မောဟ = တွေဝေခြင်းသဘော ။ အမှန်ကိုမသိခြင်း ။ ဖုန်းကွယ်ခြင်းသဘော ။
အဟိရိက = ဒုစရိုက်ပြုရန် မရှက်ခြင်း မရွံ့ခြင်းသဘော ။
အနောတ္တပ္ပ = ဒုစရိုက်ပြုရန် မကြောက်လန့်ခြင်းသဘော ။
ဥဒ္ဓစ္စ = အာရုံတစ်ခု၌ မငြိမ်သက်ခြင်း စိတ်ပျံ့လွင့်ခြင်းသဘော ။
လောဘ = ကာမဂုဏ်ကို ငြိကပ်မက်မော လိုချင်ခြင်းသဘော ။
မာန = ထောင်လွှားခြင်းသဘော ။
ဒိဋ္ဌိ = မှာယွင်းစွာ မှားမှား ယွင်းယွင်း သိမြင်ခြင်းသဘော ။
ဒေါသ = ခက်ထန် ကြမ်းတမ်းခြင်း သဘော ။
ဣဿာ = သူတစ်ပါးစည်းစိမ်ချမ်းသာကို ငြူစူခြင်း ၊ မနာလိုခြင်းသဘော ။
မစ္ဆရိယ = ၀န်တိုခြင်း ၊ မိမိစည်းစိမ်ချမ်းသာကို နှမြောစေးနဲခြင်းသဘော ။
ကုက္ကုစ္စ = ပြုမိခဲ့သော အကုသိုလ် ပြုမိခဲ့သောသုစရိုက်နောင်တ တဖန်ပူပန်ခြင်းသဘော ။
ထိန = စိတ်၏အပြုအမူ ထုံထိုင်းခြင်းသဘော ။ ၀ီရိယကင်းသောသူနှင့်တူ၏ ။
မိဒ္ဓ = စိတ်၏အပြုအမူ မှုံမှိုင်းခြင်းသဘော ။ နာလန်ထ လူမမာနှင့်တူ၏ ။
ဝိစိကိစ္ဆာ = ကောင်းမှုပြုရာတွင် သို့လောသို့လော ယုံမှားခြင်းသဘော ။
သဒ္ဓါ = ကောင်းမြတ်သောအာရုံ၌ ကြည်လင်ခြင်းသဘော ။ (ယုံကြည်ခြင်း)
သတိ = ကောင်းမြတ်သောအာရုံ၌ မမေ့လျော့ခြင်းသဘော ။
ဟိရီ-(ဟိရိ) = မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းသဘော ။
သြတ္တပ္ပ = မကောင်းမှုပြုလုပ်ရန် ကြောက်ရွံ့ထိတ်လန့်ခြင်းသဘော ။
အလောဘ = အာရုံ၌ မငြိတွယ်ခြင်းသဘော ။
အဒေါသ = အာရုံ၌ မကြမ်းတမ်းခြင်းသဘော ။(မေတ္တာ)
တတြမဇ္ဈတ္တတာ = အာရုံ၌ လျစ်လျူရှု့ခြင်းသဘော ။ ( ဥပေက္ခာ)
ကာယ ပဿဒ္ဓိ = ကုသိုလ်ပြု၌ ကိုယ်၏ ငြိမ်းချမ်းခြင်းသဘော ။
စိတ္တ ပဿဒ္ဓိ = စိတ်၏ တည်ငြိမ်းခြင်းသဘော ။
ကာယလဟုတာ = ကောင်းမှုပြုရာတွင် စိတ်အပေါင်းတို့၏ ပေါ့ပါးသွက်လက်ခြင်းသဘော။
စိတ္တလဟုတာ = စိတ်၏ ပေါ့ပါးသွက်လက်ခြင်းသဘော။
ကာယ မုဒုတာ = ကိုယ်၏ နူးညံ့ခြင်းသဘော ။
စိတ္တ မုဒုတာ = စိတ်၏ နူးညံ့ခြင်းသဘော ။
ကာယ ကမ္မညတာ = ကောင်းမှုပြုရာ၌ ကိုယ်၏ ခံ့ညားခြင်းသဘော။
စိတ္တ ကမ္မညတာ = ကောင်းမှုပြုရာ၌ စိတ်၏ ခံ့ညားခြင်းသဘော ။
ကာယပါဂုညတာ = ကောင်းမှုပြုရာ၌ ကိုယ်၏ ကျန်းမာခြင်း နိုင်နင်းခြင်းသဘော။
စိတ္တပါဂုညတာ = ကောင်းမှုပြုရာ၌ စိတ်၏ ကျန်းမာခြင်း နိုင်နင်းခြင်းသဘော။
ကာယုဇုကတာ = ကောင်းမှုပြုရာ၌ ကိုယ်၏ ဖြောင့်မတ်ခြင်းသဘော။
စိတ္တုဇုကတာ = ကောင်းမှုပြုရာ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော။
အလွမ်းခရီးသည် …………..
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်