This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label မိုဘိုင်းဖုန်းနည်းပညာများ. Show all posts
Showing posts with label မိုဘိုင်းဖုန်းနည်းပညာများ. Show all posts

Wednesday, 4 September 2013

JellyBean 4.1 xx 4.2 xx တွေမှာ မြန်မာစာ ရေးတာ / ဖတ်တာ မှန်ဖို့

JellyBean တွေမှာ မြန်မာစာ ရေးတာဖတ်တာမှန်ဖို့ မလွယ်သေးပါဘူး။အဲဒီထဲကမှ 
ဒီဆော့ဝဲလေးနှစ်ခုသုံးရုံနှင့် Facebook နှင့် အခြား Web Site တွေကို ကြည့်ရှုရာမှာ
စာလုံးပေါင်းတွေ ကို ဖတ်တာရော၊ရေးတာပါ မှန်လာခဲ့ပါပြီ။
 ကဲဖတ်တာမှန် ဖို့အတွက်ကတော့ အားလုံးသိကြတဲ့ ONE Browser ကိုသုံးလိုက်ပါ။Facebook နှင့် အခြား Website များကို မြန်မာစာမှန်အောင်ဖတ်နိုင်ပါတယ်။
ဒါကတော့ ဆေးမစားမီပုံ ၊အဲမှားလို့ ONE Browser မသုံးထားတဲ့ပုံပါ။
 

မြန်မာစာဖတ်ရတာ အဆင်မပြေပါဘူး။
အောက်ကပုံကိုကြည့်လိုက်ပါ။ဒါကတော့ ဆေးစားပြီးပုံ အဲ ONE Browser သုံးထားတဲ့ပုံပါ။
 
 

မြန်မာစာဖတ်ရတာ အဆင်ပြေလာပါတယ်။
ဒီ Browser လေးဟာပေါ့ပါးပါတယ်။ ဖိုင်ဆိုဒ်လည်းသေးပါတယ်။ အပြင်ဆင်က အရမ်းလန်းပါတယ်။
သုံးကြည့်လိုက်ပါ။ဒီမှာဒေါင်းလိုက်ပါ။
အောက်မှာပေးမယ့် APP ကတော့ မြန်မာစာရေးတာမှန်စေမယ့် Keyboard လေးပါ။
အားလုံးသိပြီးဖြစ်တဲ့ BaganKeyboard Pro V1.6.9 နောက်ဆုံးဗားရှင်းလေးပါ။
ကဲ jelly bean မှာ မြန်မာစာရေးတာဖတ်တာမမှန်လို့ စိတ်ညစ်နေသူတွေအတွက် လာပါပြီ။ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ထွက်လာပါပြီ။ သဝေထိုးတွေ ရှေ့နောက် မရောက်အောာင်  Auto ခြားပေးခြင်း၊အသတ်များ ရှေ့နောက်မရောအောင် Auto ခြားပေးခြင်းတွေ ကိုဖြည့်စွက်ထားပါတယ်။
ဘာတွေလုပ်နိုင်သေးလဲဆိုတာ အောက်မှာ ကြည့်လိုက်ပါ။

Bagan Keyboard Pro - screenshot thumbnail Bagan Keyboard Pro - screenshot thumbnail
Bagan Keyboard Pro - screenshot thumbnailBagan Keyboard Pro - screenshot thumbnail

1.version (1.6.7) ကစပြီး keyboard ရဲ့ height ကို လိုအပ်သလို ပြင်ယူလို့ရပါပြီ။ setting မှာAdjust Key Height မှတဆင့် မိမိစိတ်ကြိုက် ပြုပြင်ယူနိုင်ပါတယ်။
 
2.Facebook မှာ ရေးတဲ့အခါ မှန်ဖို့အတွက် Android Jelly Bean ကို သုံးထားတယ်ဆိုရင် Keyboard Setting(Long press ENTER)မှာ Jelly Bean Fix ကို On ပေးပါ။ ရေးတဲ့အခါရော ပြန်ဖတ်တဲ့အခါမှာပါ မှန်ကန်ဖို့အတွက် ဆိုရင်တော့ Facebook Fix ကိုပါ ထပ် On ပေးပါ။
3.(1.6.7) မှာ (.) crash ပြသနာကို ဖြေရှင်းပေးထားပါတယ်။ 
 4.အသတ်ရိုက်လိုက်ရင် (င် တ် )ဒီလိုဖြစ်နေသူတွေအတွက် setting မှာ type as unicode ကို ပြန် off ပေးပါ.. unicode ရိုက်ဖို့လိုအပ်မှသာ ပြန် on ပေးပါ။

5. ဂ ငယ်နှစ်လုံးဆင့်ပေါ်ရန် အလည်မှာပါတဲ့ S် ကို သုံးပြီး (ဂ+S်+ဂ )လို့ရိုက် ကြည့်လိုက်ပါ။

6.v1.6.8 မှာ (နိုင်)လို့ရေးရင်၊(ရှင်း)လို့ရေးရင်(နိုင်န)နှင့်(ရှင်းရ)ဖြစ်သွားတဲ့ ပြသနာကို လည်းရှင်းပေးထားပါတယ်။



ကြိုက်တယ်ဆိုအောက်မှာဒေါင်းသွားလိုက်ပါ။

Credit : အိုင်တီစုဗူး 

Saturday, 22 June 2013

advance Mobile Care (myanmar version for andriod)


ဘာရယ်နဲ့တော့မဟုတ်ပါဘူး ကျွန်တော့ကိုယ်တိုင်လည်း လိုအပ်တဲ့အချိန်လေးမှာ ပြန်ရှာဖို့တစ်စုစတ်စီးတည်းဖြစ်အောင်ရယ် နောက်ပြီး ဒီဘလော့ခ်လေးကိုရောက်ရှိလာတဲ့ ညီကိုယ်မောင်နှမ ဘလော့ခ်ဂါမိတ်ဆွေတွေအားလုံး လည်းတစ်စုတစ်စည်းတည်းလေ့လာလို့ရအောင်လို့ကောင်ရားနိုးနိုးလေးတွေကို ကျွန်တော်ပြည်လည်စုစည်း ထားပေးတာပါ ...  ဒီပို့စ်ကိုရေးသားတဲ့ ညီငယ်မိုးဇက်ကိုလည်းကျေးဇူးပါတယ်  ညီလေးရေး  အကို ခရက်စ်တစ်ပေခဲ့တယ်နော်.... ဒီဆော့ဝဲလ်လေးရဲ့နာမည်ကတော့ advance Mobile Care ပါဘာကောင်းသလဲဆိုရင်ဖုန်းလေးနေတာတွေမြန်စေတယ် ဖုန်းမှာမလိုအပ်သောဖိုင်တွေကို ရှင်းထုတ်ပေးပါတယ်.....။game လေးတွေကိုပါအမြန်နှုန်းမြင့်စေတယ်...။version ကမြန်မာဘာသာဖြစ်တဲ့

အတွက်သုံးရတာပိုအဆင်ပြေပါမှာပါ .....






>>>>>>>>download<<<<<<< 

အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်...ဒ   ည

Friday, 21 June 2013

Root Your Android 2.x



Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။

Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။
စာဖတ်သူက Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။

Root လုပ်ဖို့အတွက် Root Application တစ်ခုလိုပါတယ်။ သို့သော် မိမိကိုင်ဆောင်သော ဖုန်း၏ Brand and Model ကို လိုက်ပြီး Root လုပ်နိုင်တဲ့ Application တွေကို သေချာရွေးချယ်ဖို့လိုပါတယ်။ ယခု စာရေးသူဖော်ပြပေးမည့် Z4root တွင်လည်း သူနဲ့ Compatible ဖြစ်သည့် ဖုန်းအမျိုးအစားများကို ဖော်ပြပေးထားပါတယ်။ မိမိ၏ ဖုန်းအမျိုးအစား အတိအကျ ပါဝင်မှသာလျင် Root လုပ်ပါရန် ကြိုတင် သတိပေးအပ်ပါသည်။

Z4root
Compatible with Permanent Root Option

Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Huawei C8500
Huawei C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1

( Reference by xda-developers.com )

အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင် Z4root.apk ကို Download လုပ်ယူပါ။

Download: Z4root 1.3.0.apk

1. Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။

2. မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။

3. Z4root Application ကို အသုံးပြုကြည့်ပါမယ်။ Menu ထဲတွင်Z4root ကို ရှာပါ။ ဝင်ပါ။ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ လေ့လာကြည့်ပါ။



4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။

Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။

ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ​ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာ အောင်မြင်ပါပြီ။



Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူဖြင့် မည်သို့မှ မသက်ဆိုင်ပါလေ...။ 
 
 
မူရင်းပို့ရေးသားသူ။       ။အိုင်တီမန်း(မန္တလေး)