Followers

Sunday 13 January 2013

မနက်ဖြန်တိုင်းမှာ ပြုံးလိုက်ပါ ရှင်ရယ်



ရှေ့ဆက်ဖို့လဲ မဖြစ်နိုင်ခဲ့
နောက်ဆုတ်ဖို့ရန်ခက်သည့် အခြေမှာ
တွေးဆကာ ဆွေး
ဖြည်းဖြည်းခြင်း ဝေးကြမယ် ရှင်ရယ်.........။




ရက်စက်တယ်လို့ အပြစ်မဆိုပါဘူး
ချစ်ဖို့ကြံရွယ်တာ နှစ်ကိုယ်တူ စိတ်ကူးမို့
အပြစ်တွေကို ညီတူညီမျှ
ခံယူဖို့ အသင့်
လည်စင်းလျှက်ပါ  ရှင်ရယ်.........။




အချစ်လေပွေကို
တမင်ကြံရွယ်ကာ၊ အစဖော်တာပဲ ဖြစ်စေ
လေကြမ်းဒဏ်မခံနိုင်
စုံလုံးကန်လို့ စိုင်ကလုံးအဖြစ်
ပေါက်ထွက်ခဲ့တာဖြစ်စေ
မုန်တိုင်းဆိုသည့် စကားလုံးအောက်မှာ
အလူးအလဲ ချစ်ရည်လူး
ပျော်ရွှင်ကြည်နူးခဲ့ဖူးသည့် အချိန်အတွက်
နောင်တဆိုတာ ထည့်မတွက်နဲ့တော့  ရှင်ရယ်....။




ဟော...ဟိုမှာ
နင့်အတွက် လမ်းမှန်
အကြင်နာ လက်ညှိုး ၊ဖြောင့်ဖြောင့်ထိုးပေးမယ်
ရင်ဘတ်ထဲက အလွမ်းတွေစီခြယ်
ပန်ခင်းလမ်းအဖြစ်ရည်ရွယ်
ညင်သာစွာ ဖွဖွလျှောက်
ဖနောင့်တစ်ချက် ၊ မပေါက်ခဲ့ရင်
ကျေနပ်ပါတယ် ရှင်ရယ်........။




အလွမ်းတွေ ငါ့ နံဘေးသိမ်း
အနား မင်းမရှိလဲ ကျေနပ်တယ်။
ကောင်းကင်ပြာရဲ့ တစ်မိုးအောက်
ထိုတစ်နေရာ ၊ဟိုတစ်ထောင့်မှာ
မင်းရှိနေသည့်အသိ
ငါ့မှာ ရှိသရွေ့
ရင်မှာ လုံခြုံနေပါတယ်။




လေပြေချိုကို တူတူရှိုက်မယ်
မိုးရေစိုမှာ တူတူငိုမယ်။
နေခြည်ဆမ်းမှာ အပြုံးလန်းဖို့ ခွန်အားကိုသုံး
အလှဆုံးပြုံးလိုက်ပါ  ရှင်ရယ်........။



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်