This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ချက်ပြုတ်နည်း. Show all posts
Showing posts with label ချက်ပြုတ်နည်း. Show all posts

Wednesday, 4 December 2013

ကိုရီးယားစတိုင် အမဲသားကင် ဘူဂိုးဂီး (Bulgogi )

ဒီနေ့တော့ ကိုရီးယားဘာဘီကျူးကိုချက်ကြမယ်နော်။ ပြုလုပ်ရတာလွယ်ပြီး စားလို့လဲကောင်းတာမို့ BBQ ပါတီတွေမှာ ပြိုက်ကနဲ့ ကုန်သွားလေ့ရှိပါတယ်။ စိတ်ဝင်စားသူများ မေနဲ့တူတူလိုက်ပြီးချက်ဖို့ ပြင်ဆင်ထားလိုက်ပေါ့။



ပါဝင်ပစ္စည်းများ




၁။ အမဲသား (၅၀) ဆယ်သားခန့်
(မိမိကြိုက်ရာ အမဲသားကို အသုံးပြုနိုင်ပါတယ်။ ဒီနေ့တော့ နံရိုးနားကပ်နေတဲ့ အပိုင်းနဲ့ လုပ်ထားတာပါ။)

၂။ သစ်တော်သီးတစ်လုံး

၃။ ကြက်သွန်နီဥကြီး (၁) လုံး

၎။ ဂျင်း လက်တစ်ဆစ်ခန့်

၅။ ပဲငံပြာရည် စားပွဲတင်ဇွန်း (၁၀) ဇွန်း

၆။ သကြား စားပွဲတင်ဇွန်း (၅) ဇွန်း

၇။ နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၅) ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အမဲသားများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားလိုက်ပါ။ ရေတွေရှိနေရင်အရသာက သိပ်ပြီးမဝင်မှာစိုးလို့ပါ။



၂။ ထို့နောက် အသင့်ပြင်ထားသော သစ်တော်သီးကို အခွံနွှာ ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ ဂျင်း စတာတွေကို blander နဲ့ ညက်ပြီး အနှစ်လေးတွေ့ ဖြစ်သွားအောင် ကြိတ်ပေးရပါမည်။ အနှစ်လေးများရလာလျှင် ပဲငံပြာရည် ၊ သကြား ၊နှမ်းဆီမွှေးတို့နှင့် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် ရေစစ်ထားသော အမဲသားကို ထည့်ပြီးနယ်ပေးပြီး အနည်းဆုံး အချိန် နှစ်နာရီမျှ နှပ်ထားလိုက်ပါ။  ရေခဲသေတ္တာထဲထည့်သိမ်း၍ ညသိပ်နှပ်ထားလျှင် ပို၍နူးညံ့ ကောင်းမွန်ပါသည်။



ထို့နောက်တွင်တော့ BBQ အဖြစ် ကင်စားရန်အသင့်ဖြစ်ပါပြီ။ အသားကင်က ချတာနဲ့ မလောက်လို့ ရသလောက်လေးပဲ ယူပြီး ရိုက်ပြထားရတယ်။






ဒါလေးလဲ ပြုလုပ်နည်းတူတူပါပဲ။ အသားလေးတွေကို ပါးပါးလွှာလွှာလေးလှီးထားပြီး ကြော်လိုက်တာပါ။ ကြက်သွန်မြိတ်လေးထည့်  နှမ်းဖြူးကာ ဆလပ်ရွက်နဲ့ ထုပ်ပြီးစားလေ့ရှိပါတယ်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥  မေသဇင်


Tuesday, 3 December 2013

ထိုင်းစတိုင် ဝက်သားနှင့်မှိုထမင်းကြော်

ဒီနေ့ မေသဇင်ရဲ့ ချက်ကြမယ်ဟေ့ကောင်းကောင်း အစီအစဉ်မှာ ထိုင်းစတိုင် ဝက်သားနှင့် မှိုထမင်းကြော် ကြော်စားကြမယ်နော်။


ပါဝင်သော ပစ္စည်းများ



၁။ ဝက်သား (၁၀)ကျပ်သား
၂။ ကြက်သွန်ဖြူ (၃) မွှာ
၃။ ကြက်ဥ (၂) လုံး
၎။ခရမ်းချဉ်သီး အလုံးကြီး (၁)လုံး
၅။ ထန်းလျက်ခဲ (၁) လုံး
၆။ ငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း
၇။ Oyster mushrooms ဟုခေါ်သည့် ခရုပုံသဏ္ဍန်အရိုးရှည်မှို
၈။ပုစွန် (၁၀) ကောင်ခန့်
၉။ ဆန်( ၂) ဗူးချက်ခန့် ထမင်းဖြူ
၁၀။ ထမင်းကြော်ရန် ဆီအနည်းငယ်
၁၁။ ကြက်သွန်မြိတ် (၃)ပင်ခန့်
၁၂။ နံနံပင်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ မီးဖိုပေါ်အိုးတင်ကာ ဆီပူအောင်ထားပြီး ဝက်သားနှင့်ကြက်သွန်ဖြူကို သုံးမိနစ်မျှကြော်ပေးလိုက်ပါ။ ထို့နောက်ပုစွန်ထည့်ကာ ကြော်ပေးလိုက်ပါ။

၂။ ပုစွန်များအနီရောင်သန်းစပြုလာသည်နှင့် ကြက်ဥဖောက်ထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။


၃။ ပြီးနောက် ထမင်းအဖြူကို ထည့်နိုင်ပါပြီ။ ထမင်းထည့်ပြီး အသားနှင့် ထမင်း နှံ့စပ်အောင် တစ်ချက်၊နှစ်ချက်မျှမွှေပေးပြီးရင် ငံပြာရည်နှင့် ထန်းလျက်ခဲကို ထည့်ကာ အနည်းငယ်ကြော်ပေးလိုက်ပါ။

၎။ ထို့နောက် မှိုနှင့် ခရမ်းချဉ်သီးထည့်ကာ နှံ့စပ်အောင် တစ်ချက်၊ နှစ်ချက်မျှမွှေ ပြီး မီးဖိုပေါ်မှ ဖယ်ရှားကာ အသင့်လှီးထားသော ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်၍ အနည်းငယ်မျှ မွှေပေးလိုက်ပါ။


အသင့်စားသုံးနိုင်ပြီးဖြစ်သည့် ကြက်သားနှင့် မှိုထမင်းကြော်




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥   မေသဇင်

Thursday, 28 November 2013

ပြည်ကြီးငါး အကြွပ်ကြော်

ဒီနေ့တော့ ပြည်ကြီးငါးကို အကြွပ်ကြော် ကြော်စားကြမယ်နော်။



လိုအပ်သော ပစ္စည်းများ
၁။ ပြည်ကြီးငါး
၂။ဂျုံမှုန့် ပန်ကန်လုံးတစ်လုံးခန့်
၃။ဆားအနည်းငယ်
၎။ တရုတ်စမှုံမျိုးငါးပါးအမှုန့်
 (သို့) သစ်ဂျပိုး၊ကရဝေးရွက်အမှုန့်  - ကော်ဖီဇွန်း တစ်ဇွန်း

၅။ကြက်ဥ (၂) လုံး
၆။ အကြော်ကြော်ရန်ဆီ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးဆုံး ပြည်ကြီင်္းငါးများကို ရေဆေးသုတ်သင်ပြီး အကွင်းလိုက်ဖြစ်အောင်လှီးထားပေးရပါမည်။ သို့မဟုတ်ပါက အသင့်လှီးထားပြီးသားကို စူပါမားကက်များတွင် ဝယ်ယူနိုင်ပါသည်။
၂။ ကြက်ဥနှစ်လုံးကို နာနာခေါက်၍ လှီးထားပြီးသော ပြည်ကြီးငါးများကို ကြက်ဥထဲ နှစ်၍ စိမ်ပေးလိုက်ပါ။

၃။ ထို့နောက် အတူရောနှောကာ အသင့်ပြင်ထားသည့် ဂျုံမှုန့်၊ဆား၊တရုတ်စမုံမျိုးငါးပါး(သို့) သစ်ဂျပိုးနှင့်ကရဝေးရွက်မှုန့် တို့တွင် ပြည်ကြီးငါးများကို တစ်ကွင်းချင်း လှိမ့်ပေးရပါမည်။

၎။ ထို့နောက် မီးဖိုပေါ်တွင် အသင့်တည်ထားသော ဆီအိုးထဲတွင် ထည့်၍ ကြော်ပေးလိုက်ပါ။


အကြော်များကြွပ်လျှင်တော့ ဆီအိုးထဲမှ ဆယ်ယူပြီး ဆီစစ်ကာအသင့်စားသုံးနိင်ပါပြီ။ ဆီတွေ မကြိုက်လို့ မီးဖိုချောင်သုံး တစ်သျှူးစက္ကူလေးနှင့် အောက်ကခံကာ အကြော်ထဲမှဆီကို စစ်ယူထားလိုက်တယ်နော်။
အချဉ်ရည်နှင့် တို့စားလိုလျှင် မိမိစိတ်ကြိုက်အချဉ်ရည်ကို စပ်ယူနိုင်ပါသည်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ 
မေသဇင်



Saturday, 16 November 2013

ခရမ်းချဉ်သီးအစာသိပ်

မိုးလေးအေးအေးရှိတာနဲ့ လူကခပ်ပျင်းပျင်းတီဗီလေးရှေ့ ကွေးကွေးလေးထိုင်ရင်း ထုံစံအတိုင်း စိတ်ထဲမှာ ဘာလုပ်စားရင်ကောင်းမှာလဲ တွေးကြည့်နေမိတာပေါ့။ စားရင်းသောက်ရင်း ဝိတ်တွေကလဲ ပိုပိုပြီး တက်လာပြီးဆိုတော့ ဝိတ်လဲမတက်နိုင် ကျန်းမာရေးနှင့်လဲ ညီညွှတ်နိုင်မည့် ပေါ့ပေါ့ပါးပါးလေးတစ်ခုခု လုပ်စားမယ်လို့ စိတ်ကူးမိလိုက်တော့ ကျောင်းတက်စဉ်ကာလတွေတုန်းက သူငယ်ချင်းတွေနှင့်အတူ မက်မက်မောမောစားဖြစ်ခဲ့ကြသည့် ခရမ်းချဉ်သီးအစာသိပ်လေးလုပ်စားမယ်လို့ စိတ်ကူးရလာခဲ့ပါသည်။



ရေနွေးကြမ်းပူပူလေးနှင့် သိပ်ကိုလိုက်ဖက်သည့် ခရမ်းချဉ်သီးအစာသိပ်လေးပါ။ တီဗီကြည့်ရင်းစားစား ၊ သူငယ်ချင်းတွေနဲ့ စကားပြောရင်းစားစား အချိန်မရွေးစားသောက်နိုင်သည့် အပျင်းပြေ ၊ အစာပြေ ရသာစုံ အစာသိပ်လေးပါ။

ခရမ်းချဉ်သီး အစာသိပ်လုပ်စားရန် အသင့်တော်ဆုံးခရမ်းချဉ်သီးမှာ အနှစ်အသားများသည့် မေမြို့ခရမ်းချဉ်သီးခေါ်သည့် ခရမ်းချဉ်သီးသေးသေးရှည်ရှည်အမျိုးအစားဖြစ်ပါသည်။ ခရမ်းချဉ်သီးအလုံးကြီးမျိုးမှာ အနည်းငယ်အချဉ်စူးကာ အရည်ရွှမ်းသောကြောင့် အစာသိပ်လုပ်ပြီးလျှင် ခရမ်းချဉ်သီးထဲမှ အရည်စိမ့်ထွက်လာမှုများတာကြောင့် သိပ်ပြီးအဆင်မပြေပါ။ ပြောသာပြောနေရတာ မေနေသည့် အရပ်မှာ ထိုမေမြို့ခရမ်းချဉ်သီးမျိုးမရှိ၍ ဆင်ဆင်တူသည့် ခရမ်းချဉ်သီးကိုသာ အသုံးပြုထားရပါသည်။ မေမြို့ခရမ်းချဉ်သီးထက် အလုံးသေးနေပါသည်။

ပါဝင်သော ပစ္စည်းများ


၁။ ခရမ်းချဉ်သီး
၂။ ပုဇွန်ခြောက်မှုန့်
၃။ ဆီ ၊ ရသာမှုန့် ၊ ဆား (သို့) ငံပြာရည်တို့နှင့် နှပ်ထားပြီးသော လက်ဖက်အဆိမ့်
၎။ကြက်သွန်ဖြူ၊နီ အကြွပ်ကြော်
၅။ နှမ်း

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ခရမ်းချဉ်သီးကို ရေစင်စင်ဆေးကာ အစာသိပ်မည့် ပုံစံအတိုင်း ဓားဖြစ် ခွဲခြမ်း၍ အရင်းနားထိ  လေးခြမ်းစိပ်လိုက်ပါ။
၂။ ထို့နောက် ပုဇွန်ခြောက်မှုန့်ထည့် ၊ လက်ဖက်ထည့်၊ ကြက်သွန်ကြော်၊နှမ်း စသည်တို့ကို အစာသွပ်ထည့်လိုက်လျှင် စားသုံးရန်အသင့်ဖြစ်ပါပြီ။
 လွယ်ကူလွန်းလို့ ခက်နေမလားမသိဘူးနော်။ ဟိ ဟိ

ခရမ်းချဉ်သီးအစာသိပ်ကို ငရုတ်သီးစိမ်းတောင့်၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက် အစရှိသည်ဖြစ် တွဲဖက်၍ စားသုံးနိုင်ပါသည်။

ရေနွေးကြမ်းပူပူလေးကတော့ မပါမပြီး ရှေ့သွားနောက်လိုက်ညီသည့် စုံတွဲပေါ့။

အသင့်စားသုံးနိုင်ပြီးဖြစ်သည့် ခရမ်းချဉ်သီးအစာသိပ်

Thursday, 14 November 2013

မုန်လာဥနှင့်ပုဇွန်ချဉ်ရည်ဟင်း

မုန်လာဥ ချဉ်ရည်ဟင်းလေး ချက်စားဖြစ်လို့ မိတ်ဆွေတွေလဲ အတူစားရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။ ချဉ်ရည်ဟင်းတွေဆိုတော့ မြန်မာ့ရိုးရာ မိရိုးဖလာဟင်းတွေပဲဖြစ်ကာ အတော်များများက ချက်ပြုတ်တတ်ကြပါတယ်။ ဒါကြောင့် မုန်လာဥချဉ်ရည် ချက်နည်းကိုရေးဖို့အစီအစဉ်မရှိသောကြောင့် ပုံတွေတော့ မရိုက်ထားဖြစ်ခဲ့ပါဘူး။  ချက်ထားပြီးသား ပန်ကန်ကိုပဲ facebook ပေါ်တင်ရင်း အိမ်နှင့်ဝေးကာ အမေ့လက်ရာကို လွမ်းနေကြသည့် ပြည်ပရောက် မောင်ငယ်၊ညီမငယ်များက ထိုဟင်းချက်နည်းရေးပေးဖို့ တောင်းဆိုလာတာကြောင့် ချက်နည်းကို ရေးပေးလိုက်ပါတယ်ရှင်။




ပါဝင်သော ပစ္စည်းများ

၁။ မုန်လာဥကြီး (၂)လုံးခန့်
၂။ ပုဇွန် (၁၀)သား
၃။ ငရုတ်သီးအရောင်တင်မှုန့် စားပွဲတင်ဇွန်း (၁) ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည်)
၎။ နနွင်းမှုန့် အနည်းငယ်
၅။ ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းခန့်
၆။ဆားအနည်းငယ်
၈။မန်းကျည်းသီးမှည့် စားပွဲတင်ဇွန်း (၁) ဇွန်းခန့်
၉။ ဟင်းမွှေးမဆလာ အနည်းငယ်

၁၀။ ကြက်သွန်နီ ဥကြီး (၁) ဥ
၁၁။ ကြက်သွန်ဖြူ (၃)မွှာ
ရသာမှုန့် /အချိုမှုန့် စားသုံးမည်ဆိုလျှင် မိမိစိတ်ကြိုက်အနည်းငယ် ထည့်နိုင်ပါသည်။

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ပုဇွန်ကို ဦးခေါင်းခွံနွှာ ၊အညစ်အကြေးထုတ် ရေစင်စင်ဆေးပြီး အသင့်ပြင်ဆင်ထားပါ။
၂။ မုန်လာဥကို အခွံနွှာ မိမိစိတ်ကြိုက် ပုံစံအနေအထား လှီးဖြတ်ထားလိုက်ပါ။
၃။ကြက်သွန်ဖြူ၊နီတို့ကို ငရုတ်သီးမှုန့် ၊နနွင်းမှုန့်တို့နှင့်ရောထောင်း။ ငရုတ်ဆုံထောင်းရန် အဆင်မပြေသူများ ကြက်သွန်ဖြူ၊နီတို့ကို ခပ်သေးသေးအရွယ်အစား လှီးကာ ထိုတိုင်းထည့်နိုင်ပါသည်။
၎။ မိမိချက်မည့်အိုးထဲတွင် မုန်လာဥ၊ပုဇွန်၊ကြက်သွန်ဖြူ၊နီ၊ငရုတ်သီမှုန့်၊ဆီ၊ဆား၊ရသာမှုန့် စသည်တို့ကို အတူထည့်နှယ်ကာ ရေစပ်စပ်လေးထည့်၍ အဖုံးလုံအောင်ပိတ်ပြီး မီးဖိုပေါ်တွင် တည်ထားလိုက်ပါ။
၅။ ထိုအချိန်တွင် မန်ကျည်းသီးမှည့်ကိုရေဖြစ် ဖျော်ထားပြီးအသင့်ပြင်ထားလိုက်ပါ။
၆။ ဟင်းအိုးဆူလာ၍ မုန်လာဥများနူးလောက်ချိန်တွင် မန်ကျည်းသီးမှည့်ဖျော်ရည်ထည့်ပြီး ဆူအောင်ပြန်တည် ထားလိုက်ပါ။
၇။ ထို့နောက် ရသာ အပေါ့အငန်မြည်း၍ အနေတော်လေးဖြစ်လာလျှင် ဟင်းမွှေးမဆလာအုပ်က ဟင်းအိုးကို မီးဖိုပေါ်မှာ ဖယ်ရှာပေးနိုင်ပါပြီရှင်..။

အချိန်ကုန်သက်သာ၊ လူသက်သာပြီး ရသာကောင်းမွန်သည့် မုန်လာဥနှင့် ပုဇွန်ချည်ရည်ဟင်းတစ်ခွက်ကို အသင့်သုံးဆောင်နိုင်ပါပြီရှင်။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Thursday, 31 October 2013

သဘောင်္သီးသုပ် နှစ်မယ်

သဘောင်္သီးသုပ်စားချင်လာတာနဲ့ ဈေးသွားပြီး သဘောင်္သီးသွားဝယ်တာ သဘောင်္သီးတွေက တစ်လုံး တစ်လုံးအကြီးကြီးတွေ။ စားတဲ့သူက ကိုယ်တစ်ယောက်ထဲ ဖြစ်နေလေတော့ ဘယ်လိုမှ မကုန်နိုင်ဘူးလေ။ စားချင်စိတ်ကလဲ ပြင်းပြနေလေတော့ ရှိတဲ့ သဘောင်္သီး အလုံးကြီးကြီးကိုပဲ ဝယ်ပြီးပြန်လာခဲ့လိုက်တာပေါ့။
စနေ၊တနင်္ဂနွေမှ မဟုတ်လျှင် လူတိုင်းက အလုပ်သွားနေကြတာကြောင့် သဘောင်္သီးသုပ်ပြီးစားဖို့ လာခဲ့ပါလို့ ခေါ်စားရင်တောင် ဘယ်သူမှ မလာနိုင်တာ သေချာလေပြီ။ ဒီတော့ သဘောင်္သီးကို ထပ်ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းကို အိတ်ထဲ ပြန်ထည့်၊ နောက်နေ့မှာ သဘောင်္သီးသုပ်စားဖို့ ရေခဲသေတ္တာထဲ ပြန်သိမ်း ၊ ကျန်တစ်ခြမ်းကို ပထမနေ့ အနေနှင့် ယိုးဒယား သဘောင်္သီးထောင်း ထောင်းစားဖို့ ပြင်ဆင်လိုက်ပါတယ်။

ယိုးဒယားသဘောင်္သီးထောင်းကို လူအတော်များများက ရေးခဲ့ဖူးသော်လည်း မသိသေးသူတွေ ထပ်မံလေ့လာရအောင် မေ ထပ်၍ရေးသားပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ


၁။ သေဘာၤသီး လက္တစ္ဆုပ္စာ
၂။ ကြက်သွန်ဖြူ (၂)မွှာ
၃။ ပုဇွန်ခြောက်စားပွဲတင်ဇွန်း (၁)ဇွန်း
၎။ ငရုတ်သီးစိမ်းတောင့် (မိမိစားနိုင်သော အစပ်နှုန်းထား)
၅။ခရမ်းချဉ်သီး (၁) လုံး
၆။ ထန်းလျှက်ခဲ (၁)ခဲ
၇။ ပဲတောင့်ရှည် (၃) ချောင်းခန့် ချိုးထားလိုက်ပါ
၈။ငံပြာရည် (၂)ဇွန်း (ငါးပိရည်ကျို နှစ်သက်လျှင် ငါးပိရည်ကျို ထည့်ပါ)
၉။လှော်ထားပြီးသော မြေပဲဆန် စားပွဲတင်ဇွန်း (၁)ဇွန်း
၁၀။ သံပုရာသီး တစ်လုံး
အသင့်ဝယ်ယူ၍ ရသည့် ထိုင်းနိုင်ငံထုတ် ဆားနယ်ထားသော ပုဇွန်၊ဂဏန်း တို့ မှာ အလျင်းသင့် မရှိ၍ မထည့်ဖြစ်တော့ပါ။ ဂွေးသီး (အချို/အချဉ်) ရှိလျှင် ထပ်၍ ထည့်နိုင်ပါသည်။ သဘောင်္သီးထောင်းလေး စားချင်စဖွယ် အရောင်လှအောင် မုန်လာဥနီကိုလဲ အနည်းငယ်မျှ ခြစ်ကာ ထည့်ပါသည်။

 ပြုလုပ်ပြင်ဆင်ပုံ

၁။ သဘောင်္သီးကို ရေဆေး၊အခွံနွှာကာ အမျှင်လေးများ ဖြစ်အောင် ခြစ်ပေးလိုက်ပါ။ မုန်လာဥနီထည့်လျှင် မုန်လာဥနီကိုပါ ခြစ်ကာ ရောထားပေးလိုက်ပါ။
၂။ ဆုံထဲတွင် ကြက်သွန်ဖြူကို ညက်ညက်ထောင်းကာ ငရုတ်သီးစိမ်းတောင့် ထည့်ထောင်း၊ ငရုတ်သီးစိမ်းထောင်းများ မညက်တစ်ညက်ဖြစ်လာလျှင် ပဲသီးထည့် တစ်ချက်နှစ်ချက်ထောင်း၊
ထို့နောက် ထန်းလျှက်ခဲကို ထည့် ကာ ဖွဖွလေးထောင်းပေးပါ ၊ အရည်များထွက်လာ၍ စင်မည်ဆိုသောကြောင့် ဖြစ်သည်။
သို့မဟုတ်ပါက မျက်နှာကို အရည်စင် သက်သာစေရန်  ငရုတ်ကျည်ပွေ့နှင့် ခပ်နာနာလေးသာ ဖိကြိတ်ပေးပါ။
မြေပဲထည့်၊ ပုဇွန်ခြောက်ထည့် ၊ အသင့်လှီးထားပြီးသော ခရမ်းချဉ်သီးထည့်၊ ဂွေးသီးထည့်၊ ငံပြာရည်ထည့်၊ (အချိုမုန့်စားသုံးလျှင် ထည့်)၊ သဘောင်္သီး ထည့်ကာ ငရုတ်ကျည်ပွေ့နှင့်နှံစပ်အောင် မွှေ့လိုက်ပါ။ ထောင်းစရာမလိုပါ။ နှံ့စပ်အောင်သာ ခပ်နာနာလေး ဖိကြိတ်၍ နှံ့အောင် နယ်ပေးလိုက်ပါ။

၃။ ထို့နောက် အသင့်စားသုံးနိုင်သော ယိုးဒယား သဘောင်္သီးထောင်းကို ရရှိပါပြီ။ သဘောင်္သီးထောင်းကို  မုန့်ဟင်းခါးအဖတ်နှင့် တွဲဖက်စားသုံးနိုင်ပါသည်။ ဂေါ်ဖီထုပ် ၊ ရေခဲစိမ် သခွားသီး အေးအေးလေး ထပ်၍ ထည့်ကာ စားသုံးနိုင်ပါသည်။

ဒါလေးကတော့ ရှိတာလေးနှင့် ထောင်းထားသော ရိုးရိုး သဘောင်္သီးထောင်းပါပဲ။



ဒုတိယနေ့

မြန်မာသဘောင်္သီးသုပ်


အထွေအထူး ရေးပြမနေတော့ဘူးနော်။ ပါဝင်ပစ္စည်းတွေကို ဓာတ်ပုံထဲ ထည့်ထားပြီးသာ။
အချိုးအစားကိုထည့်ပြီးမရေးပေးတော့ဘူးနော်။ အချို၊အငန်၊အစပ် စားတဲ့နှုန်းထားက တစ်ဦးနှင့် တစ်ဦး မတူညီတာကြောင့်ပါ။
 ခြစ်ထားပြီးသော သဘောင်္သီးသုပ်ထဲ ၊အားလူးပြုတ်ထည့်၊
ကြက်သွန်နီ၊ရှောက်ရွက် ပါးပါးလေး လှီးထည့်၊
မန်းကျည်းသီးမှည့်ရည် ရွှဲရွှဲလေးဆမ်း၊ ငံပြာရည်ကို လိုသလောက်ထည့် ၊ ကြက်သွန်ဖြူ ဆီချက်ထည့်၊
ပုဇွန်ခြောက်မှုန့် ၊မြေပဲဆန်မှုန့်၊ ပဲမှုန့်၊ငရုတ်သီးမှုန့်ထည့်
ထို့နောက် အားလုံးကို သမနှံ့စပ်အောင် နယ်ပေးလိုက်လျှင် စီးစီးပိုင်ပိုင် ချဉ်ငံစပ် မြန်မာ့ရိုးရာ သဘောင်္သီးသုပ်လေး ရရှိပါပြီရှင်။

ဟင်းခါးရည် ချက်ဖို့ အချိန်မရှိလျှင်တောင် ရေနွေးကြမ်းပူပူလေးနှင့် တွဲဖက်စားသုံးနိုင်သည့် မြန်မာ့ရိုးရာ စွဲမက်ဖွယ် သဘောင်္သီးသုပ်လေးပါ။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Friday, 25 October 2013

မုန့်ဟင်းခါး ချက်စားကြစို့ကွယ်

မြန်မာလူမျိုး အတော်များများကမုန့်ဟင်းခါးကို ကြိုက်နှစ်သက်ကြတယ်။ မနက်စာကို မုန့်ဟင်းခါးပူပူလေးနဲ့ စတင်စားသုံးချင်ကြတယ်။ ဘယ်နေရာ ၊ဘယ်ဒေသရောက်ရောက် မမေ့မလျော့ပဲစားချင်နေခဲ့ကြတယ်။ အိမ်ကို လွမ်းတဲ့အလွမ်းတွေနဲ့အတူ မုန့်ဟင်းခါးကိုပါ ပါဝင်၍ လွမ်းတတ်ကြပါတယ်။
မုန့်ဟင်းခါး................


မြန်မာလူမျိုးတို့ရဲ့ ဘဝင်ခိုက်စေတဲ့ စားသောက်ဖွယ်ရာ။ သူ့အရပ်၊ သူ့ဒေသအလိုက်   ၊ ချက်ပြုတ်နည်းတွေ ကွဲပြားခြားနားခဲ့ပေမဲ့ မုန့်ဟင်းခါးဆိုသည့် နာမည်လေးကတော့ လူတိုင်းရင်မှာ စွဲမြဲနေဆဲပါ.. နှစ်ခြိုက်စွာ စားသုံးချင်ခဲ့ကြတာပါ။

ဒီနေ့တော့ မုန့်ဟင်းခါး ချက်နည်းပေါင်းစုံထဲက တစ်နည်းချက်ပါမည်။

ပါဝင်သည့် ပစ္စည်းများ

၁။ ငါး (၂၀) သားခန့်
၂။ ပဲဝါကြမ်း ( ၅)ကျပ်သား
၃။စပါးလင် (၆) ချောင်း
(စပါးလင်များကို ရေစင်စင်ဆေးပြီး အပြင်ပိုင်းအရင့်နှင့် အတွင်းသာ အနုတို့ ခွဲခြားထားလိုက်ပြီး အတွင်းသား နုနုများကို ပါးပါးလေး လှီးကာ အသင့်ပြင်ထားလိုက်ပါ)
၎။ ကြက်သွန်ဖြူ (၂) ဥ
၅။ ကြက်သွန်နီ (၅၀)ကျပ်သား
၆။ ဂျင်း တစ်တက်စာမျှ
၇။ငံပြာရည် (၁၀) ဇွန်း
၈။ ငရုတ်သီးအရောင်တင်မှုန့်
၉။ နံနွင်းမှုန့်
၁၀။ ရွှေကြည်မှုနှ်ု့ အနည်းငယ် (မနှစ်သက်လျှင် မထည့်ပါနှင့်)
၁၁။ ဆီအနည်းငယ်
၁၂။ ကြက်ဥ/ဘဲဥ ပြုတ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ပထမဦးစွာ ငါးကို သန့်စင်ပြီး ရေစင်စင်ဆေးကာ ဟင်းရည်တည်မည့်အိုးတွင် နံနွင်းမှုန့်အနည်းငယ် ၊ငံပြာရည်(၁၀)ဇွန်း၊ စပါးလင် (ဖယ်ထားသော  အပြင်ပိုင်းများကို စုစည်းကာ ချည်၍ ထည့်လိုက်ပါ) စသည်တို့ကို အတူထည့်၍ ပြုတ်ထားလိုက်ပါ။
၂။ ထိုအချိန်တွင် ပဲဝါကြမ်းကိုလဲ သီးသန့်အိုးဖြစ် ပြုတ်ထားလိုက်ပါ။
၃။ ငါးနှင့်ပဲများ ပြုတ်ထားချိန်တွင် ကြက်သွန်ဖြူ/နီ ၊ ဂျင်း စသည်တိုကို အခွံနွှာ ဆေးကြောသန့်စင်ကာ အသင့်ပြင်ဆင်ထားပါ။ ပြီးနောက် ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင် အတွင်းသားနုနုများနှင့် အရောင်တင်မှုန့် တို့ကို အတူရောထောင်းပြီးအသင့်ပြင်ထားပါ။
၎။ ငါးများဆူလာ၍ အသားနူးလာလျှင် မီးဖိုပေါ်မှာ ဖယ်ရှားပြီး အရိုးနှင့် အနယ်များ မပါဝင်စေရန် ဇကာ(သို့) ရေစစ်လေးဖြစ် စစ်ယူထားကာ အသားများကို ခေတ္တမျှ အအေးခံ ၊ အရိုးအပါစေရန် အရိုးများကို ဂရုတစ်စိုက် ဖယ်ရှာပြီး အသားကြီးများနွှင်၍  အသင့်ပြင်ထားသော (ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင် အတွင်းသားနုနုများနှင့် အရောင်တင်မှုန့်) ထောင်းကို ဆီသတ်ကာ မွေးရနံ့များရလျှင် အရိုးသင်ထားသော ငါးများကို ထည့်ကာ ကြော်ပေးလိုက်ပါ။


၅။ ပြုတ်ထားသော ပဲများ နူးလာလျှင် ဆုံဖြင့် ထောင်း၍သော်လည်းကောင်း ၊ကြိတ်စက်ဖြစ်သော်လည်းကောင်း ညက်နေအောင် ချေလိုက်ပါ။
၆။ စစ်ယူထားသော ငါးပြုတ်ရည် ၊ထောင်းချေထားသော ပဲနှင့် ပဲပြုတ်ရည်နှင့် လိုအပ်သည့် ရေတို့ ထပ်၍ ထည့်ကာ ခွင်ပေါ်ပြန်တင်၍ဆူအောင်ပြန်တည်လိုက်ပါ။ အရည်အိုးဆူလာလျှင် ကြော်ထားပြီးသော ငါးအနှစ်များထည့်၊ခေတ္တမျှ စောင့်၍ ဆူလာလျှင် ကြက်သွန်နီဥများပါ တည့်ကာ တည်ထားပေးလိုက်ပါ။

၇။ ကြက်သွန်ဥများ နူးစပြုလာလျှင် ဆား၊ ရသာမှုန့် ထည့် မိမိလိုအပ်သည့် အပေါ့အငန်မြည်းကာ မိမိလျှာအရသာအကြိုက် ထည့်ဝင်နိုင်ပါသည်။ ဟင်းရည်ပျစ်ပျစ်ကြိုက်လျှင် ရွှေကြည်မှုန့် အနည်းငယ်ကို ရေအေးအေးနှင့် ဖျော်ကာထည့်၊ မကြိုက်လျှင်တော့ ထားခဲ့ပေါ့။ ပြုတ်ထားပြီး စိပ်ထားသော ကြက်ဥ/ဘဲဥ ကို ထည့်ကာ ဟင်းအိုးဆူလာလျှင် စားသုံးရန်အသင့်ဖြစ်ပါပြီ။


ဟင်းခါးရည်အိုးလေး အသင့်ဖြစ်ပြီဆို ပဲသီး၊နံနံရွက် ၊အကြော်စုံ ၊ငရုတ်သီးမှုန့်၊သံပုရာသီး စသည်ဖြစ် မိမိနှစ်သက်ရာများကို ပြင်ဆင်ကာ မုန့်ဟင်းခါးဖတ်နှင်အတူ တွဲဖက်စားသုံးနိုင်ပါပြီ။ မေကတော့ ဒီနေ့ ဝယ်ထားသည့် အကြော်စုံ အသင့်မရှိ၍ မထည့်နိုင်ခဲ့ပါရှင်။



.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Thursday, 24 October 2013

ဒန့်ဒလွန်သီးနှင့် ငါးခြောက်ချဉ်ရည်ဟင်း



ဒန့်ဒလွန်သီးတွေ ပေါတဲ့ ရာသီမှာ ဒီနေ့တော့ ဒန့်ဒလွန်သီးနဲ့ ငါးခြောက်ဟင်းချက်ဖို့ စိတ်ကူးလေးရလာတယ်။ ငယ်ငယ်လေးထဲကနေ စားခဲ့ဖူးကြသည့် အမေ့လက်ရာ  မြန်မာဟင်းလဲ ဖြစ်တာရယ် ၊လွယ်ကူတဲ့ ဟင်းလဲ ဖြစ်တာကြောင့် ချက်ပြုတ်နည်းကို အချိုးအစားအတိအကျနဲ့ မရေးတော့ဘူးနော်။ ချဉ်၊ငန်၊စပ်၊ပေါ့၊စသည့်ရသာတို့ကို မိမိအလိုကျအတိုင်း ထည့်ဝင်နိုင်ပါသည်ရှင်။

ပါဝင်သောပစ္စည်းများ


၁။ ဒန့်ဒလွန်သီး

၂။ ငါးခြောက်

၃။ ခရမ်းချဉ်သီး

၎။ ကြက်သွန်ဖြူ /နီ

၅။ ဆီ အနည်းငယ်

၆။ အရောင်တင်မှုန့်(ငရုတ်သီးအစိမ်းမှုန့်)

၇။ နံနွင်းမှုန့်(အနည်းငယ်)

၈။ နံနံပင်

၉။ ငရုတ်သီးစိမ်း

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ထို့နောက် ကြက်သွန်ဖြူ/နီ ၊ ငရုတ်သီးမှုန့်၊ နံနွင်းမှုန့်တို့ကို အတူရောထောင်းကာ အသင့်ပြင်ထားလိုက်ပါ။

၂။ ထို့နောက် ဒန့်ဒလွန်သီးများကို အခွံသင်၊ မိမိအလိုရှိသည့် အရှည်မျှ ပိုင်းဖြတ်ပြီး သန့်စင်အောင်ရေဆေးကြောလိုက်ကာ ဟင်းချက်မည့်အိုးထဲ ထည့်လိုက်ပါ။ ငါးခြောက်ပိုင်းများကိုလည်း ရေဆေးကာထည့်။ ခရမ်းချဉ်သီးများကိုပါ စိပ်ကာ ထည့်လိုက်ပါ။ အသင့်ထောင်းထားပြီးသော ငရုတ်သီးထောင်းကိုပါ အတူပြင်ဆင်ထားလိုက်ပါ။


၃။  ထို့နောက် ဆီ၊ဆား၊ရသာမှုန့်တို့ကို အတူထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။ ငါးခြောက်မှာ ဆားပါသောကြောင့် ဆားကို လျှော့ထည့်ထားပါ။ အပေါ့အငန် မြည်းပြီးမှ မိမိလိုအပ်လျှင် ထပ်၍ထည့်နိုင်သည်။ ရေစပ်စပ်လေး ထည့်ကာ ချက်နိုင်ပါပြီရှင်။


၎။ ဟင်းအိုးဆူလာ၍ ဒန့်ဒလွန်သီးနူးလာလျှင် နံနံပင်နှင့် ငရုတ်သီးစိမ်းတောင့်လေး အုပ်ကာ မီးဖိုပေါ်မှ ဖယ်ရှားနိုင်ပါပြီရှင်။

ကဲ ဒန့်ဒလွန်သီးနဲ့ ငါးခြောက် ချဉ်စပ်ဟင်းလေးကို သုံးဆောင်နိုင်ပါပြီရှင်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Friday, 27 September 2013

ကြက်သား ဗူးသီး ကာလသားချက်



ကာလသား ဟင်းချက်ဖြစ်ရသည့် အကြောင်းအရင်းတွေကတော့ မေတို့ ကရင်ရွာတွေမှာ ရွာက ကာလသားတွေက တစ်ရွာနှင့်တစ်ရွာအပျိုလှည့်သည့် အခါ ရွာခံ ကာလသားတွေက ဧည့်သည်ကာလသားတွေကို ချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မယ်။  ညဦးပိုင်းတွေမှာ ကာလသားတွေ စုပြီးကိုယ့်အိမ်ကကြက် ကိုယ်ပြန်ချက်စားဖြစ်ကြတဲ့ ဟင်းတစ်မယ်။ ငတက်ပြားနေ့လို့ နေ့မျိုးဆို အပျော်တမ်း ကစားကြရင် သူ့အိမ်က ကြက် ငါ့အိမ်က ဗူးသီး စသည်ဖြစ်အပြန်အလှန် အလဲအလှယ်နဲ့ လူကြီးတွေ မသိအောင် ကြိတ်ပြီး ချက်ကြတဲ့ ဟင်းတစ်မယ်အဖြစ် ချက်စားကြရင်း ကာလသားဟင်းအဖြစ် အမည်တွင်ကျန်ရစ်ခဲ့သည့် ဟင်းပါ။

ဒီကာလသားချက်ဟင်းက ရိုးရိုးလေးပေမဲ့ ကျေးလက်သဘာဝရဲ့ အငွေ့အသက် ၊ပျော်ရွှင်စည်းလုံးမှုတွေ အပြည့်ပါဝင်နေသည့် ရိုးရာဓလေ့ ဟင်းတစ်မယ်ဖြစ်တာကြောင့်ပဲ  ရိုးရိုးလေးနှင့် စွဲမက်သည့် ဟင်းတစ်မယ် နေရာရခဲ့သည့်ဟင်းပါ။

ကာလသားတွေ စုပေါင်းပြီးချက်သည့် ထုံးစံအတိုင်း မိန်းကလေးတွေလို ဖွယ်ဖွယ်ရာရာမှာ  စုံစီနဖာနှင့် အမျိုးအမယ်စုံလင်စွာဖြစ် မချက်နိုင်ဘဲ အချိန်ကုန်လဲသက်သာ အလျှင်အမြန်လဲ ကျက်သည့် ဟင်းတစ်မယ်အဖြစ် ဖန်တီးဖြစ်ခဲ့ကြတာပေါ့။

ကြက်သားကို လိုသလိုတုံး၊ ငရုတ်သီးကို ဖြစ်သလိုထောင်းရင်း ချက်ဖြစ်ခဲ့ကြသည့် ဟင်းပေမဲ့ လက်ရာကတော့ စွဲမက်ဖွယ် ဖြစ်ခဲ့တာပါပဲ။

ပြောနေရင် လေတွေ ရှည်ကုန်လို့ နောက်ထပ်ပို့စ်တစ်ပုဒ်ရလာမယ်။ ကာလသားဟင်းကို ခုပဲ စပြီး ချက်တော့မယ်နော်။ ရသာကို မိမိစိတ်ကြိုက်လိုသလောက်ထည့်ပါ။ မေ ပြထားသည့် ပုံမှာ ကြက်က (၄)ကောင်နှင့် ဗူးသီး ခပ်သေးသေး (၂) လုံးပါဝင်တာကြောင့် ဟင်းအိုးမှာ ကြီးနေရခြင်းဖြစ်ပါသည်။ ပုံကိုကြည့်၍ လန့်သွားမည်ဆိုသောကြောင့် ကြိုတင်အသိပေးရခြင်းဖြစ်ပါသည်။

ပါဝင်သော ပစ္စည်းများ



၁။ ကြက်သား
၂။ ဗူးသီး
၃။ငရုတ်သီး အတောင့် (သို့) ခွဲခြမ်းမှုန့်
၎။စပါးလင်
၅။နနွင်းမှုန့် အနည်းငယ်
၆။ ဆား သင့်တင့်ယုံ
၇။ကြက်သွန်နီ
၈။ ဆီအနည်းငယ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ကြက်သားကို ရေစင်စင်ဆေးပြီး မိမိစိတ်ကြိုက် အရွယ်အစား တုံးပေးပါ။

၂။  ကြက်သွန်နီနှင့် ငရုတ်သီး ထောင်းပေးပါ။ ကာလသားဟင်းဖြစ်သည့်အလျှောက် ငရုတ်သီးထောင်းက မညက်တညက်။ ထို့ကြောင့် ခွဲခြမ်းမှုန့်သုံးလျှင် ထိုအတိုင်းသာ ထည့်၍ ချက်နိုင်ပါသည်။

၃။ ထို့နောက် ကြက်သားကို ဆား၊ နံနွင်းမှုန့်(ဆနွင်း) ၊ငရုတ်သီး မညက်တစ်ညက်ထောင်းနှင့် ဆီအနည်းငယ်ထည့်ကာ အတူတူနယ်၍ လုံးပေးလိုက်ပါ။ ဟင်းရည်မှာ သောက်ဆမ်းလေးဖြစ်တာကြောင့် ဆီနှင့် ငရုတ်သီးကို လျှော့သုံးပါ။ စပါးလင်ချောင်းများကိုလဲ ဓားနောင့်ဖြစ် ထုပြားကာနယ်ထားပြီးသော ကြက်သားနှင့် အတူတူထည့်ချက်လိုက်ပါ။




၎။ အားလုံးအဆင်သင့်ဖြစ်ပြီးဆိုပါက ရေ သင့်တင့်ယုံထည့်ကာ အဖုံးအုပ်၍ တည်ထားလိုက်ပါ။





၅။ ကြက်သာဟင်းအိုး ပွက်ပွက်ဆူပြီး ကြက်သားများကျက်လာချိန်တွင် အဆင်သင့် တုံးထားသော ဗူးသီးကို ထည့်ပါလိုက်ပါ။ကာလသားဟင်းမှာ ဗူးသီးနုလျှင် အခွံမနွှာပါ။ မိမိစိတ်ကြိုက် ဗူးသီးအခွံနွှာလိုကလဲ နွှာနိုင်ပါသည်။



၆။ ဗူးသီးများ နူးလာလျှင် အဆင်သင့် စားသုံးနိုင်သည့် ကြက်သားဗူးသီး ကာလသားချက်လေးတစ်ခွက် ရရှိပါပြီရှင်။





.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်