Followers

Wednesday 7 November 2012

(၅၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အမှတ်တရ


မောင်ရို့ လေ..လေ
လေ..လေ..မောင်ရို့
ညီညာထကြွ
ဒုံးယိမ်းအလှ
သူနိုင်ငှာနိုင်
ယှဉ်ကာပြိုင်လည်း
စည်းလုံးမြဲစေ
တို့သွေးချင်းတွေ
ချွေးစက်စိုလဲ
မမောပမ်း
ပြုံးပျော် စိတ်ရွင်လန်း။

(၅၇)နှစ်တိုင်ခဲ့ပြီ
တို့များပွဲတော်စည်
နိုးကြားထကြွ
ဒို့လုံ့လ
ဝိရိယနဲ့ အားထုတ်ကြ။

ဟော..ဟိုရှေ့မှာ အလင်းရောင်
တို့များတွက်သယ်ဆောင်
အနာဂတ်တွေ တောက်ပဖို့
တို့များညီညွှတ်စို့။

မြန်ပြည်ဖွား တို့တစ်တွေ
သွေးချင်းမောင်နှမပေ
အတိတ်တွေကို မေ့ကာထား
အနာဂတ်လှကို ဆင်စို့လား။

သွေးစည်းခြင်းရဲ့ အကျိုးမြတ်တွေ
တို့ပြည်ဖွားတွေ ခံစားနေ
အဖြူရောင်နယ်မြေ တို့နင်းသွား
ပီတိပန်းတွေ ပန်ဆင်ထား။

(၇.၁၁.၂၀၁၂) မှာ ကျရောက်သည့် ကရင်ပြည်နယ်နေ့ အမှတ်တရ


0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်