Followers

Saturday 12 January 2013

ဝက်သားမီးကင်သုပ် (ထိုင်းစတိုင်)

အလုပ်မရှိ ၊အကိုင်မရှိ အပျင်းရောဂါ ထနေတာကြာပြီးဖြစ်တဲ့ မေသဇင်တစ်ယောက် လက်နက်တွေ ပြန်ကိုင်ပါတော့မယ်...။ .ဩော်.... ဩော်.....လက်နက်ကိုင်မယ်ဆိုလို့ မေသဇင် ကိုင်နေကြ လေးခွကို ပြောတာမဟုတ်ဘူးနော်။
ချက်ကြမယ်ဟေ့ ကောင်းကောင်းအစီအစဉ်၏ ပင်တိုင် ၊ ပင်မြင့်စံ ထမင်းဆိုင်ပိုင်ရှင် မေသဇင်မှ သူမကိုင်နေကြလက်နက် လေးခွ (မှားပြန်ပြီ) ယောင်းမလေး စတင်ကိုင်လိုက်ပါပြီရှင်။



အသုပ်တွေကို နှစ်သက်တဲ့ မေက ဒီနေ့တော့ ဝက်ဖုတ်ကင်သုပ်(ဝက်သား မီးဖုတ်၊ မီးကင် သုပ်) ကို သုပ်စားဖို့ စီစဉ်ထားပါတယ်။


မိတ်ဆွေများလည်း စိတ်ပါဝင်စားခဲ့သည်ရှိသော် မေနဲ့အတူ ချက်ကြရအောင်နော်။

ပါဝင်သော ပစ္စည်းများ



၁ ။ ဝက်သား (၅၀)သားခန့်
၂။ပျားရည် စားပွဲတင်ဇွန်း (၁)ဇွန်း
၃။ ပဲငံပြာရည် စားပွဲတင်ဇွန်း (၂)ဇွန်း


၎။ သံပုရာသီး (၂)လုံး အရည်ညစ်ယူရပါမည်။
၅။ ငရုတ်သီးစိမ်း အနည်းငယ်
၆။ ထန်းလျက်ခဲ စာပွဲတင်ဇွန်း (၂)ဇွန်းစာ
၇။ မန်ကျည်းသီးမှည့်ဖျော်ရည် စားပွဲတင်ဇွန်း (၄)ဇွန်းခန့်
၈။ငံပြာရည် စားပွဲတင်ဇွန်း (၄)ဇွန်း

၉။ကြက်သွန်နီ အလုံးသေး (၄) လုံးခန့်
၈။။ရှောက်ရွက် (သို့) ရှောက်နူရွက်(ခေါ်) ရှောက်ဘီးလူးရွက်
၉။ စပါးလင် တစ်ချောင်း
၁၀။ နံနံရွက် လက်တစ်ဆုပ်စာ
၁၁။ ဂျင်း လက်တစ်ဆစ်စာခန့်


ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ဝက်သားကို အမြှောင်းတိုင်း လှီးထားလိုက်ပါ။

၂။ ပျားရည်နဲ့ ပဲငံပြာရည်ကို အတူရောပြီး ဝက်သားနှင့် နယ်ပေးပါ။



၃။  နယ်ထားပြီးသော ဝက်သားများကို မီးကင်ပေးပါ။
Oven သုံးသူများကတော့ Grill နဲ့ (၁၅) မိနစ် ကင်ပြီး နောက်ထက် (၁၀)မိနစ် လောက် ကင်လိုက်ရင် ကျက်လောက်ပါတယ်။ အချိန်ကြာကြာကင်ရင် အသားတွေ ခြောက်သွားနိုင်ပါတယ်။


၎။ ထိုသို့ ဝက်သားမီးကင်နေစဉ်မှာပဲ အမှတ်စဉ် နံပတ် (၄) မှ (၈)အထိကို အတူတူရောပေးပါ။

၅။ ကြက်သွန်နီ၊ နံနံရွက်၊စပါးလင်၊ဂျင်း၊ ရှောက်ရွက် စသည်များကို ပါးပါးလှီးကာ အသင့်ပြင်ဆင်ထားပါ။

၆။ ဝက်သားကျက်ပြီးဆိုပါက ကင်ထားပြီးသော ဝက်သားများကို ပါးပါးလှီးပေးပါ။


၇။ ထိုနောက်တွင်တော့ အတူတူရောမွေသုပ်နိုင်ပါပြီရှင်။
အချိုမုန့်စားသုံးသူများ အသုပ်သုပ်ရာတွင် မိမိစိတ်ကြိုက် အချိုမုန့်ထည့်ဝင်အသုံးပြုနိုင်ပါတယ်ရှင်။



ကဲ မေသုပ်ပြီးသာ ချဉ်ချဉ်စပ်စပ် နဲ့ မီးကင်နံ့မွှေးမွှေးလေး ဝက်သားမီးကင်၊မီးဖုတ်သုပ်လေး အဆင်သင့် သုံးဆောင်နိုင်ပါပြီရှင်။





.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်