This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, 31 December 2013

ကူးပြောင်းခဲ့ပြီ 2013 4

အသစ် အသစ်ကိုမှ
မက်မောကြတဲ့
ပုတုဇဉ်တွေ လက်ထဲမှာ
ဟောဒီ ၂၀၁၃ဆိုတာ
သစ်လွင်ထည်ဝါသည့်
ဝတ်ရုံလွှာကြီးဖြစ်ခဲ့ဖူးတယ်။
ဖန်တလဲလဲ ဝတ်ခဲ့ရသည့်
၂၀၁၃ ဆိုတဲ့ ဝတ်ရုံလွှာရယ်
သစ်လွင်ရနံ့နဲ့
ဂုဏ်သတင်းမွှေးမှာ
ပျော်ပိုက်ခဲ့ဖူးတယ်...။
သင့်ကိုယ်ပေါ်မှာ စွန်းထင်ခဲ့သည့်
အစွန်းအထင် အပေအညစ်ကို
မျက်ရည်စက်လက်နဲ့ သန့်အောင်လဲ လျှော်ခဲ့ဖူးတယ်။
ဆူးညောင့်ခလုတ်ကြားမှာ
မထိတစ်ထိညှိမိတော့
သင့်ဝတ်ရုံလေး ပေါက်ပြဲခဲ့လို့
မလုံမလဲအသိနဲ့
အိနြေ္ဒမပျက်အောင်လဲ
ဖာထေးဝတ်ဆင်ခဲ့ရဖူးတယ်။
၂၀၁၃ရေ...........
၃၆၅ ဆိုတဲ့ နေ့ရက်တွေကို ကျော်အပြီးမှာ
ဘဝစုံကိုကြင်လည်
ညစ်တစ်လှည့် သန့်တပြန်နဲ့ ဘဝကူးပြောင်း
သင်လဲ မောလုပြီးဖြစ်လို့
အနားယူလိုက်ပါတော့ကွယ်။
နောင်တစ်ချိန်မှာ
၂၀၁၃ ဆိုတဲ့ အတိတ်အရိပ်တွေဟာ
ပုတုဇဉ်တွေရဲ့ ရင်ဘတ်ပြတိုက်မှာတော့
တသသနဲ့ တမ်းတရင်း ကျန်ရစ်ခဲ့မှာပါ။
အသစ် အသစ်တွေကိုမှ
မက်မောမိတဲ့ ငါ
၂၀၁၄ကို ကြိုဆိုလိုက်မယ်။


Welcome to 2014 !!


Happy New Year လေး ဖြစ်စေကွယ်..။
သင့်ရဲ့ တောက်ပထည်ဝါခြင်းတွေကလဲ
အစွန်းအထင်းမရှိဘဲ
သက်တမ်းကုန်ဆုံးသည်ထိ
သယ်ဆောင်နိုင်ပါစေလို့
ဆုတောင်း မေတ္တာပို့
ခွန်းချိုသလိုက်ပါရစေကွယ် .......။

Saturday, 14 September 2013

ပွင့်သော ပန်းနှင့် ကိုက်သော ပိုး



ပန်း.......

လေဒဏ်၊ မိုးဒဏ်ကြံ့ကြံ့ခံကာ
သူ့ခွန်၊ သူ့အား သူ့မာန်ကိုဝင့်
အခက်အခဲကိုကျော်
ရုန်းကာ ကန်ကာလျှက်
စွမ်းစွမ်းတမံနှင့်
ဖူးပွင့်ရလေတယ်....။

ပိုး....

ရှင်သန်မှုအတွက် ဝမ်းဆာရှာ
ပန်းမျိုး၊သစ်ပင်တွင် ရွက်ဝါ ရင့်နု
တွေ့သမျှမရှောင် ကိုက်ကာဝါးလို့
အသက်ရှင်ဖို့ စားရတယ်..။

ပန်း .....

လှမျိုးကြွယ်ချိန်
လှမာန်ဝင့်လျှက်
လှဂုဏ်ကိုထုတ်
လှသတဲ့ လှအောင်
ညို့ချက်ပေး၍
သူလေး ပွင့်လေးတယ်။

ပိုး.......

ပန်း၏ တန်ဖိုးသူမသိ
သူ၏အသိမှာ
တစ်နပ်စာ နပ်မှန်ဖို့အရေးတွက်
မြင်လေတဲ့ ပန်းလေးကိုသာ
စားဖို့ ကြံရွယ်
အစာရှာနေသည့် မုဆိုး
သားကောင်ဆိုသည့်  ပန်းကလေးကို
ကိုက်ကာဝါးလို့ နာကျင်စေခဲ့လေတယ်။


ပန်း....

ရှင်သန်မှုအတွက် ဖူးပွင့်တယ်။

ပိုး. ..  .. .
ရှင်သန်မှုအတွက် စားသုံးတယ်။


ရှင်သန်မှုတွေအတွက် ရပ်တည်သူချင်းအတူတူမှာ
တစ်ပွင့်က လောကကို အလှဆင်
တစ်ကောင်က အလှဆင်သူရဲ့ ဘဝကို ကိုက်ဝါး
သူတို့ရဲ့ နေထိုင်မှုတွေက ကွာခြားသွားပြီကွယ်။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်





Saturday, 17 August 2013

ကြယ်ကြွေအတွက် ရှိုက်သံတစ်ချက်




ထွန်းတောက်နေတဲ့ ကြယ်လေးတွေ

တစ်ပွင့်ပြီးတစ်ပွင့် ကြွေသွားလိုက်ကြတာ

ကြယ်ကြွေတွေကို မျှော်ကာငေးလို့

ပူဆွေး ဝမ်းနည်းယုံမှအပ

ရှပ်အကျီ င်္က ကြယ်သီးပြုတ်လို

အပ်ချည်နဲ့အပ် ယူကာပြန်ချုပ်ပြီး


ဟောဒီကြယ်တစ်ပွင့်ကိုတော့

နေရာမှန်မှာ လှစေဖို့

မေတို့တွေ မစွမ်းဆောင်နိုင်ခဲ့ပါဘူးလေ...။


► ◄


ရာသီစက်ဝန်း အလှည့်အပြောင်းနဲ့

ကာလယန္တရားကြီး လည်ပတ်မှုတွေအောက်မှာ

မုန်းတိုင်းက ထန် ၊ လေက ဆန်တော့

လေနီကြမ်းအဝှေ့မှာ

လောကပင်စည်ကြီးဆီက သစ်သီး

နုတယ် ၊ရင်တယ် ၊အချိန်မတန်လဲ

လေ၊ မိုး ဒဏ်သင့်ရင်တော့ ကြွေရမှာပါပဲလေ.....။



► ◄


ဒီနေ့ ၊ ဒီအချိန် ၊ ဒီနေရပ်မှာ

မေ တို့တွေဟာ ကြယ်ကြွေတွေအတွက် ပူဆွေး

နှမျောတသ တွေးကာ ဖြည်မဆည်နိုင်ပေမဲ့

တစ်နေ့တစ်ချိန်မှာတော့

ကိုယ်တိုင်အလှည့် ရောက်ရအုံးမယ်...။




► ◄


ထိုအချိန်မှာ...................

မေတို့ကိုယ်တိုင် ပူဆွေးနေမှာလား....။

ပူဆွေးသူတွေကို ငေးနေမှာလား......။

ချမ်းသာခြင်းအရပ်ကို အပြေးလေး ဖွေရှာနေမှာလား....။


တွေးလို့ရယ်မကုန်

ဆွေးလို့ရယ်မကုန်လေသမျှ

ဒီနေ့လေးမှာတော့ သွားလေသူ ကြယ်ကြွေတစ်ပွင့်ကို

ရှိုက်သံတစ်ချက်နဲ့ လွမ်းပါရစေ.....။



.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Wednesday, 26 June 2013

ဘဝနှင့် ရဟတ်

ဘဝဆိုတာ ရဟတ်ကြီးလိုပါပဲ.....

နှိမ့်ချည် ၊ မြင့်ချည်နှင့်
တစ်လှည့်စီကူးအပြောင်းမှာ
ရင်ဖိုလှိုက်မော
စိတ်တွေပြောင်းလို့
မောပမ်းချိန်လဲ ရှိခဲ့တယ်...။

သာယာကြည်နူး
ပျော်ရွှင်မြူးလို့
ရူးမူးအော်ဟစ်
ထူးသည့်ချိန်မှာ
ရွှင်ပြုံးပန်းတွေ 
ဝေခဲ့ချိန်လဲ ရှိခဲ့တယ်...။

နှိမ့်တစ်ချီ ၊မြင့်တစ်လှည့်မှာ
ငိုတလှည့် ၊ ပြုံးတစ်ခါ
ရသတွေ အစုံစုံဖုံး
ငိုပြုံးတွေ ခြံရံသုံးလဲ
အချိန်ကာလတစ်ခုရဲ့
ခြေရာအောက် အရောက်မှာ
ဒီရဟတ်ကြီး ခြေစုံရပ်တော့
ခံစားချက်အဖုံဖုံနိဂုံး
ရပ်တန့်ကာ ကုန်ဆုံးလို့
ဆိတ်သုန်ကာ ဆုံးရပြီပေါ့ကွယ်...။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Friday, 21 June 2013

မီးခိုးရောင် ဒုက္ခအို


မှိုင်းပြာမှုံရီ

ကျွန်းကလေး စကာင်္ပူဆီ

မြူခိုးတွေ ဝေစီ

တစ်ရီရီ အုပ်ကာဆိုင်း

အဖော်မစုံ တစ်ကိုယ်ရည်ဘဝ

ဆွေးမြေ့ကာကျွမ်း...။



ပုလဲလုံးညီ

တွဲခိုရစ်သီတော့

မျက်ဝန်းညို

စိုပြန်ပေါ့လေ

မချိတင်ကဲနှင့်

ဆက်ကာ ဆက်လို့ ငိုကြွေး...။

(မီးခိုးတွေ မျက်လုံးစပ်လို့)



မေ့ရင်မှာ မချိ

စူးနစ်ခဲ့ပြီ

အသက်ရယ် ဘယ်လိုရှု ၊ ဘယ်လိုထုတ်ရပေါ့

ရင်တွင်းမှာ ဖုတ်လှိုက် ဖုတ်လှိုက်

မောပမ်းကာ လှိုက်ဖိုလို့

မွန်းကြပ်နေပြီ...။

(အစထဲကနေ အဆုတ်မကောင်းတဲ့ မေ၊ တကယ်ကို ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေပြီ)

ကဗျာရေးတတ်လို့ မဟုတ်ဘူး။ ဘယ်လိုနေရမှန်းမသိလို့ ထွက်ပေါက်ရှာတာ။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Saturday, 13 April 2013

နှစ်ကူးသည့် တန်ခူးလရာသီ


နှစ်သစ်ကူးတဲ့
အတာသင်္ကြန်
ရိုးရာမပျက်
ဆင်နွှဲချင်ပါတယ်။



ခြောက်သွေ့ရာသီ
တန်ခူးလေဆီ
အာခံ အန်တု
မကြောက်ရွံ့ဟု
ကြိမ်းဝါးကြွေးကြော်
တူယှဉ်မော်၍
ပိတောက်နှင့်ငုပန်း
အတူလန်းကာ
မြိုင်မြိုင်ဆိုင်ဆိုင်
ပွင့်ကြကာဖြစ်
ရာသီအလှ
စာအညီ စီကုံးမဝအောင်
အံ့မခန်း တင့်ဆန်း
လွမ်းမောဖွယ်နှင့်
ချစ်စရာအတာသင်္ကြန်။


ရာသီအိုမှာ
တစ်စက်ရေစင်ဖျန်း
စိတ်နှလုံးတို့
လန်းရပြန်သည်
ပျို၊အို၊လူကြီး
သားသားမီးမီး
လူတိုင်းပျော်သည်
ထိုနှစ်ကူးသည့်
တန်ခူးလရာသီ။


Wednesday, 3 April 2013

သင်္ကြန်ဟန်



တူးပို့ တူးပို့
ဆူညံသံ
ရပ်လေးမျက်နှာညံ။

တာသင်္ကြန်တေး မြူးကြွကြွ
ရင်ခုန်ခြင်းတွေစ။

တစ်ကျော့ နှစ်ကျော့
နှစ်တွေလီ
သင်္ကြန်ရောက်ပြန်ပြီ။

တစ်နှစ်တစ်ခါ ပြန်ရောက်လဲ
အမြဲတမ်းသစ်နေဆဲ။

ကလေး၊ လူကြီးတွေးကာပျော်
နှစ်သစ်တန်ခူးလနော်။

မြန်မာ့ဓလေ့ မမေ့ကြေး
ယဉ်ကျေးကြစို့လေး။

ဘုရားတရား မမေ့နဲ့လာ
ဥပုဒ်သီတင်း စောင့်ကြပါ။

သက်ရှည်ကျန်းမာ
စိတ်ရွှင်ဖို့
ဇီဝိတဒါနပြုအုံးစို့။




facebook စာမျက်နှာမှ တွေ့မိသော ဓာတ်ပုံကို ယူသုံးထားပါသည်။ မူးရင်းဓာတ်ပုံရှင် မည်သူဆိုသည်ကို သိရှိခြင်းမရှိခဲ့၍ ကြိုတင်ခွင့်တောင်းခြင်း မပြုနိုင်သည်ကို နားလည်ပေးပါရှင်။


Saturday, 2 March 2013

အမေ့ဈေးဆိုင်

Thursday, 21 February 2013

► ❤ ◄ မီးစာကုန်ဆုံးချိန်ဝယ် ► ❤ ◄

မခွဲချင်လဲ ခွဲရတော့မယ်
မဝေးချင်လဲ ဝေးရတော့မယ်
အဖန်ဖန်ပြန်ကာလှည့်
ဒီသံသရာရယ်ပျက်ပြယ်
ခရီးမဆုံးသေးချိန်ထိ
သာတစ်ပြန် နာတစ်လှည့်
ခံတဖန် စံတစ်ချက်
ကြုံဆုံနေရအုံးမယ်...။


►►►► ❤ ◄◄◄◄


သာလို့လဲ မချိုနဲ့
နာလို့လဲ မငိုနဲ့
ဖြစ်သူအသစ် ပြုသူအဟောင်း
ဘဝတွေ ထောင်သောင်းပြောင်းမှာ
တူဖြစ်တော့လဲ စံ
ပေဖြစ်တော့လဲ ခံ
ဘဝမီးစာ ကုန်ငြိမ်းချိန်ထိ
မျက်ရည်ချောင်းစီး
ခရီးဆက်နှင်ရပါအုံးမည်။


►►►► ❤ ◄◄◄◄


နေညိုချိန်မှာ ငါမငိုဘူး
နေပျိုချိန်က အပျော်ဆုံးချိန်ကို
ရင်ဖိုလှိုက်မော
မှန်းမျှော်တွေးဆ
တမ်းတကြည့်မယ်
ဆီအကုန် ရေအခမ်းမှာ
ဖုတ်လှိုက် ဖုတ်လှိုက် မီးစာတစ်ချက်က
အလင်းတစ်စက်တော့ ဖြစ်စေမယ်။


►►►► ❤ ◄◄◄◄


♥('.')♥

< ))>

_/\_





Thursday, 24 January 2013

☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂


☂ ❤ ☂  ရှိနေပေးပါ  ☂ ❤ ☂

ငါ မြင်နိုင်တဲ့ တစ်နေရာမှာ။



  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂
မနက်ဖြန်ရဲ့ နေ့ရက်တွေတိုင်းမှာ
ငါတစ်ယောက်ထဲ လှမ်းနိုင်ဖို့ရာ။


 ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂ 

တမ်းတမိတဲ့ အချိန်တိုင်း
ကျောပြင်လေးကို ငေး
ငေးကြည့်ချင်နေလို့ပါ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂ 

နင်ရှိနေတယ် ဆိုတဲ့အသိက
ငါ့ရင်ကို နွေးထွေးစေလို့ပါ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂

မဆုံနိုင်တဲ့ ငါတို့ဘဝ
တစ်မိုးအောက်တော့ အတူရှိချင်လို့ပါ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂

ခိုဝင်ခွင့်မရတဲ့ ဒီရင်ခွင်
မှုံဝါးဝါးအရိပ်နဲ့ ငြိမ်းအေးချင်လို့ပါ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂

ငါ့နံဘေးမှာ နင်ရှိနေတာ
ငါ့အတွက် ခွန်အားပါ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂

အိပ်ပျက်ညတွေမှာ ခြောက်ခြောက်နေတဲ့
အိပ်မက်ဆိုးကို ခြောက်လှန့်ဖို့ရာ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂

ငါ့အထီးကျန် အခန်းလေးထဲမှာ
နင့်သီချင်းသံတွေ ပျံလွင့်ဖို့ရာ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂


ငါ့ ခန္ဓာနန်းတော် မပျက်ပြုန်း
နင်စကားလုံးတွေ သီကာကုံး
ကျုံးအဖြစ်နဲ့ ကာကွယ်ဖို့ပါ။



  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂
ငါ လိုအပ်နေလို့ပါ။


  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂


ငါ.........
မက်မက်မောမော
ရူးရူးနင့်နင့်
တမ်းတမ်းတတ
လွမ်းလွမ်းဆွတ်ဆွတ်
 အမှန် လိုအပ်နေလို့
နင်...................
ရှိနေပေးပါ။










  ☂ ❤ ☂ ရှိနေပေးပါ ☂ ❤ ☂

ငါ့စိတ်ကူးနဲ့  တိတ်တဆိတ်ရူး
မင်းရှိရာ ခိုးခိုးကူး လာဖို့ရာ
ရှိနေပေးပါ။


Friday, 18 January 2013

ငါ သာ ငါ မှန်

မှန်......................



ငါ သာ ငါ မှန်သည့်၊
ငါဆိုသည့် မှန်၊
အမြဲမှန်၏၊
ဂုဏ်ယူဝင့်ကြွား
မှန်ဂုဏ်မှောက်ကာ
စိတ်ထားပြားသူ
မှန်။


မှန်.................
ငါ၏ မှန်ခြင်း
သက်သေပြသည်
ထိုသူပြုံးက ငါလဲပြုံးသည်
ထိုသူမဲ့က ငါလဲမဲ့၏။
ထိုသူကျောခိုင်းက ငါလဲ ကျောကိုခိုင်းလိုက်၏။
ထိုသူ ခြေဆောင့် ငါခြေဆောင့်၏။
ထိုသူ လက်မြှောက် ငါလက်မြှောက်၏။


မှန်တကာ့ မှန်
ထိုမှန်ကလေး
သတိမမူ အပြုအမူတစ်ခု
မှားလျှင် မှား၍
မှားနေလေပြီ။
ထိုသူ ညာလက် ထောင်ခဲ့လေသော်
မှန် ... မှန်ဆိုသည့်
ကြည့်မှန်ကလေး
ထိုပုံရိပ်မှ
ဘယ်ဘက်လက်ကို ထောင်ကာပြသည်။


အိုး.....ထိုမှန်ကလေး
အသင့်မှားယွင်းခြင်းကို အသင်မမှု
အသင်သာလျှင်
မှန် မှန် မှန် ဟု
အော်ကာရွတ်လျှက်
မာန်ကို ဝင့်ကာ
ဝင့်မြဲသာနှင့်
ဂုဏ်ယူဝင့်ကြွား
သင့်စိတ်ထားအား
ရှက်တတ် ရှက်ပါ။
အသင့်ထံ၌
အသိပညာ ကြွယ်ဝပါလဲ
သတိမှာမူ ချာလှပါ၍
အပြူအမူ
မှားယွင်းလေပြီ၊
သတိမူ၍ ပြင်ယူပါ။


ငါ သာ ငါ မှန်
ဂုဏ်ယူမောက်ကြွား
သင့်စိတ်ထားစွန်း
ထိန်းကျောင်းဖို့ရန်
နိုင်အောင်အုပ်သည့်
ချွန်းကို ထုတ်
ပီပီပြင်ပြင်
ကိုင်ကာ အုပ်၍
ပြင်ဆင်ဆုံးမ ပါလေရော့။





.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်




Sunday, 13 January 2013

မနက်ဖြန်တိုင်းမှာ ပြုံးလိုက်ပါ ရှင်ရယ်



ရှေ့ဆက်ဖို့လဲ မဖြစ်နိုင်ခဲ့
နောက်ဆုတ်ဖို့ရန်ခက်သည့် အခြေမှာ
တွေးဆကာ ဆွေး
ဖြည်းဖြည်းခြင်း ဝေးကြမယ် ရှင်ရယ်.........။




ရက်စက်တယ်လို့ အပြစ်မဆိုပါဘူး
ချစ်ဖို့ကြံရွယ်တာ နှစ်ကိုယ်တူ စိတ်ကူးမို့
အပြစ်တွေကို ညီတူညီမျှ
ခံယူဖို့ အသင့်
လည်စင်းလျှက်ပါ  ရှင်ရယ်.........။




အချစ်လေပွေကို
တမင်ကြံရွယ်ကာ၊ အစဖော်တာပဲ ဖြစ်စေ
လေကြမ်းဒဏ်မခံနိုင်
စုံလုံးကန်လို့ စိုင်ကလုံးအဖြစ်
ပေါက်ထွက်ခဲ့တာဖြစ်စေ
မုန်တိုင်းဆိုသည့် စကားလုံးအောက်မှာ
အလူးအလဲ ချစ်ရည်လူး
ပျော်ရွှင်ကြည်နူးခဲ့ဖူးသည့် အချိန်အတွက်
နောင်တဆိုတာ ထည့်မတွက်နဲ့တော့  ရှင်ရယ်....။




ဟော...ဟိုမှာ
နင့်အတွက် လမ်းမှန်
အကြင်နာ လက်ညှိုး ၊ဖြောင့်ဖြောင့်ထိုးပေးမယ်
ရင်ဘတ်ထဲက အလွမ်းတွေစီခြယ်
ပန်ခင်းလမ်းအဖြစ်ရည်ရွယ်
ညင်သာစွာ ဖွဖွလျှောက်
ဖနောင့်တစ်ချက် ၊ မပေါက်ခဲ့ရင်
ကျေနပ်ပါတယ် ရှင်ရယ်........။




အလွမ်းတွေ ငါ့ နံဘေးသိမ်း
အနား မင်းမရှိလဲ ကျေနပ်တယ်။
ကောင်းကင်ပြာရဲ့ တစ်မိုးအောက်
ထိုတစ်နေရာ ၊ဟိုတစ်ထောင့်မှာ
မင်းရှိနေသည့်အသိ
ငါ့မှာ ရှိသရွေ့
ရင်မှာ လုံခြုံနေပါတယ်။




လေပြေချိုကို တူတူရှိုက်မယ်
မိုးရေစိုမှာ တူတူငိုမယ်။
နေခြည်ဆမ်းမှာ အပြုံးလန်းဖို့ ခွန်အားကိုသုံး
အလှဆုံးပြုံးလိုက်ပါ  ရှင်ရယ်........။



Wednesday, 2 January 2013

ဟောင်းနွမ်းသွားသော စောင်လေးတစ်ထည်


စောင်လေးတစ်ထည် အမြင်လှတယ်

အသားကနွေး ၊ ချောလှသွေးမို့

မြင်သူငေးလှတယ် ။





အလှပဂေး ထိုစောင်လေး ၊ တစ်သွေးမွေးမို့

လိုချင်တက်မက် ၊ ဝိုင်းလုယက်လို့

စောင်လေး ဂုဏ်တက်ခဲ့ရလေသည်။




အချိန်ရထား ၊ ခြစားသွားတော့

စောင်လေးဇရာ ၊ ချိန်ခါရောက်ပြီ

တန်ရာတန်ကြေး ၊မေတ္တာလေးနှင့် ၊
ထိုသူပေးရာ



ခေါင်းငြိမ့်ကာ ၊ ယုံကြည်စွာနှင့်



သူခေါ်နောက် တစ်ကောက်ကောက်
စောင်လေးလိုက်ခဲ့သည်။




ချစ်စ၊ ကြင်စ ၊ခရီးစမှာ

အမြတ်တနိုး ၊သိမ်းထုပ်ပိုးကာ

ကြင်နာယုယ ၊ သူပြခဲ့၏

စောင်လေးရင်ခွင်နွေးလှသည်၊

စောင်လေးရနံ့သင်းလှသည်၊

စောင်လေးအသားနူးညံ့သည်၊


ထိကာ ၊တို့ကာ ယုယကာနှင့်

တစ်ပါးသူလက်ပါး

စောင်လေးသွားမှာ ၊ စိုးရွံ့စိတ်များ

မေတ္တာထား၍ ထိုစောင်လေးအာ
မြတ်နိုးကြင်နာ ၊စောင့်ရှောက်ခဲ့သည်။





ကာလယန္တယား ၊ တိုက်စားလာတော့

အချိန်လွန်မှာ ၊ဇရာအိုနှင့်

ယိုင်လဲပြိုပြီ

ချည်မျှင်တွေကြဲ ၊ စုတ်ကာပြဲနှင့်

စောင်လေးဘဝနွမ်းလေပြီ။






ထိုသို့ချိန်မှာ အမောင်သူက

နွမ်းကြေစောင်ကို ၊ရွံ့ရှာစက်ဆုပ်

ဖယ်ခွာထုတ်၍၊ စောင်ထုပ်အသစ်

ထွေးကာပွေ့၍ ၊ သယ်ဆောင်လာကာ

ခြေက ကန်ထုတ် ၊ စောင်စုတ်လေးကို

သံယောဇဉ်ခမ်း ၊လှည့်မကြည့်စတမ်း။






ထိုသူစကား အားစိုက်နားထောင်

ကြားလိုက်ရသည်၊

နားမှာခါးလှ ၊ ထိုစကားက

အရင်စောင်ဟာင်း စုတ်လေပြီ

ဟောင်းအိုစုတ်ချာ ၊ ထိုလွှာစောင်အား

သိမ်းကာစုထုပ် ၊အမှိုက်စုတ်အဖြစ်

ပစ်၍ လွင့်စေသတည်း။






ထိုအဖြစ်ကြောင့်

စောင်လေးရင်မှာ နာလှသည်

ဘဝတစ်ကွေ့ ၊သံသရာဝယ်

ထိုသို့အစားထိုး ၊စောင်းမျိုးဘဝ

မကြုံရလေ ၊ တောင်းဆုဆို၏

လွတ်ငြိမ်းခွင့်တို့ရစေသတည်း။





.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်




Tuesday, 1 January 2013

ကြယ်ကြွေကို မျှော်ကာကောက်သူ


ဟိုတစ်ချိန်တုန်းကပေါ့..................


မေ့ကောင်းကင်ရဲ့ ညတွေမှာ ကြယ်တွေ စုံခဲ့တယ်။


ဟိုတစ်ချိန်တုန်းကပေါ့.........


မေ့နှလုံးသားလေး ဖျတ်ဖျတ်လူး


ရွှေရင်စုံလေး သိမ့်သိမ့်တုန်ခဲ့ဖူးတယ်။


ဟိုတစ်ချိန်တုန်းကပေါ့...............


မေ့ရယ်သံတွေ ခိုးခိုးခစ်ခစ်


သံစုံညီစွာနဲ့ ပျော်ရွှင်ခဲ့ဖူးတယ်။


ဟိုတစ်ချိန်တုန်းကပေါ့.............


မေ့ချစ်သူနဲ့ တစ်မိုးအောက်မှာ


အတူရှိတယ် ဆိုတဲ့အသိနဲ့ကြည်နူးမိခဲ့ဖူးတယ်။


ဟိုတစ်ချိန်တုန်းကပေါ့.........


ချစ်သူကို ယုယုယယ ချစ်နေရင်း


ယုန်သူငယ်လေးအဖြစ် အပစ်ကင်းခဲ့ဖူးတယ်။


ဟိုတစ်ချိန်တုန်းကပေါ့.........


ချစ်သူစကား အကြွင်းမဲ့ယုံစား


မခွဲအတူဆိုတဲ့ ကတိတစ်ခုကို


ရူးရူးမိုက်မိုက် ယုံကြည်ခဲ့ဖူးတယ်။


ဟိုတစ်ချိန်တုန်းကပေါ့.........


အနာဂတ်တစ်ခုကို မျှော်တွေး


မျှော်လင့်ချက်နဲ့ အသက်ရှင်ခဲ့ဖူးတယ်။


တစ်နေ့...........


ထိုတစ်နေ့.....................


ထိုတစ်နေ့ရဲ့ တစ်နေ့မှာ


ကာရံမတူ၊သံစဉ်မညီတဲ့ စကားသံလေးနှစ်စု


ချစ်သူနှုတ်ဖျားက ဖွဖွထွက်ကျလာခဲ့တယ်။




“နှုတ်ဆက်ခဲ့တယ်” ၊ “ပြန်လာမယ်”


ထိုနေ့က စလို့.........


ထို့နေ့က စလို့ပေါ့.......


မျက်ရည်အနမ်း ထိတွေ့ခွင့်ရတဲ့ ပါးပြင်


ရှိုက်သံဖွဖွ အသက်ရှုတိုင်းမှာ


ထားရစ်ခဲ့တဲ့ ကတိစကားကိုယုံကြည်


သစ္စာမယွင်း စောင့်မျှော်နေမိတယ်...။
ယနေ့............
ယနေ့ထက်တိုင်.......
ကောင်းကင်က ကြယ်ကိုမျှော်ငေး
ကြယ်ကြွေလေးတစ်ပွင့်ကောက်ဖို့အရေး
ထွက်သက်တိုင်းမှာ မျှော်နေတယ်။

.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်



Monday, 17 December 2012

လွတ်မြှောက်ခွင့်လေး တမ်းတမိ


အားးး

အရောင်မဲ့နေတဲ့ ညတွေ
မှောင်မိုက်နေလိုက်တာ။





ကြည့်စမ်း.............

ဆေးစက်မညီ ပန်းချီကားတွေ

ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေလိုက်တာ

အဲ့ဒါ...................
ထွက်ပေါက်မဲ့နေတဲ့
ငါ့ရဲ့ ခပ်ညံ့ညံ့ ပန်းချီလက်ရာတွေလား။။။





အိုးးးး

သန့်စင်တဲ့ လေငယ်

တစ်ရိုက်လောက်တော့ ရှူရှိုက်ခွင့်ပြုပါ..။

ညစ်နွမ်းနေတဲ့ လေထုအောက်မှာ
မွန်းကြပ်နေလို့ပါ။





ဟော..ဟိုမှာ

ငိုမဲ့မဲ့ကောင်းကင်ကြီး

ငါ့ကမ္ဘာထဲ ပြိုလဲတော့မယ်ထင်ပါရဲ့...

သူ့မျက်ရည်တွေက
ငါ့နှလုံးသားထိ စိမ့်ဝင်လာတာ ခက်ပြီ။





ဘယ်မှာလဲကွယ်...

ငါချစ်တဲ့ ရောင်စုံကြယ်လေးတွေ

မှိတ်တုတ် မှိတ်တုတ်လေးတောင်
မတောက်ပနိုင်တော့ဘူး

သဘာဝကို အန်တုလို့
လင်းနိုင်စွမ်းတွေ မရှိတော့ပြီလား။

အငွေ့သေ အေးစက်စက်


ကော်ဖီတစ်ခွက်က



စပ်ဖြဲဖြဲနဲ့ ဟားတိုက်ရယ်နေတယ်

ဒါဟာ............

ငါ့ရဲ့ ညကမ္ဘာလား...။




ပြင်းရှတဲ့ အသက်ရှူသံမှာ

ရှိုက်သံတွေ ရောယှက်နေတာ

အော်သံတွေနဲ့ ရုန်းရင်းခတ်နေတာ

ဘဝအမောတွေ လှိုင်းဒဏ်အောက်မှာ
ချာချာလည်နေခဲ့တာ

ဟန်ဆောင်ပြုံးတွေအောက်မှာ
အခါခါသေနေခဲ့ရတာ

နောက်ဆုံးတော့.............


ငါဟာ.........

ငါ့ကိုယ်ငါတောင် မသိတော့ပါလား။






လွတ်မြှောက်ခွင့် ပေးပါ

ငြိမ်းချမ်းခွင့်ပေးပါ............

နေ့သစ်ရဲ့ ရွှေအိုရောင်မနက်ခင်းမှာ

အလင်းတစ်စက်တော့ မြင်ချင်လို့ပါ။


..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်