Followers

Wednesday 30 May 2012

ရွှေမြို့တော် လူပျိုသိုးများ အတွက်

မနေ့ညက ရဲရင့်ရထားက ရွှေမြို့တော် အပျိုကြီးများ အိမ်ကို ခဲ(ဂဲ)နဲ့ လာပေါက်ပြီး ခြေကုန်သုတ်ပြေးတယ်။
သာယာလှပတဲ့ အပျိုကြီးများအိမ်ကို ခဲနဲ့ မပေါက်ရဲသော်ငြား ရင်ထဲမှာ ကလိ ကလိ ဖြစ်နေကုန်ကြသော ရွှေမြိုတော် လူပျိုသိုးများအဖွဲ့က ရဲရင့်ရထားအား သူခိုးဓားရိုးကမ်း ဆိုသလို ခဲ(ဂဲ)တွေဝိုင်းကောက်ပေးကာ မြှောက်နေကြပြီး နောက်ကွယ်မှာ ကြိတ်ရယ်နေကြတာပေါ့။
ရွှေမြို့တော် လူပျိုသိုးများအဖွဲ့မှ မသိလိုက်တာက အပျိုကြီးများဆိုတာ အားနွဲ့သူ မဟုတ်ပါ။ ဘယ်သူ့ကိုမှ မကြောက်လို့ တစ်ကိုယ်တည်းအပျိုကြီးနေလာတာ။
အပျိုကြီးများ အိမ်ထောင်မပြုရခြင်း၏ အကြောင်းအရင်းများစွာထဲက တစ်ချက်မှာယောကျာင်္းတွေရဲ့ အလေ့အထ အချို့ကို မနှစ်သက်လို့လဲပါတာပေါ့။
ယောကျာင်္တို့ရဲ့ အလေ့အထ အချို့ကို အိတ်သွန်ဖာမှောက် ထုတ်ပြထားတဲ့ ဂျိုကာရုပ်ရဲ့ စာဆိုလေး


အရက် သမားတို့ ၏ သင်ပုန်းကြီးစာ


က ကလေးငယ် အမြည်းဝယ်..။



ခ ခရမ်းသီးအရက်နဲ့မြည်း..။

ဂ ဂဏန်းကြော်အရက်နဲ့ဆော်..။


င ငပိထောင်းမြည်းလို့ကောင်း..။


စ စခန်းမှာ မူးလိုပါ..။


ဆ ဆရာကြီး အရက်သမားကြီး..။


ဇ ဇရက်ကြော် ဂွတ်တယ်နော်..။


ည ညနေခင်း သောက်ပွဲဆင်း...။


တ တောအရက် မိုက်တဲ့ကွဲ့..။


ထ ထန်းရည် သောက်မပြေ..။


ဒ ဒညင်းကြော် ခိုက်တယ်နော်...။


ဓ ဓနိရည် သောက်မယ်လေ..။


န နံကင် မြည်းလိုက်ချင်..။

ပ ပုစွန်သုတ်အမြည်းလုပ်..။

ဖ ဖဲထုတ် အဖော်လုပ်ပျော်..။


ဗ ဗရာကြော် မြည်းမယ်နော်..။


ဘ ဘီယာ သောက်မယ်ကွာ..။


မ မရမ်းသီး မြည်းသာမြည်း..။


ယ ယုန်ဟင်း ပွဲတော်ခင်း..။


ရ ရိုးရာ သောက်ပွဲပါ..။


လ လူငယ် သောက်မယ်ကွယ်..။


ဝ ၀ီစကီ လွမ်းပါသည်..။


သ သူငယ်ချင်း အရက်သမားအသင်း..။


ဟ ဟားဟားမူးစရာလား


အ အိမ်အပြန် မူးလို့အန်....။



ကဲ................ ယောကျာင်္းများ၏ အကျင့်လေးတွေကို သိနေမှတော့ ဝေးဝေးကနေပဲ နေတာ ကောင်းတော့တယ် မဟုတ်ပါလားကွယ်။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






 



 


5 comments:

  1. မမလွမ်း ရေ နော် လာ လည်သွားတယ်....ဟီး..
    ရေးထားတာလေးက ဂွတ် တယ် ဂျာ....နော့ ကို လက်ဆောင် ပေးပါလားဂျ
    ဟီးးးးးးးးးးးးးးး

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အင်း

    အရင်လို လက်သံပြောင်ပါပေတယ်

    ReplyDelete
  4. အင်း

    အရင်လို လက်သံပြောင်ပါပေတယ်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်