This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ပါဠိ ၏ အနက်အဓိပ္ပါယ်များ. Show all posts
Showing posts with label ပါဠိ ၏ အနက်အဓိပ္ပါယ်များ. Show all posts

Thursday, 19 May 2011

သိထားသင့်သော ပါဠိ ၏ အနက်အဓိပ္ပါယ်များ အပိုင်း ၅

ကာလ၀ိမုတ် = ကာလ သုံးပါးမှ လွတ်သောတရား ။
ဧကံ = တပေါင်းတည်း ၊ တချက်တည်း ။
အနေကံ = များစွာသော  တစ်ပါးမက ။
အဘိညာဏ် = အဘိ = အလွန် + ည = သိခြင်း ။
ဟဒယ၀တ္ထု = နှလုံး၏ တည်ရာ ။
ဟဒယ = နှလုံး ။
ဝတ္ထု = တည်ရာ ၊ မှီရာ ၊ အိပ်ယာ ၊ ဥစ္စာပစ္စည်း ။
ပဋိဃ = အားကြီးသော ဒေါသ ။
ခဏ = အခိုက် ၊ အခွင့် ၊ လက်ဖျစ် ၊ ၁၀- တွက်မျှ ။
လက္ခဏ = အမှတ်အသား ၊ သုတ် ၊ ကြက်သရေရှိသောသူ ။
ဝိညတ် = ၀ိညတ္ထိ =မိမိအလိုကိုသိစေခြင်း ၊လိုခြင်သောအရာကို သိစေခြင်း ၊တောင်းခြင်း။
ဥပစယရုပ် = ပဋိသန္ဓေတည်စ၌ ပထမရုပ် ၊ထို့နောက် တစ်ဘ၀တာ အတွက် ရထိုက်သော
ရုပ်များ ။
သန္တတိရုပ် = ပဋိသန္ဓေတည်ချိန်မှစ၍ ရရှိပြောင်းလဲလာသော ထပ်ကာထပ်ကာ ရုပ်များ ။
အနိစ္စတာရုပ် = နိပ္ဖန္နရုပ်တို့၏ ချုပ်ပျက်ခြင်း သဘော ။ (ပျက်စီး သေဆုံးခြင်း)
ဇရတာရုပ် = ရုပ်တို့၏ ပျက်စီး သေဆုံးခြင်း ဘက်သို့ ကူးပြောင်းလာသော ရင့်ရော်
ယိုယွင်းလာခြင်း ။
ဝိမုတ္တ = လွတ်သည် ၊ ကင်းလွတ်သည် ၊ ကိလေသာမှ လွတ်သော အရဟတ္တဖိုလ် ။
အတိ = အလွန် ။ မဟန္တာ = များသော ။ ပရိတ္တ = နည်းသော ။
အတိ ပရိတ္တ စိတ္တ =အလွန်နည်းသောစိတ်၊(မသိမသာမထင်မရှားဖြစ်ပေါ်လာသောစိတ်)။
ဝီထီ = လမ်း ၊ ခရီး ၊ အစဉ် ။
ဝါရ = အလှည့် ၊ အကြိမ် ၊ အပေါင်း ။
တဒါရမ္မဏ = ထိုအာရုံ ရှိခြင်း ။
ဇ၀န = လျင်မြန်ခြင်း ၊ ဇော ၊ မြင်း ။
ဝေါဋ္ဌဗ္ဗန = ၀ိဋ္ဌောကိစ္စ = အာရုံကို ဆုံးဖျက်ခြင်း ၊ ပိုင်းခြားခြင်း ။
မောဃ = အချီးနှီး ၊ အကျိုးမရှိ ။
နမသိကာရ = နှလုံးသွင်းခြင်း ။
အနုဗန္ဓ = လိုက်ခြင်း ၊ အစဉ်ဖွဲ့သော ။
မန္ဒာယုက = တိုသောအသက် ။
ဥပါဒါယ = စွဲ၍ ၊ မှီ၍ ၊ အကြောင်းပြု၍ ။
ဝိသယ = တည်ရာ ၊ အာရုံ ၊ နိုင်ငံ ၊ ပိုင်နက် ။
အတီတ = အတိတ် ။ အတ္တ = အထည်ဒြပ် ။
ဂဟဏ = ယူခြင်း ၊ ကိုင်ခြင်း ၊ စွဲလမ်းခြင်း ၊ သင်ခြင်း ၊ မှတ်သားခြင်း ။
နာမ = အမည် ။ သမူဟ = အပေါင်း ။ အပ္ပနာ = ၀င်စားခြင်း ။
အတီတ = အတိတ် ။ ဥဒါဟရဏ = ထုတ်ဆောင်ခြင်း ။ သမ္ဗန္ဓ = စပ်ခြင်း ၊ ဖွဲ့စပ်ခြင်း ။
နိယမ = သတ်မှတ်ခြင်း ၊ တားဆီးခြင်း ၊ နည်းလမ်း ။
မဟဂ္ဂတ = မဟဂ္ဂုတ် = ကာမစိတ်တို့ မြတ်သောအဖြစ်သို့ ရောက်သောစိတ် ။
အာဂန္တု = အာဂန္တုက = ဧည့်သည် ။
ဣဋ္ဌ = အလိုရှိအပ်သည် ။ အနိဋ္ဌ = အလိုမရှိအပ်သည် ။

လွမ်းရီးသည် ..

သိထားသင့်သော ပါဠိ ၏ အနက်အဓိပ္ပါယ်များ အပိုင်း ၎

သမ္မာဝါစာ = အပြောင်အပျက် အပျော်တမ်း ၀စီဒုစရိုက် ၄-ပါးမှ ရှောင်ကြည်ခြင်း။
သမ္မာကမ္မန္တ = အပြောင်အပျက် အပျော်တမ်း ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြည်ခြင်း။
သမ္မာအာဇီဝ = ၀စီဒုစရိုက် ၄-ပါး ကာယဒုစရိုက် ၃-ပါး ရှောင်ကြည်၍ မကောင်းသော အသက်မွေးဝမ်းကြောင်းတို့ကို ရှောင်ကြည်ခြင်း ။

ဝစီဒုစရိုက် ၄-ပါး
မုသာဝါဒ = မမှန်သောစကားကိုပြောခြင်း ။
ပိသုဝါစာ = ကုန်းချောသော စကားကိုပြောခြင်း ။
ဖရုသ၀ါစာ = ကြမ်းတမ်းသော စကားကိုပြောခြင်း ။
သမ္ဖပ္ပလာပ = အကျိုးမရှိသည့် သိမ်ဖျင်းသော စကားကိုပြောခြင်း ။

ဝစီဒုစရိုက် ၄-ပါးအနက် ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသည့်အခါ  မကျူးလွန်ဘဲ
ရှောင်ကြည်လိုက်ခြင်းသည် ။ သမ္မာဝါစာ = အပြောင်အပျက် အပျော်တမ်း ၀စီဒုစရိုက်မှ
ရှောင်ကြည်လိုက်ခြင်းဖြစ်သည် ။

ကာယဒုစရိုက် ၃-ပါး
ပါဏာတိပါတာ = သူတစ်ပါး အသက်ကို သတ်ခြင်း ။
အဒိန္နာဒါန = သူတစ်ပါး ဥစ္စာကို ခိုးယူခြင်း ။
ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားမယားကို ဖျက်ဆီးခြင်း ။

ကာယဒုစရိုက် ၃-ပါးအနက် ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသည့်အခါ  မကျူးလွန်ဘဲရှောင်ကြည်လိုက်ခြင်းသည် ။ သမ္မာကမ္မန္တ = ကာယဒုစရိုက်မှ ရှောင်ကြည်လိုက်ခြင်းဖြစ်သည် ။

အထက်ဖေါ်ပြပါ ၀စီဒုစရိုက် ၄-ပါးနှင့် အသက်မွေးဝမ်းကြောင်း မပြုသူ မပြောဆိုသောသူ ။ ကာယဒုစရိုက် ၃-ပါးနှင့် အသက်မွေးဝမ်းကြောင်း မပြုဘဲ ။ ရိုးသားကြိုးစားစွာ ပြုမူ စီပွား
ရှာသောသူသည် ။ သမ္မာအာဇီဝ = မည်၏ ။

ကရုဏာ = ဆင်းရဲဒုက္ခရောက်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါ အပါယ်လေးဘုံ အစုစု
တို့အား ကယ်တင်ကူညီလိုခြင်း ။ (သနားခြင်း)
မုဒိတာ = ကြီးပွားချမ်းသာသောသူတို့အား မြင်တွေ့သောအခါ ကြားရသောအခါ ၀မ်းမြောက် ပီတိဖြစ်ခြင်း ။

မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ၊ ထိုလေးပါးတို့အား ဗြဟ္မာတို့၏ မြတ်သော
အကျင့်ဖြစ်၍  ဗြဟ္မစိုရ်တရား ၄-ပါးဟု ခေါ်ဆိုကြသည် ။


လွမ်းရီးသည် ..

သိထားသင့်သော ပါဠိ ၏ အနက်အဓိပ္ပါယ်များ အပိုင်း ၃

မောဟ = တွေဝေခြင်းသဘော ။ အမှန်ကိုမသိခြင်း ။ ဖုန်းကွယ်ခြင်းသဘော ။
အဟိရိက = ဒုစရိုက်ပြုရန် မရှက်ခြင်း မရွံ့ခြင်းသဘော ။
အနောတ္တပ္ပ = ဒုစရိုက်ပြုရန် မကြောက်လန့်ခြင်းသဘော ။
ဥဒ္ဓစ္စ = အာရုံတစ်ခု၌ မငြိမ်သက်ခြင်း  စိတ်ပျံ့လွင့်ခြင်းသဘော ။

လောဘ = ကာမဂုဏ်ကို ငြိကပ်မက်မော လိုချင်ခြင်းသဘော ။
မာန = ထောင်လွှားခြင်းသဘော ။
ဒိဋ္ဌိ = မှာယွင်းစွာ  မှားမှား ယွင်းယွင်း သိမြင်ခြင်းသဘော ။

ဒေါသ = ခက်ထန် ကြမ်းတမ်းခြင်း သဘော ။
ဣဿာ = သူတစ်ပါးစည်းစိမ်ချမ်းသာကို  ငြူစူခြင်း ၊ မနာလိုခြင်းသဘော ။
မစ္ဆရိယ = ၀န်တိုခြင်း ၊ မိမိစည်းစိမ်ချမ်းသာကို နှမြောစေးနဲခြင်းသဘော ။
ကုက္ကုစ္စ = ပြုမိခဲ့သော အကုသိုလ် ပြုမိခဲ့သောသုစရိုက်နောင်တ တဖန်ပူပန်ခြင်းသဘော ။

ထိန = စိတ်၏အပြုအမူ ထုံထိုင်းခြင်းသဘော ။ ၀ီရိယကင်းသောသူနှင့်တူ၏ ။
မိဒ္ဓ = စိတ်၏အပြုအမူ မှုံမှိုင်းခြင်းသဘော ။ နာလန်ထ လူမမာနှင့်တူ၏ ။
ဝိစိကိစ္ဆာ = ကောင်းမှုပြုရာတွင် သို့လောသို့လော  ယုံမှားခြင်းသဘော ။

သဒ္ဓါ = ကောင်းမြတ်သောအာရုံ၌ ကြည်လင်ခြင်းသဘော ။ (ယုံကြည်ခြင်း)
သတိ = ကောင်းမြတ်သောအာရုံ၌ မမေ့လျော့ခြင်းသဘော ။
ဟိရီ-(ဟိရိ) = မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းသဘော ။
သြတ္တပ္ပ = မကောင်းမှုပြုလုပ်ရန် ကြောက်ရွံ့ထိတ်လန့်ခြင်းသဘော ။
အလောဘ = အာရုံ၌  မငြိတွယ်ခြင်းသဘော ။
အဒေါသ = အာရုံ၌  မကြမ်းတမ်းခြင်းသဘော ။(မေတ္တာ)
တတြမဇ္ဈတ္တတာ = အာရုံ၌  လျစ်လျူရှု့ခြင်းသဘော ။ ( ဥပေက္ခာ)
ကာယ ပဿဒ္ဓိ = ကုသိုလ်ပြု၌  ကိုယ်၏ ငြိမ်းချမ်းခြင်းသဘော ။
စိတ္တ ပဿဒ္ဓိ = စိတ်၏  တည်ငြိမ်းခြင်းသဘော ။
ကာယလဟုတာ = ကောင်းမှုပြုရာတွင် စိတ်အပေါင်းတို့၏ ပေါ့ပါးသွက်လက်ခြင်းသဘော။
စိတ္တလဟုတာ = စိတ်၏ ပေါ့ပါးသွက်လက်ခြင်းသဘော။
ကာယ မုဒုတာ = ကိုယ်၏ နူးညံ့ခြင်းသဘော ။
စိတ္တ မုဒုတာ = စိတ်၏ နူးညံ့ခြင်းသဘော ။
ကာယ ကမ္မညတာ = ကောင်းမှုပြုရာ၌ ကိုယ်၏ ခံ့ညားခြင်းသဘော။
စိတ္တ ကမ္မညတာ = ကောင်းမှုပြုရာ၌ စိတ်၏ ခံ့ညားခြင်းသဘော ။
ကာယပါဂုညတာ = ကောင်းမှုပြုရာ၌ ကိုယ်၏ ကျန်းမာခြင်း နိုင်နင်းခြင်းသဘော။
စိတ္တပါဂုညတာ = ကောင်းမှုပြုရာ၌ စိတ်၏ ကျန်းမာခြင်း နိုင်နင်းခြင်းသဘော။
ကာယုဇုကတာ = ကောင်းမှုပြုရာ၌ ကိုယ်၏ ဖြောင့်မတ်ခြင်းသဘော။
စိတ္တုဇုကတာ = ကောင်းမှုပြုရာ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော။


လွမ်းရီးသည် ..

သိထားသင့်သော ပါဠိ ၏ အနက်အဓိပ္ပါယ်များ အပိုင်း ၂

မဂ် = မဂ္ဂ = ခရီးလမ်း ၊ အကြောင်း ၊ နိဗ္ဗာန်ကို ရှာမှီးခြင်း ။
ဖိုလ် = ဖလ = မဂ်ကုသိုလ်၏ အကျိုးတရား ၊ အကျိုးဆက် ။
သောတာပတ္တိမဂ် = အရိယာ ရေအယဉ်သို့ ရောက်သောစိတ် ။( ဒိဋ္ဌ္စဂတသမ္ပယုတ် လောဘမှုစိတ် ၄ - ပါး- ၀ိစိကိစ္ဆာမောဟမှုစိတ် ၁ပါး- ပေါင်း ၅ ပါး ပယ်ပြီးသောသူ)။
သကဒါဂါမိမဂ် = ကာမသုဂတိဘုံသို့ တစ်ကြိမ်သာ ပြန်လာမည့်သူ ။(ဒိဋ္ဌ္စဂတသမ္ပယုတ် လောဘမှုစိတ် ၄- ပါး  ဒေါသမှုစိတ် ၂-ပါး ပေါင်း ၆-ပါး ခေါင်းပါးအောင် ပယ်ပြီးသောသူ )
အနာဂါမိမဂ် = ကာမသုံသို့ ပြန်လာမည့်သူ ။ဒေါသမူစိတ် ၂-ပါး အကြွင်းမဲ့ပယ်သတ်ပြီးသူ။
အရဟတ္တမဂ် = ကိလေသာအားလုံး ပယ်သတ်ပြီး၍ ပူဇော်ခံထိုက်သော ရဟန္တာပုဂ္ဂိုလ် ။
( ၃၁-ဘုံမှ အပြီးတိုင် လွတ်မြောက်သူ ) ။
လောကုတ္တရာစိတ် = လောက - တဏှာမှ လွန်မြောက်လိုသောစိတ် ။
ဖဿ = အာရုံကို ထိတွေ့ခြင်းသဘော ။
ဝေဒနာ = အာရုံ၏ အရသာကိုခံစားခြင်းသဘော ။
သညာ = အာရုံကို မှတ်သားခြင်းသဘော ။
စေတနာ = အာရုံ၌ ယှဉ်ဘက်တရားတို့ကို နှိုးဆော်တိုက်တွန်းခြင်းသဘော ။
ဇီဝိတိနြေ္ဒ = နာမ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော။ ( အစိုးရခြင်းသဘော ) ။
မနသိကာရ = အာရုံကို နှလုံးသွင်းခြင်းသဘော ။
ဝိတက် = ထွေထွေလာလာ ကြံစည်ခြင်းသဘော ။
ဝိစာရ = တရစ်ဝဲ၀ဲရှိခြင်းသဘော။အထပ်ထပ်သုံးသပ်ခြင်း ။
ဝီရိယ = အားထုတ်ခြင်းသဘော ။
ပီတိ = နှစ်သက်ခြင်းသဘော ။
ဆန္ဒ = အလိုရှိခြင်းသဘော ။
အဓိမောက္ခ = ဆုံးဖြတ်ခြင်းသဘော ။
သဗ္ဗ = အားလုံး ။
စိတ္တ = စိတ် ။
သာဓာရဏ = ဆက်ဆံသော ။
ပကိဏ်း = (ပ-အပြား + ကိဏ္ဏ = ပြိုးပြွမ်းသည်) စိတ်အားလုံး၌ မယှဉ်ဘဲ ဟိုတစ်ချို့ သည်တစ်ချို့  ရောရောပြွမ်းပြွမ်း ဖြစ်ပေါ်လာသော စိတ်များ ။
အည = တစ်ပါးသော တရားတို့နှင့် ။
သမာန = သဘောတူယှဉ်နိုင်သည် ။
ရာသိ = အစု ။


လွမ်းရီးသည် ..

သိထားသင့်သော ပါဠိ ၏ အနက်အဓိပ္ပါယ်များ အပိုင်း ၁

ပရမတ္ထ = မြတ်သော အနက်သဘော ။ မဖောက်မပြန်သော သဘောတရား ။
အဟိတ် = အဟေတု = အကြောင်းတရားမရှိ ။
ဟိတ် = ဟေတု = အကြောင်းတရား ။
အသောဘဏ = ယုတ်ညံ့သော အတင့်တယ်သကဲ့သို့ ။
သရူပ = သရုပ် ( သရုပ်ခွဲ )  = ( သ = ထင်ရှားရှိသော + ရူပ = အထည်ကိုယ်တရား)။
ဒေါမနဿစိတ် = စိတ်ဆင်းရဲမှု ။
သောမနဿစိတ် = ၀မ်းမြောက်သောစိတ် ။
ဥပေက္ခာစိတ် = ဆင်းရဲ ချမ်းသာ မဟုတ်သောစိတ် ။
ဒုက္ခ = ကိုယ်ဆင်းရဲသောစိတ် ။
ပဋိဃ = အမျက်ဒေါသ ။
ပီတိ = နှစ်သက်မှု ။
သုခ = ချမ်းသာမှု
ဝိပ္ပယုတ် = မယှဉ် ။
သမ္ပယုတ် = ယှဉ်သည် ။
ဝိစိကိစ္ဆာ = ယုံမှား သံသယဖြစ်ခြင်း ။
ဥဒ္ဓစ္စ = ပျံ့လွင့်ခြင်း ။
သောဘဏ = တင့်တယ်သော အာရုံ ၊ တင့်တယ်သည် ။
သသင်္ခါရိကစိတ် = တိုက်တွန်းမှု ပါရှိလျက် ။ (သူတပါး အားပေးမှုဖြင့် ) ။
အသသင်္ခါရိကစိတ် = တိုက်တွန်းမှု မပါရှိဘဲ ။ ( မိမိ ဆန္ဒအလျောက် ) ။
စက္ခုဝိညာဏ် = ( ရူပါရုံ )   မြင်နိုင်သောစိတ် ။
သောတ၀ိညာဏ် = ( သဒ္ဒါရုံ )  ကြားနိုင်သောစိတ် ။
ဃာန၀ိညာဏ် = ( ဂန္ဓာရုံ ) နံနိုင်သောစိတ် ။
ဇိဝှါဝိညာဏ် = ( ရသာရုံ ) ခံစားနိုင်သောစိတ် ။
ကာယ၀ိညာဏ် = ( ဖောဋ္ဌဗ္ဗာရုံ ) တွေ့ သိ နိုင်သောစိတ် ။
သမ္ပဋိစ္ဆိုင်းစိတ် = အာရုံကို လက္ခံနိုင်သောစိတ် ။
သန္တီရဏစိတ် = အာရုံကို စုံစမ်းနိုင်သောစိတ် ။
အာဝဇ္ဇန်း = အာဝဇ္ဇန = ဆင်ခြင်ခြင်း ၊ နှလုံးသွင်းခြင်း ။
ကြိယာ = ပြုခြင်း ၊ ပြုလုပ်သော အမှုအရာ ၊ ဓာတ်၏ အနက် ။
ဝိပါက = ၀ိပါက် = တူသော အကျိုးဆက် ၊ ရင့်ကျက်ခြင်း ။
ကုသလစိတ် = ကုသိုလ်စိတ် ။
အကုသလစိတ် = အကုသိုလ်စိတ် ။
ဝိတက် = ၀ိတက္က = ကြံစည်ခြင်း ၊ အထူးကြံစည်ခြင်း ။
ဝိစာရ = သုံးသပ် ၊ စီရင် ၊ ဆင်ခြင်ခြင်း ။
ဧကဂ္ဂတာ = တည်ကြည်သော စိတ်ရှိသည် ။
ဧက = တစ်ခု ။ ဂတ = သွားရောက်သည် ၊ ဆည်းကပ်သည် ၊ သိပြီ ။
ဈာန် = ဈာန = အာရုံကို  ကပ်၍ရှု့ခြင်း ။
ဇာတိ = မွေးဖွားခြင်း ၊ ဖြစ်ခြင်း ၊ အမျိုး ၊ သာမည - ။
ဘေဒ = အပြား ၊ အထူး ၊ ကွဲပြားခြင်း ၊ ပျက်ဆီးခြင်း ။

လွမ်းရီးသည် ..