Followers

Tuesday, 31 December 2013

ကူးပြောင်းခဲ့ပြီ 2013 4

အသစ် အသစ်ကိုမှ
မက်မောကြတဲ့
ပုတုဇဉ်တွေ လက်ထဲမှာ
ဟောဒီ ၂၀၁၃ဆိုတာ
သစ်လွင်ထည်ဝါသည့်
ဝတ်ရုံလွှာကြီးဖြစ်ခဲ့ဖူးတယ်။
ဖန်တလဲလဲ ဝတ်ခဲ့ရသည့်
၂၀၁၃ ဆိုတဲ့ ဝတ်ရုံလွှာရယ်
သစ်လွင်ရနံ့နဲ့
ဂုဏ်သတင်းမွှေးမှာ
ပျော်ပိုက်ခဲ့ဖူးတယ်...။
သင့်ကိုယ်ပေါ်မှာ စွန်းထင်ခဲ့သည့်
အစွန်းအထင် အပေအညစ်ကို
မျက်ရည်စက်လက်နဲ့ သန့်အောင်လဲ လျှော်ခဲ့ဖူးတယ်။
ဆူးညောင့်ခလုတ်ကြားမှာ
မထိတစ်ထိညှိမိတော့
သင့်ဝတ်ရုံလေး ပေါက်ပြဲခဲ့လို့
မလုံမလဲအသိနဲ့
အိနြေ္ဒမပျက်အောင်လဲ
ဖာထေးဝတ်ဆင်ခဲ့ရဖူးတယ်။
၂၀၁၃ရေ...........
၃၆၅ ဆိုတဲ့ နေ့ရက်တွေကို ကျော်အပြီးမှာ
ဘဝစုံကိုကြင်လည်
ညစ်တစ်လှည့် သန့်တပြန်နဲ့ ဘဝကူးပြောင်း
သင်လဲ မောလုပြီးဖြစ်လို့
အနားယူလိုက်ပါတော့ကွယ်။
နောင်တစ်ချိန်မှာ
၂၀၁၃ ဆိုတဲ့ အတိတ်အရိပ်တွေဟာ
ပုတုဇဉ်တွေရဲ့ ရင်ဘတ်ပြတိုက်မှာတော့
တသသနဲ့ တမ်းတရင်း ကျန်ရစ်ခဲ့မှာပါ။
အသစ် အသစ်တွေကိုမှ
မက်မောမိတဲ့ ငါ
၂၀၁၄ကို ကြိုဆိုလိုက်မယ်။


Welcome to 2014 !!


Happy New Year လေး ဖြစ်စေကွယ်..။
သင့်ရဲ့ တောက်ပထည်ဝါခြင်းတွေကလဲ
အစွန်းအထင်းမရှိဘဲ
သက်တမ်းကုန်ဆုံးသည်ထိ
သယ်ဆောင်နိုင်ပါစေလို့
ဆုတောင်း မေတ္တာပို့
ခွန်းချိုသလိုက်ပါရစေကွယ် .......။

2 comments:

  1. ငတ်မွတ်ခဲ့သော ကဗျာများ

    ReplyDelete
  2. ငတ်မွတ်ခဲ့သော ကဗျာများ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်