Followers

Thursday, 19 May 2011

သိထားသင့်သော ပါဠိ ၏ အနက်အဓိပ္ပါယ်များ အပိုင်း ၎

သမ္မာဝါစာ = အပြောင်အပျက် အပျော်တမ်း ၀စီဒုစရိုက် ၄-ပါးမှ ရှောင်ကြည်ခြင်း။
သမ္မာကမ္မန္တ = အပြောင်အပျက် အပျော်တမ်း ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြည်ခြင်း။
သမ္မာအာဇီဝ = ၀စီဒုစရိုက် ၄-ပါး ကာယဒုစရိုက် ၃-ပါး ရှောင်ကြည်၍ မကောင်းသော အသက်မွေးဝမ်းကြောင်းတို့ကို ရှောင်ကြည်ခြင်း ။

ဝစီဒုစရိုက် ၄-ပါး
မုသာဝါဒ = မမှန်သောစကားကိုပြောခြင်း ။
ပိသုဝါစာ = ကုန်းချောသော စကားကိုပြောခြင်း ။
ဖရုသ၀ါစာ = ကြမ်းတမ်းသော စကားကိုပြောခြင်း ။
သမ္ဖပ္ပလာပ = အကျိုးမရှိသည့် သိမ်ဖျင်းသော စကားကိုပြောခြင်း ။

ဝစီဒုစရိုက် ၄-ပါးအနက် ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသည့်အခါ  မကျူးလွန်ဘဲ
ရှောင်ကြည်လိုက်ခြင်းသည် ။ သမ္မာဝါစာ = အပြောင်အပျက် အပျော်တမ်း ၀စီဒုစရိုက်မှ
ရှောင်ကြည်လိုက်ခြင်းဖြစ်သည် ။

ကာယဒုစရိုက် ၃-ပါး
ပါဏာတိပါတာ = သူတစ်ပါး အသက်ကို သတ်ခြင်း ။
အဒိန္နာဒါန = သူတစ်ပါး ဥစ္စာကို ခိုးယူခြင်း ။
ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားမယားကို ဖျက်ဆီးခြင်း ။

ကာယဒုစရိုက် ၃-ပါးအနက် ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသည့်အခါ  မကျူးလွန်ဘဲရှောင်ကြည်လိုက်ခြင်းသည် ။ သမ္မာကမ္မန္တ = ကာယဒုစရိုက်မှ ရှောင်ကြည်လိုက်ခြင်းဖြစ်သည် ။

အထက်ဖေါ်ပြပါ ၀စီဒုစရိုက် ၄-ပါးနှင့် အသက်မွေးဝမ်းကြောင်း မပြုသူ မပြောဆိုသောသူ ။ ကာယဒုစရိုက် ၃-ပါးနှင့် အသက်မွေးဝမ်းကြောင်း မပြုဘဲ ။ ရိုးသားကြိုးစားစွာ ပြုမူ စီပွား
ရှာသောသူသည် ။ သမ္မာအာဇီဝ = မည်၏ ။

ကရုဏာ = ဆင်းရဲဒုက္ခရောက်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါ အပါယ်လေးဘုံ အစုစု
တို့အား ကယ်တင်ကူညီလိုခြင်း ။ (သနားခြင်း)
မုဒိတာ = ကြီးပွားချမ်းသာသောသူတို့အား မြင်တွေ့သောအခါ ကြားရသောအခါ ၀မ်းမြောက် ပီတိဖြစ်ခြင်း ။

မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ၊ ထိုလေးပါးတို့အား ဗြဟ္မာတို့၏ မြတ်သော
အကျင့်ဖြစ်၍  ဗြဟ္မစိုရ်တရား ၄-ပါးဟု ခေါ်ဆိုကြသည် ။


လွမ်းရီးသည် ..

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်