This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Sunday, 26 January 2014

အတွေးတစ်စနှင့် သချိ င်္ုင်းဝမှာ ရပ်နေမိတဲ့ ကျွန်မ

တနင်္ဂနွေ...
လက်ကျန်နေလေး မကောင်းလို့ အိမ်မှာ ငြိမ်ငြိမ်လေးနားဖြစ်ဖြစ်လိုက်တဲ့ တနင်္ဂနွေ...
လူက ငြိမ်ပေမယ့် မေ့ ထုံးစံအတိုင်း  အစာအိမ်ကမငြိမ်ဘူး....။
တစ်ဂွီဂွီနဲ့ သနားစရာသူတောင်းနေရှာတယ်။
တိတ်ဆိတ်နေတဲ့ အိမ်လေးထဲမှာ သနားစရာကိုယ်တစ်ယောက်ထဲ..။

ကိုယ့်အိမ်လေးထဲက သချိ င်္ုင်းငယ်လေးဆီ တိတ်တိတ်ကလေး လျှောက်လာပြီး သချိ င်္ုင်းတံခါးဝကို ဖွင့်လိုက်တယ်။

အတုံးငယ်လေးတွေအဖြစ် ခုတ်ထစ်ထားတဲ့ သားတစ်စတွေကို ယူငင်ပြီး ချက်ပြုတ်စားသောက်ဖို့ ဆေးကြော ပြင်ဆင်နေလိုက်တယ်။

ဟော...... ဆီပူပူထဲ ဟင်းခတ်အမွှေးအကြိုင်တွေထည့် ခုတ်ထစ်ထားတဲ့ သားတစ်စလေးတွေကို ထည့်ကာ ချက်ပြုတ်ပြီးချိန်မှာတော့ ရနံ့အရာမှာ မွေးပျံ့ကြိုင်လှိုင်နေသည့် အပုတ်ကောင်ကို ရုပ်သွင်ပြောင်းထားတဲ့ စားချင်စဖွယ် ဟင်းလျာတစ်မယ် မေ့ထမင်းစားပွဲပေါ်မှာ အသင့်ပါကွယ်..။

အစာအိမ်ဝမ်းမီးနဲ့ လောဘကို အတောမသတ်နိုင်သေးသည့် မေ ....၊  မေ့ သချိ င်္ုင်းငယ်လေး တံခါးဝကို ထပ်ပြီးတစ်ကြိမ် ဖွင့်မိပြန်တယ်။

အတုန်းအရုံးနှင့် စီကာလဲနေသည့် အသေကောင်တုံးလုံးလေးများကို ဆွဲချယူငင်ပြီး ထိုသူတို့ရဲ့ ကိုယ်ပေါ်မှာ အရေခွံများကို ဆတ်ခနဲ့ ဆတ်ခနဲ့ ဆွဲကာ ခွာယူနေတယ်။

အရေခွံအောက်က ထွက်ပေါ်လာတဲ့ အညစ်အကြေး တွေကို ရှင်းလင်းသုတ်သင်ပြီး နေက်ထပ်တဖန် ချက်ပြုတ်လိုက်ပြန်တယ်။

ဟော မေ့ရဲ့ ထမင်းစားစာပွဲပေါ်မှာ မွှေးမွှေးကြိုင်ကြိုင် လှလှပပ အသွင်ပြောင်းထားသည့် ဝက်သားလို့ခေါ်သည့် အသေကောင်ရဲ့ သားတစ်စတွေ ၊ စီကာရီကာ တုံးလုံးလဲနေကြသည့် ပုစွန်လို့ခေါ်သည့် အသေကောင်လေးတွေ ၊ ဟိုတစ်စ ဒီတစ်စ ညီညာစွာ ရှင်းလင်းထားခြင်းမရှိသည့် တို့စရာခေါ် ချုံပုတ်ကြီးတွေက နေရာယူနေလေပြီ........။

မေ တစ်ယောက်ထဲ တိုးတိတ်ဆိတ်စွာ အသေကောင်နှင့် သားတစ်စလေးတွေကို တစ်ကျွီးကျွီးနှင့် ဝါးပြီးစားနေလိုက်တာ ဒါကြီးက အသေကောင်ကြီးပါလားလို့ သတိမမူနိုင်အောင်ပါပဲလား..။

အသေကောင်တွေကို စားနေသည့် မေသည်လဲ အသေကောင်.... ။ အပုတ်ကောင်တွေကို စားနေသည့် မေသည်လဲ အပုတ်ကောင်.. အသေကောင် ၊ အပုတ်ကောင် က ထိုအသေကောင် အပုတ်ကောင်မျိုးကို ပြန်လည်စားသုံးနေလိုက်တာ မြိန်ရည်ယှက်ရည်...။

အသေကောင်းချင်းအတူတူ အသေကောင်မြုပ်နှံရာ သချိ င်္ုင်းမြေကို တစ်ယောက်ထဲ သွားဖို့ကျ ညအခါမပြောနှင့် နေ့အချိန်အခါလေးတောင် စိတ်တွေက ခြောက်ခြောက်ချားချား။

သရဲမကြောက်တတ်ဘူး ဘယ်လောက်ပဲ ဆိုဆို ဘယ်လောက်ပဲ စိတ်တင်းထားထား တိတ်ဆိတ်နေတဲ့ သချိ င်္ုင်းမြေမှာ အတုံးအရုံးစီကာလဲနေသည့် အုတ်ဂူဖြူဖြူလေးများက စိတ်ကို အနည်းငယ်ခြောက်ခြားစေတာတော့ အမှန်ပါ။

သချိ င်္ုင်းခြင်းအတူတူ တစ်ယောက်ထဲ ရှိနေတဲ့ အိမ်လေးထဲမှာ လေးထောင့် အုတ်ဂူလေးနဲ့ သချိ င်္ုင်းမြေလေး ရှိနေတာတော့ ကြောက်မက်ဖွယ်ရာဟုမမြင်မိခဲ့။
စီစီရီရီ လဲလျောင်းနေသည့် အသေကောင်များ ၊ သွေးစစွန်းနေသည့် ခုတ်ထစ်ထားသော သားတစ်စများကိုတော့ ကြောက်မက်ဖွယ်ရာဟု မမြင်မိခဲ့။

 ထိုအသေကောင်များ၊ သားတစ်စများကို ကြောက်မက်ဖွယ်ရာထက် စိတ်သုံးလိုစိတ်တွေ တစ်ဖွားဖွားဖြစ်ပေါ်လာအောင် စားသုံးလိုသည့် လောဘတဏှာက အမှောင်အဖြစ်  ဖုံလွှမ်းထားသည်။ ထို့ကြောင့် ကြောက်ရမှန်းမသိ မက်မောတွယ်တာမိခဲ့လေပြီ။

တဏှာ၏ စေခိုင်းချက်အောက်မှာ ငေါက်ငေါက်ပါလိုက်ရင်း အသေကောင်က အသေကောင်ကို နှစ်လိုစွာ စားသုံးနေလေပြီ။

တဏှာ၏ စေခိုင်းချက်အောက်မှာ နောက်ထပ်အသေကောင်တွေကို စားသုံးဖို့ အသေကောင်လေးများစွာကို မေ့အိမ်လေးထဲမှာ သိုလှောင်ထားမိပြန်ပါပြီ။


စားလက်စနဲ့ အစာအိမ်မှာနေရာလွတ်မရှိ ဗိုက်ပြည့်အင်နေချိန်မှာ သံဝေဂနဲ့ အသိတစ်ချက် ရရှိလိုက်ပေမယ့် ထိုအသိက မေ့စိတ်ထဲမှာ ဘယ်ချိန်ထိ တည်ကာမြဲနေမှာလဲ။

အတွေးတစ်စနှင့် မေပိုင်ဆိုင်ရာ မေ့အိမ်လေးထဲမှ သချိ င်္ုင်းတံခါးကို ခပ်ဖွဖွပိတ်ရင်း ချောခိုင်းမိလိုက်တယ်...။

နောက်ထပ်တစ်ကြိမ် ဆာလောင်မွတ်သိမ့်မှုတွေနှင့် တဏှာစေခိုင်းလျှင် ထိုသချိ င်္ုင်းတံခါးဆီ မကြောက်မရွံနှင့် ပြန်လာဖြစ်မည် ထင်ပါရဲ့...။
ထိုသို့နှင့် နောက်ထက် ဘယ်နှစ်ကြိမ်မြှောက်သော ခြေလှမ်းတွေ မေ့အိမ်လေးထဲက သချိ င်္ုင်းဝဆီ  လှမ်းကာလာနေမိမှာလဲ.........။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Sunday, 23 June 2013

ငရဲဘုံဘဝသို့ အတွေးရောက်ခြင်း



စကာင်္ပူနိုင်ငံမှာ တစ်ပတ်တာလုံး မီးခိုးငွေ့တွေ ဖုံးလွှမ်းပြီးမဲမှောင်နေတော့ အပြင်မထွက်ပဲ အိမ်တံခါးအလုံပိတ်၊ အဲကွန်းတွေ အကုန်ဖွင့်ပြီး အိမ်ထဲမှာ ခြေငြိမ်နေခဲ့တယ်။

လူဆိုတာက ခက်သား...။

စားသောက်ခြင်း ၊ အိပ်စက်ခြင်း အမှုကို မပြုမဖြစ်၊ ပြုရသည်ချည်း။ အိမ်ထဲအောင်းပြီး ငြိမ်နေတယ် ဆိုတာတောင် စားသောက်စရာ ပြည့်စုံမှ ငြိမ်နေနိုင်မှာလေ။ စားသောက်စရာ မရှိရင် ဘယ်လိုလုပ် အိမ်တွင်းပုန်းပြီး ငြိမ်နေနိုင်မှာလဲ။

မီးခိုးငွေ့တွေကလဲ တစ်ပတ်တာ အချိန်မျှ ကြာခဲ့ပြီဆိုတော့ တစ်ပတ်လုံးလုံး အပြင်မထွက်ပဲ ချက်စား၊ပြုတ်စားခဲ့လေတော့ အိမ်ထဲက ရေခဲသေတ္တာထဲမှာ ရှိတာလေးလဲ ပြောင်ကုန်ပြီ...။ စနေနေ့လည်း ရောက်ပြီဆိုတော့ အပြင်ကို မထွက်မဖြစ် ထွက်ကာ တစ်ပတ်စာဈေးဝယ်ထွက်ရပေအုံးမည်။

ဘတ်စ်ကာ (၄) မှတ်တိုင်စာ ဝေးသည့် ဈေးသို့ ဈေးဝယ်တွန်းလှည်းလေး ဆွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါသည်။ ပုံမှန်အားဖြစ် မနက်ပိုင်း လေ့ကျင့်ခန်းလေးအဖြစ်နှင့်သာ ဈေးဆီသို့ ကားမစီးဘဲ လမ်းလျှောက်သွားလေ့ရှိသည်။

ဒီမနက်တော့ မီးခိုးငွေ့တွေက ဖုံးလွှမ်း၊ ပူကလဲပူ ၊ ကားမှတ်တိုင်ရောက်တဲ့ အချိန် ကားကလဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ ကားပေါ်တက်ထိုင်ရင်း ဈေးထဲသို့ လိုက်သွားခဲ့မိသည်။

ပြွတ်သိပ် မွန်းကြပ်နေပြီး ၊တိုးကာဝေ့ကာ ကွေ့ဝှိုက်ရှောင်နေရသည့် စနေနေ့ရက်များ၏ ဈေးမြင်ကွင်းမှာ ယနေ့တော့ တစ်သီးတစ်ခြား ကွဲပြားကာ ခြောက်သွေ့လွန်းလှသည်။ လူတိုင်းကိုယ်စီ၏ မျက်နှာများမှာလဲ N 95 Mask များနှင့် မည်သူ ၊မည်ဝါဆိုတာတောင် သဲကွဲစွာ မှတ်မိခြင်းမရှိ။

ဒီနေ့တော့ အရင်ကလို ဈေးထဲမှာ စိမ်ပြေနပြေ လှည့်နေ၍ မဖြစ်။ ဝယ်စရာရှိသည်များကို သုတ်သုတ်ဝယ်ကာ အိမ်ကို ပြန်ရန် ခြေသုတ်နှင်ခဲ့ရသည်။ ကံလေးက အနည်းငယ် ဆိုးနေပြန်သေးတော့ ကားမှတ်တိုင်ရှေ့ ရောက်ခါနီးလေးမှာမှ မေစီးရမည့် ကားလေး ထွက်သွားသည်ကို ကားနောက်မြီးလေးကြည့်ရင်း မြင်တွေ့ခွင့်ရလိုက်သည်။

(၁၅) မိနစ်တာ ထပ်စောင့်ရမည့် နောက်ထပ်ကားတစ်စီးကို မီးခိုးငွေ့တွေကြားမှာ ထပ်ပြီးစောင့်နေရမည့်အတူတူ ထိုအချိန်ကာလက အိမ်ကို လမ်းလျှောက်ပြန်လျှင်လဲ အိမ်ပြန်ရောက်နိုင်သည့် လုံလောက်သည့် အချိန်ကာလမို့ အိမ်ကို လမ်းလျှောက်ပြန်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။

ခြေလှမ်းအစနှင့် အိမ်ပြန်ခရီးမှာတော့ သိပ်ပြီးထူးခြားမှုမရှိ။ ခြေလှမ်းကို မြင့်တင်ပြီး ကားတစ်မှတ်တိုင်စာ ကျော်ကျော်လေးကို ရောက်ရှိချိန်မှာတော့ ပူလောင်ခြင်းအရသာကို စတင်ခံစားမိလေပြီ။

ထိုပူလောင် အိုက်စပ်ခြင်းမှာ ရာသီဥတု ပူလောင်အိုက်စပ်ခြင်းမျိုးမဟုတ်ပဲ ၊ မီးပုံနဘေး မီးလှုံနေရသကဲ့သို့ ပူစပ်ပူလောင်။ အင်ဒိုနီးရှားမှာ လောင်တဲ့မီး ၊ စကာင်္ပူစီ မီးခိုးငွေ့ ချီယုံလေးမျှဖြစ် မီးအပူရှိန်က လေထုထဲမှာ ရောယှက်နေခဲ့သည်။

ပထမဦးစွာ ရှေ့ရင် PSL တွေ မြင့်တက်နေပါလျှက် အပြင်ထွက်ပြီး အလုပ်လုပ်နေရသည့် အလုပ်လုပ်သူတွေကို အတိုင်းအဆမရှိ သနားမိခဲ့သည်။ မေကမှ တစ်နာရီကြာမျှ ဈေးဝယ်ချိန် (၁၅) မိနစ်တာမျှ လမ်းလျှောက်ချိန်လေးမှာ ဤရွေ့၊ဤမျှ ပူလောင်နေလျှင် ၊တစ်နေကုန်နီးပါး အပြင်ထွက်ပြီး အလုပ်လုပ်နေသည့် လုပ်သားများ မည်မျှ ပူလောင်နေမည်လဲ။

ရှေ့ရက်တွေတုန်းက သူငယ်ချင်းတစ်ယောက်ကတော့ ညီးညူတာ ကြားခဲ့ဖူးသည်..။ ပုဝါကို ရေစွတ်ပြီးအုပ်တာ ခဏလေးနဲ့ ခြောက်လို့ အလျှင်မှီအောင် ပုဝါ နှစ်ထည် သုံးထည် ရေစွတ်စွတ်ပြီး အလုပ်လုပ်နေရတာလို့။ ခုလို အပြင်ထွက်ချိန်မှပဲ သူတို့ ခံစားရသည့် အပူမီးကို သေချာခံစားတွေးကြည့်နိုင်တော့သည်..။။

ထိုခဏတာမှာပဲ စိတ်က အာရုံတစ်ခုစီ ရောက်သွားခဲ့မိသည်။ အင်ဒိုနီးရှားနှင့် စကာင်္ပူသည် နီးသည် ဆိုပေမဲ့ ဝေးနေသေးသည်။ ဆူမာထြာ မှာ လောင်သည့် တောမီးသည် စကာင်္ပူထိ မကူးစက်နိုင်ချေ။ ပင်လယ်ရေပြင်ကြီး ခြားနေသေးသည်။ လေနှင်ရာ ရွှေ့လျားနေသည့် မီးခိုးငွေ့တွေကသာ ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ သူနှင့်အိမ်နီးချင်း စကာင်္ပူသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မီးခိုးငွေ့တွေနှင့်အတူ ပြာမှုန့်များက ကပ်ပါလာသည်...။ ပင်လယ်ပြင်ကို ဖြတ်ကျော်လာခဲ့သည့် အပူရှိန်သည် မဆိုစလောက်လေးမျှသာ ကျန်နေခဲ့တော့မည်။

ယခုကဲ့သို့ မဆိုစလောက်လေး ကျန်နေသေးသည့် အပူရှိန်ပင်လျှင် ဤမျှလောက် ပူစပ်ပူလောင်ဖြစ်နေလျှင် တငြီးငြီးနှင့် တောက်လောင်နေသည့် မီးသည် မည်မျှ ပူလောင်လိုက်မည်နည်း။ ငရဲပြည်မှ ငရဲသားများ မည်မျှ ပူလောင်ကြမည်နည်း။ ထိုအပူမီးကို တွေးဆကာ ကြောက်ရွံ့လာခဲ့မိသည်။ ငရဲသားများ၏ ဘဝကို စာနာသနားခဲ့မိသည်။

မီးခိုးငွေ့များနှင့် စကာင်္ပူနိုင်ငံ၏ ခဏတာ အချိန်ခါသည် မေ့အဖို့ သဘာဝဘေးဟု မတွေးဖြစ်ခဲ့ပဲ ငရဲပြည် အတိတ်နမိတ်ပုံလေလားလို့ တွေးကြည့်ခဲ့ရင်း ကြောက်ရွံ့ ထိတ်လန့်စိတ်များနှင့်အတူ မေ့ရဲက နက်ဖြန်များကို ဆထက်တန်ပိုး ၊ ပိုလို့တိုးအောင် ကောင်းမှုများဖြစ်သာ ဖြတ်သန်းနေတော့မည်ဟု ယတိပြတ်ဆုံးဖြတ်ခဲ့မိလေသည်။





... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Thursday, 20 June 2013

(၇)နှစ်သမီးလေးမှ သမ္မတ အိုဘားမားဆီသို့ ပေးစာ

စကာင်္ပူနိုင်ငံမှာ လက်ရှိနေထိုင်နေသည့် (၇)နှစ် သမီးအရွယ် ၊အမေရိကန်သူလေး  Natalia Byer က အမေရိကန် သမ္မတ ဘားလက် အိုဘားမားဆီသို့ သူ့ကိုယ်ပိုင် လက်ရေးလေးနဲ့ စာရေးဖို့ ကြိုးစားခဲ့ပါတယ်။

သမ္မတ အိုဘားမားကို “သမ္မတကြီး သင့်ရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ အင်ဒိုနီးရှားကို ကျေးဇူးပြုပြီး တောမီးရှို့ခြင်းကို ရပ်တန့်ပေးဖို့ ပြောပေးပါ။ ယခုလို ညော်နံ့၊မီးခိုးငွေ့တွေကြောင့် အပြင်ထွက်ပြီး ကစားခွင့်မရလို့ပါ။
ယခုလို မီးခိုးမှိုင်းတွေနဲ့ ညော်နံ့တွေဟာ လူသားတွေနဲ့ တိရိစ္ဆာန်တွေကို ဆိုးကျိုးဖြစ်စေပါတယ်။
မိုးသားကောင်းကင်မှာလဲ တိမ်လေးတစ်မြူ ၊ (သို့) အပြာရောင်ကောင်းကင်ကြီးဆိုတာတောင် တွေ့ခွင့်မရှိတော့ပါဘူး။ နေလုံးကြီးက အရောင်တောက်ပစွာ နီရဲလွန်းနေတယ်။ အားလုံးကိုယ်စီ မျက်နှာဖုံးတွေ ဝတ်ထားကြရပါတယ်။
လေယာဉ်ကြီးလဲ မပျံသန်းနိုင်တော့ပါဘူး။ McDonald's ဆိုင်ကလဲ သူ့ရဲ့ အစားအသောက်တွေ အော်ဒါမှာရင် အိမ်တိုင်ရာရောက် လိုက်မပို့တော့ပါဘူး။ ပြီးတော့ ရာသီဥတုက အရမ်းကို ပူအိုက်လွန်းနေပါတယ်”


နင့်ရဲ့ သူငယ်ချင်း

 Natalia Byer

P.S .ယခု စာကို ရေးသားသောသူ။





(၇) နှစ်သမီးအရွယ်လေးတစ်ယောက်ရဲ့ ရေးသားထားသော စာလေးကို ဖတ်အပြီးမှာ မေ့ရင်ထဲ ခံစားချက်မျိုးစုံ တိုးဝင်လာပါတယ်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကို သူတွေ့နေ၊မြင်နေ သလောက် ခံစားရေးထားတာလေ။

လူသတ္တဝါနှင့် တိရိစ္ဆာန်လေးတွေအတွက် ကြင်နာသနားတတ်တဲ့  စိုးရိမ်စိတ်လေးနှင့် တွေးပူတတ်ပုံလေး...။

လေထုညစ်ညမ်းမှု ၊ ပတ်ဝန်းကျင် သဘာဝအလှကို ပျက်စီးဆုံးရှုံးမှာ စိုးရိမ်လိုစိတ်။

ဖြစ်ပေါ်နေတဲ့ အခြေအနေကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ရေးသားပြီး အမေရိကန် သမ္မတ တစ်ယောက်စီသို့ ပို့ဆောင်ရန် ကြိုးစားလိုစိတ်။


မေတို့တွေ က ပူလို့၊ညော်လို့၊မျက်စိစပ်လို့၊ အသက်ရှုကြပ်လို့ ကိုယ့်တစ်ယောက်ထဲ ခံစားနေရတာကိုသာ ညီးတွား စိတ်ဓာတ်ကျနေချိန်မှာ သူလေးက သမ္မတ တစ်ယောက်စီ အကူအညီပေး ဟန့်တားပေးဖို့ စာရေးနေပြီတဲ့။

လေးစားပါတယ် ကလေးမလေးရယ်။



... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Saturday, 9 March 2013

အလှစစ်နှင့် လှနေကြသူများ










မြန်မာဝတ်စုံဆိုတာ သိပ်ကို လှပတဲ့ ဝတ်စုံလေးပါ။ လူမျိုးမရွေး၊လူတန်းစားမရွေး ၊ ဝတ်ဆင်သူတိုင်းနှင့် လိုက်ဖက်တင့်တယ်သည့် ဝတ်စုံလေးပါ။ ခုလို လူမျိုးမရွေး၊လူတန်းစားမရွေး လိုက်ဖက်သည်ဟု သုံးနှုန်းပြီးပြောဆိုခြင်းမှာ မည်သည့် နိုင်ငံဖွား ၊မည်သည့်တိုင်းရင်းသား၊မည်သည့် အသားရောင်၊ မည်သည့် ခန္ဓာကိုယ်အချိုးအစား ရှိနေပါစေဟု ဆိုလိုလျှက် ဘယ်လိုဝတ်ဝတ် လှမြဲ လှလျှက် ၊ အလှမပျက် ဝတ်ဆင်နိုင်သည့် ဝတ်စုံဟု ဆိုလျှင် မည်သူကများ မှားပါသည်ဟု ဆိုကြမည်နည်း။ မည်သူမှ ဆိုနိုင်ကြမည်မထင်ပါ။

အတို၊အပြတ် ၊ အဟိုက်၊အကွဲများ ရှောင်ကာ လုံလုံခြုံခြုံ ချပ်ချပ်ရပ်ရပ် ဝတ်ဆင်သူတိုင်းကို လှပစေတာ မြန်မာဝတ်စုံလေးပါ။ အနောက်တိုင်းကိုမှ အထင်ကြီး၊ ဖွံ့ထွားသည့် ခန္ဓာမှာ ကောက်ညင်းထုပ်ကြီးစီးသလိုအနေအထားမျိုးဝတ်မှ အထင်ကြီးသူများအတွက် မြန်မာဝတ်စုံဆိုတာ ထို ဒူးပေါ်၊ရင်ပေါ်၊ကောက်ညှင်းထုပ်များထက် ပို၍ သာလွန်ခဲ့ကြောင်းကို မျှဝေပေးပါရစေရှင်။
ယခုပုံများကိုတော့ အင်တာနက်စာမျက်နှာပေါ်မှ ရှာဖွေစုဆောင်းခဲ့ပြီး ဓာတ်ပုံဖန်တီးရှင်နှင့်တကွ ကာယကံရှင်များအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲပြောပါရစေရှင်...။








ကိုးရီးယားမင်းသမီးလေး၏ မြန်မာဝတ်စုံနှင့် ပြည့်စုံလွန်းသည့် အလှ
































.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

 



Thursday, 3 January 2013

သနားညှာတာခြင်းများ ပေးလှည့်ပါ


အိုး . . . . . . အသင်လောက


အသင်သည် တည်ငြိမ်ရင့်ကျက်ခြင်းနှင့် ပြည့်စုံပါပေသည်။

အသင်၏အရိပ်အား ခိုဝင်လာသည့် သတ္တဝါအပေါင်းတို့အား ညီမျှစွာသော မေတ္တာကို ပေးဝေခဲ့ပါသည်။


အိုး . . . . . . . အသင်လောက

ပြည့်စုံသူတို့သည် အသင့်အား ပျော်စရာကမ္ဘာလေးအဖြစ် သတ်မှတ်ကာ ချီးကျူးကြကုန်လေသည်။

မပြည့်စုံသူတို့ကား အသင့်ကမ္ဘာအား ကဲ့ရဲ့ကြကုန်လေသည်။


အိုး. . . . . အသင်လောက

ရိုးသားဖြူစင်သူတို့သည် အသင့်အား နေရာပေး ဦးညွှတ်ကာ အသင့်အရိပ်အောက်၌ ငြိမ်းအေးစွာ အိပ်စက်ကြလေသည်။

ကောက်ကျစ်လှည့်ဖြာသူတို့သည် အသင့်အား လှည့်စားတတ်သည့် လောကကြီးဟု ထိုသူတို့ လှည့်စားမှူအပေါ် လက်ညှိုးထိုးစွပ်စွဲကြကုန်လေသည်


အိုး . . . . . .အသင်လောက

အချို့ အချို့သော သူများ၏ လှည့်စားမှူကြောင့် အသင့်အား မာယာများသော လောကကြီးဟု သမုတ်ကြလေသည်။

စက္ကန့်နှင့်အမျှ ပြောင်းလဲတတ်သော လူ့စိတ်များကြောင့် အသင်သည်လည်း မာယာများသော လောကကြီး ဖြစ်ခဲ့လေသည်။


အိုး . . . . . အသင်လောက

အသင်သည် အသင့်အိမ်အရိပ်အောက်တွင် နေထိုင်သူများအား တူညီသော မေတ္တာများစွာကို ပေးခဲ့သည်။

သို့သော် မေတ္တာ ခံယူသူများ၏ ခံယူပုံများအလိုက် ကွဲပြားခြားနားခဲ့လေသည်။
အိုး . . . . အသင်လောက
အသင်သည် အသင့်အား တုံ့ပြန်လာသော တုံ့ပြန်မှုအမျိုးမျိုးတို့ကို အိနြေ္ဒကြီးစွာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရင့်ကျက်သော အပြုံးနှင့် မပြောင်းလဲသော မေတ္တာနှင့် တုံ့ပြန်တတ်ခဲ့သည်။


အိုး . . . . . . .အသင်လောက

အသင့်အရိပ်၌ ခိုဝင်နေသော ကျွန်ုပ်၌ ကြမ်းတမ်းသော လက်တစ်စုံ ရှိနေပေသည်။

သို့သော် ကျွန်ုပ်၏ နှလုံးသားသည် နူးညံ့လွန်းပေသည်။




ကျွန်ုပ်၏ အဝတ်အစားများသည် ညစ်နွမ်းနေလေသည်။

သို့သော် ကျွန်ုပ်၏ နှလုံးသား ဖြူစင်လွန်းလှပေသည်

ထိုနှလုံးသားမှ ပေါက်ဖွားလာသော အချစ်များစွာတို့သည်လည်း ဖြူစင်လွန်းလှပေသည်။



အိုး . . . . အသင်လောက

ကျွန်ုပ်၏ ခြေထောက်များသည့် နေရာအနှံ လှည့်လည်သွားလာတတ်ခဲ့သည်။

သို့သော် လှည့်လည် လှည့်စားသော စိတ်ထားများ ကျွန်ုပ်တွင် မရှိခဲ့ပါ။



အိုး....အသင်လောက

နှလုံးသား နူးညံ့၍ ဖြူစင်လွန်းသော အကျွန်ုပ်သည် လှည့်စားခံရခြင်းကို ခံနိုင်ရည် ရှိနိုင်မည် မထင်ပါ။

သို့ပါသောကြောင့် လှည့်စားတတ်သော ၊ လိမ်ညာတတ်သော၊ ရက်စက်ကြမ်းကြုတ်တတ်သော နှလုံးသားရှိသူ ထိုသူတို့နှင့် ကွေကွင်းခြင်းကို စွမ်းဆောင်ပေးလှည့်ပါ။




အိုး . . . . .အသင်လောက
ကျွန်ုပ်သည် မေတ္တာထားတတ်သော ၊ သနားကြင်နာတတ်သော၊ ဂရုဏာရှင်များနှင့်သာ တွေ့ဆုံရလိုသည်။ ကျွန်ုပ်ကိုယ်တိုင်မှလဲ ထိုသို့သော နှလုံးသားရှိအောင် ကြိုးစားခဲ့ပေသည်။
အိုး . . . . အသင်လောက
ကျွန်ုပ်သည် အသင့်ကဲ့သို့ ကြီးမြတ်သောနှလုံးသားကို ပိုင်ဆိုင်လိုပါသည်။ ခွင့်လွတ်နားလည်တတ်သော စိတ်ထားမြတ်ကို ပိုင်ဆိုင်လိုပါသည်။ အကျွန်ုပ်အား မညာတာသူ လူသတ္တဝါတို့အားလည်း တူညီသော တုံ့ပြန်မှုမထား ခွင့်လွတ်စိတ်ထားခြင်ပါသည်။ အဃာတမထား ၊စေတနာများနှင့်သာ ထိုသူအား လမ်းမှန်ပြသစေလိုပါသည်။
အိုး . . .အသင်လောက
အကျွန်ုပ်အား ထိုသို့သော မေတ္တာမျိုး ပေးသနားလှည့်ပါ။ သီးခံခွင့်လွတ်တတ်သော ဂရုဏာစိတ်ထား ပေးသနားလှည့်ပါ။ နာကျင်လွယ်သော အကျွန်ုပ်၏ နှလုံးသားအား ရင့်ကျက်ခြင်းအပြည့်ဖြည့်၍ ရှေ့ဆက်ရမည့် ကျွန်ုပ်၏ ဘဝခရီးကို ဆက်လက်တွဲခေါ်လှည့်ပါ။
ကျွန်ုပ်သည် လူသားထဲမှ လူသား ၊ ထိုလူသား ကျွန်ုပ်အား ကြင်နာစွာ စောင့်ရှောက်တတ်သော မိတ်ဆွေများဖြစ် ပျော်ရွှင်ဖွယ်သော ကမ္ဘာလေးသို့ ပို့ဆောင်ပေးပါ ဟု.................



.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်




--
maythazin

Saturday, 29 December 2012

အကျီ င်္ပါးနှင့် အပျိုရွယ်

မင်းသမီးတစ်ယောက်ရဲ့ ကြော်ငြာတစ်ခုမှာ ဝတ်ဆင်ထားသည့် အကျီ င်္ပါးကြောင့် စာမရေးဖြစ်တာ ကြာပြီးဖြစ်သည့် မေ့စိတ်ဆန္ဒလေး နိုးထလာခဲ့ပြန်ပါပြီ။
ကြော်ငြာပုံလေးကို ကြည့်နေမိသည်။ ထပ်၍ ထပ်၍ ကြည့်နေမိသည်။ ထို့အကြည့်နှင့် ပြိုင်တူ သက်ပြင်းရှိုက်သံတွေ လှိုင်းထနေသည်။
ဟူးးးး


အဝတ်အစား ဝတ်ခြင်းနှင့် မဝတ်ခြင်း ဘာမျှပို၍ ထူးခြားမှုရှိတော့မည်မထင်။ မြန်မာအမျိုးသမီးတစ်ယောက်အနေနှင့်(သို့) မြန်မာပြည်သူများ၏ ချစ်ခင်မြတ်နိုးသည့် သရုပ်ဆောင်အမျိုးသမီးတစ်ယောက်အနေနှင့် ထိုသို့သော  ကြည့်ရသည်မှာ ရှက်ဖွယ်လိလိဖြစ်သည့် ရိုင်းစိုင်းသည့် အဝတ်အစားမျိုးနှင့် ရမ္မက်ကြော်ငြာရန်မသင့်ဟုတော့ မေ ပြောချင်ပါသည်။
ခေတ်မီလာသည်ဟု ဆိုရမလား ၊ခေတ်ကို ကျော်လွန်သည်ဟု ဆိုရမည်လား ငွေကြေးတစ်ခုနောက်ကောက်ကောက်ပါ လိုက်နေမိကြရင်း အရှက်ကို မေ့ပျောက်ထားကြလေသည်။

အကျီ င်္ပါးအရေးတော်ပုံ

၁၂၅၃ ခုနှစ်မှ စ၍ ထူထဲသော ပိတ်သားစများနှင့် လုံလုံခြုံခြုံ ချုပ်ဝတ်ရသည့် မြန်မာ့ဝတ်စုံများကြားတွင် ခေတ်ဆန်သည့် ခေတ်သမီးပျိုများကြောင့်  အင်္ကျီအပါးစများဝတ်ဆင်ခြင်း စတင်လာခဲ့ကြပါသည်။ ထို့နောက်တွင်တော့ ကာတွန်းဦဘကလေးမှာ ကာတွန်များရေးဆွဲပြီး ထိုခေတ်အခါက တစ်ခေတ်ဆန်းခဲ့သည့် သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သည့် ဆုံးမကာတွန်းများကို ရေးဆွဲကာ၊ မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်မှု ရှောင်ကြဉ်ကြရန် စာရေးဆရာများ သတင်းစာဆရာများက ဆုံးမကြလေသည်။
မြန်မာအမျိုးသမီးအချို့တို့သည် အင်္ကျီပါးကို ဆန့်ကျင်၍ ပင်နီအကျီ င်္ယောလုံချည်ကို ဝတ်ဆင်ကြလေသည်။ အင်္ကျီပါးနှင့် ပတ်သက်သည့် တပေါင်များ တေးသီချင်းများစပ်၍ ဆိုလာကြသည်။
၁၃၀၀ပြည့် အရေးတော်ပုံကာလတွင် သက်ကြီး အမျိုးသားများနှင့် ရဟန်းများက သံချိတ်၊ကပ်ကြေး၊ကြိမ်လုံးများကိုင်ဆောင်ကာ အင်္ကျီပါးဝတ်ဆင်သူများကို ဆန္ဒပြဆုံးမခဲ့ကြပါသည်။ မန္တလေး မဟာမြတ်မုနိဘုရားရှေ့တွင် အကျီ င်္ပါးများ အလှူခံပွဲကျင်းပခြင်း၊ ထိုနယ်တဝှိုက်တွင် အကျီ င်္ပါးများ မီးရှို့ဖျက်စီးခြင်းများပြုလုပ်ခဲ့ဖူးပါသည်။
၁၉၄၁ခုနှစ်ဝန်းတွင်  အင်္ကျီပါးအရေးတော်ပုံ စကားရည်လုပွဲများအဖြစ် အကျီ င်္ပါးဘက်မှ ထောက်ခံသူ မြင်းခြံစိုးမြင့် -အကျီ င်္ပါးမဝတ်ထိုက်ဟု ကန့်ကွက်သူ မေမြို့မခင်သန်းရီ စသည်တို့ နှစ်ဦး၏ အပြန်အလှန် ထောက်ခံချေပ ကန့်ကွက်မှုများဖြစ် ဂျာနယ်ကျော်၏ အခန်းကဏ္ဍတွင် အပတ်စဉ်ထည့်ဝင်ခြင်းဖြစ်ခဲ့သည်အထိ အကျီ င်္ပါးအရေးတော်ပုံသည် ကြီးမားကျယ်ပြန့်လာခဲ့သည်။
၁၉၄၁-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ထုတ် ဟံသာဝတီဂျာနယ်၊ ကာတွန်း ရုပ်ရှင်အခန်း ကဏ္ဍတွင်လည်း ခေတ်ကာလ အင်္ကျီပါး များ ပါးလွှာကျပ်တည်း ထင်ပေါ်လွန်းသည်ဟု အယူရှိကာ အမျိုးမျိုး ဆူပူ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ထိုမျှအထိ အင်္ကျီပါးပြဿနာများ ပေါ်ပေါက်ခဲ့သည်။
“မပါးလျှင်တိုမည်။ အရှေ့မတိုလျှင် အနောက် တိုမည်။ အထက်မတိုရလျှင် အောက်ပိုင်းတိုမည် . ထိုသို့ကြံစည်လာပါက မည်သို့အရေးယူရမည်နည်း” ဟု ကာတွန်းဆရာကြီး ဦးဘဂျမ်းမှ ကာတွန်းများရေးဆွဲပြက ထိုခေတ်၏ သရုပ်ကို ထင်ဟပ်ခဲ့စေသည်။

ထိုခေတ်မှ စတင်ခဲ့သည့် အင်္ကျီပါးနှင့် ပျိုမေများဝတ်စားဆင်ယင်မှုသည် ယနေ့တဖန်ဆန်းသစ်လာခဲ့ပြန်ပေပြီ။ အသားဆိုင်ကို မြင်ရလောက်သည့် အပါး ၊ မမြင်ဝံ့ မမြင်အပ်သည့် အသားအရည် ကို မြင်သာအောင်ထုတ်ပြနေသည့် အပေါ်တို ၊အောက်တို အတိုအပြတ်များဖြစ် ရေပေါ်ဆီ လူ့အသိုင်းအဝိုင်းမှ စတင်လာသည့် ယဉ်ကျေးမှုများကြောင့် ယနေ့ ခေတ်ကာလတွင်  မြန်မာဟုသည် ဝတ်စားဆင်ယင်မှုတစ်ခု ဖုံးအုပ်လုလု ဖြစ်နေခဲ့ချေပြီ။



အရှက်နှင့် သိက္ခာကို လဲလှယ်ကာ ငွေကြေးနောက်လိုက် ၊အမျိုးဂုဏ် ၊ ဇာတိဂုဏ်ကို ရေပုတ်မြောင်းထဲ လွင့်ပစ်ကြပေတော့မည်။ အရက်ကြော်ငြာထက် ရမ္မက်ကြော်ငြာကို ဦးစားပေးရိုက်နေသည့် ကြော်ငြာများတွင် ထိုပြည်သူချစ်သည့် သရုပ်ဆောင်သမီးပျိုများက
ကွေး-ကောက်-ကုန်း-ကော့-ကား ကာ အမူအရာရိုင်းများဖြစ် ရှေ့က လှမ်းပြ နေပေပြီး။ မခို့တရို့ အပြုံးများက ယိုသူမရှက် မြင်သူရှက်ကာ သူ့အရှက်တွက် နှမျောတမ်းတနေခဲ့မိသည်။ နောင်အနာဂတ် ခေတ်သမီးပျိုများအတွက် ရင်လေးနေမိသည်။
ခေတ်ကို အမှီလိုက်၍ ဝတ်စားဆင်ယင်နိုင်ကြပါသည်။ သို့သော် ခေတ်ကို ကျော်လွန်ရန်တော့ မတွေးကြပါနှင့်။
မိမိသည် အရှက်သိက္ခာကြီးသည့် မြန်မာပြည်ဖွား သမီးပျိုလေးများ ဖြစ်သည် ဆိုသည့် အသိ ၊ အတွေးအခေါ်များနှင့် ဆင်ခြေကြကာ အရှက်သိက္ခာရှိရှိ လုံခြုံစွာဝတ်တတ်ကြစေလိုပါသည်။
“တောင်းမှာအကွပ် လူမှာအဝတ်”
မိမိ၏ ဝတ်စားဆင်ယင်မှုသည် မိမိ၏ အဆင့်အတန်း ၊လူနေမှုစရိုက် အကျင့်သိက္ခာကို ရည်ညွှန်းဖော်ပြနေလေသည်။ ထိုစရိုက် လက္ခဏာကို သုံးသပ်၍ မိမိ၏ လူနေမှုသည့် မြင့်မားသော အဆင့်တစ်ခုတွင် ရပ်တည်နိုင်ကြပါစေဟု ဆုတောင်းရင်းဖြစ်သာ။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Thursday, 13 December 2012

အလွမ်းခရီးသည် မိတ်ဆွေများအတွက် ခရစ္စမတ်အကြိုပွဲ


ခရစ္စမတ်လို့ အသံကြားရင် လူသားအများစုက ပျော်ရွှင်ကြတယ်။ ခရစ်ယာန်ဘာသာဝင်တွေရော၊ခရစ်ယာန် ဘာသာဝင်မဟုတ်သည့် ဘာသာဝင်တွေဆီသို့ပါ အပျော်တွေ ကူးစက်လေ့ရှိကြတယ်။
ပွဲတော်ရက်ကြောင့်လား ၊ ကျောင်းတွေ ၊ရုံးတွေ ပိတ်တာကြောင့်လား ၊ လက်ဆောင်ပစ္စည်းတွေကြောင့်လားတော့ သေချာမသိပါ။  ပျော်ရွှင်မှုတွေကတော့ အနည်းနှင့်အများ ကူးစက်ခံရတာ အမှန်ပါရှင်။
ကျောင်းနေတုန်းက ခရစ္စမတ်အချိန်ရောက်တိုင်း ဒီဇင်ဘာ(၂၃)ရက်ဆို ဒီဇင်ဘာလရဲ့ နောက်ဆုံးကျောင်းတက်ရက်အဖြစ် ခရစ္စမတ်အကြိုပွဲတော်ကို ကျောင်းမှာလုပ်ပေးခဲ့သည်။ သီချင်းတွေ ဆိုကြ၊ ပြဇာတ်ကကြနှင့် တစ်ကျောင်းလုံးက စည်စည်ကားကား ပျော်ရွှင်ခဲ့ကြပါသည်။
အပျော်ရွှင်ဆုံး အချိန်ကတော့ ခါးကြီးကိုင်းမတတ် လေးပင်လှသည့် လက်ဆောင်အိပ်ကြီးသယ်ဆောင်လာသည့် Santa Claus ဘိုးဘိုးကြီးရောက်လာချိန်ပေါ့။





စန်တာရဲ့ အိပ်ထဲမှာ လက်ဆောင်ပစ္စည်းအစုံနဲ့ သကြားလုံးတွေ ချော့ကလက်တွေလဲ ပါဝင်တယ်လေ။  စန်တာက လက်ဆောင်တွေကြဲကျလိုက်သည့် အခါတိုင်း သူငယ်ချင်းတွေ အလုအယက် လုရတာကိုက ပျော်ရွှင်စရာပါ။ ရသည်မရသည် အပထား ထိုပွဲလေးမှာ အားသွန်ခွန်စိုက် လုကြလေ့ရှိပါသည်.။ ပွဲလေးပြီးရင်တော့ ငါက ဘာရတယ်..ဘယ်လောက်ရတယ် ငြင်းကြ ၊ခုန်ကြရင်း သူငယ်ချင်းတွေ အတူတူ အလဲအလှယ်လုပ် ဝေစားလေ့ရှိကြပါသည်။

ထိုခရစ္စမတ်အကြိုပွဲလေးပြီးလျှင် ကျောင်း(၁၀) ရက်ပိတ်မှာဖြစ်သောကြောင့် ကျောင်းပိတ်၍ ကျောင်းကိုမလာရ၍ ပျော်သည်က တစ်ဝက်၊ ကျောင်းပိတ်လျှင် သူငယ်ချင်းများနှင့် ခွဲခွာရကာ အရင်လို ကစားခွင့်မရ၍ ဝမ်းနည်းသည်က တစ်ဝက် အငိုမျက်လုံးအပြုံးမျက်နှာ ငိုတစ်ဝက်ရယ်တစ်ဝက် ငိုမဲ့မဲ့နှင့် လမ်းခွဲခဲ့ရသည့် နေ့တွေကို ယခုတိုင်မှတ်မိနေဆဲပါ။

ကာလတစ်ခုကို လွန်မြှောက်၍ အရွယ်လဲရောက်ပြီး။ ဘဝအတွက် စာသင်ချိန်တွေလဲ ကုန်ဆုံးသွားခဲ့ပြီ။ ငယ်ငယ်တုန်းကလို စန်တာခလော့ဆီမှာ လက်ဆောင်ပစ္စည်းတွေကို လုယူဖို့လည်း အခွင့်မရှိတော့ပါ။ ငယ်ဘဝကို တမ်းတရင်း ဒီနေ့တော့ အလွမ်းခရီးသည်လေးမှာ ခရစ္စမတ်အကြိုပွဲလေး လုပ်ကြရအောင်လို့ တွေးလိုက်မိတယ်။

Santa Claus ကြီးကို ခေါ်လိုက်ကြရအောင်နော်။ စန်တာကြီးက သူ့ရဲ့ သမင်ရထားကြီး စီးပြီးလာပါပြီ။











သူငယ်ချင်းတွေကို လက်ဆောင်ပစ္စည်းတွေ ဝေပေးပါတော့မယ်။





ခရစ္စမတ်သစ်ပင်အောက်မှာ မိမိလိုချင်သည့် လက်ဆောင်တွေသာ တောင်းယူကြနော်။





ဟောဒီမှာ အလွမ်းခရီးသည် သူငယ်ချင်း မိတ်ဆွေများအတွက် Santa ဆီမှာ ဆုတောင်းစကား

လင့်လေး နှိပ်ပြီး နားဆင်ပါရှင်။


ဒီလင့်လေးကို ကလစ်နော်


ပျော်ရွှင်ကြပါစေ။

Wednesday, 14 November 2012

ကပ်လျှက် ခြေလှမ်းများ



ယနေ့ ” ပစ္စုပ္ပန်မှာ လှမ်းနေသော ခြေလှမ်းတို့အား ခေတ္တခဏ ရပ်၍ ။ အတိတ်သို့  ခေတ္တခဏ ပြန်တွေးကြည့်မိပါသည် ။ 

ငါ ”  ပြုလုပ်ခဲ့သော  ကောင်းမှု  မကောင်းမှု တို့သည် ။ ငါ လှမ်းနေသော  ခြေလှမ်းများကဲ့သို့ ။ ဘယ်ခြေလှမ်းပြီးလျှင် ။ 

ညာခြေသည်  သူ့အလိုလို  လှမ်းလာသကဲ့သို့ ။ ကောင်းမှု မကောင်မှုတို့သည် ၊ ငါ၏ လှမ်းနေသော  

ခြေလှမ်းများကဲ့သို့ပင် ။ သူ့အလိုလို လိုက်ပါ၍ လာလိမ့်မည် . . . . . . . ။




(လွမ်းရီးသည် ..)

Sunday, 11 November 2012

မေ့နှလုံးသားလေး ပြုပြင်နေဆဲ

မောင်.......
လွမ်းနေပါတယ်ဆိုတဲ့ အလွမ်းတွေထက် ပိုပိုတိုးလို့ လွမ်းနေမိတယ်..။
မေ့ရင်ထဲကအလွမ်း အတိုးတွေထပ်ပြီး ပိုလွမ်းလေသလား...။
မောင်ရေ....ချစ်ခွင့်ရတဲ့ အချိန်ထက် အလွမ်းရက်က ရှည်မယ်လို့ ကြိုတင်များသိခွင့်ရခဲ့ရင်ဖြစ် မောင်နဲ့ချစ်နေခွင့်ရတုန်းအချိန်လေးမှာ စိတ်ဆိုး၊စိတ်ကောက် ၊ဆိုးနွ့ဂျီကျခဲ့သမျှ အချိန်တွေကို ပြန်လည်သိမ်းနှုတ်ရင်း ကြည်နူးစရာ အချိန်တွေပဲ ပြန်လည်ဖြည့်ဆည်းလိုက်ချင်ပါတယ်။
ခုလိုမျိုးများ ခွဲနေရသည့်ရက် ကြာမြင့်မည်ဆိုတာ သိခဲ့ရင်ဖြစ် ထိုစဉ်က မေပိုင်ဆိုင်ခဲ့သမျှ အချိန်တွေ မောင့်နားထားကာ ကုန်ဆုံးစေပါတယ်။

မေ စိတ်ကောက်တဲ့ အခါတိုင်းမှာ “မောင်ဘာကိုမှ မပြောချင်ပါ..မောင့်ရင်ထဲက အချစ်တွေကို မမြင်ဘူးဆိုရင် မေ သဘောကျ စိတ်ကောက်ပါ” လို့ မောင်ပြောနေကျ စကားလုံးတိုင်းကို ကြားယောင်နေမိတယ်မောင်။
အချစ်ဆိုတာ နွယ်ပင်လိုပဲ..အမှီရှိရာကို လိုက်တယ်။ မေ့ကို မောင်ထက်ပိုတိုး ကြင်နာသူများ တွေ့သွားခဲ့ရင် မေ့လိုက်သွားမှာစိုးတယ်လို့ တိုးဖွဖွ မောင့်စကားသံမေ အမှတ်ရနေဆဲပါမောင်။
စိတ်မချစွာနဲ့ တိုးဖွဖွ မောင့်စကားကို ထည့်သိုသိမ်းဆည်းထားခံရတဲ့ ဟောဒီနှလုံးသားမှာ မည်သူအတွက်မှ လစ်လပ်မပေးခဲ့ပါဘူးမောင်။
နေ့သစ်တွေရောက်လေတိုင်း ပြုံးချိုချို၊ရယ်စစ မျက်နှာလေးနဲ့ မောင်များ ဘွားခနဲ့ မေ့ရှေ့ရောက်လာမလားလို့ တွေးမျှော်နေခဲ့ရတာ အခန်းတံခါးပိတ် မီးရောင်စုံမှိတ်တဲ့ ညချိန်ခါထိပါပဲမောင်။
တိုးတိုးဖော် ခေါင်းအုံးလေးပေါ် မျက်ရည်အဖြစ်ပြောင်းလဲ မောင့်ကို လွမ်းသမျှ ဖွင့်အန်ချဖြစ်ခဲ့တာလဲ ညစဉ်တိုင်းပါမောင်။ ညရောက်မှာကို မေကြောက်တယ်။ အထီးကျန်အလွမ်းတွေနဲ့ အခန်းကျဉ်းလေးထဲမှာ မွန်းကြပ်မှုတွေကို ရင်ဆိုင်နေရတဲ့ အဖြစ်တွေကို မေ ကြောက်ရွံ့လှပြီ။
အတူနေစဉ်ကာလလေး ခဏလေးတောင်မဝေးချင်တဲ့ မေ ၊မောင့်ကို လွမ်းလို့ အိပ်မရပါ ဆိုကာ ဆိုးနွဲ့ခဲ့စဉ်တိုင်း “စပျစ်သီးလေးတစ်လုံး ရေခဲသေတ္တာထဲ ကျန်ရစ်လို့ အိပ်မရတဲ့အတွေး တစ်ခါတစ်လေပဲကောင်းတယ်မေ..ညစဉ်ဆို မေ့ကျန်းမာရေး ထိခိုက်လိမ့်မယ်” လို့ မြည်တွန်တောက်တီး မေအိပ်ပျော်ချိန်ထိ ဖုန်းလေးထဲမှ သီချင်းဆိုညဉ်းကာချော့သိပ်ခဲ့တဲ့ မောင်ရဲ့ သီချင်းသံတွေ မေ့နားထဲ ကြားယောင်နေဆဲပါမောင်။ထိုစဉ်ချိန်က ကြည်နူးမှုနဲ့ နားဆင်ခဲ့တဲ့ သီချင်းသံလေး ပြန်လည်ကြားယောင်စဉ်မှာ မေ့မျက်ဝန်းထဲ လွမ်းမျက်ရည်တွေ ပြည့်အိုင်နေလို့ပေါ့။
ရေမြေတွေ ဘယ်လောက်ပဲ ခြားနေပါစေ၊ခွဲခွာရသည့် နှစ်တွေ မည်မျှကြာညောင်းနေပါစေ သံသယတွေ မရှိဘူး။ မောင့်ကို ချစ်ဆဲ ချစ်မြဲ ချစ်နေလျှက် မောင်ရောက်လာမည့်အချိန်လေး စက္ကန့်နှင့်အမျှ မျှော်နေဆဲပါမောင်။
မောင်ရဲ့ အရိပ်လွန်မြောက် ထိုကာလမှာ နှလုံးသားတံခါး လာခေါက်သူများအား မေ ပြောကြားခဲ့သည်က


မေ့ရင်ထဲက ခံစားချက်တွေ မောင်မြင်တွေ ၊ဖတ်ခွင့်မရပေမဲ့ နှလုံးသားချင်းနီးတဲ့ မေတို့နှစ်ယောက်၊နှလုံးသားသဝဏ်လွှာတွေ ပြန်လှန်ပို့ဆောင် နေမှာပါ။
မောင်လဲ လွမ်းနေသလားမောင်။မေ့ရင်ထဲက အလွမ်းတွေ လျှာပေါ်တင်ကြည့်တော့ အေးစက်စက်နဲ့ အသည်းထဲ စိမ့်အောင် ခါးလိုက်တာ။ ခါးမှန်းသိလျှက် ဒီအလွမ်းတွေကို ဆက်လက်သိမ်းဆည်းနေခဲ့တာ မောင်များ သိပါလေစ။

Sunday, 4 November 2012

အင်တာနက် ကော်ပီသမားများအတွက် ခေတ်သစ်ဆောင်ပုဒ်များ


မှေးလို့မပျော် ။ အိပ်ပါသော်မရ ၊ ရှယ်ဂွကျပြီး ၊ အော်ပြရခက် ၊ တော်ကြမှမှတ်လို့ ၊
ဘလော့ဂါကို ၊ ကောက်ရပ်ပါမှ ၊ သက်သာရကြောင်း ၊ တွေးမကောင်းလည်း ၊
အဟောင်းကိုကျော် ၊ အသစ်ပေါ်က ၊ မတော်တရော် ၊ ကလောင်ကျော်လျှက် ၊ စာချည်းသက်သက် ၊
ဖော်ဝပ်ဖြစ်မူ ၊ တွေးကာပူ၍ ၊ အပူဖိစီး ၊ သန်းခေါင်ကြီး၌ ၊ စိုးကြီးစိုးနှောင့်
ရင်မီးတောက်သည် ။ ဘလောက်သားလေး ဗျာပါဝေ

~~~~~~~~~~~~~~~~~~

အနာဟောင်းသည် ဟူ၍ အယောင်တွေ့မှ ဇောကပ်မလန့်လေနှင့် ။
စာကောင်းသည် ဟူ၍ ကလောင်မေ့က ဖော်ဝပ်မဖြန့်လေနှင့်

အနာဟောင်းသည် ဟူ၍ အယောင်တွေ့မှ ဇောကပ်ကာလန့်ပါမူ မလိုအပ်ပဲ ရောဂါရင့်ကာ ရေတိမ်နစ်ရမည် ။ စာကောင်းသည် ဟူ၍ ကလောင်မေ့က ဖော်ဝပ်ဖြန့် ပါမူ မလိုအပ်ပဲ ပြောစရာဖြစ်ကာ ကလောင်တိမ်နစ်ရမည် ။ အနာသိက ဆေးရှိသည်ဆိုသော်ငြား စာသိ၍ ကလောင်မရှိပါမူ အူတူတူနှင့် အရူးမ ဗိုက်ရသကဲ့သို ဖြစ်ပေလိမ့်မည်သာ ။ အရူးမကား ဒူးနှင့်မျက်ရည်သုတ်ရကောင်းမှန်း မသိစကောင်း ၊ ကလောင်ရူးများ သည်လည်း နှလုံးသွေးဖြင့် ကလောင်ရေးကြောင်း မသိစကောင်းကို ထပ်လောင်းသိစေချင်သည် ။

ကော်ပီရိုက်စ်လည်း အတွေးမဆန်းနှင့် ၊ ဆော်ကြည်ဂိုက်လည်း အပေးမကြမ်းနှင့်။

ကော်ပီရိုက်စ် အတွေးဆန်းက ဂျေးလမ်းသို့ကြွချေရလိမ့်မည် ။ ဆော်ကြည်ဂိုက် အပေးကြမ်းက ဆွေးလမ်းသို့ မြန်းရချေလိမ့်မည် ။ကော်ပီရိုက်စ် အတွေးဆန်းကာ ပေ့စ်က ရှင်းရခက်ပေမည် ။ ဆော်ကြည်ဂိုက် အပေးကြမ်း ကာ တွေ့က ငြင်းရခက်ပေလိမ့်မည် ။အဆင်မသင့်ပါက အပင်မြင့်မှ အုန်းသီးကြွေကျသကဲ့သို့ အပိုဆုရကာ အထိနာပေလိမ့်မည် ။
ဆိုရလွယ်သည် ဟူ၍လည်း ရက်(ပ) ဂီတဆိုသည့် သီချင်းနှင့် မဆဲလေနှင့်
ငိုရလွယ်သည် ဟူ၍လည်း စပ်ပြီဟဆိုသည့် ဟင်းနှင့် မဆွဲလေနှင့်

ဆိုရလွယ်သည်ဟူ၍ ရပ်(ပ) ဂီတ သီချင်းနှင့်ဆဲက သားနှင့်အမိ မောင်နှင့်နှမ ကြားရ ၊ နားဝ မချမ်းသာ ဖြစ်ချေလိမ့်မည် ။ ငိုရလွယ်သည်ဟူ၍ စပ်ပြီဟ ဆိုသည့် ဟင်းနှင့်ဆွဲက အ၀င်စပ်ယုံမက အထွက်ပါစပ်၍ မျက်ရည် နှစ်ခါကျရပေလိမ့်မည် ။ သီချင်းတွင် သီချင်း၏ အနုပညာရှိသကဲသို့ ဟင်းတွင်လည်း ဟင်း၏ အရသာရှိပေရာ ကလောင်မပါသော ဖော်ဝပ်မေးလ်မှစာသည် ဆဲနေသော သီချင်း သိုးနေသောဟင်းသာ ဖြစ်ပေမည် မဟုတ်တုံလော ။

မေးလို့မတော် ။ တစ်ကြော်ကြော်နှင့် ၊ အော်အော်မေးလည်း ၊ ဖြေရေးမရ ၊ ပေ့စ်(Paste)လုပ်ကြသည့် ၊ ၀င်ကစွပ်များ ၊ သကောင့်သားက ၊ ရှက်အားမထင် ၊ ကော်ပီတင်ပြီး ၊
သူလျှင်ရေးနိုး ၊ ဖျက်၍တိုးကား ၊ ရိုးတိုးရိပ်တိတ် ၊ ကလောင်စိတ်မရှိ ၊ အဆိပ်ဘ၀င် ၊ စိတ်အလျဉ်ဖြင့် ၊
အမြင်သေးနုပ် ၊ ကော်ပီလုပ်ကာ ၊ ဂုဏ်ရုပ်ဆင်ပြီး ၊ လူတွင်ကျယ်အောင် ၊
ဟန်ရုပ်ဆောင်သည် ။ အမောင်သားလေး မာပါစေ ။ 

 သဘာကောင်းလို့ ဂွင် မကောင်းပဲလည်း မတင်နှင့် ၊ ကဗျာကောင်းမို့ ခွင့် မတောင်းပဲလည်း မပြင်နှင့်


သဘာကောင်းလို့ ဂွင်မကောင်းပဲတင်က ပွဲကျပ်မို့ ကယောင်ကစား အဆင်မသင့်သည်ကို မြင်ရမည် ။ ကဗျာ ကောင်းမို့ ခွင့်မတောင်းပဲပြင်က ကျွဲခတ်သို့ ကလောင်သမား ရင်နင့်သည်ကို မြင်ရပေမည် ။ဂွင်မကောင်းပါက မောင်းပေါက်ထားသည့်ငွေ ဂိုးပေါင်းနှင့်ကျေရသကဲ့သို့ ၊ ဂွင်ကောင်းပါက မူးမူးနှင့် လောင်းမိပြီးမှ မောင်းပေါက်ရတတ်သည် မဟုတ်ပေလော ။သို့သော်ငြား အနုပညာဆိုသည်ကား လောင်းကစားမဟုတ်သမို့ မြောင်းကြားသို့မပို့လေနှင့် ၊ သင်ဆင်ခြင်ပါလော့ ။

အချက်မသိတော့ သားမက်ကို သူခိုးထင် ၊ ငှက်မသိတော့ ဆက်ရက်ကို ချိုး (ဂျိုး) ထင်

အချက်မသိတော့ သားမက်ကို သူခိုးထင် ၊ ငှက်မသိတော့ ဆက်ရက်ကို ချိုး (ဂျိုး) ထင်ဆိုသကဲ့သို့ Select မမိ သော ကလောင်သည်လည်း ချိုး (ဂျိုး)တင်မက သူခိုးဘ၀ သို့ရောက်ရပေလိမ့်မည် ။ ဟောဒီက ပဲပြုတ်ဟု အသံကုန် ဟစ်နေလေသော ဈေးသမကို ၊ တပြွတ်ပြွတ်နှင့် စားပွဲထိုးခေါ်သကဲ့သို့ခေါ်ပါက ငတ်ရမည်မှာ အမှန်တည်း ။ သို့ပါသောကြောင့် ရောင်းသူဝယ်သူ အသံတူဖြင့်သာ ခေါ်လိုက်ပါမူ နံနက်စာ ထမင်းအေးကို ပဲပြုတ်ဖြင့်လွေးရပေလိမ့်မည် ။ထိုနည်းနှင်နှင် ရေးသူ ဖတ်သူ ယဉ်ကျေးမှုတူပါက ကော်ပီရိုက်(စ်) ဆိုသည်ကြီးကို တော်ပြီ ဖလိုက်နှင့်သာ ပြန်ချေတော့ဟု ငေါ့၍ရပေပြီ ။သို့မဟုတ်ပါမူ ကော်ပီရိုက်(စ်)ကြီးနှင့် အတော်ကသီလိုက်မည့်ဖြစ်ခြင်းကို မြင်ပြင်းကပ်အောင် မြင်ရပေလိမ့်မည် ၊ အသင် ရင်မပူပါဘိလော ။

စာမူကိုပြန်ပေးဆွဲ၍လည်း မယူလေနှင့် ၊ ရွာသူကို အမှန်လေးပဲ ဟူ၍လည်း မကြူလေနှင့် ။


စာမူကို ပြန်ပေးဆွဲ၍ ယူက ကလောင်ရှင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲပေလိမ့်မည် ။ ရွာသူကို အမှန်လေးပဲဟူ၍ ကြူက နောင်တွင် အမြင်ဆန်း အရမ်းအရမ်းလွဲပေလိမ့်မည် ။ ရေးသူ ပေးသူ သတိမမူပဲ စာမူကို အပိုင်ကြံက ပြန်ပေးသမားဘ၀သို့ ရောက်ရသကဲ့သို့ ။ ရှေ့လူ နောက်လူ မမေးမူပဲ ရွာသူကို အပိုင်ကြံက အမှန်အဆွေးသမား ဘ၀ ရောက်ရပေလိမ့်မည် ။ အယူ အဆမှားပါက ကမ္ဘာကျော် ဘောသမားများပင် ပယ်နယ်တီနှင့် လွဲရသကဲ့သို့ ကံအကြောင်းမလှပါက ဈေးပါကျနိုင်ပေးသေး၏ ။ထို့အတူ ကံအကြောင်း မလှပါမူ ဘတ်(စ) ကားပေါ်၌ လူကြပ်နေချိန် လက်သွက်သူ တစ်ဦးကြောင့် သင့်အား အပ်စူးနိုင်သကဲ့သို့ ။ ကံအကြောင်း ကောင်းပါမူ ကျန်းမာရေးကို လမ်းဂွဘေး၌ ဖြေရှင်းနေရင်း ရှေ့မီးမလင်းသည့်ကား ဖြတ်အသွားနှင့် ကြုံရတတ်ပေသည် မဟုတ်လော ။
တွေးလို့မပျော် ။ မြင်မတော်လို့ ၊ စာဖော်ထုတ်ကာ ၊ မေတ္တာစာနှင့် ၊ စာနာစေကြောင်း ၊
သံချိုလောင်းသည် ၊ စာကောင်းသည်ကား ၊ အလကားမရ ၊ တစ်အားညံ့နု ၊
ခံစားမှုဖြင့် ၊ ပြုစုကျွေးမွေး ၊ ကိုယ့်ရင်သွေးမို့ ၊ အတွေးဖြင့်ပင် ၊ ဘ၀င်မအေး ၊ ကြိတ်ပူဆွေးရ ၊
စာလေးကောင်းလို့ ၊ ဖော်ဝပ်ပို့လျှင် ၊ စာတို့ဖခင်အား ၊ သိမြင်စေအောင် ၊
တွေးမြင်ယောင်သည် ။ ကလောင်သွားလေး ပါပါ စေ ။

အတောင်မပါလည်း ဒါကောင်းသည်ဟူ၍ ဖြတ်ပိုင်းမေးကာ မရှင်းနှင့်
ကလောင်မပါပဲ စာကောင်းသည်ဟူ၍ ရီပလိုင်း (Reply) မေးဖို့ မပျင်းနှင့် ။

အတောင်မပါလည်း ဒါကောင်းသည်ဟူ၍ ဖြတ်ပိုင်းမေးကာ ရှင်းပါက စားပြီးသားနှင့် တိုးတတ်သည် ။ ကလောင် မပါပဲ စာကောင်းသည်ဟူ၍ ရီပလိုင်းမေးဖို့ ပျင်းက တစ်အားဖြီး များနှင့် တိုးတတ်သည် ။ ခေတ်ကာလ တစ်အားဖြီးများကား ကုလားကြီးများပင် သွားရေကျအောင် ပြောတတ်နေသောကြောင့် ၊ သင်အနေမတတ်ပါက လေတစ်ချက်အကြီးပစ်ကာ ဖရီးကစ်ပင်တောင်းသွား ချေလိမ့်မည် ။ အကယ်၍ ဂိုးဝင်လေမှ တစ်မျိုးမြင်ကာ ဘွာခတ်လေက အချိုးပြင်ပါ အ၀ါကဒ်ဟု နှစ်ခါထပ် သတိမပေးကြောင်း ထပ်လောင်းပြောကြားပေလိမ့်မည် ။

အယောင်သိက ဆေးဆရာသို့ တစ်ချက်မဆိုင်းမေးပါ ၊
ကလောင်မသိက မေးလ်ဆရာသို့ ရီပလိုင်းပေးပါ ။

အယောင်သိက ဆေးဆရာသို့ တစ်ချက်မဆိုင်း မမေးက ရောဂါရင့်ကာ ရှင်းရခက်ပေလိမ့်မည် ။ ကလောင် မသိက မေးလ်ဆရာသို့ ရီပလိုင်း မပေးက ပြောစရာဖြစ်ကာ ငြင်းရခက်ပေလိမ့်မည် ။ သို့ပါ၍ စာကောင်းသိ၍ ဖြန့်မည့် ဟန်ပြင်ပါက ကလောင်သွားအား မေ့မထားသင့်ကြောင်း သတိကောင်းကောင်းထားစေချင်သည် ။ အမြင် မတော်သည့်စာ ကလောင်မပါပဲ ရောက်လာသော်ငြား ပြန်သွားဟု မလွှတ်ပဲမနေလေနှင့် ။ ကလောင် သိသော်ငြား ယောင်မှား၍ပင် အရေးမပျင်းလေနှင့် ။ကလောင်ရှင် အမည်တပ်ကာ အရှေ့အရပ်သို့ ဖော်ဝပ်ပါလေ ။ သင့်အတွက် ကလောင်ရှင်က အမှောင်ပြင်ဖြစ်နေသော သူ့စာအတွက် ကရုဏာသက်သည့် စေတနာကို အသေအချာပင် ဝေဖြာစွာ အသိအမှတ်ပြုပေလိမ့်မည် ။

စာကောင်းကို ဖော်ဝပ်လုပ်ပါက ချက်တည့်လျှင် အတော်မက်ပေလိမ့်မည် ။ ကလောင်ကောင်းကို ဖော်ဝပ် မလုပ်ပါက ချက်မတည့်လျှင် အတော်ခက်လိမ့်မည် ။သို့မဟုတ်ပါမူ ရှေ့နေပေးငွေ ကြက်သောက်ရေ နတ်အုန်းရွှေချ ပြန်မရဟု ရှေးလူကြီးများဆိုကြပေသော်ငြား ခေတ်ကာလအရ တရစ်တက်၍ ဖော်ဝပ်လုပ်စာ သင့်ကဗျာ ကလောင်မပါသော်ကြွ ပြန်မရ ဟုမှတ်ရချေလိမ့်မည် ။

သို့ဂလို အရေးကြောင့် ဘလောက်ကျေးရွာ အတွင်း ၊ အဟောက်အဖျင်းများ ကြီးထွားနေပြီးသကာလ ၊ အပြင်အချွတ်အပြောင် တအားများလှသော ၊ ၀င်ကစွပ် ကလောင်သွားများနှင့်တကွ ၊ မေးလ်တကာသို့ ပြေးကာရောက်နေလေသော ၊ ဖြေမတော်မည့် ဖအေမပေါ်သည့် ပို့စ်ကလေးများ အတွက် ၊မေးလ် တကာကို အစိုးရတော်မူသော အတော်မသတ်အတင်းလွှတ်သည့် ၊ ဖော်ဝပ်(Forward)မင်းသို့ လှစ်ကာအသာထုတ်၍ မေတ္တာစာတစ်ပုဒ် ကို ဘလောက်ဂတ်မင်းမှ အရောက်ချက်ချင်းပို့သပါ၏ ။





Wednesday, 31 October 2012

ငယ်ရွယ်စဉ်က ဆင်နွှဲခဲ့ကြသော စစ်ပွဲ

မေ ငယ်ငယ်က စစ်တိုက်တမ်းကစားရတာကို အရမ်းကြိုက်ခဲ့ပါတယ်။ ယောကျာင်္းလေးတွေသာ များတဲ့ မိသားစု အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲံရသူမို့ မိန်းကလေးတစ်ယောက်လိုတော့ နူးညံ့ခြင်းတွေ ကင်းခဲ့ပါသည်။ မိမိသက်တူရွယ်တူ ကစားဖော်များဟာလည်း ယောကျာင်္းလေးများသာ ဖြစ်ခဲ့သည်။ မေသည် မိန်းကလေးတစ်ယောက်လို စမ်းကြို ခုန်ခြင်း ၊ ဇယ်ခုံခြင်း ၊တစ်ဖန်နှစ်ဖန် ခုန်ခြင်း စသည်များကို ယခုချိန်တိုင်အောင် သေသေချာချာ မကစားတတ်ခဲ့ပါ။
မေ ငယ်ငယ်က ကစားခဲ့သည့် နည်းများသည် ဘောလုံးကန်ခြင်း၊ စစ်တိုက်ခြင်း ၊တင်းပူတမ်းဟုခေါ်သည့် နို့ဆူဗူးခွက်များ ဆီထောင်ကာ ဘောလုံးနှင့် ပစ်ခြင်း၊ ဂုံညင်းထိုးခြင်း ၊ဂေါ်လီကျင်းစိမ်ခြင်း နှင့် လေးခွတစ်လက်နှင့် ငှက်လိုက်ပစ်ခြင်းသာ ဖြစ်၏။
Facebook ထဲမှာ သူငယ်ချင်းတစ်ယောက်တင်လာသည့် ပုံလေးတစ်ပုံကို တွေ့လိုက်မိတော့ မေ ငယ်ငယ်က နှစ်ခြိုက်စွာ ကစားခဲ့သည့် ထိုကစားနည်းတွေထဲမှာ စစ်တိုက်တမ်းစကားနည်းလေးကို လွမ်းဆွတ်လာရသည်။ မေသည် ကရင်ပြည်နယ်တွင်းရှိ မြို့ငယ်လေး တစ်ခု၌ မွေးဖွားကြီးပြင်းလာခဲ့သည်။ ထိုစဉ်က မေတို့ပြည်နယ်လေးသည် မငြိမ်းချမ်းခဲ့ပါ။ သေနတ်ကျည်ဆန်တွေကြားမှာ ကြီးပြင်းလာခဲ့ရသူများဖြစ်၍ စစ်တိုက်သည် ဆိုသော စကားလုံးသည် အလွန်ရင်းနှီးသော စကားလုံးပင်ဖြစ်ခဲ့ပါသည်။
ကြားနေကြဆိုသည်ထက် ကိုယ်တိုင်လဲ တိုက်ချင်နေခဲ့မိသည်။ မေ ငယ်ငယ်တုန်းက စစ်သားအရမ်းဖြစ်ချင်ခဲ့သည်။ အိမ်မှာ ရှိသမျှ ပျဉ်တိုပျဉ်စများကို ခုန်ထစ်၍ သေနတ်လုပ်ကာ စစ်တိုက်တမ်းကစားခဲ့သည်။ လေသေနတ်နဲ့ စစ်တိုက်နည်း။ ခုချိန်ထိ စစ်ကားတွေ ကြည့်ရသည်ကို နှစ်သက်နေမိတုန်း ။ပြင်ပလောကမှာ မည်သည့်နေရာဒေသ ၊မည်သည့် နိုင်ငံမှာမဆို ယူနီဖောင်းဝတ် စစ်သားများကို တွေ့လျှင် ငေးနေမိတုန်း။ လူကို ငေးသည်မဟုတ်ပါ ။ သူတို့ဝတ်ထားသည့် ယူနီဖောင်း ကို နှစ်သက်ခုံမင်မိတာ အမှန်ပဲဆိုတာ ဝန်ခံပါတယ်။
ငယ်ငယ်က ပါးစပ်မှ တစ်ဒိုင်းဒိုင်းရွတ်ရင်း တစ်နေကုန် ထမင်းမေ့ ဟင်းမေ့ စစ်တိုက်ခဲ့ဖူးသည်။ မငြိမ်းချမ်းသည့် ဒေသ ဖြစ်သည့်အလျှောက် အတိတ်နမိတ်ယူကာ အယူသည်းတတ်သည့် အဖွားသည် မေတို့ စစ်တိုက်တမ်းကစားတာကို လုံးဝ ကြိုက်နှစ်သက်ခြင်းမရှိခဲ့ပါ။စစ်တမ်းတိုက်ကစားတာ အတိတ်နမိတ်မကောင်းဘူး လုံးဝမကားရဘူးဟု ရာဇသံပေး အမိန့်ထုတ်ပြန်ထားသည်။
အိမ်မှာ ၊ခြံဝင်းထဲမှာ ကစားခွင့်မရသော မေတို့မောင်နှမများနှင့် သူငယ်ချင်းတစ်စုသည် လယ်ကွင်းထဲများကို ဖြတ်ကျော်၍ ရွာစည်းရိုးကပ်ပြင်နားရှိ တောစပ်လေးတွင် မေတို့၏စစ်ပွဲကိုကျင်းပခဲ့ကြလေသည်။တစ်ခါတစ်ရံ ပြေးရင်းလွှားရင်း ကပ်ပြင်ကျော်သွားတတ်သည်။ ထိုရွာစည်းရိုးကပ်ပြင်ကျော်လွန်လျှင် အန္တရယ်ရှိသည့် နေရာဖြစ်၍ ထိုသို့ကစားခဲ့သည်ကို အမေသိသွားခဲ့လျှင် အိမ်ပြန်ရောက်သောအခါ မှတ်လောက်သားလောက်အောင် ခြေသလုံးအရှိုးရာများထပ်သည်အထိ တုတ်စားရပါလေရော။
အကြောင်းတိုက်ဆိုင်စွာ မေတို့ စစိတိုက်တမ်းကစားသည်နှင့် ပြင်ပ လက်ရှိစစ်ပွဲ တစ်ခြိမ်းခြိမ်းအသံကြားလျှင် မေတို့၏ အဘွားသည်
“ငါပြောတယ်မဟုတ်လား စစ်တိုက်တမ်းမကစားရဘူး။ နင်တို့တွေ ဂိဇ္ဈကုဋ်တောင်က တီကောင်တွေဝင်စားတဲ့ဟာတွေ။ နားပါမလာခဲ့ဘူး။ ပြောလိုက်ရင် ဘယ်တုန်းကမှ နားမထောင်ဘူး” စသည်ဖြစ် အမျှင်မပြတ်ရွတ်ကာ နီးရာ ၊မိရာကို လိမ်ဆွဲပါတော့သည်။ (ဗိုက်ခေါင်၊ပေါင်သား၊လက်မောင်းသား စသည်ဖြစ်)
သေနတ်သံ တခြိမ်းခြိမ်းဖြစ် လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲကိုကြောက်ရသည်က တစ်မျိုး၊ လက်ရှိအနီးကပ်ရန်သူ အဖွား၏ မိရာဆွဲဆိတ်နေသည့် လက်ရန်က လွတ်အောင်ရှောင်ရသည်ကတစ်ဖုံ ပုန်းကျင်းလေး သေးသေးထဲတွင် အတူတူဝပ်ပုန်းနေရသည်ဖြစ်၍ လွတ်အောင်မရှောင်နိုင်လေတိုင်း စစ်ပွဲပြီးလျှင် ခြေလက်တွေမှာ အညိုအမဲ စွဲကာ ကျန်ရစ်ခဲ့သည်မှာ ထုံးစံဖြစ်နေပါပြီ။ သို့သော်လည်း နောက်နေ့ ပြန်လည်ကစားမြဲသာတည်း။
အနည်းငယ်အရွယ်ရောက်လာတော့ ပါးစပ်က တစ်ဒိုင်းဒိုင်းအော်ကာ ပစ်ရသည့် စစ်ပွဲထက် လက်တွေ့အသားနာအောင်ပစ်ရသည့် စစ်ပွဲကို ပိုမိုကြိုက်နှစ်သက်လာသည်။ သူငယ်ချင်းတွင် အုပ်စုနှစ်စုခွဲ ၊ စစ်ဗျူဟာများခင်းကာ ကစားသုအယောက်တိုင်း ကျည်အပြည့်ထည့်ထားသော လွယ်အိပ်များလွယ်ကာ စစ်တိုက်ကြလေပြီ။
မေတို့သုံးသော ကျည်ဆံသည် မြရာသီးဟုခေါ်သည့် အစိမ်းရောင်အသီးနုလေးများဖြစ်သည်။ ထိုမြရာသီးသည် မှည့်လာလျှင် နီရဲလာကာ စား၍ရပါသည်။ အပင်၌ မရင့်မှည့်မှီ နုငယ်သော အစိမ်းရောင်အရွယ်သည် မေတို့၏ သေနတ်ကျည်ဆံ ၊ မြရာရွက်သည် ဆိတ်များစားသောက်ရန်အစာ။ သို့ပါသောကြောင့် ဆိတ်ကျောင်းသွားသည့် သူငယ်ချင်းများက မြရာရွက်ခုတ်ရင်း မြရာသီးများပါ ခူး၍ပြန်လာကာ ဝေစုခွဲ၍ ကစားကြပါသည်။ မြရာသီးများ မရှိသည့်ရာသီတွင် စက္ကူစုတ်များ ရေစွတ်၍သော်လည်ကောင်း ၊ပါးစပ်တွင်း ဝါးချေ၍သော်လည်းကောင်း ပျော့ပျောင်းအောင်ပြုလုပ်၍ သေးငယ်သော အလုံးလေးများ လုံးပြီးလျှင် ထိုသေနတ်ထဲသို့ သိပ်ထည့်ကာ တစ်ဖောင်းဖောင်းနှင့် ပစ်ကြပါသေးသည်။
မေတို့အသုံးပြုခဲ့သော သေနတ်သည် အခေါင်းပွင့် ဝါးအသေးစားလေးကို ထက်အောက် အဆစ်ဖြုတ်၍ ဟောင်းလောင်းပေါက်အတိုင်းထားကာ အခြားသော ဝါးအပိုင်းစဖြစ် ညီတူမျှသော အရှည်အတိုင်းတိုင်းတာကာ ထို ဝါးပေါက်ထဲ ထည့်နိုင်ယုံမျှ ဝါးချောင်းလေးအဖြစ် ဖန်တီးကာ ထိုဝါးချောင်းလေးအာ အရိုးတပ်၍ ဝါးပြွန်လေးထဲ သွင်းကာ ပစ်ကစားခြင်းဖြစ်သည်။
ထိုလက်နက်လေးကို မြင်မိပြန်တော့ ငယ်ဘဝပုံရိပ်ကို ပြန်လည်မြင်ယောင်မိရင်း ပြုံးမိပြန်သည်။ မြရာသီး မရှိသည့် အချိန် အမေ့ဘောင်ချာစားရင်းစာအုပ်လေးကို လုံးချေကာ ကျည်ဆန်းလုပ်ခဲ့မိ၍ ထိုနေ့က လှိမ့်ပိတ်အရိုက်ခံရသော အဖြစ်အပျက်မျိုးကိုလည်း သတိရကာ ပြုံးမိခဲ့ပါသေးသည်။
မေတို့ နှစ်သက်စွာ ကစားခဲ့သည့် သေနတ်နှင့် ကျည်ဆန်လေးများ ကို  “ဖောင်းဖောင်း” ဟု ခေါ်သည်။
ထို “ဖောင်းဖောင်း” သည်


ထိုပုံလေးကို facebook စာမျက်နှာမှ ကော်ပီယူခဲ့ပြီ မေ့နာမည်ကို အပိုင်စီးထိုးထားလိုက်တာပါ။ ပိုင်ရှင်ခွင့်လွတ်ပါရှင်။ ငယ်ငယ်က အကျင့် မပျောက်သေးလို့ပါ။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






Tuesday, 30 October 2012

မေသဇင်မှ ကန်တော့လိုက်ပါသည်ရှင်


မေတို့တွေ အရင်အရင်ဘဝအဆက်ဆက်က မိဘ၊ဆွေမျိုး တော်စပ်ခဲ့ဖူးချင် တော်စပ်ခဲ့လိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်ခဲ့ချင် ဖြစ်ခဲ့လိမ့်မယ်။ သံသရာတစ်ကွေ့ ဘဝပေါင်းများစွာမှာ အလှူဒါန အတူပြုခဲ့ကြဖူးလို့ ခုဘဝခဏတာမှာ ကြုံရ ဆုံခဲ့ကြပါတယ်။ အွန်လိုင်းဆိုတဲ့ ဒီလောက နယ်ပယ်မှာ တစ်ဦးနှင့်တစ်ဦး မမြင်မတွေ့ဖူးကြပါပဲလေလှိုင်းကြားက ချပြခဲ့တဲ့ စကားလုံးတွေကြောင့် သံယောဇဉ်တွေ တိုးကာ ခင်မင်ခဲ့ကြတာ အရင်အရင်က ပါရှိခဲ့ကြတဲ့ ရေစက်ကြောင့်ပါပဲ။ဟောဒီနယ်ပယ်လေးမှာ ကြုံရ၊ဆုံရတုံးခဏတာမှာ ကာယကံ(စာရိုက်မိသော လက်ချောင်းများ) ၊ ဝဇီကံ ၊မနောကံ သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံတို့ဖြစ် တစ်ဦးဦးအပေါ် ပြစ်မှားမိခဲ့သည် ရှိသော ဝန်ချတောင်းပန်ကန်တော့ခဲ့ပါတယ်ရှင်။



လောကကျေးဇူးပြုခဲ့သည့် မယ်တော်ကို ဓမ္မကျေးဇူးဖြစ် ပြန်လည်ဆပ်ကာ သုံးလတာ ကာလ တာဝတိံနတ်ပြည်မှာ တရားဟောခဲ့သည့် မြတ်စွာဘုရားရှင် လူ့ပြည်သို ပြန်လည်ကြွချီလာသည့် ဟောဒီသီတင်းကျွတ်အခါသမယသည် ကျေးဇူးတရားတို့ ထုံလွှမ်း ၊ ဂါရဝတရားတို့ဖြစ် ငြိမ်းချမ်းသည့် ကာလဖြစ်ပေသည်။






ကျေးဇူးတရားကို သိတတ်သော အကျွန်ုပ်သည် ဟောဒီအွန်လိုင်းကမ္ဘာတွင် ကြုံခဲ့၊ဆုံခဲ့ရသော သင်ဆရာ၊မြင်ဆရာများအားလုံးနှင့် မိမိအပေါ် စေတနာထားကာ လမ်းပြခေါ်ဆောင် ၊သွန်သင်ညွှန်ကြားခဲ့သော မိမိထက် ကြီးသူ၊ငယ်သူ မည်သည့် ဆရာမဆို ဆရာများအားလုံးအား လက်ဆယ်ဖြာဦးထိပ်ထား ရှစ်ခိုးကန်တော့ပါ၏။

ဂါရဝတရားကို အလေးထားကာ မိမိထက် ကြီးသူ အစ်ကိုကြီး ၊အစ်မကြီးများ အားလုံးကို ရိုသေဝပ်တွား ကန်တော့ပါ၏။

ဆရာသမားမျာ၊ မိမိထက်ကြီးသူ ၊ငယ်သူ အစ်ကို အစ်မကြီးများ အားလုံးနှင့်တစ်ကွ မိမိထက် ငယ်ရွယ်သူ မောင်ငယ်ညီမငယ်များတို့အပေါ်တွင် ပြောမှား ၊ဆိုမှား ၊ အထင်မှားများ ရှိခဲ့ရင်ဖြစ်လည်း ခွတ်လွတ်ပေးကြပါရန် လေးစားစွာဖြစ် ကန်တော့ပန်းဆင် တောင်းပန်အပ်ပါသည်ရှင်။





ဟောဒီ အွန်လိုင်းကမ္ဘာမှာ တွေ့ကြုံဆံရသည့် သူငယ်ချင်းမိတ်ဆွေများနှင့်တစ်ကွ မေ့ကို ချစ်သောသူ ၊ မေ့ကို မုန်းသောသူ ၊ မေ့အပေါ် ဘယ်လိုသဘောထားမှ မရှိသည့်သူ ၊ မည်သူ့ကိုမဆို ဘေးရန်ကင်းကွာ၍ စိတ်ချမ်းသာ ၊ကိုယ်ချမ်းသာ လိုတရ ၊ တတိုင်းရ ဘဝကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ။ မိတ်ဆွေတို့၏ ဘဝများ ရေလိုအေး၍ ပန်းလိုမွှေးကြပါစေ။ သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမညှိပဲ လိုအင်ဟူသမျှ အောင်မြင်ကြပါစေ။ မျက်နှာပွင့်လန်းကြ၍ တွေ့မြင်ကြသူအပေါင်း နှစ်လိုချစ်ခင်ခြင်းများကို ရရှိကြပါစေ။ သာသနာအကျိုးကို သယ်ပိုးနိုင်ကြသူများအဖြစ် သာသနာ့အမွေများကို ခံစားသိရှိ စံထိုက်ကြပါစေလို့ မေသဇင်မှ အွန်လိုင်းမိတ်ဆွေ အပေါင်းတို့အား ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

သီတင်းကျွတ်ညလေးမှာ အားလုံးပဲ ပျော်ရွှင်ကြပါစေရှင်။
















.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်
















Monday, 29 October 2012

မေလွမ်းရပါသော ရွာကလေး၏ ဒီလို နေ့ရက်များ

ခုလို ရက်ကြီးခါကြီးရောက်ရင် ရွာကို အရမ်းလွမ်းမိပါရဲ့။ ပုံမှန်လွမ်းချိန်ထက်ကို ပိုလွမ်းမိပါတယ်။

ဥပုသ်နေ့ရောက်ပြီဟေ့ဆို မေတို့ရွာရဲ့ ချစ်စရာဓလေ့လေးတစ်ခုက လပြည့်၊လကွယ်၊ရက်ကြီးခါကြီးတွေ ရောက်တိုင်း အိမ်တွေမှာ မုန့်တွေလုပ် ၊ဘုန်းကြီးကျောင်းကို ဆွမ်းပို့၊မိမိအိမ်နီးချင်းများကို မုန့်ပန်ကန်လေးတွေ စီထည့်ထားတဲ့ မုန့်ဗန်းကြီးရွက်ပြီး တစ်အိမ်ချင်းစီ လိုက်ဝေလေ့ရှိတယ်။

မေတို့ တောရွာလေးမှာဆို မနက် (၄)နာရီဆို “အာရုံဆွမ်းပါဗျို့” လို့ အော်သံနှင့်အတူ ရွာမှ ကာလာသားများက ဆန်ကောကဲ့သို့သော ဇောက်အနည်းငယ်နက်ကာ ကြီးမားကျယ်ပြန့်သည့် ဝါးဖြစ်ရက်ထားသော ဗန်းကြီးကို ကြိုးတပ်ထားကာ ထမ်းပိုးနှင့် ရှေ့နောက် ထမ်းရင်း အာရုံဆွမ်း ခံလေ့ရှိပါသည်။ ဆိုင်းထမ်းဟု ခေါ်ပါသည်။

ဥပုသ်နေ့မရောက်ခင် အဖိတ်နေ့ညနေမှာ ရွာမှ ကာလသားများက မောင်းထုကာ မနက်ဖြန်မနက်မှာ အာရုံဆွမ်း လှည့်လည်မည် ဆိုသည့်အကြောင်း သတင်းပါးပါတယ်။
“ဿပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျာ၊ မနက်ဖြန်မနက် (၄)နာရီအချိန်တွင် အာရုံဆွမ်း လှည့်လည်ကြမည် ဖြစ်ပါသောကြောင့် အလှူဒယကာ/မများ စေတနာ သဒ္ဒါဖြစ် လောင်းလှူနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည် ခင်ဗျာ”

ဒူဝေ........ဝေ........ဝေ.......(မောင်းသံ)

ထိုမောင်းသံနှင့် အာရုံဆွမ်း အလှူခံကြေငြာသံလေးသည် သာယာချမ်းမြေ့ဖွယ်ရာလေးပါ။
နောက်တစ်နေ့အာရုံနံနက် (၄)နာရီ အချိန်တွင် သာယာနာပျော်ဖွယ်သော ကြေးစည်သံနှင့်အတူ စတောင်းကင်းမီးဟုခေါ်သည့် ဓာတ်ဆီထည့်ပြီး မီးထိုးထားသည့် မီးရောင်ထိန်ထိန်နှင့်အတူ ဆိုင်းထမ်းကြီးများ ထမ်းလာသော အာရုံဆွမ်းအလှူခံတန်းကြီး ကြွလို့လာပါပြီ။ ထိုအခါမျိုးတွင် အိမ်တိုင်း အိမ်တိုင်းရှိ မိန်းမပျိုလေးများ၊ အိမ်ရှင်မများက ရေနံဆီ မီးခွက်လေး ကိုင်ပြီး မိမိချက်ထားသည့် ဆွမ်း၊ထမင်း၊ မုန့်မျိုးစုံ၊သစ်သီးဝရံတို့ကို ဆိုင်းထမ်းအတွင်းရှိ သက်ဆိုရာ နေရာတွင်းသို့ လောင်းလှူခဲ့ကြပါသည်။

ထိုသို့ ဆွမ်းလောင်းလှူနေစဉ် ခံစားရသည့် ပီတိသည် ငြိမ်းချမ်းဖွယ်အတိ။ ကြည်နူးမှုများနှင့်အတူ အာရုံမနက်ခင်းလေပြင်ညှင်းက ရင်ထဲထိတိုင် စိမ့်အေးနေသယောင် ခံစားချက်များ အေးစိမ့်နေလေသည်။
အိမ်တိုင်း အိမ်တိုင်းမှ လောင်းလှူလိုက်သည့် ဟင်းများကို အိုးကြီးတစ်ခုထဲတွင် စုပြုံ၍ လောင်းလှူထည့်ထားသောကြောင့် ထိုအိုးထဲတွင် ဟင်းပေါင်းစုံ ရောနှောနေလေသည်။ ထိုဟင်းပေါင်းစုံကို “ဟင်းပေါင်း” ဟု ခေါ်ဆိုကာ ထိုဟင်းပေါင်းသည် ရွာဦးကျောင်းရှိ သံဃာတော်မျာ၊ကိုရင်ငယ်များ၏ မနက်အာရုံဆွမ်းဖြစ်လေသည်။

သံဃာတော်များ ဆွမ်းဘုန်းပေးပြီးနောက် ကျောင်းမှ ကပ္ပိယများ၊ ကျောင်းသားလေးများနှင့် အာရုံဆွမ်း လှည့်လည်ကြသည့် ရွာမှ ကာလသားများက ဝိုင်းဖွဲ့၍ မြိန်ရည်ယှက်ရည် လက်ရည်တပြင်တည်း စားသုံးကြလေသတည်း။

ထိုအချိန်တွင် မိန်းမပျိုလေးများက မိမိအိမ်မှ လုပ်ထားသည့် မုန့်ဗန်းများရွက်ကာ အိမ်နီးချင်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း မုန့်လိုက်ပို့ကြပါသည်။ မောင်နှမတွေအစုံအညီ စုရုံးကာ အဘိုးအဘွား၊ဦးလေးအဒေါ် မိမိထက် သက်ကြီးဝါကြီးသည့် ဆွေမျိုးများနှင့် အရပ်ထဲရှိ သက်ကြီးရွယ်အိုများအိမ်သို့ ထမင်း၊ဟင်း ၊မုန်များအစုံ ချိုင့်ဆွဲကာ တစ်အိမ်ချင်း လိုက်လံပို့ဆောင်ကြပြီး ကန်တော့ကြပါသည်။

အဘိုးအဘွားများ ပေးသည့်
“ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊အသက်ရှည် အနာကင်း၍ သွားလေရာလာလေရာ ခလုတ်မထိဆူးမညှိဘဲ လိုအင်ဆန္ဒတစ်လုံးတစ်ဝကြီး ပြည့်စုံကြပါစေ”
အစရှိသည့် ဆုများကို လက်ခံရယူကြပြီးသည့်နောက်တွင် ဘုန်းကြီးကျောင်းသို့သွားရန်ပြင်ဆင်နေကြသည့် မိဘများနှင့် ဘုန်းကြီးကျောင်းသို့ မောင်နှမအားလုံးလိုက်ပါသွားကြပါသည်။

ရွာဓလေ့အရ မိဘများ ဘုန်းကြီးကျောင်းသွားလျှင် သားသမီးများအားလုံးလိုက်ပါသွားရကာ မိဘများနှင့်အတူ တရားနာရပါသည်။ အိမ်လုံးကျွတ်ဘုန်းကြီးကျောင်းသို့ သွားကြရသည်။ ရွာမှ အိမ်များသည် အိမ်တွခါးမရှိ၍ တံခါးမပိတ်ပဲ မိသားစုလိုက် သွားကြသည်။ ရွာတွင်သူခိုးမရှိ။ ထိုသို့သွားကြတိုင်း တစ်ခါမျှ အိမ်မှာ ပစ္စည်းပျောက်သည် ဆိုသော အသံမျိုး မကြားခဲ့ရ။ အိမ်မှ ယူဆောင်သွားသော ဆွမ်းချိုင့်များကို ဆိုင်ရာ စုပေါင်း၍ ဓမ္မမိတ်ဆွေများ အတူတူစားသောက်ကြသည်။

ထမင်းစားသောက်ပြီးနောက် လူကြီးများ နားနေချိန်(သို့) တရားထိုင်နေချိန် ကလေးများကတော့ ကျောင်းဝင်းအတွင်း၌ ကစားကြပါသည်။ ရွာတောင်ပိုင်း၊ရွာမြှောက်ပိုင်း စသည်ဖြစ် အနည်းငယ်အလှမ်းဝေးသော ကလေးများသည် ထိုဘုန်းကြီးကျောင်းအတွင်း၌ တွေ့မြင်ကြကာ ရင်းနှီးသွားကြသည်။ 

ထိုမှ တဖန် ညနေ(၄)နာရီအချိန်တွင် ဆရာတော်မှ တရားတစ်ကြိမ်ဟောပြန်သည်။ ထိုတရားပွဲပြီးသည့်နောက်တွင်တော့ အားလုံးအိမ်သို့ပြန်ကြလေပြီ။ လူကြီးများက ဥပုသ်စောင့်၍ ကလေးများမှာတော့ မနက်မှ ထမင်းကျန်ဟင်းကျန်နှင့် ညနေစာကို စားကြကာ ညနေချိန်တွက် ဆီမီး၊ရေချမ်း အစုံဖြစ် မိသားစုဝင်အားလုံး ဘုရားကျောင်းဆောင်ရှေ့ ဒူးပုဆစ်တုတ်ကျုံ့ကျုံ့ထိုင်ကြကာ မိသားစုများ အတူတူ ဘုရားရှစ်ခိုးကြပါသည်။

ထိုသည် မေတို့ရွာ၏ ဥပုသ်နေ့ရက်ကို ကုန်ဆုံးစေခြင်းဖြစ်သည်။

ခုနေချိန်မှာတော့ မေသည် ထိုရွာလေးနှင့် အဝေးမှာဖြစ်သည်။ ရွာမှာနေခဲ့သည့် ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသွားရန်မဆိုထားနှင့် တစ်ခါတစ်ရံ ဥပုသ်နေ့ဆိုတာတောင် မသိခဲ့သည့် နေ့မျိုး ရှိခဲ့ဖူးသည်။

အွန်လိုင်းလောက ဆိုသော လောကတစ်ခုသို့ လျှောက်မိပြန်တော့ ဥပုသ်နေ့ကိုရောက်တိုင်း ဟိုလူက နိုးဆော်၊ဒီလူက နိုးဆော်နှင့် ဥပုသ်နေ့လေးကို သိလာခဲ့ရသည်။ ထိုသို့အခြေအနေတွင် မိမိ၏ ချစ်စရာဓလေ့နှင့် ရွာကို လွမ်းခဲ့ရသည်မှာ အမှန်ပါပဲရှင်။

ကာလတွေကြာညောင်းလို့ မေခွဲခွာရသည့် မေ့ရွာလေးကရော ဓလေ့တွေ ပြောင်းနေပြီလား။ အရင်လို ဘာသာ ၊သာသနာကို လက်ဆင့်ကမ်း မျှဝေနေတုန်းလား၊ မိဘဘိုးဘွား၊သက်ကြီးရွယ်အိုများကို အလေးထားပြုစုစောင့်ရှောက်နေကြတုန်းလား၊ ဒါနတွေကို ရက်ရောစွာ ပေးကမ်းစွန့်ကြဲနေတုန်းလား လားပေါင်းများစွာတွေ မေးရင်း တွေးကာ လွမ်းမိပါသည်။

 
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်











Saturday, 27 October 2012

သီတင်းကျွတ်နှင့်ကျွန်မ

မကြာခင် သီတင်းကျွတ်တော့မည်။ ကလေးတွေကလည်း သီတင်းကျွတ်ပွဲတော်မှာ ထွန်းညှိထားသော မီးပုံးလေးများ၏ အလှကိုမြင်ရတော့မည် ဖြစ်သောကြောင့် မကြာမီရောက်ရှိလာမည့် သီတင်းကျွတ်နေ့လေးအတွက် ပျော်ရွှင်နေကြသောအသံမှာ ဝေဆာနေကြသည်။


တက်သစ်စ ကလေးမလေးအချို့၏ သီတင်းကျွတ်ပွဲတော် ဝတ်ရန် အဝတ်အစားသစ်များ ဝယ်ယူရန် အစီအစဉ်ကိုလည်း တွတ်တီတွတ်တာနှင့် ပြောနေသံများက နေရာအနှံ့ကြားနေရသည်။ သစ်ရွက်လှုပ်တာတောင် ခိုးခိုးခစ်ခစ် ရယ်မောချင်နေသည့် အရွယ်လေးများအတွက်တော့ သီတင်းကျွတ်မီးထွန်းပွဲတော်၏ မီးပုံးအလှများနှင့် ထိုသီတင်းကျွတ်ပွဲတော်နှင့်အတူ ပျော်ပွဲရွှင်ပွဲများ မည်သည့် အငြိမ့်၊မည်သည့်ဇာတ် စသည်ဖြစ် ပျော်ရွှင်စရာအတိနှင့် မကြာခင်ကြရောက်လာမည့် သီတင်းကျွတ်ပွဲတော်သည် ပျော်ရွှင်စရာအတိ။



အရွယ်ရောက်ချစ်သူစုံတွဲတွေကလည်း ယခုနှစ် ဝါလကင်းလွတ် သီတင်းကျွတ်ပြီးလျှင်၍ နောင်တစ်ဝါမဝင်ခင် တူလက်တွဲခွင့်ရရန် ကြိုးစားအားထုတ်နိုင်ရေးကို ရင်တဖိုဖို နှင့် အားတက်သရော ပြင်ဆင်နေကြပြီ။ တစ်ယောက်လက် တစ်ယောက်ချိတ်ကာ ရောင်စုံမီးပုံးလေးများအောက် သီတင်းကျွတ်ည၏ လေပြည်ညှင်းကို တူခံစားခွင့်ကို စိတ်ကူးယဉ်နေကြလေပြီ။ တူနှစ်ကိုယ် စုံမက်ရန် အမိဖနားတော်သို့ တင်သွင်းလှည့်ပါဟု နှမပျို၏ ချစ်ခွန်းချိုကို ဖြည့်ဆည်းပေးရန် ဒီမောင်ကြိုးစားနေလေပြီဖြစ်၍ ချစ်သူများ၏ ရင်အခုန်ရဆုံးသော အချိန်လည်း ဖြစ်လေပြီ။



သက်တမ်းရင့် အပျိုကြီး၊လူပျိုကြီးများကလည်း သီတင်းကျွတ်လပြည့်နေ့လေးမှာတော့ မည်သည့် ဘုန်းကြီးကျောင်းမှာ တရားနာသွားကြမည်၊ ဘုန်းကြီးကျောင်းသွား ဘာဝနာပွားဖို့ အပူအပင်ကင်းကင်း စိတ်အားထက်သန်နေကြသည်။


အဘိုးအဘွားတွေမှာတော့ လပြည့်နေ့တွင် လာရောက်ကန်တော့ကြမည့် မြေး၊မြစ်များအတွက် မုန့်ဖိုးပေးနိုင်ရန် မိမိအိတ်ကပ်ထဲမှ ငွေတိုငွေစလေးများကို ဖွဖွစမ်းရင် စိတ်မှန်းဖြစ် တွက်ချက်ကာ စီမံနေရပြီ။ ဘုန်းကြီးကျောင်းသွား တရားနာရင်း ပွင့်လင်းစရာသီမှာ ဆောက်လုပ်ကြမည့် ကျောင်းဆောင်သစ်များတွင်လည်း ကျောင်းဒယကာ ၊ဒယာကာမများ အဖြစ် မိမိထည့်ဝင်နိုင်စွမ်းရှိသလောက် အလှူပါဝင်နိုင်ရေးကိုလည်း ကြိုတင်အားခဲကာ ပီတိလေးနှင့် ပြုံးပျော်နေလေပြီ။



သီတင်းကျွတ်ပွဲတော်အတွက် ကြိုတင်ပျော်ရွှင်နေသည့် ကလေးငယ်များဆီသို့လည်းအာရုံမရောက်နိုင်သေး၊ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည့် ဆယ်ကျော်သက်များကိုလည်း သတိမပြုနိုင်၊ရင်ခုန်လှုပ်ရှားနေသည့် ချစ်သူစုံတွဲများဆီသို့လည်း အာရုံမထားနိုင်၊ တရားဘာဝနာကိုသာ အပူပင်ကင်းကင်း အားထုတ်နိုင်သည့် လူလွန်များကဲ့သိုလည်း စိတ်က မလွတ်လပ်ဘဲ အမျှင်အတန်းများစွာနှင့် ဒေါ်မြရာတစ်ယောက် တစ်ယောက်ထဲ အာရုံများနေလေသည်။

သူမ၏ရှေ့တွင်မှာတော့ ဘောပင်တစ်ချောင်း၊စာအုပ်တစ်အုပ်နှင့် ခေါင်းကုတ်လိုက်၊ခေါင်းခါ၍ တမယ်၊သက်မောရိုက်၍ တဖုံ တစ်ကိုယ်တည်း အမူရာအသွယ်သွယ်နှင့် အလုပ်များနေလေသည်။ သူမ မည်သည့်အတွက်ကြောင့်များ အလုပ်ရှုပ်နေပါလိမ့်။

မည်သည့်အတွက်ကြောင့် ဖြစ်ရမည်နည်း။ မကြာခင်ကျရောက်လာတော့မည် သတင်းကျွတ်လပြည့်နေ့အတွက် ကြိုတင်ပြင်ဆင်သင့်သည်ကို ကြိုတင်ပြင်ဆင်ရပေလိမ့်မည်။သူမသည်လည်း ဟိုတစ်ချိန်တုန်းက သီတင်းကျွတ်လပြည့်နေ့လေးအတွက် ပျော်ရွှင်ခဲ့ဖူးသည်။ ရင်ခုန်ခဲ့ဖူးသည် ။ ထိုအရာများသည် ဟိုတစ်ချိန်တုန်းက ဆိုသည့်အတိုင်း ကုန်လွန်ခဲ့ပြီးဖြစ်လေသည်။အိမ်ထောင်ကျပြီးခဲ့သည့် (၁၀)နှစ်ကြာ ကာလတွင်တော့ ထိုရင်ခုန်စရာများသည် ခံစားမှုအသစ်တစ်ခုအဖြစ် ပြောင်းလဲသွားရလေပြီ။

ခုနေခါများတွင်တော့ ထိုသီတင်းကျွတ်လပြည့်နေ့သည် သူမအတွက် စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနှင့်သာ လုံးပမ်းနေရလေပြီ။ ငွေပိုငွေလျှံလည်း မရှိလှသည့် သူမ မိသားစုအတွက် ခုလိုနေ့မျိုးတွင် ဂဏန်းပေါင်းစက်ရူံးရလောက်အောင် သူမ အကြိမ်ကြိမ် ချိန်ဆတွက်နေရလေပြီ။ သူမ၏ အကြမ်းဖျင်း ငွေကြေးစားရင်းကို ပြန်လည်၍ စီစစ်ကြည့်မိသည်။



သီတင်းကျွတ်ပွဲတော်တွင် သုံးစွဲရန် ငွေကြေးများစားရင်း
၁။ မိဘနှစ်ပါးအား ကန်တော့ရန်                                =   ၅၀၀၀၀
၂။ယောက္ခမများအား ကန်တော့ရန်                            =   ၅၀၀၀၀
၃။နှစ်ဖက်ဦးလေး အဒေါ်များအားကန်တော့ရန်              = ၃၀၀၀၀၀
(၃၀၀၀၀* ၁၀)

၎။အစ်ကိုကြီး၊အမကြီးများအား ကန်တော့ရန်                  =   ၈၀၀၀၀
(၂၀၀၀၀ *၄)

၅။ယောင်းမ၊ခဲအိုများအားကန်တော့ရန်                         =    ၆၀၀၀၀
(၂၀၀၀၀ * ၃ )

၆။တူ၊တူမများအား မုန့်ဖိုးပေးရန်                                =     ၅၀၀၀၀
(၅၀၀၀ * ၁၀)

၈။ သားသမီး(၃)ယောက်အတွက် အဝတ်အစားသစ်ဝယ်   =     ၇၀၀၀၀

၉။လပြည့်နေ့တွင် ဘုန်းကြီးကျောင်း၌ အလှူငွေပါဝင်ရန်   =     ၅၀၀၀၀
၁၀။လပြည့်ကျော်(၁)ရက်နေ့တွင် ကထိန်ပွဲကျင်းပသည့် 
အမေ့ရွာမှ ဘုန်းကြီးကျောင်းအတွက် သင်္ခန်းပရိက္ခရာအလှူငွေ=၅၀၀၀၀

သုံးစွဲရမည့် ငွေကြေးအကြမ်းဖျင်းစုစုပေါင်းကို တွက်ဆကြည့်လိုက်တော့ သူမသက်ပြင်း ဖွဖွ ရှိုက်မိသည်။ စားရင်းများ မှားပေါင်းမိလေသလား အပြန်ပြန်အလှန်လှန် ပေါင်းကြည့်နေမိသည်။
ခေတ်ကာလ အသုံးစရိတ်အခြေအနေအရ ထိုမျှသော ငွေကိုတော့ သုံးကို သုံးရပေအုံးမည်။ ထိုငွေကြေးကို သုံးစွဲရန် သူမလက်ရှိငွေနှင် ချိန်ဆရပေအုံးမည်။

အဘယ်မှာလဲ သီတင်းကျွတ်ရင်ခုန်စရာ၊သီတင်းကျွတ် စိတ်ကူးယဉ်မှုတွေ။ ထိုအရာများသည် ကာလတစ်ခုအောက်မှာ သေဆုံးခဲ့လေပြီ။သားရေး၊သမီးရေး၊လူမှုရေးတွေအောက်မှာ တစ်ချိန်က ပျော်ရွှင်ခဲ့ဖူးသည့် သီတင်းကျွတ်ပွဲတော်လေးမှာ ခုတော့ ဂဏန်းပေါင်းစက်အောက်မှာ နစ်မြုပ်နေရလေပြီ။

စီစဉ်စရာရှိသည်များကို ကြိုတင်စီစဉ် ပြီးလျှင်တော့ စိတ်တုံးတုံးချ စာရင်းချုပ်ပြီးလျှင် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့် ဒေါ်မြရာ ရင်ထဲ သီတင်းကျွတ်လပြည့်နေ့လေးကို နှလုံးသွင်းရပေအုံးမည်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်