နွံနှင့်ကြာပမာ ၊မိဘမေတ္တာ
နွံရေဘယ်လောက်ညစ်ညစ်
ပဒုမ္မာရွှေကြာပွင့်တော့
လန်းလျှက်ဖြာဝေ။
နွံရေ ဘယ်လောက် ခမ်းပါလေ၊
ကြာတစ်ပွင့်တော့ ရှင်သန်စေ။
သူ့စေတနာ ၊သူ့ မေတ္တာ
သူတို့အကြင်နာ ၊အချစ်တွေကြီးမား
နှိုင်းဆရန်ခက်လှပေ။
အနန္တမေတ္တာ ဂုဏ်ရည်ပြည့်
စုန်ရေတွေ ဒလဟောပေး
ဆန်ရေဝေးလဲ မေတ္တာမပျက်
စီးဆင်မြဲစေ ၊တို့မိဘမေတ္တာတွေ။
ဖဝါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်
လူဖြစ်ဖို့ဝယ် ၊မေမေ့ဝမ်းကြား
ခိုဝင်အောင်းချိန်
ပဋိသန္ဓေ တည်ခဲ့စဉ်ပေါ့
ပီတိလှိုက်ဖြာ ၊အကြင်နာတိုးပွား
စားချင်တိုင်းမစား ၊သွားချင်တိုင်းမသွား
ပိုက်ထွေးယုယ မေတ္တာခြုံငုံ
နွေးထွေးခဲ့သူ မေမေ။
ညဥ့်နက်သန်းခေါင် ၊ချိန်ခါမရှောင်ပဲ
စိတ်တွင်းတမ်းတ၊ချဉ်ခြင်းတကို
အားထုတ်ကြိုးပမ်း ၊ ဒီဇနီးနှင့်ကိုယ်တွင်းသား
နှလုံးချိုမြ ၊ ပြုံးရွှင်ပြအောင်
မညီးမညူ ဖြည့်ဆည်းသူ ဖေဖေ။
ယောကျာင်္းဖောင်စီး၊ မိန်းမမီးနေ
သား၏မိခင် ၊သူ၏ဇနီး
အသက်နှင့်သေမင်း လောင်းကြေးထပ်ချိန်
ပဋိဝေအပူမီး ၊ ဖြာဟီးခဲ့သူ ဖေဖေ။
ရွှန်းလဲ့မျက်နှာ၊ငွေလပမာ
သားတို့ရုပ်ရည်၊သီတာရည်ကြည်
တစ်စက်ရေအေး ၊စင်ယုံမျှနှင့်
ဤသို့နှလုံး ရွှင်ပျ ပြုံးခဲ့နိုင်သည်
နှိုင်းဆရန် ရှာဖွေမတွေ့
အခက်တွေ့လေပြီ။
တောလျှို ၊တောင်ကြား
ဘဝတိုက်ပွဲများဝယ်
အခက်အခဲ မျိုးစုံလှယ်ရင်း
အနာတရကင်း
မျှော်ရည်မှန်းသည့် ပန်းတိုင်ဆောင်
ချည်းနင်းဝင်နိုင်အောင်၊
တစ်ခါတစ်ရံ ၊တုတ်ကိုင်ရွယ်ဆ
ပို့ဆောင်တတ်သူတွေ။
အရွယ်တူ ၊သဏ္ဍန်တူတော့
ခြေရာခြင်းတိုင်း ၊ နှိုင်းလာခဲ့သည်။
ခေတ်ရေစီးကြောင်းတစ်လျှောက်
ငါသိ၊ငါတတ် ၊
ငါဆိုသည့်မာန် ၊ဝင့်ကြွားစွာဖြင့်
ကိုယ်တိုင်ပဲ့ကိုင်၊ မောင်နှင်လာသည့်
ဤလှေငယ်လေး ၊ မတိမ်းရအောင်
မြစ်ကွေ့ရောက်တိုင်း
လမ်းကြောင်းမှန်ကို ၊တွန်လှန်ပို့သူ
ထုထည်ကြီးမား ၊ လေအလား
ခွန်အားပွားသည့် မိနှင့်ဖ မေတ္တာတွေ။
မိဘမေတ္တာ ၊ဖွဲ့ဆိုခါပြရင်ဖြစ်
သမုဒ္ဒရာရေပြင်နှင့် တိမ်ကဗ္ဗလာ၊
မြင့်မိုရ်ရယ်ဆုံးသောငြား
စကားလုံးအစ ရှာဖွေမရ
နှိုင်းပြရန်ခက်လှပေါ့
အိုဘယ့်မေတ္တာတွေ။
သစ်တစ်ပင်ကောင်း၊ငှက်တစ်သောင်းတို့ စံပျော်
ဘုံဗိမ္မာန်နန်းတော်၊ အကြင်နာမေတ္တာမြေကို
ကျေးဇူးရယ် ဆပ်၍မကုန်လေသမျှ
ရင်မှာတိုးတိတ်၊ ကြိတ်ရှိုက်ရင်းသာ
ပေမမှီ ၊စံမမှီဖြစ်သည့်
ဤကဗျာသာ ပြီးဆုံးပြစေသား။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်