Followers

Monday 22 October 2012

ဘ၀ပါရမီ ခရီးသွားဖော်အသင်း၏ အလှူတော်

ကိုဖိုးအောင်(နည်းပညာ)မှ ဘဝပါရမီ သံသရာခရီးသွားဖော် အသင်းကို သြဂုတ်လ (၄) ရက်၊ ၂၀၁၂ ခုနှစ်၊ စနေနေ့တွင် အသင်းဝင် (၁၅) ဦးဖြင့် ဦးဆောင်ကာ စတင်ထူထောင်ခဲ့သည်။
ထိုအသင်း၏ ရည်ရွယ်ချက်များမှာ မြန်မာပြည်ရှိ-
(၁) မျက်မမြင် ကျောင်းများအား ထောက်ပံ့ရန်
(၂) မိဘမဲ့ ကလေးများအား ထောက်ပံ့ရန်
(၃) သက်ကြီးရွယ်အိုများအား ထောက်ပံ့ရန်
(၄) မသန်စွမ်းသူများအားထောက်ပံ့ရန်
(၅) စိတ္တဇဆေးရုံများအား ထောက်ပံ့ရန်

(၆) သဘာဝဘေးဒဏ် ဒုက္ခနှင့် ကြုံရသူတို့အားထောက်ပံ့ရန်
စသည်တို့ဖြစ်ပါသည်။

ထိုသို့ရည်ရွယ်ချက်များဖြစ် အသင်းဝင်တစ်ဦးလျှင် တစ်လစကာင်္ပူဒေါ်လာ ၁၀ (SGD $10) နှုန်းဖြစ် ထည့်ဝင်ကာ ပါဝင်လှူဒါန်းခဲ့ကြပါသည်။
ဘဝပါရမီ သံသရာခရီးသွားဖော်အသင်းစတည်တည်ထောင်ခဲ့သည်မှ ယခုချိန် ၂ လတိုင်ကာလတွင် မန်ဘာပေါင်း ၅၄ ယောက်ရှိခဲ့ပါပြီ။ ထိုအသင်းလေး ဖြစ်မြှောက်လာသည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ်ဖြစ် ဆွမ်းအလှူကပ်လှူခဲ့ပါသည်။
ထိုဆွမ်းအလှူတော်ကို
Dhamma Garden Buddhist Temple (Singapore)
No.17, Jalan Sendudok
Sembawang Springs Estate မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကပ်လှူကာ အလှူဒါနပြုခဲ့ပါသည်။

ဘဝပါရမီ သံသရာခရီးသွားဖော်အသင်ဝင်မိတ်ဆွေများ၏ အလှူဒါနများအား ပီတိခံစားနိုင်ရန် မျှဝေပေးခဲ့ပါသည်ရှင်။


မိုးသည်းထန်စွာ ရွာသွန်းမှူအောက်၌ ချက်ပြုတ်ရန် ဝယ်ခြမ်းပြီးချိန်ဝယ်

ချက်ပြုတ်ရန် ပြင်ဆင်နေပါပြီ။

ထိုနေ့ညက မိုးတွေလဲ အရမ်းရွာနေတော့ အလုပ်အကိုင် ဝိုင်းပြီး ကူလုပ်ကြတာကို ဓာတ်ပုံများများမရိုက်ဖြစ်ခဲ့ဘူး။ တနင်္ဂနွေနေ့ မနက်မှာ ဆွမ်းအလှူအတွက် ပြင်ဆင်ကြပုံများကို ဆက်လက်မျှဝေပါမည်ရှင်။


အသင်းဝင် မောင်နှမများ အင်တိုက်အားတိုက် စည်းလုံးစွာ တစ်ယောက်တစ်လက်ပါဝင် ကြော်လှော်ချက်ပြုတ်ကြနှင့် အရမ်းကို ပျော်စရာလဲကောင်းခဲ့ပါသည်။












လှူဒါန်းခဲ့သော ဆွမ်းများ
ချဉ်ပေါင်ရွက်ဟင်းချို




ဝက်သားဟင်း


ကြက်သားဟင်း



အချဉ်သုပ် ၊လက်ဖက်သုပ်၊ကိတ်မုန့်၊ ကော်ဖီ၊အချိုရည် (လိမ္မော်ရည်)၊သစ်သီးဝလံများ စသည်ဖြစ် စုံလင်ခဲ့ပါသည်။
ချက်ပြုတ်ပြီးစီးပြီး ဆွမ်းဘုန်းချိန်မှာတော့ ဘုန်းဘုန်းအတွက် ဆွမ်းဝိုင်းကို ပြင်ဆင်ပေးနေပါပြီ။


ဘုန်းဘုန်းအား ဆွမ်းခဲဖွယ်တို့ကို ဘုန်းပေးပါရန် ပင့်လျှောက်ပြီးသော အခါဝယ်







ဘုန်းဘုန်း ဆွမ်းဘုန်းပေးပြီးနောက် အလှူရှင် ဒကာ၊ဒကာမများ အလှည့်





ထမင်းစားပြီးနောက် ဘဝပါရမီ ခရီးသွားဖော်အသင်း၏ ဦးဆောင်ဥက္ကဌ ဖိုးအောင်(နည်းပညာ)မှ အသင်းဖြစ်ပေါ်လာပုံ၏ရည်ရွယ်ချက်၊စည်ကမ်းများ၊ နောက်အနာဂတ်တွင်ရှေ့ဆက်ရမည့် လမ်းစဉ်များကို အကျဉ်းချုံ့ ပြောကြားခဲ့ပါသည်။


တို့နောက် အသင်ဝင်များ၏ ကုသိုလ်အလှူနှင့် တရားတော်နာယူကြပါသည်။

ဆရာတော်ဟောကြားတော်မူသော (၃၁)ဘုံတွင် ကျင်လည်ခဲ့သော ဘဝနှင့်ပါရမီအကြောင်း သိမှတ်ဖွယ်အစုစုကို နာယူတော်မူပြီးနောက် ပြုလုပ်ခဲ့သော် ကောင်းမှူကုသိုလ်အစုစုတို့ကို ဝေနေယျသတ္တဝါများအားလုံးအတွက် အမျှဝေခဲ့ပါသည်။
ဘဝအဆက်ဆက် သံသရာတစ်လျှောက် တော်စပ်ခဲ့ဖူးသော အသိမိတ်ဆွေ၊ဓမ္မမိတ်ဆွေများ၊ အမိ အဖ၊ဆွေမျိုးညာသကာ ဆရာမိဘများ၊ (၃၁)ဘုံကျင်လည်ကြကုန်သော လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါများအားလုံးတို့အား ယနေ့ယခု ပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှူအစုစုတို့အတွက် အမျှပေးဝေပါ၏။
အမျှရ၍ ချမ်းသာကြပါစေ။



အမျှ   ..... အမျှ....အမျှ ယူတော်မူကြပါကုန်သောဝ်။



အလှူပွဲကြီး ပြီးစီးပြီးနောက်  ဆရာတော်ဘုရားနှင့် အိုးသိမ်း၊ခွက်သိမ်း နောက်ဆုံးထိ နေရစ်ခဲ့သော အဖွဲ့သားများ အမှတ်တရ မှတ်တမ်းဓာတ်ပုံ




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်










0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်