Followers

Friday 3 August 2012

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်လုပ်ဆောင်သင့် အချက်များ

ဝါတွင်းကာလ ကုသိုလ်ဒါနအဖြစ် ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား/သမီးတို့ နေ့စဉ် လုပ်ဆောင်သင့်သည့် အချက်များကို ဓမ္မဒါန ပြုပါတယ်ရှင်။
ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှင်ကို ဘယ်လိုကိုးကွယ်ကြမလဲ။
မိမိအိမ်တွင် ဘုရားရှင် ကိုယ်တော်တိုင် ကြွရောက်သီတင်းသုံးနေသကဲ့သို့ ကိုးကွယ်မှ ဗုဒ္ဓဘာသာပီသပါမည်။ နံနက်-ညမပျက်ရှိခိုးဝတ်တက်သည့်အပြင် အိမ်မှထွက်လျှင်သော်လည်းကောင်း၊ အိမ်သို့ ပြန်ရောက်လျှင်သော်လည်းကောင်း ဘုရားရှင်အား ဦးစွာ ရှိခိုးရပါမည်။ သွားလေရာတွင် ဘုရားရှင်သည် မိမိနှင့် အတူပါလာသကဲ့သို့ စိတ်ထားရပါမည်။
ပန်းရေချမ်း၊ဆီမီး၊ဆွမ်းတော်ခဲဘွယ်၊ဘောစဉ်တို့ကို ကပ်လှူရာတွင် ဘုရားရှင် သက်ရှိထင်ရှား ရှိသကဲသို ဘုန်းပေတော်မူနေသည်ဟု စွဲမှတ်စွာ သဒ္ဒါကြည်ဖြူ၍ ရိုသေစွာ ကပ်လှူရပါမည်။
ထို့အပြင် စေတီတော်များ ၊ဆင်းတုတော်များအား ရှိခိုးရာတွင် ရုပ်ပုံ၊ရွှေပုံကြီးကို ရှိခိုသည်ဟု စိတ်ကမတွေးပဲ ဘုရားရှင်၏ ဓာတ်တော်၊မွေတော်များရှိသည်၊ သက်တော်ထင်ရှား ဘုရားရှင်၏ ဂုဏ်တော်ထုံမွှမ်း၊ပုံတော်မှန်းလျှက် ရှိခိုးရပါမည်။

နေ့စဉ် လုပ်ဆောင်ရန် အချက် (၁၀) ချက်
၁။ ဦးစွာ ဘုရားရှင်အား ရေချမ်း၊ပန်း၊ဆီမီးကပ်လှူပါ။
၂။ရိုသေစွာ ရှိခိုး၍ ဘုရားပင့်ပါ။
(ဘုရားပင့် များ များစွာရှိ၍ မိမိစိတ်သန်ရာကို ရွတ်ဆိုပါ။ မသိသူများ လိုအပ်ပါက တောင်းဆိုပါ။ ရေးပေးပါမည်)

၃။သီလ ဆောက်တည်ပါ။ (ငါးပါးသီလ၊ရှစ်ပါးသီလ- သီလစင်ကြယ်ပါမှ အကျိုးကြီးပါမည်)
၎။မိမိ ခန္ဓာကိုယ်အား ဘုရားရှင်ထံသို့ လှူပါ။ (အချက်အလက်များ အောက်တွင် ဖော်ပြထားပါသည်။)

၅။ပရိတ်တော်များ ရွတ်ဆိုပါ။ (အနက်သိမှ ပို၍ ပြည့်စုံပါမည်)
၆။မိမိပြုခဲ့သော ကုသိုလ်များကို ဗြဟ္မာ၊နတ်၊လူ၊သတ္တဝါအားလုံးသို့ အမျှဝေပါ။
၇။အနေန္တော၊အနန္တ ငါးပါးနှင့် သူတော်စင်၊သူတော်မြတ်များအား ဝန်ချကန်တော့ပါ။
၈။မိမိအပေါ် ပြစ်မှားမိသူများကို သင်ပုန်းချေပါ။(အောက်တွင် ဖော်ပြထားသည်)
၉။မိမိအားထုတ်လိုသော တရားကို ဘုရားရှင်ထံတွင် တောင်းခံပါ။
၁၀။အထက်ပါ ကိစ္စများကို အဓိဌာန်ပြုပါ။ (ဘယ်ဂုဏ်တော်ကို ပုတီး မည်မျှစိပ်မည်၊ဘယ်နှစ်ရက်စိပ်မည်။ အဓိဌာန်ပြုထားသည့်အတိုင်း ဖြစ်အောင် လုပ်ပါ)

ခန္ဓာကိုယ်အား ဘုရားရှင်ထံသို လှူရန်
***ဣမာဟံ ဘဂဝါ အတ္တဘာဝံ
      တုမှာကံ ပရိစ္စဇာမိ။ ။
အနက်။။  ။။ ဘဝဝါ-ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ အဟံ- ဘုရားတပည့်တော်သည်။ ဣမံအတ္တဘာဝံ-ဤခန္ဓာကိုယ် အတ္တဘောကြီးကို။တုမှာကံ-အရှင်ဘုရားတို့အား။ ပရိစ္စဇာမိ-အပ်နှင်းကြည်ဖြူ စွန့်လွတ်ပေးလှူပါ၏ ဘုရား။

သံသရာကြွေး ချေရန်

မသိအပ်သော အစရှိသော ဘဝသံသရာအဆက်ဆက်မှစ၍ ဤနေ့ဤရက်တိုင်အောင် အကျွန်နုပ်သည် သူတစ်ပါးတို့အပေါ်၌ ကိုယ်၊နှုတ်၊စိတ် သုံးပါးသော ကံတို့တွင်တစ်ပါးပါးဖြစ် ပြစ်မှားကျူးလွန်ရှိခဲ့ပါက ထိုအပစ်တို့မှ ခွင့်လွတ်သီးခံပါရန် ဘုရား၊တရား၊သံဃာ ရတနာ သုံးပါးတို့ကို သက်သေအရာထား၍ ရိုသေစွာ တောင်းပန်ဝန်ချပါသည်။ အကျွန်နုပ်ကလည်း ခွင့်လွတ်ပါသည်။ အားလုံးကလဲ ကျေနပ်ခွင့်လွတ်ပါစေသတည်း။


ဤနေ့ယခု ပြုခဲ့ရသည့် ဒါနကုသိုလ်အစုစုကို ဗြဟ္မာ၊နတ်၊လူ သတ္တဝါတို့ အားလုံး အမျှရကြစေသောဝ်။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်