Followers

Tuesday 29 May 2012

သူတို့ ဘာတွေ လုပ်ကြတာလဲ


လူရယ်လို့ ဖြစ်လာပြန်တော့ ယုံကြည်ကိုးကွယ်မှုတွေ၊ အယူအဆ အမျိုးမျိုးတွေရဲ့ အောက်မှာ အတွေးတွေ ပိုင်းခြားခံရပြီး လုပ်ဆောင်မှုတွေ ခွဲပြားလာခဲ့ကြတယ်။
အဲ့ဒီလိုကွဲပြားလာမှုတွေထဲက အယူအဆ တစ်ချို့ကို ပြပေးချင်လို့ပါ။ ပြုလုပ်သူတွေအတွက်တော့ နာကျင်ခဲ့သလား၊မနာကျင်ခဲ့ဘူးလား မသိရပေမဲ့ ကြည့်ရသူအတွက်တော့ အသဲယားစရာပါ။



အသဲယားလိုက်တာကွယ်။
ဖလား ဖလား
ကျောချမ်းလိုက်တာ။
တစ်ခါထဲပဲ သတ်ပစ်ပါတော့ကွယ်။
သေနတ် ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။

မာလီမှုးကြီးလဲ ညှပ်ရမဲ့ အပင်တွေ မှားနေပြီကွယ်။
နေဆယ်စင်းနဲ့ အပြိုင် ဓားဆယ်စင်းဖြစ်အောင် ကြိုးစားမည်။

လက်သမားတွေလဲ နေရာမှားပြီး ဖြတ်မိတော့မှာပဲ။


နာ့ အာခံတွင်းထဲ ယင်ကောင်တစ်ကောင်တောင် အဝင်မခံဘူးဟေ့။


စက်ဘီးတစ်စီးလုံးကို ပါးစပ်ထဲ ဖောက်ထည့်ပြီး မယူနိုင်တယ်ကွ။

ထီးထားဖို့ ငုတ်တိုင်မရှိဘူးလား။ ကျွန်တော့ ပါးစပ်ထဲသာ လာထည့်ပါဗျာ။


တွေ့မြင်ရတာတွေကို ကြက်သီးထလွန်းလို့ပါဗျာ။



သူလေးလဲ သတ္တိခဲပဲ။


အတင်းပြောတတ်တဲ့ ပါးစပ်ကို သော့ခတ်မယ်။



ညှပ်မယ် ဖြတ်မယ်။

မမပုသိမ်သူကို ကျော်ဖြတ်မဲ့သူ။ မောင်မောင်ပုသိမ်ထီး။



မသိရင် မှတ်ထား...။ ပစ္စတိုကို ဒီလိုပစ်ရတယ်ကွ။
ထိုင်းနိုင်ငံမှာ လုပ်တဲ့ ပွဲတော်ပါ။ ပုံတွေကိုတော့ အင်တာနက်စာမျက်နျာပေါ်က တွေ့လို့ ကူးယူထားတာပါ။
ဘယ်လိုအယူအဆတွေနဲ့ လုပ်ကြတာလဲ ဆိုတာတော့ မသိပေတော့ပါဘူးကွယ်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


 

 

1 comment:

  1. အင်းဖူးကတ်က ကွမ်ယင်မယ်တော်နေ့ ဆိုလား မသိဘူး ၇ ရက် သက်သက်လွတ်စားပြီး ဒီလိုလုပ်ကြတယ်..တစ်ကယ်တော့ ကိုယ့်ကိုယ်ကိုယ် နှိပ်သက်တာလဲ အယူမှားလို့ ဘုရားဟောထားတယ်နော်..လူတွေက အထူးအဆန်းဆို သဘောကျလို့  လေ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်