ဒီနေ့တော့ ပြည်ကြီးငါးကို အကြွပ်ကြော် ကြော်စားကြမယ်နော်။
လိုအပ်သော ပစ္စည်းများ
၁။ ပြည်ကြီးငါး
၂။ဂျုံမှုန့် ပန်ကန်လုံးတစ်လုံးခန့်
၃။ဆားအနည်းငယ်
၎။ တရုတ်စမှုံမျိုးငါးပါးအမှုန့်
(သို့) သစ်ဂျပိုး၊ကရဝေးရွက်အမှုန့် - ကော်ဖီဇွန်း တစ်ဇွန်း
၅။ကြက်ဥ (၂) လုံး
၆။ အကြော်ကြော်ရန်ဆီ
ပြုလုပ်ပုံအဆင့်ဆင့်
၁။
ပထမဦးဆုံး ပြည်ကြီင်္းငါးများကို ရေဆေးသုတ်သင်ပြီး
အကွင်းလိုက်ဖြစ်အောင်လှီးထားပေးရပါမည်။ သို့မဟုတ်ပါက
အသင့်လှီးထားပြီးသားကို စူပါမားကက်များတွင် ဝယ်ယူနိုင်ပါသည်။
၂။ ကြက်ဥနှစ်လုံးကို နာနာခေါက်၍ လှီးထားပြီးသော ပြည်ကြီးငါးများကို ကြက်ဥထဲ နှစ်၍ စိမ်ပေးလိုက်ပါ။
၃။
ထို့နောက် အတူရောနှောကာ အသင့်ပြင်ထားသည့်
ဂျုံမှုန့်၊ဆား၊တရုတ်စမုံမျိုးငါးပါး(သို့) သစ်ဂျပိုးနှင့်ကရဝေးရွက်မှုန့်
တို့တွင် ပြည်ကြီးငါးများကို တစ်ကွင်းချင်း လှိမ့်ပေးရပါမည်။
၎။ ထို့နောက် မီးဖိုပေါ်တွင် အသင့်တည်ထားသော ဆီအိုးထဲတွင် ထည့်၍ ကြော်ပေးလိုက်ပါ။
အကြော်များကြွပ်လျှင်တော့
ဆီအိုးထဲမှ ဆယ်ယူပြီး ဆီစစ်ကာအသင့်စားသုံးနိင်ပါပြီ။ ဆီတွေ မကြိုက်လို့
မီးဖိုချောင်သုံး တစ်သျှူးစက္ကူလေးနှင့် အောက်ကခံကာ အကြော်ထဲမှဆီကို
စစ်ယူထားလိုက်တယ်နော်။
အချဉ်ရည်နှင့် တို့စားလိုလျှင် မိမိစိတ်ကြိုက်အချဉ်ရည်ကို စပ်ယူနိုင်ပါသည်။
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥

0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်