Followers

Saturday 17 August 2013

ကြယ်ကြွေအတွက် ရှိုက်သံတစ်ချက်




ထွန်းတောက်နေတဲ့ ကြယ်လေးတွေ

တစ်ပွင့်ပြီးတစ်ပွင့် ကြွေသွားလိုက်ကြတာ

ကြယ်ကြွေတွေကို မျှော်ကာငေးလို့

ပူဆွေး ဝမ်းနည်းယုံမှအပ

ရှပ်အကျီ င်္က ကြယ်သီးပြုတ်လို

အပ်ချည်နဲ့အပ် ယူကာပြန်ချုပ်ပြီး


ဟောဒီကြယ်တစ်ပွင့်ကိုတော့

နေရာမှန်မှာ လှစေဖို့

မေတို့တွေ မစွမ်းဆောင်နိုင်ခဲ့ပါဘူးလေ...။


► ◄


ရာသီစက်ဝန်း အလှည့်အပြောင်းနဲ့

ကာလယန္တရားကြီး လည်ပတ်မှုတွေအောက်မှာ

မုန်းတိုင်းက ထန် ၊ လေက ဆန်တော့

လေနီကြမ်းအဝှေ့မှာ

လောကပင်စည်ကြီးဆီက သစ်သီး

နုတယ် ၊ရင်တယ် ၊အချိန်မတန်လဲ

လေ၊ မိုး ဒဏ်သင့်ရင်တော့ ကြွေရမှာပါပဲလေ.....။



► ◄


ဒီနေ့ ၊ ဒီအချိန် ၊ ဒီနေရပ်မှာ

မေ တို့တွေဟာ ကြယ်ကြွေတွေအတွက် ပူဆွေး

နှမျောတသ တွေးကာ ဖြည်မဆည်နိုင်ပေမဲ့

တစ်နေ့တစ်ချိန်မှာတော့

ကိုယ်တိုင်အလှည့် ရောက်ရအုံးမယ်...။




► ◄


ထိုအချိန်မှာ...................

မေတို့ကိုယ်တိုင် ပူဆွေးနေမှာလား....။

ပူဆွေးသူတွေကို ငေးနေမှာလား......။

ချမ်းသာခြင်းအရပ်ကို အပြေးလေး ဖွေရှာနေမှာလား....။


တွေးလို့ရယ်မကုန်

ဆွေးလို့ရယ်မကုန်လေသမျှ

ဒီနေ့လေးမှာတော့ သွားလေသူ ကြယ်ကြွေတစ်ပွင့်ကို

ရှိုက်သံတစ်ချက်နဲ့ လွမ်းပါရစေ.....။



.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

2 comments:

  1. ဘယ်အချိန်ဖတ်ဖတ် ကဗျာတွေက ဒီနေ့အထိ
    လတ်ဆက်နေတုန်းဘဲ

    ReplyDelete
  2. ဘယ်အချိန်ဖတ်ဖတ် ကဗျာတွေက ဒီနေ့အထိ
    လတ်ဆက်နေတုန်းဘဲ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်