Followers

Tuesday 6 November 2012

ခွဲဝေပေးသည့် တိုက်နှင့်ကား

ဩော် ယောကျာင်္း ယောကျာင်္း
ပလီပလာဆိုတဲ့သူ့စကား
နှမနှလုံးသား ဖြူလွန်းတယ်
ယောကျာင်္းစကားတွေမယုံနဲ့ကွယ်
မာယာတစ်သိန်း စွဲကိုင်ထား
ယောကျာင်္းသားတွေပြောတဲ့ စကား။

ဂျပိုးကိုလည်း လိပ်ဖြစ်တယ်
သမုဒ္ဒရာကို ကူးလို့ကွယ်
ကြွားလုံးတွေကို လှိုင်လှိုင်သုံး
ယုံခဲ့မိရင် နှမလေးရှုံး။

ချစ်တတ် ၊ကြိုက်တတ် သူတို့က
ယုယကြင်နာတတ်
လက်ထပ်ကြမယ် ချစ်သူရယ်
နှစ်ကိုယ်တူဘဝ တည်ဆောက်မယ်။
အခက်အခဲတွေ ကြုံလာတော့
ဒီမောင်ရှေ့က တားဆီးပေါ့။

ချစ်စ ၊ ခင်စ ကာလမှာ
ချိုရီစကား တီတာစွာ
ရက်တွေထပ်ကာ လတွေဟောင်း
နောက်တစ်ယောက်ကို တွဲကာပြောင်း
အချစ်ကြီးတဲ့ ဒီမောင်ဟာ
ချစ်လို့မဝပါ
ပလီပလာ စွန်းကာဖွဲ့
လှည့်စားတတ်တယ်ကွဲ့။

ကာလတစ်ခုရောက်သည့်အခါ
ဒီမောင်အသစ်ရှာလာ
မာယာကြွယ်ကြွယ် သူ့စကား
နှစ်လုံးတည်းနှင့် သူလှည့်စား
နှစ်ယောက်လုံးကို ချစ်ခဲ့တာ
ဒီမောင်အသိပါ။
ထိုကြောင့်ကိုသာ ညီတူမျှပေး
ဒီမောင်စည်းစိမ်လေး။

ကဲ....ကြည့်ကြစမ်းပါနှမများရာ
ဒီမောင် အညီအမျှခွဲပေးတာ
မယားကြီးကို ကားနှင့်တိုက်
အငယ်လေးကို တိုက်နှင့်ကား
မညီမျှပေဘူးလား။
























1 comment:

  1. မာယာတစ်သိန်း စွဲကိုင်ထား
    ယောကျာင်္းသားတွေပြောတဲ့ စကား။

    အဲလိုကြီးတော့ပြောပါနဲ့ နော်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်