This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Monday, 22 October 2012

ဘ၀ပါရမီ ခရီးသွားဖော်အသင်း၏ အလှူတော်

ကိုဖိုးအောင်(နည်းပညာ)မှ ဘဝပါရမီ သံသရာခရီးသွားဖော် အသင်းကို သြဂုတ်လ (၄) ရက်၊ ၂၀၁၂ ခုနှစ်၊ စနေနေ့တွင် အသင်းဝင် (၁၅) ဦးဖြင့် ဦးဆောင်ကာ စတင်ထူထောင်ခဲ့သည်။
ထိုအသင်း၏ ရည်ရွယ်ချက်များမှာ မြန်မာပြည်ရှိ-
(၁) မျက်မမြင် ကျောင်းများအား ထောက်ပံ့ရန်
(၂) မိဘမဲ့ ကလေးများအား ထောက်ပံ့ရန်
(၃) သက်ကြီးရွယ်အိုများအား ထောက်ပံ့ရန်
(၄) မသန်စွမ်းသူများအားထောက်ပံ့ရန်
(၅) စိတ္တဇဆေးရုံများအား ထောက်ပံ့ရန်
(၆) သဘာဝဘေးဒဏ် ဒုက္ခနှင့် ကြုံရသူတို့အားထောက်ပံ့ရန်
စသည်တို့ဖြစ်ပါသည်။

ထိုသို့ရည်ရွယ်ချက်များဖြစ် အသင်းဝင်တစ်ဦးလျှင် တစ်လစကာင်္ပူဒေါ်လာ ၁၀ (SGD $10) နှုန်းဖြစ် ထည့်ဝင်ကာ ပါဝင်လှူဒါန်းခဲ့ကြပါသည်။
ဘဝပါရမီ သံသရာခရီးသွားဖော်အသင်းစတည်တည်ထောင်ခဲ့သည်မှ ယခုချိန် ၂ လတိုင်ကာလတွင် မန်ဘာပေါင်း ၅၄ ယောက်ရှိခဲ့ပါပြီ။ ထိုအသင်းလေး ဖြစ်မြှောက်လာသည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ်ဖြစ် ဆွမ်းအလှူကပ်လှူခဲ့ပါသည်။
ထိုဆွမ်းအလှူတော်ကို
Dhamma Garden Buddhist Temple (Singapore)
No.17, Jalan Sendudok
Sembawang Springs Estate မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကပ်လှူကာ အလှူဒါနပြုခဲ့ပါသည်။

ဘဝပါရမီ သံသရာခရီးသွားဖော်အသင်ဝင်မိတ်ဆွေများ၏ အလှူဒါနများအား ပီတိခံစားနိုင်ရန် မျှဝေပေးခဲ့ပါသည်ရှင်။


မိုးသည်းထန်စွာ ရွာသွန်းမှူအောက်၌ ချက်ပြုတ်ရန် ဝယ်ခြမ်းပြီးချိန်ဝယ်

ချက်ပြုတ်ရန် ပြင်ဆင်နေပါပြီ။

ထိုနေ့ညက မိုးတွေလဲ အရမ်းရွာနေတော့ အလုပ်အကိုင် ဝိုင်းပြီး ကူလုပ်ကြတာကို ဓာတ်ပုံများများမရိုက်ဖြစ်ခဲ့ဘူး။ တနင်္ဂနွေနေ့ မနက်မှာ ဆွမ်းအလှူအတွက် ပြင်ဆင်ကြပုံများကို ဆက်လက်မျှဝေပါမည်ရှင်။


အသင်းဝင် မောင်နှမများ အင်တိုက်အားတိုက် စည်းလုံးစွာ တစ်ယောက်တစ်လက်ပါဝင် ကြော်လှော်ချက်ပြုတ်ကြနှင့် အရမ်းကို ပျော်စရာလဲကောင်းခဲ့ပါသည်။












လှူဒါန်းခဲ့သော ဆွမ်းများ
ချဉ်ပေါင်ရွက်ဟင်းချို




ဝက်သားဟင်း


ကြက်သားဟင်း



အချဉ်သုပ် ၊လက်ဖက်သုပ်၊ကိတ်မုန့်၊ ကော်ဖီ၊အချိုရည် (လိမ္မော်ရည်)၊သစ်သီးဝလံများ စသည်ဖြစ် စုံလင်ခဲ့ပါသည်။
ချက်ပြုတ်ပြီးစီးပြီး ဆွမ်းဘုန်းချိန်မှာတော့ ဘုန်းဘုန်းအတွက် ဆွမ်းဝိုင်းကို ပြင်ဆင်ပေးနေပါပြီ။


ဘုန်းဘုန်းအား ဆွမ်းခဲဖွယ်တို့ကို ဘုန်းပေးပါရန် ပင့်လျှောက်ပြီးသော အခါဝယ်







ဘုန်းဘုန်း ဆွမ်းဘုန်းပေးပြီးနောက် အလှူရှင် ဒကာ၊ဒကာမများ အလှည့်





ထမင်းစားပြီးနောက် ဘဝပါရမီ ခရီးသွားဖော်အသင်း၏ ဦးဆောင်ဥက္ကဌ ဖိုးအောင်(နည်းပညာ)မှ အသင်းဖြစ်ပေါ်လာပုံ၏ရည်ရွယ်ချက်၊စည်ကမ်းများ၊ နောက်အနာဂတ်တွင်ရှေ့ဆက်ရမည့် လမ်းစဉ်များကို အကျဉ်းချုံ့ ပြောကြားခဲ့ပါသည်။


တို့နောက် အသင်ဝင်များ၏ ကုသိုလ်အလှူနှင့် တရားတော်နာယူကြပါသည်။

ဆရာတော်ဟောကြားတော်မူသော (၃၁)ဘုံတွင် ကျင်လည်ခဲ့သော ဘဝနှင့်ပါရမီအကြောင်း သိမှတ်ဖွယ်အစုစုကို နာယူတော်မူပြီးနောက် ပြုလုပ်ခဲ့သော် ကောင်းမှူကုသိုလ်အစုစုတို့ကို ဝေနေယျသတ္တဝါများအားလုံးအတွက် အမျှဝေခဲ့ပါသည်။
ဘဝအဆက်ဆက် သံသရာတစ်လျှောက် တော်စပ်ခဲ့ဖူးသော အသိမိတ်ဆွေ၊ဓမ္မမိတ်ဆွေများ၊ အမိ အဖ၊ဆွေမျိုးညာသကာ ဆရာမိဘများ၊ (၃၁)ဘုံကျင်လည်ကြကုန်သော လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါများအားလုံးတို့အား ယနေ့ယခု ပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှူအစုစုတို့အတွက် အမျှပေးဝေပါ၏။
အမျှရ၍ ချမ်းသာကြပါစေ။



အမျှ   ..... အမျှ....အမျှ ယူတော်မူကြပါကုန်သောဝ်။



အလှူပွဲကြီး ပြီးစီးပြီးနောက်  ဆရာတော်ဘုရားနှင့် အိုးသိမ်း၊ခွက်သိမ်း နောက်ဆုံးထိ နေရစ်ခဲ့သော အဖွဲ့သားများ အမှတ်တရ မှတ်တမ်းဓာတ်ပုံ




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်










Saturday, 4 August 2012

ယဉ်ကျေးစွာ ကန့်ကွက်ကြပါစို့လား

(၃.၈.၂၀၁၂) နေ့က “ဗုဒ္ဓဘာသာဝင်တိုင်း ကန့်ကွက်ပေးကြပါလားရှင်” ဆိုတဲ့ ပို့စ်ကို မေတင်လိုက်ပါတယ်။
Icon Shoes and handbags ကုမ္မဏီမှ ထုတ်လုပ်လိုက်သည့် ဗုဒ္ဓရုပ်ပုံပါဝင်သည့် ဖိနပ်များကြောင့်  ဗုဒ္ဓဘာသာဝင်များမှာ ထိခိုက်ကြေကွဲကြပြီး ထိုကုမ္မဏီရဲ့ Facebook စာမျက်နှာမှာ သွားရောက် ကန့်ကွက်ကြပါတယ်။
လူမျိုး၊ဘာသာ၊သာသနာကို ထိရင် ထိုဘာသာကို ယုံကြည် ကိုးကွယ်ကြသူတိုင်းရဲ့ ရင်ထဲမှာ မချိအောင် နာတတ်ကြပါတယ်။ ဒေါသစိတ်တွေလဲ ဝင်လာတတ်ကြပါတယ်။  တစ်ခါတစ်ရံ ဝင်လာတဲ့ ဒေါသတွေက ယဉ်ကျေးသူကို ရိုင်းသွားစေတတ်ပါတယ်။
Icon Shoeရဲ့  Facebook စာမျက်နှာမှာ  သွားရောက်ကန့်ကွက်ခဲ့သူတွေထဲမှာ အခြားနိုင်ငံတွေကလဲ ပါဝင်ခဲ့ပေမဲ့ မြန်မာလူမျိုးတွေ အများဆုံး ပါဝင်ခဲ့ကြပါတယ်။
ဒေါသအလျှောက်၊ မခံချင်စိတ်တွေကြောင့် ကန့်ကွက်ခဲ့ကြတဲ့ မြန်မာလူမျိုးများရဲ့ ကန့်ကွက် စကားလုံးများကို ဖတ်ရပြန်တော့ တစ်မျိုးရင်မောရပြန်ရော။
F*** စသည့် စကားလုံးတွေ ထပ်နေကြသည်။ ဒေါသအလျှောက် ပြောဆိုဖြစ်သွားတာကို ခံစားသိပေမဲ့ မေချစ်တဲ့ မြန်မာလူမျိုးတွေကို ရိုင်းစိုင်သူတွေအဖြစ်မမြင်စေချင်ဘူး။ 
ဗုဒ္ဓရဲ့ အဆုံးအမက နူးညံ့ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ အောက်မှာ ယုံကြည်သက်ဝင်ကြသည့် ဗုဒ္ဓဘာသာဝင်တွေကို ယဉ်ကျေးသူများအဖြစ်နှင့်သာ ရှိစေချင်တာ မေ့ရဲ့ ဆန္ဒပါ။
အခြားနိုင်ငံများမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကန့်ကွက်ချက်များကိုလဲ လေ့လာကြည့်နိုင်ပါတယ်ရှင်။
http://www.facebook.com/iconshoesandhandbags
ဒီလင့်ကလေးကို နှိပ်
see all ကို နှိပ်ပြီး ကန့်ကွက်နိုင်သလို၊ကန့်ကွက်သူများ၏ အရေးအသားများကို လေ့လာနိုင်ပါတယ်။
ထိုကုမ္မဏီကတော့ သူတို့၏ ဖိနပ်ကြော်ငြာများကို ဖျက်သိမ်းပေးခြင်းမရှိသေးပါဘူးရှင်။ ဖိနပ်ကြော်ငြာထားတဲ့ လင့်တွေပါ
 http://www.iconshoes.com/Thangka-of-the-Buddha-br-Low-Wood-Heel-Clog-p/kacie-2.htm



 http://www.iconshoes.com/Thangka-of-the-Buddha-br-Open-Back-Dress-Slide-p/sugar-17.htm
 

http://www.iconshoes.com/Thangka-of-the-Buddha-br-Low-Wood-Heel-Clog-p/kacie-2.htm 





ထိုထုတ်ကုန်တွေ ရပ်တန့်ပေးဖို့ သွားရောက်ကန့်ကွက်ကြအုံးမယ်။ သူငယ်ချင်းတို့တွေလဲ လိုက်ပါခဲ့ကြပါ။ ယဉ်ကျေးစွာနှင့် ဝိုင်းဝန်းကန့်ကွက်ကြတာပေါ့ရှင်။


မေတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ယဉ်ကျေးပါတယ်ဆိုတာကိုပါ ပြကြပါစို့လား။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Friday, 3 August 2012

ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ကန့်ကွက်ပေးကြပါရှင်

 ဗုဒ္ဓဘာသာ ဆိုတာမေတို့ တွေရဲ့ အထွဋ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ။
ဗုဒ္ဓမြတ်စွာ ဘုရားရှင်ဆိုသည်မှာ မေတို့ကိုးကွယ်ရာ သဗ္ဗေညုတ ဥာဏ်တော်ကို ရရှိသည့် အတုမရှိ  ဘုရားရှင်။
ယခုလို လေးလေးနက်နက် ယုံယုံကြည်ကြည် ကိုးကွယ်ခဲ့ကြတဲ့ ဗုဒ္ဓ ဘာသာကို ပျက်ရယ်ပြု ၊မြတ်စွာဘုရား၏ သီရိကျက်သရေနှင့် ပြည့်စုံတော်မူသော ရုပ်ဆင်းအဂါ င်္ကို အလှဆင်ခြင်းလောက်သာ အာရုံထားကြသည့် သူအချို့ကြောင့် ထိခိုက်ကြေကွဲစရာများ ကြုံတွေ့ခဲ့ရပါတယ်။
အင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရှိခဲ့သည့် ဖိနပ်ကြော်ငြာကြောင့် မေ မျက်ရည်ကျခဲ့ပါတယ်။
အဘယ်သို့သော် ရုပ်ညံ့သည့် အတွေးနှင့် ဒီဖိနပ်ကို ထုတ်လုပ်ခဲ့သူ ဒီဇိုင်နာက တွေးတော ထုတ်လုပ်ခဲ့တာပါလိမ့်။
ဒီဖိနပ်ဒီဇိုင်းလေးကို တွေ့ရှိခဲ့တဲ့ လင့်လေးပါ။
 http://www.adaderana.lk/news.php?nid=19073
ထိုကန့်ကွက်သူများနှင့် ပါဝင်လက်တွဲကူညီပြီး ကန့်ကွက်ပေးကြပါရန် တောင်းဆိုပါသည်ရှင်။


အမျိုးဘာသာ သာသနာထိရင် မချိအောင် နာတတ်သူပါ။
ပါဝင်လက်တွဲကူညီကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်လုပ်ဆောင်သင့် အချက်များ

ဝါတွင်းကာလ ကုသိုလ်ဒါနအဖြစ် ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား/သမီးတို့ နေ့စဉ် လုပ်ဆောင်သင့်သည့် အချက်များကို ဓမ္မဒါန ပြုပါတယ်ရှင်။
ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှင်ကို ဘယ်လိုကိုးကွယ်ကြမလဲ။
မိမိအိမ်တွင် ဘုရားရှင် ကိုယ်တော်တိုင် ကြွရောက်သီတင်းသုံးနေသကဲ့သို့ ကိုးကွယ်မှ ဗုဒ္ဓဘာသာပီသပါမည်။ နံနက်-ညမပျက်ရှိခိုးဝတ်တက်သည့်အပြင် အိမ်မှထွက်လျှင်သော်လည်းကောင်း၊ အိမ်သို့ ပြန်ရောက်လျှင်သော်လည်းကောင်း ဘုရားရှင်အား ဦးစွာ ရှိခိုးရပါမည်။ သွားလေရာတွင် ဘုရားရှင်သည် မိမိနှင့် အတူပါလာသကဲ့သို့ စိတ်ထားရပါမည်။
ပန်းရေချမ်း၊ဆီမီး၊ဆွမ်းတော်ခဲဘွယ်၊ဘောစဉ်တို့ကို ကပ်လှူရာတွင် ဘုရားရှင် သက်ရှိထင်ရှား ရှိသကဲသို ဘုန်းပေတော်မူနေသည်ဟု စွဲမှတ်စွာ သဒ္ဒါကြည်ဖြူ၍ ရိုသေစွာ ကပ်လှူရပါမည်။
ထို့အပြင် စေတီတော်များ ၊ဆင်းတုတော်များအား ရှိခိုးရာတွင် ရုပ်ပုံ၊ရွှေပုံကြီးကို ရှိခိုသည်ဟု စိတ်ကမတွေးပဲ ဘုရားရှင်၏ ဓာတ်တော်၊မွေတော်များရှိသည်၊ သက်တော်ထင်ရှား ဘုရားရှင်၏ ဂုဏ်တော်ထုံမွှမ်း၊ပုံတော်မှန်းလျှက် ရှိခိုးရပါမည်။

နေ့စဉ် လုပ်ဆောင်ရန် အချက် (၁၀) ချက်
၁။ ဦးစွာ ဘုရားရှင်အား ရေချမ်း၊ပန်း၊ဆီမီးကပ်လှူပါ။
၂။ရိုသေစွာ ရှိခိုး၍ ဘုရားပင့်ပါ။
(ဘုရားပင့် များ များစွာရှိ၍ မိမိစိတ်သန်ရာကို ရွတ်ဆိုပါ။ မသိသူများ လိုအပ်ပါက တောင်းဆိုပါ။ ရေးပေးပါမည်)

၃။သီလ ဆောက်တည်ပါ။ (ငါးပါးသီလ၊ရှစ်ပါးသီလ- သီလစင်ကြယ်ပါမှ အကျိုးကြီးပါမည်)
၎။မိမိ ခန္ဓာကိုယ်အား ဘုရားရှင်ထံသို့ လှူပါ။ (အချက်အလက်များ အောက်တွင် ဖော်ပြထားပါသည်။)

၅။ပရိတ်တော်များ ရွတ်ဆိုပါ။ (အနက်သိမှ ပို၍ ပြည့်စုံပါမည်)
၆။မိမိပြုခဲ့သော ကုသိုလ်များကို ဗြဟ္မာ၊နတ်၊လူ၊သတ္တဝါအားလုံးသို့ အမျှဝေပါ။
၇။အနေန္တော၊အနန္တ ငါးပါးနှင့် သူတော်စင်၊သူတော်မြတ်များအား ဝန်ချကန်တော့ပါ။
၈။မိမိအပေါ် ပြစ်မှားမိသူများကို သင်ပုန်းချေပါ။(အောက်တွင် ဖော်ပြထားသည်)
၉။မိမိအားထုတ်လိုသော တရားကို ဘုရားရှင်ထံတွင် တောင်းခံပါ။
၁၀။အထက်ပါ ကိစ္စများကို အဓိဌာန်ပြုပါ။ (ဘယ်ဂုဏ်တော်ကို ပုတီး မည်မျှစိပ်မည်၊ဘယ်နှစ်ရက်စိပ်မည်။ အဓိဌာန်ပြုထားသည့်အတိုင်း ဖြစ်အောင် လုပ်ပါ)

ခန္ဓာကိုယ်အား ဘုရားရှင်ထံသို လှူရန်
***ဣမာဟံ ဘဂဝါ အတ္တဘာဝံ
      တုမှာကံ ပရိစ္စဇာမိ။ ။
အနက်။။  ။။ ဘဝဝါ-ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ အဟံ- ဘုရားတပည့်တော်သည်။ ဣမံအတ္တဘာဝံ-ဤခန္ဓာကိုယ် အတ္တဘောကြီးကို။တုမှာကံ-အရှင်ဘုရားတို့အား။ ပရိစ္စဇာမိ-အပ်နှင်းကြည်ဖြူ စွန့်လွတ်ပေးလှူပါ၏ ဘုရား။

သံသရာကြွေး ချေရန်

မသိအပ်သော အစရှိသော ဘဝသံသရာအဆက်ဆက်မှစ၍ ဤနေ့ဤရက်တိုင်အောင် အကျွန်နုပ်သည် သူတစ်ပါးတို့အပေါ်၌ ကိုယ်၊နှုတ်၊စိတ် သုံးပါးသော ကံတို့တွင်တစ်ပါးပါးဖြစ် ပြစ်မှားကျူးလွန်ရှိခဲ့ပါက ထိုအပစ်တို့မှ ခွင့်လွတ်သီးခံပါရန် ဘုရား၊တရား၊သံဃာ ရတနာ သုံးပါးတို့ကို သက်သေအရာထား၍ ရိုသေစွာ တောင်းပန်ဝန်ချပါသည်။ အကျွန်နုပ်ကလည်း ခွင့်လွတ်ပါသည်။ အားလုံးကလဲ ကျေနပ်ခွင့်လွတ်ပါစေသတည်း။


ဤနေ့ယခု ပြုခဲ့ရသည့် ဒါနကုသိုလ်အစုစုကို ဗြဟ္မာ၊နတ်၊လူ သတ္တဝါတို့ အားလုံး အမျှရကြစေသောဝ်။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Tuesday, 15 May 2012

လေ့လာစရာဘာသာရေးစာအုပ်များ

 ပေးထားတဲ့ စာအုပ်လေးတွေကို ဒေါင်းယူပြီး လေ့လာ ဖတ်ရှုနိုင်ကြပါတယ်ရှင်။
စာအုပ်အမည် = မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်
ရေးသားသူ = မောင်အံ့
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?jh5fxjnztzk


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊ပဉ္စမတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?pngscym9c3njesn


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊စတုတ္ထတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?i9507s4ls6z8ebd


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊တတိယတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?16l283ayun6mon7


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊ဒုတိယတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mivtuguiau4ibvf


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊ပထမတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?68kbolt6jlmcx85


စာအုပ်အမည် = ရောင်စုံရုပ်ပြပဌာန်း
ရေးသားသူ = S.S ခင်မောင်အေး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mm5zizntqtw


စာအုပ်အမည် = ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများဟောကြား
ရေးပြပေးခဲ့သည့်နိဗ္ဗာန်ပို့မည့်တရားတော်များ
ရေးသားသူ = ဦးကံညွန့်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zyjryjho1xm


စာအုပ်အမည် = သီဟိုခေတ်စံတော်ဝင်အရိယာများ
ရေးသားသူ = ဓမ္မာစရိယဦးဌေးလှိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?u2lztddktyz


စာအုပ်အမည် = နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်
ရေးသားသူ = လယ်တီဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mjjy0imo1v0


စာအုပ်အမည် = တရားတွေ့ဖို့ချမ်းမြေ့ဖို့
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?tjymjjlqo53


စာအုပ်အမည် = စွယ်စုံကျော်ထင်ကျမ်း
ရေးသားသူ = ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?eomftzwijwx


စာအုပ်အမည် = ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာ
အမေးနှင့်အဖြေအကျဉ်းချုပ်
ရေးသားသူ = ဦးဇနိတာလင်္ကာရ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?4htidk5nzau



စာအုပ်အမည် = ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော
မေးခွန်းနှင့်ပြဿနာများ
ရေးသားသူ = ဒဂုန်ဦးစန်းငွေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?lcihmn4gnzz


စာအုပ်အမည် = ပရိတ်ကြီး၊၁၁သုတ်အသံထွက် ရွတ်ဖတ်နည်းနှင့်မြန်မာပြန်
ရေးသားသူ = မဏိဇောတ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?oyynrwfd4wm


စာအုပ်အမည် = ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာလည်ပုံပြတ်ပုံ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?yymmzznnigm


စာအုပ်အမည် = ဉာဏ်လမ်းပေါ်လျှောက်
လူတစ်ယောက်အကြောင်း
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?iuwmzzytqun


စာအုပ်အမည် = မိလိန္ဒပဉှာ
ရေးသားသူ = မာဏဝ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?yyzmy22n0iz


စာအုပ်အမည် = မာဃဒေ၀လမ်းညွှန်နီတိများ
ရေးသားသူ = မန်လည်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?nzehmmqnjij


စာအုပ်အမည် = လောကနီတိ
ရေးသားသူ = တက်တိုး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mzkgydmjwnm


စာအုပ်အမည် = ခေတ်အမြင်နှင့်သိမှတ်စရာ
ဗုဒ္ဓဘာသာအကျဉ်း
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?vntfjmmtwm0


စာအုပ်အမည် = ဗုဒ္ဓဘာသာကောင်းတစ်ယောက်
ရေးသားသူ = သာသနာရေးဝန်ကြီးဌာန
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mymnkm2wz5t


စာအုပ်အမည် = ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?z0tnyzgzzgt


စာအုပ်အမည် = ဗုဒ္ဓ၀င်ရုပ်စုံ
ရေးသားသူ = မင်းယုဝေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?kdmmzjidfnt


စာအုပ်အမည် = ရုပ်စုံဗုဒ္ဓသာသနာဝင်
ရေးသားသူ = ၀ိုင်အမ်ဘီအေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mozztnhjjym


စာအုပ်အမည် = ဗုဒ္ဓဘာသာလက်စွဲကျမ်း
ရေးသားသူ = သာသနာရေးဝန်ကြီးဌာန
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zdmfnoqfjqm


စာအုပ်အမည် = ဘာသာကြီးလေးခုအနှစ်သာရများ
ရေးသားသူ = ညိုသောင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?etwzgie0zlz


စာအုပ်အမည် = နိပါတ်တော်လာဇာတ်တော်
ငါးရာ့ငါးဆယ်အနှစ်ချုပ်
ရေးသားသူ = ဦးအောင်ညွန့်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?ywnalzdnutz


စာအုပ်အမည် = သုံးဆယ့်ရှစ်ဖြာမင်္ဂလာပုံပြင်များ
ရေးသားသူ = မင်းယုဝေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?5zxedan9y31


စာအုပ်အမည် = အနာဂတ၀င်ကျမ်း
ရေးသားသူ = ဒီပဲယင်းဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mn4nzwwxmty


စာအုပ်အမည် = ခရစ်ယာန်ရွှေချိန်ခွင်အဆိုကို
လယ်တီဆရာတော်ကြီးရှင်းလင်းချက်
ရေးသားသူ = လယ်တီဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mm2zqwtynmy


စာအုပ်အမည် = အံ့ဖွယ်ထူးခြားဆရာတော်ကြီးများဧ။် ထေရုပ္ပတ္တိကျင့်စဉ်နှင့်သြ၀ါဒ- ၂
ရေးသားသူ = ကျော်ဇောဟိန်း(နံ့သာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?dzzwnwjju1m


စာအုပ်အမည် = အံ့ဖွယ်ထူးခြားဆရာတော်ကြီးများဧ။် ထေရုပ္ပတ္တိကျင့်စဉ်နှင့်သြ၀ါဒ- ၁
ရေးသားသူ = ကျော်ဇောဟိန်း(နံ့သာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zmdonxmmzjx


စာအုပ်အမည် = ကောသလမင်းအိမ်မက်ဆယ့်ခြောက်ချက်
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zkm0njz3noq


စာအုပ်အမည် = ဇောခုနစ်ကြိမ်အကျိုးပေးပုံ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?wbnqzkzqtiy


စာအုပ်အမည် = ဇာတ်တော်ကြီးဆယ်ဘွဲ့
ရေးသားသူ = ပန်းချီးဦးဘကြည်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?tmudxzlomyn


စာအုပ်အမည် = ၀ိသာခါနှင့်ဓမ္မဒိန္နာ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?owz3mtjmwfy


စာအုပ်အမည် = သောတာပန်ဖြစ်ဖို့နှစ်ချက်
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?hzywggmmqwy


စာအုပ်အမည် = သုညတရား
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?ytnwzm4tqjm


စာအုပ်အမည် = သိပ္ပံနယ်လွန်ဗုဒ္ဓဘာသာ
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?n1zv4ymqjwm


စာအုပ်အမည် = ရှေးဘ၀၊နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?5zymnumitzd


စာအုပ်အမည် = ဖြစ်တည်ခြင်းပဓာန၀ါဒနှင့် လူသားပဓာန၀ါဒ
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?t02cjw0mbsf


စာအုပ်အမည် = ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mpby3yjzdek


စာအုပ်အမည် = ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
ရေးသားသူ = ဓမ္မာစရိယဦးဌေးလှိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?wgvnmjjxtty


စာအုပ်အမည် = တစ်ခဏဖြစ်ရလူ့ဘ၀အနှစ် ပြည့်အောင်ကြိုးစားကြ
ရေးသားသူ = သန့်တည်ပွား
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mdbwjwlxhuv


စာအုပ်အမည် = ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်မြောက်ရေး
ရေးသားသူ = သန့်စင်(ယခင်တော်ဖုရားကလေး)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?owwozxfxyvs


စာအုပ်အမည် = သံဂါယနာသမိုင်းစုံ
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?5z12c0lzuge


စာအုပ်အမည် = ထေရ၀ါဒအုတ်မြစ်
ရေးသားသူ = ဦးရွှေအောင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?gjw3zzxsmyy


စာအုပ်အမည် = ဘာသာရေးပြဿနာများ
ရေးသားသူ = ရဝေထွန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?omlmzdzzzex



စာအုပ်အမည် = မြန်မာဗုဒ္ဓဘာသာဥပဒေ
ရေးသားသူ = မောင်ထွန်းမြိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?wlxismbtz3y

ရင်မောင့်ဆီမှာ ဤစာအုပ်တွေ အကုန်လုံး ဒေါင်းလွတ် ဆွဲယူထားပြီးသားပါ ။ ကျွန်တော် လေ့လာဖတ်ရှု့ရင်းပြန်လည်မျှဝေပေးတာပါ ။ တစ်ကယ်ကျေးဇူးတင်ထိုက်တဲ့သူကတော့ မူရင်း ရှာဖွေ တင်ပြပေးထားတဲ့ ချယ်ရီမြို့တော် စာအုပ်စင်လေးကိုပါ ။ ကျွန်တော်က အချိန်ကုန်တယ်ဆိုပေမယ့် ။ မူရင်း တင်ပေးသူလောက် ပင်ပန်းမှာမဟုတ်ပါဘူး ။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူကို
ကျေးဇူးသွားတင်ပေးကြပါလို့တောင်းဆိုပါတယ် http://cherrymyodaw-elibrary.blogspot.com ။ အခုတင်ပေးလိုက်တဲ့ စာအုပ်တွေဟာ မြန်မာပြည်က ညီငယ် ညီမငယ်လေးများအနေနဲ့ ဒေါင်းလို့ ရမှာမဟုတ်ပါဘူး ။ www.mediafire.com ကို မြန်မာပြည်က ပိတ်ထားလို့ ဒေါင်းမရတာပါခင်ဗျ ။ ဒီအတွက် ခွင့်လွှတ်ပေးကြပါခင်ဗျာ ။ ဘာသာရေးပြဿနာငြင်းကြမယ် ဆိုရင်လည်း ဒီစာအုပ်တွေ
အကုန်လေ့လာပြီးမှ ငြင်းကြပါခင်ဗျ ။ ဟီးးးးးး ပေါက်ကရတွေ ငြင်းနေကြမှာ ဆိုးလို့ပါနော်

အမုန်းတရားကင်းမဲ့စွာ ဖြင့် လေ့လာနိုင်ကြပါစေခင်ဗျာ
လေးစားလျှက်. . . . ကိုရင်မောင်