Followers

Friday 23 August 2013

ဗီယက်နမ်စတိုင် မုန့်ဖတ်သုပ်စားကြမယ်

ဒီနေ့တော့အပြောင်းအလဲလေး ဖြစ်အောင် ဗီယက်နမ်မုန့်ဖတ်သုပ်လေး သုပ်စားကြရအောင်နော်။
မုန့်ဟင်းခါးဖတ် (သို့) ဆန်ကြာဇံ မိမိကြိုက်နှစ်သက်ရာဖြစ် အသုံးပြုနိုင်ပါသည်။



ဗီယက်နမ်မုန့်ဖတ်သုပ်ရန် ပါဝင်သော ပစ္စည်းများ


ဝက်သားအတွက် ပြင်ဆင်ရန်

၁။ ဝက်သား  (၂၅) ကျပ်သား

၂။ ကြက်သွန်ဖြူ (၃) မွှာ

၃။ ကြက်သွန်နီ အသေး (၃) ဥ

၎။ စပါးလင် (၂) ချောင်း

၅။ သကြား စားပွဲတင်ဇွန်း  (၁) ဇွန်း

၆။ ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်း

၇။ ငံပြာရည် စားပွဲတင်ဇွန်း (၁) ဇွန်း

၈။ ပဲငံပြာရည် အကြည် (၂) ဇွန်း

၉။ ငရုတ်ကောင်းမှုန့် အနည်းငယ်
 
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊စပါးလင် တို့ကို ညက်အောင် ထောင်း၍ အခြား ပါဝင်ပစ္စည်းများနှင့် သမအောင် ရေမွှေထားပြီး ဝက်သားထဲသို့ စိမ့်ဝင်သွားသည်အထိ နာနာလေး နယ်ပေးပြီး အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပေးပါ။


အနည်းဆုံး အချိန် နာရီဝက်ခန့် နှပ်ထားသော ဝက်သားများကို Oven (သို့) မီးကင်ကာ ကျက်အောင် ချက်ပေးလိုက်ပါ။


ဝက်သား နှပ်ထားချိန်တွင် သခွားသီး တစ်လုံးနှင့် မုန်လာဥနီ တစ်လုံးကို မိမိစိတ်ကြိုက် အရွယ်အစား လှီးဖြတ်ထားလိုက်ပါ။


ထို့နောက် အသင့်လှီးထားသော သခွားသီးနှင့် မုန်လာဥနီကို ဆလကာရည် အနည်းငယ်နှင့် သမအောင်မွှေ၍ စိမ်ထားပေးလိုက်ပါ။


ကြက်သွန်မြိတ် ( ၃) ပင်ခန့်ကို ခပ်ပါးပါးလေး လှီးဖြတ်ကာ ဆီအနည်းငယ်နှင့် အစိမ်းရောင်မပျက် ကြော်ထားပေးပါ။ (၃) မိနစ်ခန့်




ထို့နောက် အသုပ်ထဲတွင် ထည့်ရန် အချဉ်ရည်ကို အသင့်ပြင်ထားပေးရပါမည်။
အချဉ်ရည်စပ်ရန် အတွက်
ငံပြာရည် ၊ သကြား ၊ သံပုရာရည် ၊ ရေနွေး ၊ တို့ကို ဆတူရောမွှေထားပြီးအသင့်ပြင်ထားပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းလေးများကို ပါးပါးလှီးကာ အချဉ်ရည်ထဲ ထည့်ထားနိုင်ပါသည်။

ထို့နောက် မုန့်ဖတ်ထဲသို့ ကင်ထားပြီးသော ဝက်သားကို ပါးပါးလှီးထည့် ၊ပဲပင်ပေါက် အနည်းငယ် ၊ နံနံရွက် နှင့် မြေပဲမှုန့်တို့ ထည့်ပေါင်းကာ ၊ ကြက်သွန်မြိတ်ဆီသတ်ထည့် ၊အချဉ်ရည်လေး ရွှဲအောင်ဆမ်းပြီး ပြင်ဆင်စားသောက်နိုင်ပါပြီ။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်