This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, 11 July 2013

Samsung Galaxy phone ကိုင်သူတွေ သတိ

Samsung Galaxy phone သုံးသူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြန်ပြီ။
အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။


သူမသည် လုပ်ငန်းခွင်အတွင်း ဆေးသုတ်နေရင်း ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲသည့်အသံကို ကြားလိုက်ရပါတယ်။ ဗျောက်အိုးဖောက်သံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲသံဟာ သူမဆီက ထွက်ပေါ်လာမှန်း သတိပြုမိလိုက်ချိန်မှာပဲ မီးခိုးညော်နံ့များနှင့်အတူ အခြားဓာတုဗေဒပစ္စည်းမီးလောင်ကျွမ်းသဘ့် အနံ့ဆိုးများကိုပါ ခံစားလိုက်ရပါတယ်။ ထိုအချိန်မှာပဲ သူမ၏ ဘောင်းဘီစမှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။

သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။


Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။


Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။

Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy  ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။


Wednesday, 19 June 2013

မီးခိုးငွေ့များ ဖုံးလွှမ်းနေသော စကာင်္ပူ

အင်ဒိုနီးရှားနိုင်ငံ Sumatra ရဲ့ တော့မီးလောင်ကျွမ်းမှုကြောင့် လက်ရှိ စကာင်္ပူနိုင်ငံရဲ့ လေထုညစ်ညမ်းအခြေအနေက အစိုးရိမ်ရဆုံး အခြေအနေဖြစ်နေပါပြီ။ ယနေ့ည(၁၉.၆.၂၀၁၃) (၉)နာရီမှာ Haze PSI ( "hazardous" as the Pollutant Standards Index)တိုင်းထွာချက်အရ 290 အထိ မြင့်တက်ခဲ့ပါသည်။
PSI 300 ထက် ကျော်လွန်ခဲ့မည် ဆိုလျှင်တော့ ထိုမီးခိုးငွေ့ရဲ့ ဆိုးကျိုးကို အပြင်းထန်ဆုံး ခံစားရပါလိမ့်မည်။

ယခု ရောက်ရှိနေသည့် PSI အခြေအနေသည့် လွန်ခဲ့သည့် (၁၆)နှစ် (၁၉၉ရ)ခုနှစ်ရဲ့ အမြင့်ဆုံး စံချိန်ဖြစ်သည့် ၂၂၆ ကိုကျော်လွန်သွားခဲ့ပါပြီ။

နိုင်ငံပိုင် သတင်ဌာနများမှ နိုင်ငံသားများအား ကိစ္စကြီးငယ် မရှိပဲ အပြင်မထွက်ရန်၊အပြင်ထွက်ပါက နှားခေါင်း၊ ပါးစပ်ပေါက် ၊မျက်နှာများကို ဖုံးအုပ်ထားရန်၊ နေအိမ်တံခါးများ လုံခြုံစွာ ပိတ်ထားရန် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။

လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေကြောင့် စကာင်္ပူနိုင်ငံသား အချို့မှာ လည်ချောင်နာခြင်း၊ အသက်ရှုကြပ်ခြင်း၊ မျက်စိစပ်ခြင်း ၊မူးဝေခြင်း စသည့် ရောဂါ လက္ခဏာများကို ခံစားနေကြရပါသည်။

ထိုမီးခိုးငွေ့များ၏ အကျိုးဆက်ကို နောက်ထပ် ရက်သတ္တပတ်မျှအထိ ဆက်လက် ခံစားကြရမည် ဖြစ်ကြောင်း စကာင်္ပူနိုင်ငံ၏ National Environment Agency မှ သတင်းထုတ်ပြန်ထားပါသည်။

Thursday, 22 November 2012

ကဲ.... မှတ်ကရော..တွေ့ဖူးကြရဲ့လား

တရုတ်နိုင်ငံ Zhejiang  ဆိုတဲ့ မြို့လေးမှာ လမ်းသစ်ချဲ့ဖို့ရန်အတွက် ထိုလမ်းနယ်နမိတ်မှာ ရှိနှင့်ပြီးသား အိမ်အချို့ကို ဖယ်ရှားစေခဲ့ပါတယ်။ မေတို့ကိုယ်ပိုင်အိမ်လေး ဖယ်ရှားစဉ်ကလို တစ်ပြားတစ်ချပ်မှ မရပဲ ဗီတိုအာဏာသုံးပြီး ဒီအတိုင်း ဖယ်စေခဲ့တာတော့ မဟုတ်ပါဘူး။ သတ်မှတ် လျှော်ကြေးငွေ အချို့နှင့် ဖယ်ရှားစေခဲ့တာပါ။
သို့ပေမဲ့ ထိုနယ်ပယ် ဧရိယာထဲမှ သက်ကြီးရွယ်အို လင်မယားစုံတွဲမှာတော့ ၎င်းတို့ အိမ်နေရာလေးကို ဖယ်ပေးပါမည် ဆိုသည့် ခံဝန်ချက်ကို သဘောတူညီစွာ မထိုးခဲ့ပဲ ငြင်းပယ်ခဲ့ကြပါတယ်။
၎င်းတို့အဆိုအရ သက်ဆိုင်ရာမှ ပေးသော ငွေကြေးသည် နောက်ထပ်အိမ်တစ်လုံးဆောက်ရန် မလောက်ငှပဲ နည်းပါးနေသောကြောင့် ယခုလက်ရှိ အနေအထားမှ ဖယ်မပေးနိုင်ဟု ငြင်းဆိုခဲ့ပါသည်။
သက်ကြီးရွယ်အို လင်မယား၏ ခေါင်းမာမာ ငြင်းပယ်မှုကြောင့် သက်ဆိုင်ရာမှလည်း လက်လျှော့ကာ ထို သက်ကြီးရွယ်အို၏ အိမ်တစ်လုံးတည်းချန်ရစ်ခဲ့ကာ ၎င်းတို့အလိုရှိသည့် လမ်းသစ်ကို ဖောက်လုပ်ခဲ့ပါသည်။
ယနေ့နံနက် ၊၂၀၁၂ ခု ၊နိုဝင်ဘာလ ၂၂ ရက်နေ့က မြင်တွေ့ခဲ့ရသည့် ထိုအိမ်လေးနှင့်လမ်းသစ်အနေအထား မြင်ကွင်း..။


လမ်းသစ်ဖောက်သည့် သက်ဆိုင်ရာလူများနှင့် အဘိုးအဘွား လင်မယား ၊မည်သူက ပိုပြီး ကပ်ဖဲ့ကြပါသနည်း။

မည်သို့ပင် ဆိုစေကာမူ သက်ကြီးရွယ်အို အဘိုးအဘွားများကို အတိုက်အခံမလုပ်ပဲ မိမိအလိုရှိရာ အဆင်ပြေသလို လုပ်ဆောင်သွားကြသော အဖွဲ့အစည်းနှင့် မိမိပိုင်ဆိုင်မှုအား ရဲရင့်စွာ ဆန်ကျင်ကာကွယ်ရဲသည့် အဘိုးအဘွားသက်ကြီးရွယ်အို၏ နှစ်ဦးနှစ်ဖက် စိတ်ဓာတ်မှာ လေးစားဖွယ်ဖြစ်သည်ဟု မေတော့ ထင်ပါသည်။
ရှည့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဆိုသည့် စကားပုံလေးအတိုင်း ဆိုင်ရာက လုပ်ဆောင်သွားကြလေသတည်း.။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Wednesday, 21 November 2012

Taiwan Super Idol မှာ ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာကောင်လေး

ထိုင်ဝမ်နိုင်ငံမှာ နှစ်စဉ်ကျင်းပခဲ့သည့် Super Idol မှာ ထိုင်ဝမ်ရောက်မြန်မာများလည်း ဝင်ရောက်ယှသ်ပြိုင်လေ့ရှိပါတယ်။ ထိုင်ဝမ်ရောက် မြန်မာအဆိုတော် အဂ္ဂါဆိုရင်လည်း ထို Super Idol မှ စတင်ကာ လူသိများလာသည့် အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ယခုနှစ် ၂၀၁၂ Super Idol ပြိုင်ပွဲမှာ ထူးထူးခြားခြား အသက် (၁၂)နှစ်သာ ရှိသေးသည့် မြန်မာကောင်လေးတစ်ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ရိုးသားစွာ ဝန်ခံရလျှင် မေ တရုတ်စကားကို အနည်းငယ်သာ နားလည်ပြီး လုံးစေ့ပတ်စေ့ နားမလည်ပါ။ တရုတ်စာ မတတ်ပါ။ ထိုကြောင့် ထိုကောင်လေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို သေချာစွာ မရေးပေးနိုင်ခဲ့ပါ။ ဒီပို့စ်လေးကို ဖတ်လိုက်ရသည့် ထိုင်ဝမ်နေ မိတ်ဆွေ တစ်ယောက်ယောက်မှ ထိုကောင်လေးအကြောင်း ပြောပြလာလိမ့်မည့်ဟု ယုံကြည်ပါသည်။
“ကျောက်လုံ” ဆိုသည့် နာမည်ကို ပိုင်ဆိုင်သည့် မြန်မာနာမည်“ ရဲမောင်”ထိုကောင်လေးသည် ထိုင်ဝမ် ဂီတလောကတွင် မြန်မာကောင်လေးဟု နာမည်တွင်လေပြီ။ လေလှိုင်းကြားမှ တဆင့် မြန်မာဆိုသည့်အသိကို ထိုင်ဝမ်ပရိတ်သတ်တို့ကြား ရေပမ်းစားစေပြီ။ ယှဉ်ပြိုင်မှု စတင်ချိန်မှာ အနည်းငယ်လေး မဆိုစလောက် အားနည်းမှုရှိနေသေးပေမဲ့ နောက်တစ်ချိန် တဖြည်းဖြည်းနှင့် တစ်စထက် တစ်စ ဆွဲယူလာနိုင်သည့် အနာဂတ်မှာ မြန်မာဆိုသည့် အနုပညာကြယ်တစ်ပွင့် ထွန်းလင်းတောက်ပလာပေတော့မည်။
“ကျောက်လုံ ပါဝင်သီဆိုယှဉ်ပြိုင်ထားသော သီချင်းများ”

My Heart Will Go On


Last Christmas


You Raise Me Up 

HERO


I believe I can fly




Note to God 




တရုတ်သီချင်းလေးတစ်ပုဒ်ပါ။ နောက်ခံမှာ မိမိဓာတ်ပုံ တင်ပြခွင့်ရသည့် ထိုပွဲလေးမှာ သူငယ်စဉ်ဘဝက သနပ်ခါးအဖွေးသားနှင့် ပုံလေးရွေးတင်ထားတာကိုက မြန်မာဆိုသည့် အလှကို ပြသလိုက်ခြင်းသာတည်း။

ဒါလေးက နိုဝင်ဘာ (၁၇ ) ရက်နေ့မှာ နောက်ဆုံး ဆိုသွားတဲ့ တရုတ်သီချင်းလေးပါ။

ပြိုင်ပွဲလေးက မပြီးသေးပါဘူး။ ဆုရမည် ၊မရမည်ကို သေချာမသိသေးသော်ငြား အရွယ်ငယ်ငယ်နှင့် ပြိုင်ပွဲမှာ နေရာတစ်နေရာယူထားပြီး အတူယှဉ်ပြိုင်ကြသူ ပြိုင်ဘက် အစ်ကို၊အမများရဲ့ ချစ်ခြင်းကို ရရှိထားသည့် အသက်အရွယ် အငယ်ဆုံး ကောင်လေးငယ်ကို ဆက်လက်အားပေးကြပါအုံးစို့။

ကျောက်လုံ(ခေါ်)ရဲမောင်ရဲ့ စူပါအိုင်ဒေါ မဝင်သေးခင်ကာလ ထိုင်ဝမ်အစီအစဉ်တစ်ခုမှာ ဆိုသွားခဲ့သည့် မလာပါနဲ့ ဆိုသည့် မြန်မာသီချင်း


Wednesday, 4 July 2012

မိမိရင်သွေး ဆုံးရှုံးရတဲ့ထိတော့ မချက်လိုက်ပါနဲ့ ကြူကြူမမရယ်

ထမင်းမေ့ ၊ဟင်းမေ့ ထိုင်ချက်နေတာ၊ အွန်လိုင်းထိုင်သုံးနေမိတာလောက်ကို လွန်လှပြီးလို့ တွေးနေမိတာ။ ထိုထက် အဖြစ်ဆိုးသူတွေလဲ ရှိနေပါလား။
ပြီးခဲ့တဲ့လက ဂျပန်နိုင်နိုင်ငံမှာ Yumiko Takahashi  ဆိုတဲ့ အမျိုးသမီးကို ချက်တင်ထိုင်ရာမှ မိမိကလေးကို မေ့လျော့ပြီး ကလေးသေဆုံးသည့်အထိ ဖြစ်ပွားခဲ့လို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
 Yumiko Takahashi ရဲ့ ၁၉ လအရွယ်သားလေး Neo ဆိုတဲ့ သားလေးဟာ ဇွန်လ(၂၄)ရက်နေ့က စပြီး ကိုယ်အပူချိန်တွေ အရမ်းမြင့်တက်နေတာကိုတော့ မိခင်က သတိထားမိပါတယ်။ ဒါပေမဲ့လဲ ကလေးကို အိပ်ရာပေါ်မှာ လှဲသိပ်ထားပြီး ချက်တင်ဝင်နေရာတာနဲ့ နေမကောင်းတဲ့ ကလေးကို မေ့လျော့နေလိုက်တာ ကလေးက ဇွန်လ(၂၆)ရက်နေ့ (၂)နာရီ ၀န်းကျင်လောက်မှာ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားလို့ မိခင်က ချက်ချင်းသိသေးတာ မဟုတ်ပါဘူး။ သနားစရာကလေးလေး အမေလုပ်သူ ထိုင်ချက်နေလိုက်တာ သေဆုံးနေတဲ့ အသက်မဲ့ ခန္ဓာကို (၂၇)ရက်နေ့ မနက်ကျမှပဲ သိခဲ့ရတာပါ။ သေဆုံးပြီး တစ်ရက်နီးပါး နောက်ကျပြီးမှ သိခဲ့ရတာပါ။
Takahashi, 29ကို ကလေးငယ်သေဆုံးမှုနဲ့ သက်ဆိုင်ရာက အရေးယူခဲ့ပါတယ်။ သူမရဲ့ ၀န်ခံချက်အရ သူမ၏ ကလေး သေဆုံးမှုမှာ ယခုတစ်ကြိမ်သာ မဟုတ်ခဲ့ရပါကြောင်း။
ပထမ ရင်သွေးလေးမှာ မွေးဖွားပြီး ရက်အနည်းငယ်တွင် သေဆုံးသွားခဲ့ရပြီ၊ဒုတိယ သားလေးမှာလဲ သူမအိမ်ရဲ့ ၀ရံတာမှ လိမ့်ကျကာ သေဆုံးခဲ့ရပါတယ်။
ကျွန်မရဲ့ ဒုတိယသားလေး ၀ရံတာမှ လိမ်ကျသေဆုံးပြီးခဲ့ချိန်က စပြီး ဖြေမဆည်နိုင်ခဲ့တဲ့ ကျွန်မ အွန်လိုင်းပေါ်မှာ အချိန်တွေ ကုန်စေရင်း မွန်းကြပ်နေတဲ့ စိတ်ကို ဖြေဖျောက်ခဲ့တာပါ။ ဒီ (၃) နှစ်ဆိုတဲ့ အချိန်ကို အွန်လိုင်းပေါ် ချက်တင်ထိုင်ရင်းနဲ့ ကုစားနေခဲ့တာ ဒီအွန်လိုင်းရောဂါကြီး ဆွဲပြီး ခုလို ဖြစ်သွားတဲ့ အထိပါပဲလို့ ထွက်ဆိုခဲ့ပါတယ်။
ဝေဒနာကို ကုစားဖို့ ချက်တင်ဝင်ချင်တဲ့သူများ မိမိရောဂါ မလွန်ကျွံပါစေနှင့်။   Takahashi ကို သတိပြုပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်ကြပါစေ။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






 
 

Thursday, 28 June 2012

ဒေါနတောင်ခြေ လှိုင်းဘွဲ့မြို့ အခြေအနေ

ပထမဆုံးမေတို့ မြို့လေးကို မိတ်ဆက်ပေးပါရစေ။ ဒေါနတောင်ခြေရင်းမှာ ရှိတဲ့ မေတို့ လှိုင်းဘွဲံ့မြို့လေးဟာ အနိမ့်ပိုင်း ကျပါတယ်။ လှိုင်းဘွဲ့ချောင်းက မြို့လေးကို နှစ်ပိုင်း ခွဲခြားထားပါတယ်။ မြို့တွင်း ကူးသန်းသွားလာရန်သော်၎င်း၊ ဘားအံမြို့သို့ သွားရန်သော်၎င်း မြို့တွင်းမှ ဖြတ်သန်းသွားလာရန် အရှည် ၁၉၅ပေ ရှိတဲ့ သံဘောင်တံတားတစ်ခုကို နှစ်ပေါင်း ၉၀ကျော် ၁၉၂၁ခုနှစ်က တည်ဆောက်ထားတဲ့ တံတားအိုလေးကို အမှီပြုပြီး သွားလာနေကြပါတယ်။
ဒါပေမဲ့ ဒီတံတားလေးက ၂၀၁၁ အောက်တိုဘာလ၊(၂၄)ရက်  ၊ည (၁၀) နာရီ ဝန်းကျင်လောက်မှာ ခါးလည်က ပြတ်ကျပြီး ပြိုကျခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ဒီတံတားလေးတစ်ခုထဲကို အမှီပြုပြီး ကူးသန်းသွားရနေရတဲ့ မြို့နယ်တစ်မြို့နယ်အတွက် အတော်လေးကို အခက်အခဲ ဖြစ်ခဲ့ပါတယ်။ မြို့လေးရဲ့ ဟိုဘက် ဒီဘက် ရွာတွေမှ ကုန်စည်ကူးသန်းမှုတွေ အခက်အခဲ ဖြစ်လာတာကြောင့် ကုန်စည် ကူးသန်းမှု မပြတ်တောက်စေရန် ယာယီဘေလီသံဘောင်တံတားတစ်ခုကို အမြန်တည်ဆောက်လိုက်ပါတယ်။ ယာယီဘေလီတံတားတည်ဆောက်လိုက်တဲ့ နေရာက မြေနိမ့်ပိုင်းနေရမို့ ခုလို မိုးရာသီဆို ရေတွေ လျှံတတ်တာဟာ နှစ်စဉ်ပါ။
လှိုင်းဘွဲ့မြို့လေးက ဒေါနတောင်ခြေမှာ တည်ရှိနေတာကြောင့် မိုးရာသီရောက်တိုင်း တောင်ကျရေတွေ လျှံပြီး ရေဖုံးလွှမ်းလျက်ရှိပါတယ်။  ယခုနှစ်က အရင်နှစ်ကနှင့်မတူ မိုးရေ ရွာသွန်းမှုတွေများပြီး ရေလျှံတာကြောင့် တစ်မြို့လုံးရေဖုံးလွှမ်းနေပြီး ယာယီတံတားလေးလဲ ရေအောက် ဖုံးလွမ်းလို့ နေပါပြီ။

ဒီတံတားလေးကို အမှီပြုအားကိုးနေရတဲ့ မြို့သူမြို့သားတွေနဲ့ အနီးပတ်ဝန်းကျင်ရွာများမှာလဲ ရေကြီး၊ရေလျှံခြင်းများနှင့် ဒုက္ခတွေ ဝေနေရသလို၊ ကုန်စည်တွေလဲ ကူးသန်းသွားလာ၍ မရသည့်အတွက် စားနပ်ရိက္ခာများ များစွာ အခက်အခဲ ဖြစ်နေကြရပါတယ်။
ကစို၊ပိုင်ကျုံ၊ကမော့ကချူးသည့်ရွာဘက်မှ ကုန်သည်တွေ လာလို့မရသလို ၊ဘားအံဘက်မှာ ကုန်စည်တွေလဲ ဝင်လို့မရဘူးလို့ သိရပါတယ်။ လိုအပ်တာတွေကို စက်လှေငယ်နှင့် အနည်းငယ်သာကဲ့ယူနေကြရပါတယ်။
ဒီသတင်းလေးကြားတော့ အဝေးရောက် မေ စိတ်မကောင်းဘူး၊ဝမ်းနည်းတယ်၊ မိသားစုဝင်တွေ၊ ကိုယ့်မြို့ ကိုယ့်ရွာက သူတွေနှင့်တကွ ၊ရွာနီးပတ်ဝန်းကျင်က သူတွေ ဘယ်လိုများ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနေကြရသလဲလို့ တွေးနေမိတယ်။ ရေတွေလျှံလို့ ဖုန်းလိုင်းတွေလဲ အဆက်အသွယ် မရတာကြောင့် ယခုလက်ရှိ အခြေအနေမှန်ကို မသိရသေးဘူး။
အကယ်၍များ သူငယ်ချင်းတို့တွေထဲက လှိုင်းဘွဲ့မြို့လေးနဲ့ နီးပြီး ယခုလက်ရှိ ၊အခြေအနေ သတင်းကိုသိရင် ကွန်မန့်လေးထားခဲ့ပေးပါနော်။
မေကတော့ မြို့သူမြို့သား၊ရွာသူရွာသားတွေအတွက် ဆုတောင်းပေးနေပါတယ်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



Wednesday, 23 May 2012

စကာင်္ပူရောက် မြန်မာအိမ်အလုပ်သမလေးတစ်ယောက်သေဆုံး

စကာင်္ပူရောက် အသက်(၂၄)နှစ်ရှိ မြန်မာအိမ်အလုပ်သမလေးတစ်ယောက် (၂၂.၅.၁၂)တနလာင်္နေ့ မနက်မှာ သူမနေထိုင်ရာတိုက် Blk 421 Canberra Road ရဲ့ ခြေမှာ ဒဏ်ရာပလပွနဲ့ လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။







သူမဟာ သူမနေထိုင်ရာ Sembawangမှာရှိတဲ့ တိုက်ပေါ်ကနေ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားရင်း (၁၃)လွှာရှိတဲ့မီးဖိုချောင် ပြတင်းပေါက်ကနေ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိခဲ့ရပါတယ်ရှင်။
ရဲတွေကတော့ ထိုအမှုကိုစစ်ဆေးနေကြတုန်းပါပဲ။
သူမဟာ ထိုအိမ်မှာ နှစ်လတာ ကာလသာနေထိုင်ခဲ့ရပါသေးတယ်။ သူမရဲ့ အလုပ်ရှင် Goh ကတော့ သူတို့ မနက်(၆)နာရီမှာ နိုးလာတော့ သူမိုရှာတာ မတွေ့လို့ ရိုးရိုး ထွက်ပြေးတာလို့ပဲ ထင်ခဲ့ပြီး သေဆုံးမှုကို သူတို့မသိခဲ့ကြောင်း ထွက်ဆိုထားတယ်။
စကာင်္ပူမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (၁၈.၅.၁၂)ကပဲ အင်ဒိုနီးရှာ အလုပ်သမလေးတစ်ယောက် သူမနေထိုင်ရာ Serangoon flat မှာ ပြုတ်ကျသေဆုံးခဲ့ပြီးပါပြီ။
ယခု မြန်မာအမျိုးသမီးသေဆုံးမှုဟာ ဒီလထဲမှာစကာင်္ပူနိုင်ငံက အိမ်အလုပ်သမလေးသေဆုံးမှုရဲ့ ဒုတိယ အမှုပါ။
ရေမြေခြားမှာ မိသားစုအတွက် ဘဝကို ရုန်းကန်နေကြသူတွေ အားလုံး ဘေးအန္တရယ်အပေါင်း ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။






..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်




Sunday, 8 April 2012

နှစ်သစ်ကိုကြိုတဲ့ စကာင်္ပူသင်္ကြန်

စကာင်္ပူနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေကြတဲ့ ရွှေမြန်မာတွေ ဘယ်နိုင်ငံ၊ဘယ်ဒေသပဲရောက်ရောက် ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းလို့ ရိုးရာဓလေ့ပွဲတွေကိုတော့ မမေ့မလျော့ ကျင်းပလေ့ရှိကြပါတယ်။
အလှူရေစက် လက်နှင့်မကွာ အလှူအတန်းရက်ရောကြတဲ့ မေတို့ မြန်မာလူမျိုးတွေရဲ့ ရောက်ရာအရာမှာ လှူဒါန်းကြတဲ့ အလေ့အကျင့်တွေကလဲ ချစ်စရာ ဓလေ့လေးတစ်ခုပါပဲ။
SEMBAWANG မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ အစီအစဉ်အောက်မှာ အဝေးရောက်မြန်မာများ၏ စုပေါင်းဒါန အလှူအတန်းလေးတစ်ခုက ကျေနပ်အားရစရာပင်။
အမြဲတမ်း နောက်ကျတတ်တဲ့ မေ  ဒီတစ်ခါလဲ ထုံးစမ်အတိုင်း ထိုပွဲလေးကို နောက်ကျပြီးမှ ရောက်ခဲ့တာပေါ့။
သင်္ကြန်မိုးပြေးလေးလို့ပဲ ပြောရမလား၊စကာင်္ပူနိုင်ငံရဲ့ အစိုးမရတဲ့ မိုးလို့ပဲ အပြစ်ဆိုရမလား မေ ရောက်သွားချိန်လေး ခဏအတွင်းမှာ မိုးတွေက ရွာလို့။
သင်္ကြန်ကို လွမ်းတဲ့ ရွှေမြန်မာတွေ ရေ၊မြေ ဝေးမှာ မိုးတွေရွာနေတာတောင်အမှုမထားနိုင် ထိုပွဲလေးကို ပျော်ရွှင်စွာ ၊သည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။
စကာင်္ပူသင်္ကြန်ရဲ့ ဓာတ်ပုံအချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။
သင်္ကြန်ရဲ့ ရှေးပြေး သင်္ကြန်အကြိုပွဲလေးပေါ့။

 

ဆမ်ဘာဝမ်း င်္ကြန်ကျင်းပရာ အဝင်ဝ လေးပါ။ 

 

မိုးရေထဲမှာ ကြိတ်ကြိတ်တိုးနေတဲ့ ရွှေမြန်မာတွေ


တို့တွေဟာ နွေးထွေးတဲ့ အိမ်နှင့် ဝေးနေသူတွေပါ။
 

ရွှဲရွှဲစိုသွားအောင် လောင်းလိုက်ကြစမ်းပါ။



တို့လဲ ကမယ်။ ပျော်ရွှင်တယ်။

 

ပျိုဖြူတွေရဲ့ ယိမ်းအလှ။

 

တီးမယ်၊ဆိုမယ် ၊ကမယ်ကွယ်။

 

ယဉ်တစ်ကိုယ် အကလှလေးပါ။

 

အားလုံးအသင့်ပြင်။ ပါးလေးတွေ ကြိုနှိပ်ထား။ ရယ်ရတော့မယ်တဲ့။

 

ဘာလဲပေါ့ သီချင်းက စည်လို့ ၊မြိုင်လို့ ၊ရယ်ရွှင်ဖို့ပေါ့ရှင်။

 

လှပါတယ် ပျိုဖြူခင်ရယ်

 

နန်းဆန်တဲ့သူရယ် ဆိုတဲ့ မန္တာလာသူ သီချင်းနဲ့ အကအလှလေးပါရှင်။

 

ဟော့ ဟော့ ဟော့တော်... ချမ်းလိုက်တာ အသဲကို တုန်ရောရှင်။


 

တို့ မြန်မာ့ရိုးရာသင်္ကြန်ပါ။

 

ကျွန်တော်တို့လဲ ပျော်တယ်။ ကျွန်တော်တို့ရဲ့ ပုံကိုလဲ ရိုက်ပေးပါ။ အစ်မ အွန်လိုင်းပေါ် တင်ချင်လဲ တင်ဗျာဆိုတဲ့ ကောင်လေးတွေ။ မေလဲ မသိဘူး။ သူတို့ပြောတာနဲ့ ကွက်တိ။ ကိုယ်ကလဲ နဂိုထဲကအကြံနဲ့။

 

ဒီမမရဲ့ အကနဲ့ပဲ ကျေနပ်လိုက်တော့နော်။ မေ အလုပ်လေး နည်းနည်းရှိတာနဲ့ ပွဲမပြီးခင် ပြန်လာလိုက်ရတယ်။
တို့ မြန်မာလူမျိုးတွေ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ယဉ်ကျေးမှု အမွေတွေ ထိမ်းသိမ်းနိုင်ကြတာ ဂုဏ်ယူစရာပါ။
တွေ့ရ မြင်ရတာလဲ ကြည်နူးဝမ်းမြောက်မိပါတယ်။
ရိုးရာဓလေ့ကို အစဉ်လာမပျက် ထိန်းသိမ်းကြပါစို့နော်။


(15) ရက်နေ့ တနင်္ဂနွေနေ့ကျရင် တိုပါးယိုး မြန်မာဘုတ်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ မြန်မာ့ရိုး၇ာ အတာသင်္ကြန်ပွလြေးကိုလဲ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
ထိုနေ့မှာလဲ ယခုလိုပဲ စတုဒီသာအလှူကြီးနဲ့ လှူဒါန်းကျွေးမွေးပြီး တရားတော် တူတူ နာကျဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
ထို (၁၅)ရက်နေ့ တနင်္ဂနွေနေ့မှာပဲ ဝရဓာတု ရတနာရာမ(ဓာတ်တော်တိုက်) မြန်မာဘုန်းတော်ကြီးကျောင်းက ကြီးမှုးသည့် နှစ်သစ်မင်္ဂလာ တရားတော်နာ၊အလှူရေစက်ချပွဲ၊သက်ကြီးရွယ်အို ပူဇော်ပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုလဲ နှစ်စဉ် ကျင်းပနေကြ  No. 2 Telok Blangah Street 31 (S)108942 ရှိ Yeo's Building တွင် ကျင်းပသွားမည် ဖြစ်ပါတယ်ရှင်။
ဖျော်ဖြေရေးအစီအစဉ်တွင် တာသင်္ကြန်အကလှများကိုသာမကဘဲ စကာင်္ပူရောက် မြန်မာတိုင်းရင်းသားမျာ၏   တိုင်းရင်းသားပေါင်းစုံ အကဖြစ်ပါ ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ဖျော်ဖြေရေးအစီများကို သက်ကြီးရွယ်အို ပူဇော်ပွဲအပြီး နေ့ခင်းပိုင်းမှာ စတင်မှာ ဖြစ်ပါတယ်ရှင်။






..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်













Sunday, 25 September 2011

ရောက်ဖြစ်ခဲ့တဲ့ စကာင်္ပူနိုင်ငံမှ FORMULA 1ကားပြိုင်ပွဲ

စကာင်္ပူနိုင်ငံမှာ ကျင်းပနေတဲ့ Formula 1 ကားပြိုင်ပွဲ ကွင်းလေးထဲကို ခြေချမိခဲ့တယ်.........။


ဒီနိုင်ငံလေးမှာ ကျင်းပခဲ့တဲ့ လေးနှစ်တာအတွင်း ပထမဆုံး ရောက်ဖြစ်ခဲ့တဲ့ ပွဲဆိုရင်လဲ မမှားပါဘူး...........။

ပြိုင်ကား ဝါသနာအိုးလေးတွေအတွက် မေ က မျှဝေပေးလိုက်တာပါ..........။


အမှန်အတိုင်းဝန်ခံရရင်တော့ ပြေးနေတဲ့ ကားတွေက မြန်လွန်းလို့  ဓာတ်ပုံတောင် သေချာမရိုက်နိုင်လိုက်ပါဘူး........။

ပွဲခင်းအပြင်အဆင်လေးကိုပဲ မေက ပြန်လည်မျှဝေလို့ ရမှာပါ.........။
ဒါလေးက မေ ဝင်ခဲ့တဲ့ ဂိတ် ၆ ပါ...။ Raffles place MRT အနားမှာရှိတဲ့ ဝင်ပေါက်ပါ........။

အစောင့်အကြပ်တွေကတော့ အတော်လေးထူထပ်တာပဲ.....။ လေယာဉ်ပေါ်တက်ခါနီးအတိုင်းပါပဲ ....တစ်တီး တီး နဲ့  အစစ်ခံနေရတာ ..လက်နှစ်ဘက်ကို ဘေးကားထားပြီးတော့.....။ အထဲကိုတော့ စားသောက်စရာကအစ ဘာမှ ယူဆောင်ခွင့်မပေးပါဘူး......။ ရေဘူးးပါးရင်တောင် အထဲကရေသွန်ပြီးမှ ဘူးအလွတ်ပဲ ယူဝင်ခဲ့ရပါတယ်။။။။။။

ဟဲ.ဟဲ ရှိုးထုတ်ကြည့်တာပါ.........။

သူတို့ တွေလဲ အလုပ်ရှုပ်နေကြလေရဲ့ .....။ ပွဲမဝင်ခင် ကြိုတင်ပြင်နေကြလေရဲ့ ........။

ပွဲကြည့်စင်မှာ နေရာယူနေကြပြီလေ..........။ ကြိုယူထားမှ နေရာရမှာမို့  အစောကြီးထဲကနေ နေရာ ယူထားရတာ..........။
အပြင်ကနေ သယ်ယူဆောင်ခွင့်မရတဲ့ အစားအသောက်တွေအတွက် အထဲမှာ ဈေးကြီးကြီးနှင့်ရောင်းချပေးနေပါတယ်ရှင်.......။ဒီလမ်းကလေးကတော့ စကာင်္ပူရောက်မြန်မာတွေ တနင်္ဂနွေနေ့ မှာ လမ်းသလားနေကြလမ်းလေးပါပဲ............။

သူတို့ တွေလဲ ဘောတွေ လွယ်ပြီး ကျွမ်းထိုးမှောက်ခုံ ဟန်ရေးပြနေကြလေရဲ့ ............။ အတော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်.............။
ကြိုက်တာယူကြနော်.............။ တစ်ခုတော့ ကြိုပြောမယ် ဟီးးးးးးးး ဈေးတော့ အရမ်းကြီးတယ်..........။

Red Bull ပရိသတ်တွေ အတွက် လိုချင်တာရမယ်နော်........။
ကြိုက်တာရွေး.......................။







ဒါကတော့ မေ့အကြိုက် Ferrari............။ ဦးထုပ်တစ်လုံးတော့ ဝယ်ထားမိပါရဲ့ ...။ အမှတ်တရ..........။ ဈေးတွေက ကြောက်လွန်းတယ်.......။



ကားတွေက မြန်လွန်းလို့  ဘယ်အသင်းကလဲ ဆိုတောင် မသိနိုင်ဘူး.......။ ဆူညံနေတဲ့ အသံတွေကလဲ ကြေညာသံကိုတောင် ကြားတစ်ချက်မကြားတစ်ချက်..........။ မြန်လိုက်တဲ့ ဖြစ်ချင်း ဝှီးးးးးးးးးးးးးးး ဆို မျက်စေ့အောက်က ပျောက်ပြီး....။ နာတွေ အူခဲ့တာပဲ သေချာသိတယ်.........။




ဓာတ်ပုံရိုက်လို့ မမှီလို့  တီဗွီထဲကနေ ပြန်ခိုးရိုက်ရတာ.......။ ရှူးးးးးးးး ဘယ်သူမှ မသိလောက်ပါဘူးနော်...။














ရမလားလို့  အရုပ်တုလေး နောက်က ရပ်ကြည့်တာပါ........။

ကဲ ............ကြည့် အဲ့လိုမြန်တာ........။ ဘာမှ သေချာမမြင်ရဘူး............။




တွေ့ တယ်နော်.......။ သိကြသေးလား ဘယ်အသင်းကလဲ ဆိုတာ............။ မေတော့ မူးနေပြီး.......။ အသံတွေ ဆူညံတာနဲ့ တင် ခေါင်းတစ်ခြမ်းကိုက်နေပြီ................။







အထင်မကြီးပါနဲ့  တကယ်ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ရပါဘူး........။ ကြိုပြောတယ် မေက မောင်းတာဆိုလို့  နွားလှည်းပဲ မောင်းတတ်တာ.....။



  Mc Queen ကိုတော့ ဝယ်မလားလို့  စိတ်ကူးမိပါရဲ့ ..............။ ဘယ်တုန်းကမှ မထိုးတဲ့ ထီမပေါက်တာနဲ့  အိပ်မက်ထဲမှာပဲ ဝယ်လိုက်တော့မယ်............။




ဆူညံနေတဲ့ အသံတွေကို ကျောခိုင်းပြီး Charic ရဲ့  တစ်ကိုယ်တော်ရှိုး ၊ကိုးးရီးယား band GD& TOP&SEUNGRI  အပါအဝင် နိုင်ငံတကာ နာမည်ကြီး အဆိုတော်တွေ ရဲ့  ရှိုးပွဲကို တစ်ပိုင်းတစ်စ ဝင်ရောက် အားပေးပြီး ပြန်လာခဲ့ရပါကြောင်း................။


ကားပြိုင်ပွဲလို့  ပြောပြီး ပြိုင်ကားတွေ မထည့်နိုင်တဲ့ အတွက်တော့ အပြစ်မဆိုကြပါနဲ့ ရှင်.......။
ဘယ်လိုမှ ဓာတ်ပုံကို အဆင်ပြေပြေ မရိုက်နိုင်ခဲ့လို့ ပါ...........။သံဇကာတွေ အထပ်ထပ်ကြားကနေ ဓာတ်ပုံကို ရိုက်ယူနေရသေးတယ်လေ...........။ ပွဲခင်းအခြေအနေကိုပဲ မျှဝေပေးလိုက်တာပါနော်.......။ မေက သတင်းထောက်လဲ မဟုတ်တော့ သတင်းတွေကို အကွက်စေ့ မရိုက်တတ်ဘူးလေ........။

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်