This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Tuesday 26 April 2016

HO-OH Mobile (ဟိုအို မိုဘိုင်း)

HO-OH Mobile (ဟိုအို မိုဘိုင်း) မှ တာဝန်ယူဖြေရှင်းပေးနေသော Mobile Phone နှင့်သက်ဆိုင်သည့် Error များ  ...............


Software For Android Error
(Samsung ၊ Sony ၊ HTC ၊ Huawei ၊ Oppo ၊ ViVo ၊ China ၊ etc ,..........)

> Android ဖုန်းများ Games,Application နှင့် other Installion ပြုလုပ်ပေးခြင်း ။
> Android ဖုန်းများ Root ဖောက်ပေးခြင်း ။
> Android ဖုန်းများ  Myanmar Font နှင့် Keyboard  ( မြန်မာစာ ၊ ကီးဘုတ်) ထည့်သွင်းပေးခြင်း ။
> HTC Sony Huawei Xiaomi   Bootloader Unlok ဖြည်ပေးခြင်း ။
> Google Playstore မပါသောဖုန်းများအား Google Playsotre (Google Gapps Installion ) ထည့်သွင်းပေးခြင်း ။
> Pattern Lock ၊ Password Lock နှင့် Pin Lock များဖြည်ပေးခြင်း ။
>  Network Unlock ၊ Sim Lock ၊ FRP Lock (or) Bypass Google Account Unlock ဖြည်ပေးခြင်း ။
> Baseband Unknown Error , IMEI null error များဖြေရှင်းပေးခြင်း ။
> Softbrick နှင့် Heardbrick Error များဖြေရှင်းပေခြင်း ။
> Virus များရှင်းပေးခြင်း ။
> Firmware များ ပြန်လည်ရေးသားပေးခြင်း ။
> Firmware Upgrade နှင့် Downgrade ပြုလုပ်ပေးခြင်း ။
> Kernal Change နှင့် Recovery (CWM @ TWRP ) သွင်းပေးခြင်း ။
> Official  Firmware  နှင့် Custom Firmware များ တင်ပေးခြင်း ။


Software For Apple IOS Error

( iphone ၊ ipad ၊ ipad touch )

> Firmware Upgrade နှင့် Downgrade ပြုလုပ်ပေးခြင်း ။
> Backup Resotore နှင့် Network Unlock ဖြည်ပေးခြင်း ။
> All Version Myanmar Font နှင့် Keyboard  ( မြန်မာစာ ၊ ကီးဘုတ်) ထည့်သွင်းပေးခြင်း ။
> Jailbreak , Cydia Sources , Cydia Tweaks  သွင်းပေးခြင်း ။
> Apple ID Account ဖွင့်ပေးခြင်း ။
> Ringtones ၊ Musics ၊ Videos ၊ Wallpapers နှင့် Photo များထည့်သွင်းပေးခြင်း ။


Hardware Error

> Ear Piece ၊ Mic ၊ Speaker ၊ Camera လဲပေးခြင်း ။
> Sim အထိုင် ၊ USB ခေါင်း ၊ Power key ၊ Volume Key များလဲပေးခြင်း ။
> Touch ၊ LCD  ( ဖုန်းမှန် ) များ လဲပေးခြင်း ။
> Shock ကျနေသောဖုန်းများအား Shock စစ်ပေးခြင်း ။
> Power မလာသောဖုန်းများအား Power နိုးပေးခြင်း ၊ Back light Error ၊ Display Error များကို ဖြေရှင်ပေးခြင်း
စသည့် Mobile Phone နှင့်သက်ဆိုင်သော Error အမျိုးမျိုးကို လူကြီးမင်းတို့စိတ်တိုင်းကျ အမြန်ဆုံး  အကောင်းဆုံးနှင့် အသက်သာဆုံး တာဝန်ယူဖြေရှင်းပေးပါသည် ။



                                                                                                                                  
 HO-OH Mobile ( ဟိုအို မိုဘိုင်း ) 
 အမှတ် (192 ) ၊ (ခ)ရပ်ကွက် ၊ အာဇာနည်လမ်း ၊ 
အ.မ.က(၃) ကျောင်းနှင့်(ခ)ရပ်ကွက်ရုံးအနီး ၊ လှိုင်းဘွဲမြို့ ၊ ကရင်ပြည်နယ် ။ 
Ph : 058-45380 , 09-782639565 , 09796283996


 
                                                                                                                                                                                                                                                                                                                                                                                                                               
                                                                                                                                                   

Monday 3 February 2014

Illustrator Tutorial စာအုပ်ပေါင်း (၃၃)အုပ်

Illustrator Tutorial စာအုပ်ပေါင်း (၃၃)အုပ်တင်ပေးထားတဲ့ စေတနာရှင်တစ်ယောက်ရဲ့ လင့်ကို တွေ့လာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်.. Mediafire မှာတင်ထားတာဖြစ်ပြီး တစ်အုပ်ချင်းစီကို Download ရယူနိုင်ကြပါတယ်ခင်ဗျာ။


>>ဒီလစ်ကနေသွားပါ<<

Sunday 2 February 2014

Android ဖုန်း မြန်မာဘာသာ facebook သုံးချင်သူတွေအတွက်

Android ဖုန်း မြန်မာဘာသာ facebook ဘယ်သူသုံးချင်လည်း။ တခါတည်းတင်ပေးလိုက်ပြီ။ မနေ့ကမောင်စွယ်စုံမှာ တင်တာ မတွေ့လိုက်တဲ့ သူငယ်ချင်းတွေ ဒီမှာ တခါ ပြန်ဒေါင်းနိုင်ပါပြီ

တခုတောာ၇ှိတယ်နော် ဒီ application လေး install မလုပ်ခင် အဟောင်းကို အ၇င် uninstall လိုက်ပါ။ အဲတာမှ ဒီကောင်လေး install ၇မှာဖြစ်ပါတယ်။ လိုချင်တဲ့သူငယ်ချင်းတွေ အောက်မှာ ဒေါင်းထားကြ

http://www12.zippyshare.com/v/52133861/file.html

ဇော်မင်းသန်း




Sunday 26 January 2014

အတွေးတစ်စနှင့် သချိ င်္ုင်းဝမှာ ရပ်နေမိတဲ့ ကျွန်မ

တနင်္ဂနွေ...
လက်ကျန်နေလေး မကောင်းလို့ အိမ်မှာ ငြိမ်ငြိမ်လေးနားဖြစ်ဖြစ်လိုက်တဲ့ တနင်္ဂနွေ...
လူက ငြိမ်ပေမယ့် မေ့ ထုံးစံအတိုင်း  အစာအိမ်ကမငြိမ်ဘူး....။
တစ်ဂွီဂွီနဲ့ သနားစရာသူတောင်းနေရှာတယ်။
တိတ်ဆိတ်နေတဲ့ အိမ်လေးထဲမှာ သနားစရာကိုယ်တစ်ယောက်ထဲ..။

ကိုယ့်အိမ်လေးထဲက သချိ င်္ုင်းငယ်လေးဆီ တိတ်တိတ်ကလေး လျှောက်လာပြီး သချိ င်္ုင်းတံခါးဝကို ဖွင့်လိုက်တယ်။

အတုံးငယ်လေးတွေအဖြစ် ခုတ်ထစ်ထားတဲ့ သားတစ်စတွေကို ယူငင်ပြီး ချက်ပြုတ်စားသောက်ဖို့ ဆေးကြော ပြင်ဆင်နေလိုက်တယ်။

ဟော...... ဆီပူပူထဲ ဟင်းခတ်အမွှေးအကြိုင်တွေထည့် ခုတ်ထစ်ထားတဲ့ သားတစ်စလေးတွေကို ထည့်ကာ ချက်ပြုတ်ပြီးချိန်မှာတော့ ရနံ့အရာမှာ မွေးပျံ့ကြိုင်လှိုင်နေသည့် အပုတ်ကောင်ကို ရုပ်သွင်ပြောင်းထားတဲ့ စားချင်စဖွယ် ဟင်းလျာတစ်မယ် မေ့ထမင်းစားပွဲပေါ်မှာ အသင့်ပါကွယ်..။

အစာအိမ်ဝမ်းမီးနဲ့ လောဘကို အတောမသတ်နိုင်သေးသည့် မေ ....၊  မေ့ သချိ င်္ုင်းငယ်လေး တံခါးဝကို ထပ်ပြီးတစ်ကြိမ် ဖွင့်မိပြန်တယ်။

အတုန်းအရုံးနှင့် စီကာလဲနေသည့် အသေကောင်တုံးလုံးလေးများကို ဆွဲချယူငင်ပြီး ထိုသူတို့ရဲ့ ကိုယ်ပေါ်မှာ အရေခွံများကို ဆတ်ခနဲ့ ဆတ်ခနဲ့ ဆွဲကာ ခွာယူနေတယ်။

အရေခွံအောက်က ထွက်ပေါ်လာတဲ့ အညစ်အကြေး တွေကို ရှင်းလင်းသုတ်သင်ပြီး နေက်ထပ်တဖန် ချက်ပြုတ်လိုက်ပြန်တယ်။

ဟော မေ့ရဲ့ ထမင်းစားစာပွဲပေါ်မှာ မွှေးမွှေးကြိုင်ကြိုင် လှလှပပ အသွင်ပြောင်းထားသည့် ဝက်သားလို့ခေါ်သည့် အသေကောင်ရဲ့ သားတစ်စတွေ ၊ စီကာရီကာ တုံးလုံးလဲနေကြသည့် ပုစွန်လို့ခေါ်သည့် အသေကောင်လေးတွေ ၊ ဟိုတစ်စ ဒီတစ်စ ညီညာစွာ ရှင်းလင်းထားခြင်းမရှိသည့် တို့စရာခေါ် ချုံပုတ်ကြီးတွေက နေရာယူနေလေပြီ........။

မေ တစ်ယောက်ထဲ တိုးတိတ်ဆိတ်စွာ အသေကောင်နှင့် သားတစ်စလေးတွေကို တစ်ကျွီးကျွီးနှင့် ဝါးပြီးစားနေလိုက်တာ ဒါကြီးက အသေကောင်ကြီးပါလားလို့ သတိမမူနိုင်အောင်ပါပဲလား..။

အသေကောင်တွေကို စားနေသည့် မေသည်လဲ အသေကောင်.... ။ အပုတ်ကောင်တွေကို စားနေသည့် မေသည်လဲ အပုတ်ကောင်.. အသေကောင် ၊ အပုတ်ကောင် က ထိုအသေကောင် အပုတ်ကောင်မျိုးကို ပြန်လည်စားသုံးနေလိုက်တာ မြိန်ရည်ယှက်ရည်...။

အသေကောင်းချင်းအတူတူ အသေကောင်မြုပ်နှံရာ သချိ င်္ုင်းမြေကို တစ်ယောက်ထဲ သွားဖို့ကျ ညအခါမပြောနှင့် နေ့အချိန်အခါလေးတောင် စိတ်တွေက ခြောက်ခြောက်ချားချား။

သရဲမကြောက်တတ်ဘူး ဘယ်လောက်ပဲ ဆိုဆို ဘယ်လောက်ပဲ စိတ်တင်းထားထား တိတ်ဆိတ်နေတဲ့ သချိ င်္ုင်းမြေမှာ အတုံးအရုံးစီကာလဲနေသည့် အုတ်ဂူဖြူဖြူလေးများက စိတ်ကို အနည်းငယ်ခြောက်ခြားစေတာတော့ အမှန်ပါ။

သချိ င်္ုင်းခြင်းအတူတူ တစ်ယောက်ထဲ ရှိနေတဲ့ အိမ်လေးထဲမှာ လေးထောင့် အုတ်ဂူလေးနဲ့ သချိ င်္ုင်းမြေလေး ရှိနေတာတော့ ကြောက်မက်ဖွယ်ရာဟုမမြင်မိခဲ့။
စီစီရီရီ လဲလျောင်းနေသည့် အသေကောင်များ ၊ သွေးစစွန်းနေသည့် ခုတ်ထစ်ထားသော သားတစ်စများကိုတော့ ကြောက်မက်ဖွယ်ရာဟု မမြင်မိခဲ့။

 ထိုအသေကောင်များ၊ သားတစ်စများကို ကြောက်မက်ဖွယ်ရာထက် စိတ်သုံးလိုစိတ်တွေ တစ်ဖွားဖွားဖြစ်ပေါ်လာအောင် စားသုံးလိုသည့် လောဘတဏှာက အမှောင်အဖြစ်  ဖုံလွှမ်းထားသည်။ ထို့ကြောင့် ကြောက်ရမှန်းမသိ မက်မောတွယ်တာမိခဲ့လေပြီ။

တဏှာ၏ စေခိုင်းချက်အောက်မှာ ငေါက်ငေါက်ပါလိုက်ရင်း အသေကောင်က အသေကောင်ကို နှစ်လိုစွာ စားသုံးနေလေပြီ။

တဏှာ၏ စေခိုင်းချက်အောက်မှာ နောက်ထပ်အသေကောင်တွေကို စားသုံးဖို့ အသေကောင်လေးများစွာကို မေ့အိမ်လေးထဲမှာ သိုလှောင်ထားမိပြန်ပါပြီ။


စားလက်စနဲ့ အစာအိမ်မှာနေရာလွတ်မရှိ ဗိုက်ပြည့်အင်နေချိန်မှာ သံဝေဂနဲ့ အသိတစ်ချက် ရရှိလိုက်ပေမယ့် ထိုအသိက မေ့စိတ်ထဲမှာ ဘယ်ချိန်ထိ တည်ကာမြဲနေမှာလဲ။

အတွေးတစ်စနှင့် မေပိုင်ဆိုင်ရာ မေ့အိမ်လေးထဲမှ သချိ င်္ုင်းတံခါးကို ခပ်ဖွဖွပိတ်ရင်း ချောခိုင်းမိလိုက်တယ်...။

နောက်ထပ်တစ်ကြိမ် ဆာလောင်မွတ်သိမ့်မှုတွေနှင့် တဏှာစေခိုင်းလျှင် ထိုသချိ င်္ုင်းတံခါးဆီ မကြောက်မရွံနှင့် ပြန်လာဖြစ်မည် ထင်ပါရဲ့...။
ထိုသို့နှင့် နောက်ထက် ဘယ်နှစ်ကြိမ်မြှောက်သော ခြေလှမ်းတွေ မေ့အိမ်လေးထဲက သချိ င်္ုင်းဝဆီ  လှမ်းကာလာနေမိမှာလဲ.........။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Tuesday 31 December 2013

ကူးပြောင်းခဲ့ပြီ 2013 4

အသစ် အသစ်ကိုမှ
မက်မောကြတဲ့
ပုတုဇဉ်တွေ လက်ထဲမှာ
ဟောဒီ ၂၀၁၃ဆိုတာ
သစ်လွင်ထည်ဝါသည့်
ဝတ်ရုံလွှာကြီးဖြစ်ခဲ့ဖူးတယ်။
ဖန်တလဲလဲ ဝတ်ခဲ့ရသည့်
၂၀၁၃ ဆိုတဲ့ ဝတ်ရုံလွှာရယ်
သစ်လွင်ရနံ့နဲ့
ဂုဏ်သတင်းမွှေးမှာ
ပျော်ပိုက်ခဲ့ဖူးတယ်...။
သင့်ကိုယ်ပေါ်မှာ စွန်းထင်ခဲ့သည့်
အစွန်းအထင် အပေအညစ်ကို
မျက်ရည်စက်လက်နဲ့ သန့်အောင်လဲ လျှော်ခဲ့ဖူးတယ်။
ဆူးညောင့်ခလုတ်ကြားမှာ
မထိတစ်ထိညှိမိတော့
သင့်ဝတ်ရုံလေး ပေါက်ပြဲခဲ့လို့
မလုံမလဲအသိနဲ့
အိနြေ္ဒမပျက်အောင်လဲ
ဖာထေးဝတ်ဆင်ခဲ့ရဖူးတယ်။
၂၀၁၃ရေ...........
၃၆၅ ဆိုတဲ့ နေ့ရက်တွေကို ကျော်အပြီးမှာ
ဘဝစုံကိုကြင်လည်
ညစ်တစ်လှည့် သန့်တပြန်နဲ့ ဘဝကူးပြောင်း
သင်လဲ မောလုပြီးဖြစ်လို့
အနားယူလိုက်ပါတော့ကွယ်။
နောင်တစ်ချိန်မှာ
၂၀၁၃ ဆိုတဲ့ အတိတ်အရိပ်တွေဟာ
ပုတုဇဉ်တွေရဲ့ ရင်ဘတ်ပြတိုက်မှာတော့
တသသနဲ့ တမ်းတရင်း ကျန်ရစ်ခဲ့မှာပါ။
အသစ် အသစ်တွေကိုမှ
မက်မောမိတဲ့ ငါ
၂၀၁၄ကို ကြိုဆိုလိုက်မယ်။


Welcome to 2014 !!


Happy New Year လေး ဖြစ်စေကွယ်..။
သင့်ရဲ့ တောက်ပထည်ဝါခြင်းတွေကလဲ
အစွန်းအထင်းမရှိဘဲ
သက်တမ်းကုန်ဆုံးသည်ထိ
သယ်ဆောင်နိုင်ပါစေလို့
ဆုတောင်း မေတ္တာပို့
ခွန်းချိုသလိုက်ပါရစေကွယ် .......။

Wednesday 4 December 2013

ကိုရီးယားစတိုင် အမဲသားကင် ဘူဂိုးဂီး (Bulgogi )

ဒီနေ့တော့ ကိုရီးယားဘာဘီကျူးကိုချက်ကြမယ်နော်။ ပြုလုပ်ရတာလွယ်ပြီး စားလို့လဲကောင်းတာမို့ BBQ ပါတီတွေမှာ ပြိုက်ကနဲ့ ကုန်သွားလေ့ရှိပါတယ်။ စိတ်ဝင်စားသူများ မေနဲ့တူတူလိုက်ပြီးချက်ဖို့ ပြင်ဆင်ထားလိုက်ပေါ့။



ပါဝင်ပစ္စည်းများ




၁။ အမဲသား (၅၀) ဆယ်သားခန့်
(မိမိကြိုက်ရာ အမဲသားကို အသုံးပြုနိုင်ပါတယ်။ ဒီနေ့တော့ နံရိုးနားကပ်နေတဲ့ အပိုင်းနဲ့ လုပ်ထားတာပါ။)

၂။ သစ်တော်သီးတစ်လုံး

၃။ ကြက်သွန်နီဥကြီး (၁) လုံး

၎။ ဂျင်း လက်တစ်ဆစ်ခန့်

၅။ ပဲငံပြာရည် စားပွဲတင်ဇွန်း (၁၀) ဇွန်း

၆။ သကြား စားပွဲတင်ဇွန်း (၅) ဇွန်း

၇။ နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၅) ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အမဲသားများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားလိုက်ပါ။ ရေတွေရှိနေရင်အရသာက သိပ်ပြီးမဝင်မှာစိုးလို့ပါ။



၂။ ထို့နောက် အသင့်ပြင်ထားသော သစ်တော်သီးကို အခွံနွှာ ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ ဂျင်း စတာတွေကို blander နဲ့ ညက်ပြီး အနှစ်လေးတွေ့ ဖြစ်သွားအောင် ကြိတ်ပေးရပါမည်။ အနှစ်လေးများရလာလျှင် ပဲငံပြာရည် ၊ သကြား ၊နှမ်းဆီမွှေးတို့နှင့် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် ရေစစ်ထားသော အမဲသားကို ထည့်ပြီးနယ်ပေးပြီး အနည်းဆုံး အချိန် နှစ်နာရီမျှ နှပ်ထားလိုက်ပါ။  ရေခဲသေတ္တာထဲထည့်သိမ်း၍ ညသိပ်နှပ်ထားလျှင် ပို၍နူးညံ့ ကောင်းမွန်ပါသည်။



ထို့နောက်တွင်တော့ BBQ အဖြစ် ကင်စားရန်အသင့်ဖြစ်ပါပြီ။ အသားကင်က ချတာနဲ့ မလောက်လို့ ရသလောက်လေးပဲ ယူပြီး ရိုက်ပြထားရတယ်။






ဒါလေးလဲ ပြုလုပ်နည်းတူတူပါပဲ။ အသားလေးတွေကို ပါးပါးလွှာလွှာလေးလှီးထားပြီး ကြော်လိုက်တာပါ။ ကြက်သွန်မြိတ်လေးထည့်  နှမ်းဖြူးကာ ဆလပ်ရွက်နဲ့ ထုပ်ပြီးစားလေ့ရှိပါတယ်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥  မေသဇင်


Tuesday 3 December 2013

ထိုင်းစတိုင် ဝက်သားနှင့်မှိုထမင်းကြော်

ဒီနေ့ မေသဇင်ရဲ့ ချက်ကြမယ်ဟေ့ကောင်းကောင်း အစီအစဉ်မှာ ထိုင်းစတိုင် ဝက်သားနှင့် မှိုထမင်းကြော် ကြော်စားကြမယ်နော်။


ပါဝင်သော ပစ္စည်းများ



၁။ ဝက်သား (၁၀)ကျပ်သား
၂။ ကြက်သွန်ဖြူ (၃) မွှာ
၃။ ကြက်ဥ (၂) လုံး
၎။ခရမ်းချဉ်သီး အလုံးကြီး (၁)လုံး
၅။ ထန်းလျက်ခဲ (၁) လုံး
၆။ ငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း
၇။ Oyster mushrooms ဟုခေါ်သည့် ခရုပုံသဏ္ဍန်အရိုးရှည်မှို
၈။ပုစွန် (၁၀) ကောင်ခန့်
၉။ ဆန်( ၂) ဗူးချက်ခန့် ထမင်းဖြူ
၁၀။ ထမင်းကြော်ရန် ဆီအနည်းငယ်
၁၁။ ကြက်သွန်မြိတ် (၃)ပင်ခန့်
၁၂။ နံနံပင်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ မီးဖိုပေါ်အိုးတင်ကာ ဆီပူအောင်ထားပြီး ဝက်သားနှင့်ကြက်သွန်ဖြူကို သုံးမိနစ်မျှကြော်ပေးလိုက်ပါ။ ထို့နောက်ပုစွန်ထည့်ကာ ကြော်ပေးလိုက်ပါ။

၂။ ပုစွန်များအနီရောင်သန်းစပြုလာသည်နှင့် ကြက်ဥဖောက်ထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။


၃။ ပြီးနောက် ထမင်းအဖြူကို ထည့်နိုင်ပါပြီ။ ထမင်းထည့်ပြီး အသားနှင့် ထမင်း နှံ့စပ်အောင် တစ်ချက်၊နှစ်ချက်မျှမွှေပေးပြီးရင် ငံပြာရည်နှင့် ထန်းလျက်ခဲကို ထည့်ကာ အနည်းငယ်ကြော်ပေးလိုက်ပါ။

၎။ ထို့နောက် မှိုနှင့် ခရမ်းချဉ်သီးထည့်ကာ နှံ့စပ်အောင် တစ်ချက်၊ နှစ်ချက်မျှမွှေ ပြီး မီးဖိုပေါ်မှ ဖယ်ရှားကာ အသင့်လှီးထားသော ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်၍ အနည်းငယ်မျှ မွှေပေးလိုက်ပါ။


အသင့်စားသုံးနိုင်ပြီးဖြစ်သည့် ကြက်သားနှင့် မှိုထမင်းကြော်




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥   မေသဇင်