေလေး လူကြီးဖြစ်ခဲ့ပြီ။ ဖြတ်သန်းလာခဲ့ရသည့် သက်တမ်းကာလတစ်လျှောက်မှာ လောကဓံ အတွေ့အကြုံတွေရဲ့ ဖိနှိပ်ထုထောင်းမှုတွေလဲ များစွာ ခံခဲ့ရပြီ။ လူအမျိုးမျိုး စရိုက်အဖုံဖုံမှာ အစစ်အတုတွေ များစွာကို ရှာဖွေတွေ့ရှိလောက်တွေ့ရှိခဲ့ပြီ။
ဒီလိုအချိန်မှာ ငယ်ငယ်ထဲက အလွတ်ရခဲ့ဖူးတဲ့ဒီကဗျာလေးကို ရေးတေးတေး အမှတ်ရလာပြီး ခပ်တိုးတိုးလေး ပြန်ဆိုကြည့်မိတယ်။

အို........ကွယ်..........။
ငယ်ငယ်တုန်းက အမှတ်မထားမိတဲ့ ကဗျာထဲက အနှစ်သာရတွေ။
ပထမဦးဆုံး ထိုကဗျာလေးကို ရေးစပ်ခဲ့သူ ကဗျာဆရာကို စတင်ချီးကျူးမိတယ်။ လူဘုံခန်းဝါမှာ ကြုံဆုံလာခဲ့သမျှ လူ့သဘော၊လူ့မနောတွေကို လှလှပပ ဖော်ဆောင်ရေးသားထားပုံက ပညာသား ပါလေစွ။ မှန်ကန်လွန်းတဲ့ သူ့အတွေး ၊သူ့အရေးကို လေးစားအာကျမိပါလေရဲ့။
တစ်ခေါက်ရွတ်ဆိုတိုင်းမှာ ကဗျာထဲက အနှစ်သာရကို တစ်ခါ တစ်မျိုး မရိုးနိုင်စွာ ခံစားလာရတယ်။ ခုလဲ နောက်ထပ်တစ်ခေါက် ခပ်ဖွဖွလေး နောက်တစ်ကြိမ် ပြန်ဆိုကြည့်မိတယ်။
ယုန်ကလေးက နားရွက်ထောင်၊
ပညာရှိယောင်ဆောင်။

ကြောင်ကလေးက လက်သည်းဝှက်၊
ချောင်းလိုက်ရတဲ့ ကြွက်။

ရွှေဇီးကွက်တို့ အိနြေ္ဒ၊
ဘုရင်ကြီးလိုနေ။

မိုးလေ၀သ ဗေဒင်ဟော၊
တောက်တဲ့ ကိုလူချော။

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို၊
ခေါင်းညိတ်တတ်တယ်ဆို။

ရွှေကျီးညိုသာပါက၊
ဧည့်သည်လာပါမှ။

ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်တဲ့။

ယုန်ကလေးကတော့ သူ့မှာရှိတဲ့ သူပိုင်ဆိုင်တဲ့ နားရွက်လေး ထောင်ထောင် ထောင်ထောင်နဲ့  ပညာရှိယောင်ဆောင်ပြီး ဟန်ကြီး၊ဟန်ကြီး တစ်ခွဲသားနဲ့ ကြွားလုံးထုတ်ခဲ့တယ်။
အချို့အချို့သော သူတွေဟာလဲ ယုန်ကလေးလိုပဲ မတတ်တာကို တတ်ယောင်ဆောင် ၊ ဟိတ်ဟန်တွေနဲ့ တတ်ယောင်ကားလုပ်နေတဲ့ အခြေအနေမျိုးတွေကို ယုန်ကလေးနဲ့ ခိုင်းနှိုင်းကာ ပညာပြပေးခဲ့ပုံက လှပပါပေတယ်။ ငယ်ငယ်တုန်းကတော့ ပုံပြင်ထဲက ယုန်ကလေးကိုပဲ မြင်ယောင်မိတယ်။ ဥပမာလေးကို မမြင်မိတာ အမှန်။ မြင်မိတဲ့ အချိန်မှာတော့ မေ့ကိုယ်မေ အရင်ဆုံး ဆန်းစစ်မိတယ်။။ မေရော ယုန်ကလေးလို တတ်ယောင်းကား လုပ်နေသလား။

ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်။

ကြောင်ကလေး လက်သည်းဝှက်တာ ဘာကြောင့်ပါလိမ့်။ သူရဲ့အစာဖြစ်တဲ့ ကြွက်ကို လိမ္မာပါးနပ်စွာ ရှာဖွေ စားသောက်ဖို့လား ။ ကောက်ကျစ်စဉ်းလဲစွာနှင့် အန္တရယ်ပေးတတ်တဲ့ လက်သည်းကို ဝှက်ထားတာလား။ တွေးလေ တွေးလေး အတွေးက နက်ရှိုင်းလာလေပါပဲ။ လှည့်ဖျာတတ်တဲ့ လောကကြီးထဲမှာ ကြောင်လက်သည်းဝှက် ပညာရှိတွေ၊ ကြောင်လက်သည်းဝှက် လူ့ကောက်ကျစ်တွေကို ပါးနပ်စွာ ရှာဖွေပေါင်းသင်းတတ်ဖို့ ကိုယ်ကိုယ်တိုင်လဲ ပါးနပ်စွာ နေဖို့ ကြိုးစားရပါအုံးမယ်။ ကိုယ့်ရဲက ရှိစုမဲ့စု လက်သည်းလေးလဲ ဝှက်သင့်ရင် ဝှက်ရပါအုံးမည်။

ရွှေဇီးကွက်တို့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊

တည်တည်ငြိမ်ငြိမ် အိနြေ္ဒကြီးနဲ့ နေတတ်တဲ့  ရွှေဇီးကွက်ကြီးက ဘုရင်ကြီးတစ်ပါးလို့ ခန့်ခန့်ထည်ထည်ဆိုပြီး ခိုင်းနှိုင်းထားတာလား။ ပညာရှိတို့မည်သည် ပရမ်းပတာ မနေ ၊ ပညာရှိတို့မည်သည် မာန်၊ဂုဏ်မဝင့်၊ ပညာရှိတို့မည်သည် စကားကို လိုသည်ထက်ပို၍မပြော၊ ပညာရှိတို့အမျက် အပြင်သို့မထွက် စသည်တည်ငြိမ်ခြင်းများကို အိနြေ္ဒကြီးကြီး ရွှေဇီးကွက်နှင့်နှိုင်းပြထားပုံလေးကလဲ တွေးမိလေတိုင်းမှာ နက်နဲလာခဲ့ပြီး မိမိကိုယ်ကို ဆင်ခြေသုံးသပ်စရာတွေက ပို၍မြင်လာခဲ့ပါသည်။

 မိုးလေ၀သ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော

မည်သူက အလေးထား နားဆင်သည်ဖြစ်စေ ၊အလေးမထား နားဆင်သည်ဖြစ်စေ ကိုတောက်တဲ့ကတော့ သူ့အလုပ်ကို ပုံမှန်လှုပ်ရှားရင်း မိုးလေဝသ အခြေအနေကို ဖော်ညွှန်းနေမှာပါပဲ။ ဘယ်လိုပရောဂတွေပဲ လာလာ ကိုတောက်တဲ့ကတော့ မဖြုံ ၊သူ လုပ်သင့်၊လုပ်ထိုက်တာကို တာဝန်ကျေ လုပ်ဆောင်ပေးနေမှာပါပဲ။သူ့တာဝန်ကို ကျေပွန်စွာ ထမ်းနိုင်သူအဖြစ် ရပ်တည်နေမှာပါပဲ။
ငယ်ငယ်က တောက်တဲ့ အော်သံကြားရင် “ဒီနေ့ နေသာမယ်” ဆိုပြီး အော်ဟစ်ကာ ပျော်ရွှင်ခဲ့ဖူးသည်။ ပျော်ရွှင်ခဲ့ရကျိုးလဲ နပ်ပါသည်။ ကိုတောက်တဲ့၏ အော်သံသည် မည်သည့်အခါမှ သစ္စာမဖောက် ။ တသတ်မတ်တည်း မှန်ကန်လေ့ရှိခဲ့သည်ကို။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်မိမိ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သော သစ္စာရှင်တောက်တဲ့အား ကိုလူချော ဟု ချီးချူးထောပနာ ပြုကာ တင်စားထားခဲ့ပုံလေးကို ခုချိန်ခါမှာတော့ သဘောပေါက်ခဲ့လေပြီ။


 ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို

ထိုအထဲတွင် မေသည် ထိပ်ဆုံက ပါဝင်နိုင်ကောင်း ပါဝင်နိုင်ပါသည်။ နှလုံးသားက နူးညံ့လွန်းကာ သနားကြင်နာ တတ်၍လား၊ အသိမကြွယ် ဥာဏ်ငယ်ငယ်မို့  ယုံလွယ်လွန်းတာလား ပြန်လည်ဆန်းစစ်ရပါအုံးမည်။ သို့သော် ထိုခေါင်းလေးကတော့ ညိတ်မြဲ ညိတ်စဲ ဖြစ်၍သာတည်း။ ထိုကဲ့သို့သော အားနည်းမှုမျိုး ရှိနေလျှင် အဘယ်မှာ တိုးတက်နိုင်မည်နည်း၊ အဘယ်သို့ အမှန်ကို ရှာဖွေတွေ့ရှိနိုင်မည်နည်း။ မိမိကိုယ်ကိုယ် ပြောတိုင်းယုံတတ်သည့် ပေါက်သင်ညိုလေး မဖြစ်ဖို့ လေ့လာသင်ယူ မာကြောတတ်ရပေအုံးမည်။အရာရာကို ဆန်းစစ်ဆင်ခြေနိင်ရပါအုံးမည်။

 ရွှေကျီးညိုသာပါက
ဧည့်သည်လာပါမှ။

အိမ်သာရင် ကျီးသာတယ်။(ပထမ အိမ်သာ ဆိုတာက အိမ်တွင်းသာယာတာ ၊ဒုတိယ ကျီးသာဆိုတာက ကျီးတစ်ကောင်“ သာယာနာပျော်ဖွယ်အသံနှင့် သံသာတာ) ကျီးသာရင် ဧည့်လာတယ်လို့ ဆိုခဲ့ကြတယ်။ ဧည့်သည်ရောက်ရင် လာဘ်လာတယ်ဆိုပြီး ဧည့်သည်လာသည်ကို နှစ်ခြိုက်တတ်သည့် မြန်မာလူမျိုးများက ယူဆတတ်သည်။
အဘိုးအဘွားများ ပြောကြားခဲ့သည့် ဧည့်သည်လာရင် လာဘ်ကောင်းတယ် ဆိုသည့် စကားတစ်ခွန်းအပေါ် ဧည့်သည်တွေရောက်တိုင်း ဂုဏ်ယူဝမ်းသာခဲ့ဖူးသည်။
ဧည့်သည်လာရခြင်းသည် မိမိ၏ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း၏ သာဓကတစ်ခုဖြစ်နိုင်ပါသည်။ မိမိ၏ နေချင်စဖွယ် သာယာသော အိမ်ကြောင့် ဖြစ်နိုင်ပါသည်။ အကူအညီလို၍ ခေတ္တတည်းခိုရန်လည်း ဖြစ်နိုင်ပါသည်။ ထိုဧည့်သည်များထဲမှ မိမိအား ပြန်လည် ကူညီမှုတွေ ပေးနိုင်သလို အိမ်ရှင်အားကျေးစွပ်သည့် ဧည့်သည်များလဲ ပါဝင်နိုင်ပါသည်။
ခု လက်ရှိမျက်မှောက်ကာလအနေအထားအရ ၊မေတို့ဘိုးဘွားပိုင်တဲ့ မြေ၊မေတို့ရဲ့မြေ ၊ မေတို့နိုင်ငံကို မေတို့ အိမ်လို့ စို့ပါစို့။
မေတို့ အိမ်လေးသာယာစပြုလာပြီ ။ အိမ်လေးသာယာဖို့ အိမ်သူအိမ်သား အားလုံးမှာ တာဝန်ရှိပါသည်။ စည်းကမ်းရှိသော အိမ်သူအိမ်သားများအဖြစ် မိမိအိမ်လေး သာယာလှပအောင် စွမ်းဆောင်နိုင်ကြရမည်။ ထိုအိမ်လေးမှ ကောင်းခြင်းဂုဏ်သတင်းသည် သာသာယာယာ အော်နေသည့် ကျီးတစ်ကောင်အလား ဧည့်သည်များကိုဖိတ်ခေါ်နေလေပြီ။
ဧည့်လာလေ လာဘ်ကောင်းလေလို့ အဘိုးအဘွားတွေ ပြောခဲ့ဖူးသော စကားကြောင့် ဧည့်သည်လာတိုင်း ဂုဏ်ယူစွာ ပျော်ရွှင်ခဲ့ရတာကို အမှတ်ရနေမိ၏။ ခုချိန်ထိလည်း ထိုနည်းလည်းကောင်းပါပဲ။
သာယာသည့် အိမ်လေးထဲသို့ ဧည်သည်များ ရောက်ရှိလာအောင် မေတို့အိမ်သူအိမ်သားအားလုံး စည်းကမ်းရှိရှိ လှလှပပ နေထိုင်သွားရင် နာမည်ဂုဏ်သတင်းကျော်ကြားသည့် ရွှေကျီးလဲ သာပေတော့မည်။
မူရင်းကဗျာရှင်၏ အတွေးသည် ထိုသို့ ဖြစ်ခြင်မှ ဖြစ်နိုင်ပေမည်။ မေကသာ ထိုသို့ အတွေးပေါက်၍ ထိုသို့ ဖွင့်ဆိုခဲ့ပါသည်။ အမှားများရှိခဲ့လျှင် မေ၏ အမှားသာဖြစ်သည်။ မေကတော့ ထိုကဗျာလေးကို ကလေးဘဝကထက် ယခုလက်ရှိအချိန်တွင် ပို၍ နှစ်သက်မြတ်နိုးနေခဲ့ပြန်သည်။ မေ့ရင်ထဲမှာ စွဲပြီးရင်း စွဲနေမည့် ကဗျာတစ်ပုဒ်ဖြစ်ခဲ့ရလေပြီ။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Saturday, 1 September 2012

အင်တာနက်သုံးစွဲခြင်းသည် ကောင်းကျိုးလော၊ ဆိုးကျိုးလော

ကိုအောင်ထက် ပေးလာသော

“အင်တာနက်သုံးစွဲခြင်းသည် လူငယ်များကို ကောင်းကျိုးတက် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည် ”

ဆိုသည့် ခေါင်းစဉ် အဆိုပြုလွှာကို ငြင်းဆိုသည်။
အကြောင်းမှာ အင်တာနက်ဆိုသည့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို စတင်ဖော်ထုတ်ခဲ့ခြင်းသည် လူသားများကို အကျိုးပြုစေရန် ရည်ရွယ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ကျွန်မတို့ နေ့စဉ်အသုံးပြုနေခဲ့ကြသည့် အင်တာနက်သည် ကျွန်မတို့အား သင်ယူမှုများစွာပေးခဲ့သည်။ သုံးစွဲတတ်သူအတွက် အင်တာနက်သည် အဖိုးမဖြတ်နိုင်သည့် ရတနာသိုက် တစ်ခုဖြစ်သည်။လိုတရနိုင်သည့် မှော်ဝင်စာအုပ်တစ်အုပ်ဖြစ်သည်။

အင်တာနက်သည့် ယနေ့မျက်မှောက်ခေတ် လူငယ်များကို ဥာဏ်အလင်းထိုးဖောက်ပေးနိုင်သည့် မျက်စေ့တစ်စုံဖြစ်သည်။ သင်ယူလိုသူတိုင်းအတွက် နွေးထွေးစွာကြိုဆိုသည့် စာသင်ကျောင်းကြီးဖြစ်သည်။
ပညာရလိုသူများအတွက် မည်သည့်နိုင်ငံတွင်ရှိနေပါစေ တစ်ချိန်တည်း တစ်ပြိုင်တည်း ပညာသင်ကြားနိုင်သော ကျောင်းကြီးဖြစ်သည်။အခမဲ့သော် လည်းကောင်း ၊ငွေကြေးအားဖြစ်သော် လည်းကောင်း မိမိအလိုရှိသည့် ပညာရပ်များကို ဆည်းပူးနိုင်သည်။

လူမျိုးတိုင်း၏ ယဉ်ကျေးမှု အမွေအနှစ်၊စာပေများကို ထိုအင်တာနက် စာမျက်နှာပေါ်တွင် လေ့လာနိုင်သည်။
အလွှာမတူသည့် လူသားများ အားလုံးကို တစ်သားတည်းဖြစ်စေကာ လက်ချင်းယှက် စည်းလုံးပေးနိုင်ခဲ့သည်။ 

အိုးမကွာ၊အိမ်မကွာ ဈေးဝယ်လိုသူများအတွက်လည်း ကမ္ဘာပတ်၍ ဈေးဝယ်နိုင်သည့် ဈေးခင်းကြီးဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင်းများအတွက် တံခါးဖွင့် စီးပွားရေး နယ်ပယ်ဖြစ်သည်။

စာပေပညာရှင်များအတွက် အသိပညာ၊အတတ်ပညာ၊ဗဟုသုတများ မျှဝေရာ ဌာနလည်းဖြစ်နေခဲ့ပြန်သည်။

နည်းပညာ၊အတတ်ပညာများကို နှီးနှောဖလှယ်ရာ ဒေသအဖြစ် အသုံးပြုနိုင်ခဲ့သည်။
နေ့စဉ်နှင့်အမျှ ပြောင်းလဲနေတတ်သော ကမ္ဘာကြီးအကြောင်းကို စက္ကန့်အတွင်း သိရှိနိုင်သည်မှာ အင်တာနက်ကျေးဇူးကြောင့်ပင်ဖြစ်သည်။

ထိုမျှမက ကျွန်မတို့ အလှမ်းမမှီနိုင်သေးသည့် လေ့လာမှုများစွာလည်း ထို အင်တာနက်ထဲတွင် ရှိနေနိုင်ပါသေးသည်။

အင်တာနက်သည် လမ်းလျှောက်တတ်ခါစ ကလေးငယ်တစ်ဦးကို မိမိကိုယ်တိုင် လမ်းလျှောက်နိုင်အောင် ထိန်းကျောင်းသင်ယူပေးသည့် မိခင်တစ်ဦးနှင့် ပမာတူသည်။ ဘဝလမ်းခရီး၌ တွေ့ရနိုင်သည့် ဆူးညှောင့်ခလုတ်ကို လမ်းပြပေးနိုင်၍ အောင်မြင်ခြင်းလမ်းစကိုလဲ အရောက်ပို့ဆောင်ပေးနိုင်သူ ဖြစ်သည်။ တွေးခေါ်မှု အပိုင်းကို ရင့်ကျက်စေသည်။


ထိုကြောင့် အင်တာနက်သုံးစွဲခြင်းမှာ အဘယ်မှာ ဆိုးကျိုးဖြစ်နိုင်ပါနည်း။
ကောင်းကျိုးကို အသုံးချ၍ ဆိုးရွားစွာ ဖန်တီးတတ်သူ ဆွမ်းဆန်ထဲမှာ ကြွက်ချေးတစ်ချို့ကြောင့် လူသားအများစုကို အကျိုးပြုနေသည့် အင်တာနက်ကြီးကို ဆိုးသည်ဟု မဆိုလိုခြင်ပါ။

အကောင်းအဆိုးသည် ဒွန်တွဲ၍ ရှိတတ်ကြသည်။ ကောင်းခြင်းကို အခွင့်ကောင်းယူကာ ဟန်ဆောင်လိမ်ညာသူ အချို့၏ မာယာတောမှာ ကျဆုံးမှုမရှိအောင် ကာကွယ်ရမည်မှာ မိမိတာဝန်ဖြစ်သည်။ အင်တာနက်မှ တွေ့ရှိလာနိုင်သည့် ဆိုးကျိုးကို ကာကွယ်ရန် အင်တာနက်ထဲတွင် ပြန်လည်လေ့လာနိုင်သည်။ 

အခြားသူများ၏ သာဓကကို လေ့လာ၍ မိမိကိုယ်ကိုယ် သုံးသပ် ကာကွယ်နိုင်သည်။
အင်တာနက်ကြောင့် ဘဝပျက်ခြင်း၊အင်တာနက်ကြောင့် ငွေကြေးဥစ္စာ လိမ်ညာခံရခြင်း၊အင်တာနက်ကြောင့် နှလုံးသာ လိမ်ညာခံရ၍ စိတ်နှလုံး မသာမယာခြင်းများ ရှိခဲ့ပါသည်။ 
ထို ပျက်စီးဆုံးရှုံးခြင်းနှင့် အကျိုးရရှိခြင်းကို တွက်ချက် ချိန်ဆကြည့်သော် အကျိုးရရှိခြင်းသည် ရာခိုင်နှုန်းများသောကြောင့် အင်တာနက်သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးသည် ဟူသော အဆိုကို ပယ်ချနိုင်ပါသည်။

မဉ္ဇူသက္ကနတ်ပန်းကို အလိုရှိသူသည် မဉ္ဇူသက္ကနတ်ပန်းပွင့်ရာ နတ်ဘုံနတ်နန်းကို အရောက်လှမ်းနိုင်အောင် ကြိုးစားမည် ဖြစ်သကဲ့သို့ ငရဲမီးကိုမှ အလင်းရောင်ထင်ကာ ပျော်မွေ့နေသူသည် ငရဲပန်းရှိရာလမ်းကို စံမြန်းရန် အားထုတ်ကြပါသည်။

အင်တာနက်ကို နတ်တို့ ပေးလာသော နတ်သုဒ္ဓါဟု မှတ်ယူကာ ချိုမြိန်စွာ စားသုံးရင်း သင်ယူနိုင်သမျှကို သင်ယူ၊လေ့လာနိုင်သမျှ လေ့လာ၊ မှတ်သားနိုင်သမျှ မှတ်သား၊ပို့ချနိုင်သမျှ ပို့ချ ၊ မျှဝေနိုင်သမျှ မျှဝေပေးရင်း မိမိတို့ ရရှိလာသည့် နတ်သုဒ္ဓါရသာအင်ကို အခြားသူများပါ ခံစားသိရှိအောင် ပြန်လည်အသုံးချနိုင်ခြင်းဖြစ် အင်တာနက်ကောင်းကျိုးကို အသုံးချတတ်သူများ ဖြစ်စေလိုကြပါသည်။

သို့တည်မဟုတ် တပါးသူ ဘဝပျက်ပြားလိမ်ညာခြင်းများနှင့် ပျော်မွေ့ကာ မိမိကိုယ်တိုင် အပူမီးကို ပန်ဆင်မှန်းမသိ ပန်ဆင်နေမိလျှင်တော့ မိမိသည်လည်း အလှည့် ဆိုသည့် စကားလုံးအောက်၌ မိမိအသုံးပြုခဲ့သည့် အပူမီးကြောင့် ထိပ်ပြောင်ယုံသာမက တစ်ကိုယ်လုံးပါ လောင်ကျွမ်းနိုင်ပါသည်။လှည့်ဖြာတတ်သူသည် မည်သည့်နေရာရောက်ရောက် လှည့်ဖြာမည်ပင်ဖြစ်သည်။

ကောင်းကျိုးကို အလိုရှိသူသည် ကောင်းကျိုးကိုသာ သယ်ဆောင်ယူသည်။ ထိုကြောင့် မိမိအလိုရှိရာကို သယ်ဆောင်ယူကြရင်း

အင်တာနက်သည် လူသားများကို အကျိုးပြုသော ဆက်သွယ်ရေး တစ်ခုဖြစ်သည်”

ဟု ထောက်ခံအဆိုပြုကြရအောင်။
အဆိုတင်သွင်းသူ





..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်

Friday, 31 August 2012

ဝါသနာတူ Blogger မောင်နှမများဆီသို

အွန်လိုင်းဆိုသည့် စာမျက်နှာပေါ်မှာ စာပေတွေ ချရေးခွင့်မရခင် အချိန်မှာ ကဗျာသမား၊စာသမား၊ ကလောင်တံကိုင်ပြီး မိမိဝါသနာကို ဖွင့်ချပြဖို့ဆိုတာ လွယ်ကူသည့် အရာ မဟုတ်ခဲ့ပါ။
စာပေရေးသားရာမှာ ဝါသနာပါလွန်း၍ စာပေတွေကို ကြိုးစားရေးချင်သော်ငြား မီဒီယာမှာ ပုံနှိပ်ခွင့်မရခဲ့လျှင် မိမိဝါသနာနှင့် ဆန္ဒကို ချိုးနှိမ် မစွန့်ပစ်ချင်ပဲ စွန့်ပစ်ခဲ့ရသူတွေ အများအပြား။
မီဒီယာလောကကို ဝင်ရောက်ခွင့်ရရန်ဆိုတာလဲ လွယ်ကူလှသည်မှ မဟုတ်ပဲ။
ကိုယ်တိုင်ကလဲ အရည်းအချင်းရှိ ၊ အဆက်အသွယ်ကလဲကောင်း၊ထုတ်ဝေသူမရှိလျှင် မိမိကိုယ်တိုင် ထုတ်ဝေနိုင်သည့် ငွေကြေးရှိပါမှ မိမိ၏ဝါသနာ ကလောင်စွမ်းကို အခြားသူများ ခံစားနိုင်အောင် ချပြနိုင်စွမ်း ရှိခဲ့သည်။
ပုံနှိပ်မီဒီယာပေါ်သို့ ထိုးဖောက်ရန် ခက်ခဲလွန်းသောကြောင့် အမှန်အရည်းအချင်းရှိသော ဝါသနာရှင်၊စာပေပညာရှင်များစွာ တိမ်မြုပ်ကောင်း တိမ်မြုပ်ခဲ့ရမည်။ အထူးသဖြစ် စာပေလောက ပုံနှိပ်တိုက်များနှင့် အလှမ်းဝေးသည့် နယ်မြို့နေ ဝါသနာရှင်များ အလှမ်းမမီသည့်ပန်း အဝေးမှသာ ငမ်းရသကဲ့သို့ စာရေးခြင်းဝါသနာကို ဘဝဝမ်းစာကြားထဲ နှစ်မြုပ်ပစ်ခဲ့ရသည်ကလည်း အပုံအပင်။
အင်တာနက်ဆိုသည့် ကမ္ဘာကြီးကို ရွာကြီးအဖြစ် ပူးကပ်နီးစပ်အောင် ဆက်သွယ်စေနိုင် ပေါင်းကူးတံတားလေးပေါ်လာချိန်မှာ ဝါသနာရှင်အတော်များများဟာ မိမိတို့ ဝါသနာကို ထုတ်သုံးခွင့်ရခဲ့ပြီ။
ဖိုရမ်တွေ၊နိုင်ဆိုဒ်တွေနှင့်အတူ ကိုယ်ပိုင်ဘလော့လေးတွေ တည်ဆောက်ရင်း မိမိ၏ ဝါသနာ ၊အရည်းအချင်းကို ချပြခွင့်ရခဲ့ပြီ။ နိုင်ဆိုဒ်တွေမှာ အခြေပြု အုပ်မြစ်ချရင်း မိမိ၏အစွမ်းကို ဖွင့်ချကာပြတော့ မိမိရင်ထဲက သံစဉ်များကိုလဲ အများမြင်။ အရည်းအချင်းရှိလျှင် ရှိသလို အားပေးထောက်ခံသူတွေ များလာ၍ စာပေလောကတွင် ခြေလှမ်းချရန် အခွင့်အရေးတွေ ရခဲ့ပြီ။
မြို့ပြ၊ပြည်နယ် မဆိုထားနှင့် ကမ္ဘာအနှံအပြားရောက် မြန်မာများ မြန်မာစာတတ်လျှင် မြန်မာစာပေရေးသားနိုင်၍ မြန်မာပြည်သူများ ဖတ်စေနိုင်ခဲ့ပြီ။ ဝါသနာကို ချပြခွင့်ရခဲ့ပြီ။ မိမိဝါသနာကို မြေမြုပ်သဂြိုလ်ခြင်း ခံစားချက်မှ ကင်းဝေးစေခဲ့ပြီ။
အရည်းအချင်းရှိ၍ ကြိုးစားသူအတွက် ထို အင်တာနက် စာမျက်နှာပြင်ပေါ်မှတစ်ဆင့် ပုံနှိပ်မီဒီယာများဆီသို့ ခြေလှမ်းတစ်လှမ်း ရောက်အောင်လှမ်းနိုင်မည်မှာ ဧကန်မလွဲပါ။
ပုံနှိပ်မီဒီယာနှင့် အင်တာနက်ဘလော့မီဒီယာများသည် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ အဖြစ်ရပ်တည်နေပါမည်။ နည်းပညာတိုးတက်လာသည့် မျက်မှောက်ခေတ်တွင် ပုံနှိပ်မီဒီယာသမားများအတွက် ကိုယ်ပိုင်ဘလော့(သို့) fan page များ မရှိမဖြစ် လိုအပ်သကဲသို့ စာပေပုံနှိပ်တိုက် ထုတ်ဝေသူများမှာလဲ အင်တာနက်စာမျက်နှာပြင်ပေါ်မှ လက်သစ်လေးများ၏ စာပေအရေးအသားများကို လေ့လာနေကြမှာပင်။
ဘလော့များသည် စာပေဥယျာဉ်ကြီးထဲမှ ပျိုးပင်ပေါက်လေးများကဲ့သို့ အစေ့မှသည် အညှောင့်၊ အညှောင့်မှသည် အပင်ငယ်၊အပင်ငယ်မှသည် ကိုင်းခက်ဝေဖြာသည့် အရိပ်ကြီးမားသည့် အေးမြခြင်းကို အများပြည်သူထံပေးနိုင်သည့် စာပေသစ်ပင်ကြီး ဖြစ်လာနိုင်ပါသည်။ ပုံနှိပ်မီဒီယာဆိုသည်က စာပေသမားတို့၏ ပန်းတိုင် အရိပ်ကြီးမားသည့် သစ်ပင်ကြီးဖြစ်နေလျှင် ထိုသစ်ပင်ကောင်းဖြစ်လာနိုင်ရေးအတွက် ဘလောဂါများသည် ပျိုးပင်ပေါက်များသာတည်း။
ပျိုးပင်တိုင်း မျိုးမအောင်နိုင်သကဲ့သို့ ဘလော့ဂါတိုင်းလဲ စာပေခရီးဆုံး မလျှောက်နိုင်ခဲ့ကြပါ။ အချို့ ၊အချို့သာလျှင် စာပေခရီး၏ ပန်းတိုင်သို့ ရောက်ကောင်း ရောက်ခဲ့ပါလိမ့်မည်။ သို့သော် စာပေဝါသနာရှိ၍ ကြိုးစားကြသူတိုင်းအား မေ လေးစားပါသည်။
ဘလော့ဂါ ဆိုသည်မှာ ဝါသနာ၊ စေတနာ၊အနစ်နာ၊နာသုံးနာခံ၍ မိမိ၏ ကိုယ်ပိုင်အချိန်ကို အသုံးချ၊ မိမိ၏ ကိုယ်ပိုင်ငွေကို အသုံးချကာ ရင်မှဖြစ်ပေါ်လာသော အနုပညာကို ကလောင်တံအဖြစ်စွဲကိုင် စာဖတ်သူများအား လမ်းပြခဲ့သည်။
မိမိအသုံးချခဲ့သည့် အခကြေးငွေကို ပြန်လည်မမျှော်ကိုး။ ဖြူစင်သော စေတနာများနှင့်သာ မိမိသိထားသမျှ မျှဝေ ခံစားပေးရင်း ပြန်လည်ရရှိလာသည့် ကွန်မန့် တစ်ခုနှင့် အသက်ရှင်နေခဲ့ကြသည်။
လိုအပ်ချက်များကို ထောက်ပြဝေဖန်နိုင်သည့် စာမျက်နှာပြင်ပေါ်တွင် ရေးသားခဲ့ရသောကြောင့် အပြစ်ဆိုစရာ၊ထောက်ပြစရာများနှင့် မလိုအပ်ပဲ ရိုင်းလာသူများ ကြုံလာပါက လက်တွေ့ခံစားရသည်မှာ ဘလော့ဂါများဖြစ်သည်။ ထိုအတွက်ကြောင့် သီးခံနိုင်ခြင်းဆိုသည့် စွမ်းရည်တစ်ရပ်ကို ဘလော့ဂါများ၏ ရင်တွင်းမှာ မွေးမြူထားကြရသည်။
ပုံနှိပ်မီဒီယာများကဲသို့ လေးစာသမှုကို ရရှိကောင်းမှ ရရှိနိုင်မည် ဖြစ်ပေမယ့် ဝါသနာကို အရင်းခံ စေတနာကို အစပျိုး၊ အနစ်နာကို လမ်းခင်းပြီး လျှောက်နေကြသည့် ဝါသနာတူ ဘလော့ဂါ မောင်နှစ်မများအားလုံးကို အထူးလေးစားလျှက် ရှိပါကြောင်းကို မေ ရဲဝံ့စွာ ပြောခဲ့ပြစေ။
တစ်ဆုပ်နိုင်လျှင် တစ်ဆုပ်စာ၊တစ်ပွေ့နိုင်လျှင် တစ်ပွေ့စာ မိမိသယ်ယူနိုင်သလောက် အတူသယ်ယူကြရင်း မြန်မာစာနှင့်မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်း ၊ဗဟုသုတတွေ မျှဝေကြရင်း နောင်နှစ်များစွာတိုင် ရှေ့ဆက်ချီတက်ကြပါစို့။

Blogger day အထိမ်းအမှတ်
စာပေးရေးသားသူများ၊ဖတ်ရှုဝေဖန်သူများအားလုံးကို အစဉ်လေးစားလျှက်







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Thursday, 2 August 2012

အပြစ်ရှိသလား ဖြေပါ

ဒီနေ့ အကြောင်းတစ်ခု ပေါ်လာရင်း မေတို့ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ် ဆောက်တည်နေခဲ့ကြတဲ့ ငါးပါးသီလထဲမှ ဒုတိယ အချက်ဖြစ်တဲ့ အဒိန္နာဒါန ဆိုတဲ့ သီလတစ်ပါးအကြောင်း ပြောချင်ပါတယ်။
သီလ ဆောက်တည်သည့် အခါတိုင်း “အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ = အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
သူ့ဥစ္စာကို ခိုးယူသည် ဆိုသည့်အခါမှာ ကာယကံ၊ဝစီကံ၊မနောကံဟု ဆိုအပ်သော ကံသုံးပါးတွင် မည့်သည့် ကံ တစ်ပါးပါးနှင့် ခိုးယူသည် ဖြစ်စေ ခိုးရာမြှောက်ပါ၏။
အချို့သူများက ပေါ်ပေါ်ထင်ထင် ခိုးရာမြှောက်အောင် ခိုးယူသည်။ ထိုသူများကိုတော့ သူခိုးဟု ပေါ်တင်စွာပင် စွပ်စွဲနိုင်ခဲ့ပါသည်။
အချို့သူများမှာတော့ သူတစ်ပါးပစ္စည်းကို ပေါ်တင်တော့ မယူမိ။ သို့သော် မမြင်နိုင်သည့် အတွင်းစိတ်မှ လိုချင်တပ်မက်စိတ် တစ်ဖွားဖွားနဲ့ စိတ်ကူးတွေယဉ်ပြီး ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းယူနေလိုက်တာ အကြိမ်ကြိမ်။ ထိုစိတ်ကူးယဉ်နေမှုကို အခြားသူ မသိနိုင်ပေမဲ့ မိမိကိုယ်တိုင်တော့ သိရှိနိုင်ပေသည်။ ထိုသည်မှာလဲ ခိုးရာမြောက်သည့် ခိုးနည်းတစ်မျိုးပင်။
ခိုးယူသည် ဆိုသည်မှာ ပိုင်ရှင်မပေးသော ပစ္စည်းကို ပိုင်ရှင်မသိအောင် ယူခြင်းဟု ဆိုနိုင်ပြီး  ပိုင်ရှင်သိသော်လည်း ပိုင်ရှင်ထံမှ ယူပါ ဆိုသော ခွင့်ပြုချက် မရလျှင်လဲ ခိုးရာမြှောက်ပါ၏။

လူပတ်ဝန်းကျင်တွင် ကျင်လည်နေရင်း နေ့စဉ်နှင့်အမျှ ဖြတ်သန်းနေရသည့် အချိန်ကာလတွင် ကြုံဖူးခဲ့မိမှာပင်။ မောင်နှမ ၊မိသားစု တွင်းပင်ဖြစ်စေ ကြုံလေ့ကြုံထတော့ ရှိမှာပင်။ (ဥပမာ- အစ်ကို့ ဝေစုထဲက ဟင်းတွေ စားလိုက်မယ်နော်)
အစ်ကိုဖြစ်သူထံမှ စားပါဟု စကားပြန်မရသေးခင် စားနှင့်နေပြီ။ ထိုအချိန်တွင်သင်သည် အဒိန္နာဒါနာ ကို ကျူးလွန်မိနေပြီ။ သို့သော် သတိမပြုမိခဲ့ပါ။
တစ်ခါတစ်ရံ သူတစ်ပါး သုံးစွဲ ကိုင်တွယ်နေသော ပစ္စည်းကို လိုချင်တက်မက်စိတ်တွေ ဖြစ် ပိုင်ဆိုင်လိုသည်။ မိမိကိုယ်ပိုင် ဝယ်ယူနိုင်ပါလျှက် မဝယ်ယူလို။ အလကားရမှ လိုချင်ခဲ့သည်။ ထိုအခါမျိုးတွင် အခြားတစ်ဦးတစ်ယောက်ထံတွင် “အယ်..ဒါလေးက လှတယ်နော်..။ ဘယ်မှာဝယ်တာလဲ .. ငါလဲ တစ်ခုလောက်လိုချင်လိုက်တာ..။ ဘယ်လိုဝယ်ရတာလဲ.. သူတို့များတွေ့တတ်လိုက်တာဟယ်..ငါဆို ဒီလောက်လှတဲ့ အဆင်မျိုး တစ်ခါမှ ရှာမတွေ့ဘူး”
တစ်ဖက်လူမှာလဲ အားနာလာ၍
“ကြိုက်ရင် ယူသွားလိုက်လေ..ရပါတယ် ငါ နောက်တစ်ခု ဝယ်လိုက်ပါမယ်”
ဆိုတာက တစ်မျိုး
“နင်ကြိုက်ရင် ငါဝယ်ပေးမယ်လေ ”
စသည်ဖြစ် သူတစ်ပါးပစ္စည်းကို ဝစီလေး သုံးပြီး လှည့်ဖြာ ယူခဲ့သည်။ ထိုခိုးယူနည်းတွင်တော့ မုသာဝါဒ ဆိုသော ကံကိုပါ ထပ်ဆင့် ကြူးလွန်ခဲ့ကြသည်။
လောကတွင် ခိုးယူနည်းအမျိုးမျိုး ရှိခဲ့သည်။
ပြင်ပလောကတွင်လဲ ခိုးယူနည်းမြောက်များစွာ ရှိနေသကဲ့သို့ အွန်လိုင်းလောကတွင် လှည့်လည် နေရင်းလဲ ခိုးယူမိခဲ့ကြသည်..။ ရုပ်ပုံလေးတွေ၊စကားလုံး အသုံးအနှုန်းလေးတွေ၊စာသားလေးတွေ ထိုမှ တဆင့် ..ထိုမှတဆင့် များစွာသော ခိုးခြင်း များစွာ။
ထိုကြောင့် တစ်နေ့ တစ်နေ့ သင်ဖြတ်သန်းနေရသည့် နေ့ရက်တွေတိုင်းမှာ သင် အပြစ်ကို ကျူးလွန်မိနေပါသည်ဆိုလျှင် ငြင်းနိုင်မည်လား။

မေကိုယ်တိုင်လဲ မငြင်းနိုင်ပါ။ တစ်ချိန်မဟုတ် တစ်ချိန် ကျူးလွန်နေမိမှာပင်။ ပုတုစဉ်ဆိုသည့် လူသားတစ်ယောက်အတွက် ကြုံလာသမျှ နေ့တွေတိုင်းတွင် တစ်ကွေ့မဟုတ် တစ်ကွေ့ ကြုံလာရမည်သာ။


ထို့ကြောင့် သင့်ကိုယ်သင် ဆန်းစစ်ပြီး မေးကြည့်ပါ။ သင် အပြစ်ဆိုသည်ကို ကျူးလွန်ပြီး လုပ်မိလေးသလား။ မိမိရရှိလာသည့် အဖြေကို ဆင်ခြင်၍ ၊ အပြစ်မှ ကင်းလွတ်အောင်  ကြိုးစားနိုင်ကြပါစေလို့









..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Saturday, 9 June 2012

အရေးကြီးရင် သွေးနှီးပါ


မေတို့ မြန်မာလူမျိုးတွေ့ရဲ့ ပင်ကိုယ်စိတ်ထားက ခွင့်လွတ်သီးခံတတ်တယ်။ ကြင်နာတတ်တယ်။ မေတ္တာတရားကြီးမားကြတယ်။
မေတို့ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးဟာ မျိုးချစ်စိတ်ပြင်းထန်ကြတယ်။ ကိုယ့်အမျိုးကို ထိရင် အသက်ပေးဖို့ ဝန်မလေးကြဘူး။
မြန်မာပြည်မှာဖွားတဲ့ မြန်မာလူမျိုးတိုင်း မြန်မာပြည်ကို ချစ်ကြပါတယ်။
မတူညီတဲ့ ဘာသာရေးကို အကြောင်းပြ သွေးခွဲပြီး တောကြောင်လိုအလစ်ချောင်းနေတဲ့ အစွန်းရောက်ဝါဒီသမားတွေဟာ မေတို့ တိုင်းပြည်ကို ပုန်ကန်နေတယ်။
ဒီအချိန်မှာ မြန်မာပြည်မှာဖွား မြန်မာတိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်ကြပြီ ပြည်ပက တွန်းအားတွေနဲ့ ဝင်ရောက်လာတဲ့ ရန်တွေကို ခုခံကာကွယ်ကြပါစို့။
ယခုအချိန်ဟာ အချင်းချင်း အငြင်းပွားနေချိန်မဟုတ်တော့ပါ။
စည်းလုံး ညီညွှတ်ချင်းဖြစ်သာ အနိုင်ယူနိုင်မှာပါ။
မြန်မာပြည်ကြီး အေးငြိမ်းရန် မြန်မာပြည်တွင်ဖွားသော နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။







..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်






Thursday, 31 May 2012

သင်သာ နှမ်းတစ်စေ့ ဖြစ်ပါစေ

နှမ်းတစ်စေ့ရဲ့ ပမာဏက သေးငယ်လွန်းလှပါတယ်။ထိုပမာဏ သေးငယ်လှတဲ့ နှမ်းစေ့လေးတွေက မိမိနိုင်ရာ ဝန်ထမ်းကာ လူသားအကျိုးပြု စွမ်းဆောင်ပေးခဲ့တာ တွေ့မြင်ခဲ့ကြမှာပါ။
နှမ်းစေ့သေးသေးလေးတွေ စုပေါင်းပြီး မိမိတို့ အစွမ်းရှိသလောက် အဆီအနှစ်တွေပေးရင်း လူသားတွေ အတွက် ဆီဆိုသည့် အရာကို ပေးစွမ်းခဲ့တယ်။
နှမ်းစေ့လေးတွေ လူသားကို အကျိုးပြုသလို မေတို့တွေ နှမ်းစေ့လေး တစ်စေ့လောက်တောင် ဟောဒီကမ္ဘာမြေကို အကျိုးပြုကြရဲ့လား။
ကမ္ဘာမြေကြီး..............။
လူသန်းပေါင်းများစွာ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာမြေကြီးကို လျစ်လှူရှုခဲ့ကြတယ်။ ဒီမြေကိုနင်းပြီး ဒီမြေမှာ အညစ်ကြေးစွန့်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီမြေကြီး ဖျားနာနေတာ ဘယ်သူမှ ဂရုမပြုခဲ့ကြဘူး။
လူတွေစွန့်တဲ့ အညစ်အကြေးတွေ၊စက်ရုံက ထုတ်တဲ့ လေထုညစ်ညမ်းခြင်းတွေ၊ဆွေးမြေ့ရန်ခက်ခဲတဲ့ အမှိုက်သရိုက်တွေကြောင့် ဒီကမ္ဘာမြေကြီး အားအင်ချည့်နဲ့ခဲ့တယ်။
ပေါက်ပြဲနေတဲ့ မျက်နှာပြင်ကို ပြုပြင်ဖာတေးဖို့ထက် ခေတ်မှီလက်နက် ထုတ်လုပ်ဖို့ကိုပဲ အာရုံပြုနေခဲ့ကြတယ်။
“ငါ သုံးနိုင်စွဲနိုင်တယ်” ဆိုတဲ့ တလွဲမာနတွေကြောင့် မလိုအပ်တဲ့ အလေအလွင့်များစွာတွေက ဟောဒီကမ္ဘာမြေရဲ့ စွမ်းအင်များစွာကို သုံးယူနေကြတယ်။
နာကျင်ကိုက်ခဲနေတဲ့ ဟောဒီကမ္ဘာမြေကြောင့် လူသားတွေမှာပါ ရောဂါထူပြောလာကြတာ လူသားတွေ သတိမှ ထားပါလေစ။
သတိမမူ၊ဂူမမြင်နဲ့ အရာအားလုံးကို လျစ်လျူရှုနေကြသူတွေအတွက် ကမ္ဘာမြေကြီးကိုယ်စား မေ အကူအညီတောင်းပြစေနော်။
ဟောဒီကမ္ဘာမြေကြီးသာယာလှပဖို့ မေတို့ တစ်ဦးချင်းစီ ပြုပြင်ကြရအောင်။
ဘာတွေကို ပြုပြင်ကြမှာလဲ...............။
စွမ်းအင်တွေကို လိုသလောက်သာ သုံးပြီး အလေအလွင့်မရှိအောင် ချွေတာကြရအောင်။
(ဒီတစ်ချက်က တို့နိုင်ငံမှာ အော်တို ချွေတာနေပြီးသားပဲ..နောင်အနာဂတ်အတွက်သာ ကြိုပြောထားရမှာ)။

သစ်တော ဖြုန်းတီးမှုတွေ ကာကွယ်ကြရအောင်နော်။
(တားဆီးဖို့ ကိုယ်လဲ ဘာမှ မတတ်နိုင်ဘူး...။ ကိုယ့်ထက် ဓားထက်တဲ့ သူတွေက ပိုများနေတယ်။။။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် သစ်ကိုင်လေးတစ်ကိုင်းတောင်မကျိုးရင်ပဲ ကျေနပ်စရာပါ)။

ကာဘွန်ဒိုင် ထုတ်လွတ်မှုတွေ နည်းအောင် ပါဝင်ကူညီကြမယ်။
(ဘယ်လိုကူညီကြမှာလဲ)
မေ ကတော့ မေ တတ်နိုင်တဲ့ အပိုင်းက တတ်နိုင်သလောက် ချွေတာခဲ့တာပါပဲ။ ဥပမာ-မေ ဈေးသွားရင် shopping bag ကို အမြဲဆောင်တယ်။ မပါခဲ့ရင် လက်နဲ့ သယ်ယူနိုင်သလောက်ကို ဝယ်ပြီး လက်နဲ့ပဲ သယ်လာခဲ့တာ များတယ်။ ဆိုင်က ပေးတဲ့ အိတ်တွေကို မယူတာ များတယ်။ ဘာလို့လဲလို့ သူငယ်ချင်းက မေးတော့
“သဘာဝ ပတ်ဝန်းကျင်ကို ကူညီတာလို့ ပြန်ဖြေခဲ့တယ်”
အဲ့ဒီတော့ သူငယ်ချင်းက
“နင့်တစ်ယောက်ဈေးဝယ်တာ အိတ်က ဘယ်နှစ်လုံးကုန်မှာမို့လဲ၊ကမ္ဘာမြေက ဘယ်လောက် ကျန်းမာသွားမှာမို့လဲတဲ့”
“အေလေး အဲ့ဒါကြောင့် နင်ပါချွေတာလိုက်လေ”
ိလို့ ဆိုတော့ သူက မျက်စောင်းထိုးတယ်။ အဲ့ဒီလိုပါပဲ..။ မေ ဈေးဝယ်တော့မယ်ဆိုရင် ရေချိုးခန်းအသုံးအဆောင် ပစ္စည်း၊မိတ်ကပ် စတာတွေကိုလဲ ဗူးအကြီးကြီးတွေကို ဝယ်လေ့ရှိတယ်။ မေ အတွေးထဲမှာတော့ ဗူးအသေးလေးတွေကို ဝယ်နေရင် ဒီဗူးတွေ ပြုလုပ်နေရတဲ့ အတွက် စွမ်းအင်တွေ ပိုသုံးရမယ်၊ ကာဘွန်ဒိုင် ထုတ်လွတ်မှုတွေ ပိုများလာမယ်၊စွန့်ပစ်ပစ္စည်းတွေ ပိုမိုများပြားလာလိမ့်မယ် လို့ တွေးပြီး ကိုယ့်အသိလေးနဲ့ကိုယ် ချွေတာ လာခဲ့တယ်။
ရေတွေ အလေအလွင့် မဖြစ်အောင်လဲ ဂရုစိုက်သင့်တယ်။
မေတို့ အလဟသ စွန်ပစ်လိုက်တဲ့ ရေကြည်တစ်ပေါက်ဟာ ဖားလေးတစ်ကောင်ရဲ့ တစ်နေ့တာ သောက်သုံးရေဖြစ်တယ်။ ရေလေးတစ်ပေါက် ချွေတာလိုက်ယုံနဲက ဖားလေးတစ်ကောင်ရဲ့ ရေအတွက် တစ်ရက်တာ အသက်ရှင်သန်မှုကို ကာကွယ်ပေးလိုက်တာပါပဲ။
ငယ်ငယ်က ကျောင်းမှာ ကျောင်းသားတွေက သောက်ရေတွေကို ခပ်သောက်လို့ မကုန်ပဲ သွန်ပြစ်တာကို ဆရာမြင်တော့ ဆရာပြောခဲ့တယ်။
“လူဆိုတာ ကိုယ်ဘာကို ဘယ်လောက်လိုအပ်တယ်ဆိုတာ မှန်းဆနိုင်မှ စဉ်းစားဆင်ခြေနိုင်စွမ်းရှိတဲ့သူ၊ ဒီသောက်ရေလေးတစ်ခွက်တောင် ငါ့အတွက် ဘယ်လောက်အတိုင်းအတာဆို လုံလောက်နိုင်လဲ ဆိုတာ မမှန်ဆတတ်ပဲ သောက်ပြီးသွန်ပစ်နေကြတဲ့ မင်းတို့ကိုယ် မင်းတို့ ပြန်သုံးသပ်ကြည့်ပါ။ ”
ဆရာ့စကားကြားပြီးတဲ့ နောက်ပိုင်း ဘယ်တော့မှ ရေကို အပိုခပ်မသောက်တော့ဘူး။ ခပ်မိရင်လဲ ကုန်အောင်သောက်ခဲ့တာ ခုချိန်ထိပါပဲ။
တစ်ခါတစ်လေ မေတို့ သတိမမှုမိလိုက်တဲ့ အချက်တွေကြောင့် အလေအလွင့်များစွာ ဖြစ်ခဲ့ရတယ်။ တစ်ချိန်က သတိမမှုခဲ့တာတွေကို ယခု သတိထားပြီး ဆောင်ကြည်ကြပါစို့လား။
လူသားတစ်ဦးတစ်ယောက်ချင်းစီ ပြုပြင်ကြမယ်ဆိုရင် ဖျားနာနေတဲ့ ကမ္ဘာမြေအတွက် အတိုင်းတာ တစ်ခုတော့ သက်သာရာ ရမှာပါ။
နှမ်းစေ့လေးကို ပမာပြုရင် သင်လဲ နှမ်းတစ်စေ့အဖြစ် ပါဝင်ကူညီပါနော်။ သင့်အနီးနားက လူတွေကိုလဲ ကောင်းမွန်တဲ့ အလေ့အထလေးတွေ မျှဝေပေးရင်း ဖျားနာနေတဲ့ ကမ္ဘာကြီးကို ဝိုင်းဝန်းပြုစုကြပါရှင်။

သင် နှမ်းတစ်စေ့သာ ဖြစ်ပါစေ။


ဇွန်လ(၅)ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို အလေးထားလျှက်






..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်