Followers

Monday 5 November 2012

ချစ်သူမြို့ တော် သီတင်းကျွတ်ပွဲတော် အငြိမ့်ပွဲ



ချစ်သူမြို့ တော် အငြိမ်တွင် ပါဝင်ခဲ့ကြသူများကတော့ ဟာသ လူရွှင်တော် ဂျူပီတာ ရင်မောင် ၊ ကိုရင်ကျော် ၊ ဝေလငါး(ရင်ခွင်ချကိုက်)နှင့် ကိုငြိမ်းရွှေဘို (ဆိတ်မ)

တိုင်းနိုင်ငံ ပြည်ရွာ ၊ ညီညာစွာတက်လှမ်းလို့ ၊ အထက်လမ်းခေါ် ၊ net တို့ရွာ chat ဖို့လာ .com စုံ
လွှမ်းခြုံကာ ၊ အသွင်ဆန်းကြုံ ၊ မြင်အံ့မခန်းကုန်တဲ့ ရွှေမြို့တော် ၊ အငြိမ့်သဘင် တစ်ခန်းမှ ၊ ပီတိ
သောမနဿ ၊ သဘောလှသည့် မေတ္တာရည် ၊ ရင်ဝယ် ချစ်သဒ္ဒါအဆီဖြင့် ၊ ရွှင်သာယာ ကြည်မနော
နှင့် ၊ ရယ်ရွှင်စရာ အတည်ပြောဖို့ ၊ ဦးစွာ ပထမ ကန်တော့ရမှာဖြင့် . . . . . . . . .


“မင်္ဂလာအပေါင်းနဲ့  ခါးညောင်းပါစေလို့  ကျွန်တော် ဆိတ်မက ချစ်သူမြို့ တော်သူ မြို့ တော်သားအပေါင်းကို ဆုတောင်းပေးလိုက်ပါတယ်ခင်ညား............”


ခွမ်းးးးးးးးးးးးးး (ဝေလငါးမှ ဆိတ်မကို လင်ဗန်းနှင့် ရိုက်လိုက်သောအသံ)
လူရွှင်တော်တွေကို လင်ဗန်းတစ်ယောက်တစ်ချပ်ပေးကိုင်ထားတယ်နော်..။ ဒီနှစ်အကယ်ဒမီရွေးပွဲမှာ ဗန်းကိုင်ခိုင်းဖို့  မဟုတ်ဘူး......။ တစ်ယောက်ခေါင်းတစ်ယောက်ထုဖို့ 

ဝေလငါး။။။။။။။။။“မင်္ဂလာအပေါင်းနှင့် ခပ်ညောင်းပါစေ...ခပ်ညောင်းပါစေ..ခါးညောင်းပါစေမဟုတ်ဘူး............။”
ခွမ်းးးးးးးးးးးး(ဆိတ်မရဲ့  လက်သံ)

ဆိတ်မ။။။။။။ ခါးညောင်းပါစေကွ....။ မြို့ တော်သူ မြို့ တော်သားတွေ တစ်နေ့ လုံး ကွန်ပြူတာရှေ့  ချက်တင်ထိုင်နေရလို့  ခါးညောင်းတာကွ......။
ခွမ်းးးးးးးးးးးးးးးးးး
ဒါလေးတောင် မပေါက်ဘူးလား............။ဒါကြောင့် မင်း ဘူပိတ်တာ............။

ကိုရင်ကျော်။။။။။ ဘယ်နှယ့်လုပ် စင်ပေါ်တက်ပြီး ရန်လာဖြစ်နေရတာတုန်း..........။ မင်းတို့ ထင်တာ ဒါ လက်ဝှေ့ စင်လား.......။ ဒါအငြိမ့်စင်ကွ အငြိမ့်စင်.......။
ခွမ်းးးးးးးးးးးးးးး
ခွမ်းးးးးးးးးးးးးးးးးးး
ကိုရင်မောင်။။။။။။။။။။ လက်ပြင်တွဲပေမဲ့ လက်သံပြောင်တုန်းဆိုတာ ကိုရင်ကျော်လိုလူမျိုးကို ပြောတယ်ထင်ပါရဲ့  .........တစ်ခွမ်းခွမ်းနဲ့  ခွမ်းနေလိုက်တာ ခံရတဲ့သူတွေလဲ ဂွမ်းကုန်လောက်ပြီး ကိုရင်ကျော်ရေ..........။
ကဲ စင်ပေါ်တက်ပြီး ရန်ကြီးပဲ ဖြစ်နေလို့ မကောင်းပါဘူး.........ဒီက မြို့ တော်သူ မြို့ တော်သားတွေကို ကျန်းခမ်းသာလို့  မာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရအောင်လေ...........”

ခွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆိတ်မ။။။။။။။။။သိတယ် ဆရာမလုပ်နဲ့ ...........။

ခွမ်းးးးးးးးးးးးးးးး
ရင်မောင်။။။။။။။။။။။။ သိရင် အစထဲက ငါမပြောခင်ကတည်းက ရန်မဖြစ်ကြပဲ ဆုတောင်းပေးပါလား......။ ဒီမှာ ပရိတ်သတ်တွေက ပြောနေကြပြီး...........။
ရင်ကျော်။။။။။။။ ဘာပြောတာလဲ ကိုရင်မောင်ရ
ရင်မောင်။။။။။။။။။။။။ သီတင်းကျွတ်ပွဲတော် အငြိမ့်က လပြည့်နေ့ မှာ မကပဲ ဘာလို့  ပွဲတော်ရက်ပြီးမှ က ရတာလဲတဲ့...........။
ရင်ကျော်။။။။။။။။။။။ ဒီတော့ ကိုရင်မောင် ဘာပြန်ပြောလိုက်လဲ...........။
ရင်မောင်။။။။။။ ဘာမှ ပြန်မပြောလိုက်ဘူး

ခွမ်းးးးးးးးးးးးးးးးးးးးးးး
ရင်ကျော်။။။။။။။။။။ ဘာမှ ပြန်မပြောတော့ မြို့ တော်သူမြို့ တော်သားတွေက ဘယ်လိုလုပ်ကျေနပ်ကြမှာလဲ..........။

ခွမ်းးးးးးးးးးးးးးးးးးး
ရင်မောင်။။။။။။။။။။ အဲ့ဒါကြောင့် ကိုရင်ကျော်ကို အဘိုးကြီးလို့  ပြောတာပေါ့......။ မြို့ တော်သူ/သားတွေက အကင်းပါးတယ်ဗျ..... ချက်ဆို နားခွက်က မီးတောက်ယုံမကဘူး ထမင်းဟင်းပါ အာလုံးကျက်တယ်.......။
ဒီတော့ ရင်မောင်ဘာမှ ပြောစရာမလိုဘူး...။ လျှပ်စစ်မီးကြိုးကို လက်ညှိုးထိုးပြလိုက်တာနဲ့  လပြည့်ညက မီးမလာလို့  အငြိမ့်မကဖြစ်တာဆိုတာ တစ်မြို့ လုံးသဘောပေါက်တယ်..............။

ခွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဝေလငါး။။။။။။။။။။ လပြည့်ညက မီးလာစရာလိုလားကွ......... လမင်းကြီးထိန်ထိန်သာနေတာ..ငါတို့  မြို့ တော်က ကမ္ဘာကြီး ချိနဲ့ မှုတွေ နည်းရအောင်စွမ်းအင်တွေချွေတာပြီး လသာတဲ့ညမှာ မီးမပေးပဲ သဘာဝအလင်းပေးတာကွ..........။ ဒီလို သီတင်းကျွတ်လပြည့်ဆို မီးကိုတမင်ကို မပေးတာကွ.........။မြို့ တော်ကြီးတစ်မြို့ တော်လုံးမီးလင်းနေရင် အိမ်တိုင်း အိမ်တိုင်းက ထွန်းညှိကြတဲ့ မီးပုံးအလှတွေ ပျောက်ကွယ်ကုန်မှာ စိုးလို့ ..နားလည်လား.....နားလည်လား...”

ခွမ်းးးးးးးးးးးးးးးးးးးးးးးးး
ဆိတ်မ။။။။။။။။။။ ဒီမြို့ တော်မှာက လပြည့်ညမှ မီးမလာတာ မဟုတ်ဘူး....တစ်လကို ၃၁ ရက် မီးမလာတာ...။
ခွမ်းးးးးးးးးးးးးးး
ဝေလငါး။။။။။။။။ သူ့ ဘာသာ သူမီးမလာတာ ငါ့ကို လာထုနေစရာလားကွ.....။ ငါ့ကို လာထုတော့ရော မင်း မီးက လာမှာမို့ လားကွ...........။

ကိုရင်ကျော်။။။။။။။။။။။ ကဲ ကဲ တော်ကြပါတော့.... ဒီမီးလာတယ် မလာတဲ့ အကြောင်း ငြင်းခုန်နေကြရင် ငါ ဘိုးရင်ကျော် သက်တမ်းကုန်လို့  ဆားသွားချက်တဲ့ထိတောင်ပြီးနိုင်မှာ မဟုတ်ဘူး...။တို့  မင်းသမီးလေးလဲ အနောက်မှာ ခြင်ကိုက်လှပြီး... ဆိတ်မရေ မင်းသမီးကို ခေါ်လိုက်ပါအုံး.........။

ဆိတ်မ။။။။။။။။။။ အဖေ့သမီးရေ...လာခဲ့...လာခဲ့ အမြန်ဆုံးနည်းနဲ့  ပန်ကန်လုံးစီးပြီးသာ လာခဲ့ အဖေ့သမီးရေ။။။။

ခွမ်းးးးးးးးးးးးးးးးးးးးးးး

ရင်မောင်။။။။။။။။ မင်းသမီးခေါ်ခိုင်းတာ ဘယ်နှယ့် အဖေ့သမီး လာခဲ့ လာခဲ့ ခေါ်နေရတာလဲကွ.........။
ခွမ်းးးးးးးးးးးးးး
ဆိတ်မ။။။။ မင်းတို့ ပဲ ငါ့ကို မင်းသမီး ခေါ်ဆို........
ရင်ကျော်။။။။။။ အေးလေ မင်းသမီး ခေါ်လေ
ဆိတ်မ။။။။။ မင်းသမီးခေါ်ဆိုလို့  ငါ့သမီးကို ငါ့ခေါ်တာပေါ့.....မင်းတို့  ပြောတာမင်းသမီး မင်းသမီးဆိုတော့ ငါ့သမီးပေါ့ကွ...........။

ဝေလငါး။။။။။။။ ကဲ..တော်ကြတော့ တော်ကြတော့ မင်းသမီး၊ငါ့သမီး လုပ်မနေကြနဲ့ .......။ မင်းသမီးကို ဒီလိုခေါ်မယ်.........။
ကျန်၃ယောက် အားတက်သရောနှင့် ပြိုင်တူ။။။။။။။။။။။ ဘယ်လိုခေါ်မလဲ
ဝေလငါး။။။။ ပိုကာစွဲမယ် နိုင်တဲ့သူ မင်းသမီးကိုခေါ်...........။
ခွမ်းးးးးးးးး
ခွမ်းးးးးးးးးးးးးး
ခွမ်းးးးးးးးးးးးးးးးးးးးးးး
ဆိတ်။။။။။။။ မင်း ဖဲသမားလို့  မပြောရဘူး မင်းသမီး ခေါ်မှာတောင် ပိုကာဆွဲပြီး ခေါ်မယ်ဆိုပဲ............။
ရင်မောင်။။။။။။။ ဘယ်သူမှ အငြင်းပွားပြီ ခေါ်မနေနဲ့  ရင်မောင်မင်းသမီး ခေါ်မယ်...။
ကဲ ရွာစားကြီးစိန်မှော် လက်စွမ်းတော် ပြလိုက်ပါအုံးဗျို့ 
တိန် တိန့်  တိန်..... ဗြောင်....ဗြောင်

ရင်မောင် ။ သဘင်သည်ဇာတ်သမား မဟုတ်ပေငြားလည်း ၊ထပ်ပွားမဆင့်လို့ ၊ဆက်မကြွားဝင့်ပါဘူး
သူငယ်ချင်းတို့ရေ . . . ဇာတ်စကားလေးတော့ တတ်ပါတယ်ဗျ ။ အတည်ခေါ်ပီဗျာ . . . .သုံးရက်လ
ခုံးမျက်စ ပုံပမာ ၊ ပဒုမ္မာ ပွင့်ချက်အလှ မျက်အလွှာနဲ့ လည်တိုင်ကကြော့ရှင်း ၊ ညအခါဝယ် အသား
အရည်က ရွှေလိုဝင်း ၊ ယမင်းတမျှ အလှမှာကြွယ် ၊ အဆင်းက ပုလဲလိုသွယ် ၊ မြင်မြင်သမျှ တငေး
တယ် ၊ ညလေးရယ်လို့ ၊ အလှသွေးကြွယ်တဲ့ . . . .မေသဇင် ကညာနှမ . . . လာပြပေတော့ဗျို့ . .


မင်္ဂလာပါ အစ်ကိုတို့ ရေ....................
ဝေလငါး။။။။။။။။။ မင်းသမီးက ငါ့ကို နှုတ်ဆက်တာကွ.. ကောင်းသောညလေးပါ မင်းသမီး ဟီးးးးးးးးးးးးးးးး
ခွမ်းးးးးးးးးးးးး
ဆိတ်မ။။။ မင်း မင်းသမီးကို နှုတ်ဆက်တာကလဲ ကျောယားစရာကွ............။ပြီးတော့ မင်းသမီးက အားလုံးကို နှုတ်ဆက်တာပါကွာ...........။

ခုလို မင်္ဂလာရှိတဲ့ ညချမ်းလေးမှာ မြို့ တော်သူ မြို့ တော်သားတွေနဲ့  ဆုံတွေရတာ မေ့ရင်ထဲ နှလုံပီတိ ဂွမ်းဆီထိသကဲ့ သို့  ကြည်နူးလှပါတယ်ရှင်..........။

မှန်တာပေါ့ မင်းသမီးလေးရဲ့ 

ကွန်နက်ရှင် အခက်အခဲအမျိုးမျိုးကြောင့် မေတို့  ချစ်သူမြို့ တော်အငြိမ့် နောက်ကျမှထွက်ခွင့်ရတာကိုလဲ မန်ဘာများအားလုံးကို တောင်းပန်ပါတယ်ရှင်........။ မန်ဘာများအားလုံးအတွက်လဲ မေသဇင်မှ ကွန်နက်ရှင် ပြတ်တောက်ခြင်းရန်မှ ကင်းဝေးပါစေကြောင်း ဟောဒီ လေလှိုင်းထဲမှ တစ်ပါးတည်း ဆုမွန်ခြွေပေးလိုက်ပါတယ်ရှင်...........။

တော်လိုက်တဲ့ မင်းသမီးလေး..။ ကွက်ကျော်မြင်တတ်ပါရဲ့ ............။

ဟောဒီက ဝေလငါးလားရှင့်..........
ဟုတ်ပါ့ မင်းသမီးလေးရ.ဝေလငါး ဖလန်း ဖလန်းထလို့  အသဲနှစ်ခြမ်း ဗြန်းဗြန်းကွဲနေပါရဲ့  မင်းသမီးရေ...... ဟင့် ဟင့်........
ခွမ်းးးးးးးးးးးးးးးးးး
ဆိတ်။။ မင်းက အရေးထဲမင်းသမီးကို ဘဝဇာတ်ဆရာ လာပြီး ကပြနေသေးတယ်။

ဟောဒီက မာမီဆိတ်မလားရှင့်..........။
ဝုတ် ဝုတ်......မင်းသမီးအလှမှာ နစ်မျှောလို့  ဆိတ်တောင်ခွေးလို အော်တတ်သွားပြီ မင်းသမီးချောလေးရေ........။

ဟောဒီက မင်းသမီးရင်မှာ အစဉ်အလေးထားရတဲ့ ကိုရင်ကျော်ကြီးလားရှင်........။
မှန်လှပါ မင်းသမီး ....... ခုလိုသာယာလှတဲ့ ညချမ်းလေးမှာ မင်းသမီးလေးနဲ့ သာ တူတူတွဲကခွင့်ရမယ်ဆိုရင်ဖြင့် ကိုရင်ကရော် အကောက်မှာ invisible ပြပြီး ပုန်းလိုက်ပါမယ် မင်းသမီးလေးရေ.......။

ဟောဒီက နောက်ဆုံးတစ်ယောက်က အခါခါပြေး ဝရမ်းလေး ရင်မောင်လားရှင့်......။
သေချာတာပေါ့ မင်းသမီးလေးရေ.ကိုရင်မောင်လဲ ပြေးရင်းလွှားရင်း ပျံလွှားဖြစ်တော့မယ် မင်းသမီးရဲ့ ...........။
ဆိတ်။။ သေချာတယ် ကိုရင်မောင်ပြေူးတာ အင်တာနက်ဖိုးတွေ မပေးနိုင်ပဲ အကြွေးရှင် လူသိမ်းတော့မှာမို့ ဆိုတာ သေချာပါတယ်.......။

ဟောဒီက အစ်ကိုတို့ ရေ.....ကြယ်တာရာတွေစုံတဲ့ မီးမလာညမှာ မန်ဘာအပေါင်းလဲ အိပ်ငိုက်ကုန်လောက်ပြီးရှင့်....။ ဝါကျွတ်အရေး မျှော်တွေးပြီ အားခဲထားကြတဲ့ မြို့ တော်နေ အပျိုကြီး လူပျိုးကြီးများ အဆင်ပြေရေးကို ဆုမွန်ကောင်းတွေ ခြွေပေးကြရအောင်လားရှင်.......။

ရင်ကျော်။။။ မင်းသမီး ဒါတော့ မျက်နှာလိုက်တယ်...။ဘာလို့ အပျိုကြီး လူပျိုကြီးတွေကိုပဲ ဆုခြွေပေးရတာလဲ..။
 မေ။။ အပျိုကြီးလူပျိုကြီးတွေဆိုတာက လူငယ်တွေလို  လက်မသွက်တော့ဘူးလေ.....။ ဒါကြောင့်လက်နှေးသူတွေအတွက် ပရိုမိုးရှင်းပေးတာပါရှင့်.........။

ဝေလငါး။။နေပါအုံး မင်းသမီးက ကမယ်ဆိုတာ ကရောတတ်ရဲ့ လားဗျာ........။
ခွမ်းးးးးးးးးးးးး
ရင်မောင်။ မင်းက မင်းသမီးကို အထင်သေးတယ်.ပြလိုက်စမ်း မင်းသမီး..ဩော် ကပြလိုက်စမ်းလို့ ပြောတာ

မေ။ စာရေနေတဲ့သူ ဆိုပြီ အကပိုင်းမှာ မကျွမ်းကျင်ဘူးထင်နေကြလားရှင့်.. မေက သဘင်သည် မျိုးရိုးရှင့်....။
ရင်ကျော်။ ဩော်.သဘင်သည်မျိုး၇ိုးလား
မေ။ မှန်တာပေါ့ရှင်..... လေဘာတီ မမြရင်သိလား
ဆိတ်။။မသိပဲနေမလား......... လေဘာတီက မင်းသမီးရဲ့  အဘွားလား

မေ။ မဟုတ်ပါဘူး လေးဘာတီမမြရင်အကြောင်း စာထဲမှာသင်ရပြီး အားကျခဲ့တာလို့  ပြောမလို့ ပါရှင့်..။ မင်းသားကြီးရွှေမန်းတင်မောင်ကိုရော သိတယ်မဟုတ်လားရှင်..။

ဝေလငါး။ ဒါတော့ သေချာပြီး မင်းသမီးလေးရဲ့  အဘိုးဆိုတာ.။

မေ။ မဟုတ်ရပါဘူးရှင်..... ရွှေမန်းတင်မောင်အဆို ၊အက ၊အငိုကောင်းတယ်ဆိုတာ တဆင့်စကားနဲ့  ပြန်ကြားထားခဲ့ဖူးလို့ ပါရှင့်......။
ခေတ်ရေစီးကြောင်း ဇာတ်သဘင်လောကမှာ နာမည်ကြီးနေတဲ့ခေတ်သစ်မင်းသားလေး ဖိုးချစ်ကိုရော သိကြလား အစ်ကိုတော်တို့ ရှင်...။

ရင်မောင်။ မင်းသမီးလေးရဲ့  အမျိုးမဟုတ်ရင် မင်းသမီးလေးရဲ့  ချစ်သူများလား အမြန်လေး ဖြေကြားပေးပါ...။ ရင်တွေ ပူလွန်းလို့ ပါဗျာ.........

မေ။ ဖိုးချစ်က အတိုးနဲ့  ချစ်မယ်လို့  ချစ်ခွင့်ပန်ခဲ့ပေမဲ့ အချစ်ကို ဝေမျှမစားရဲ့ တဲ့မေ ငြင်းခဲ့တဲ့ အကြောင်းလေး ပြောမလို့ ပါရှင်.......။
င်မောင်။ ဒီမင်းသမီး ကိုယ့်ကိုကိုယ် အတော်လေး အထင်ကြီးနေတာကိုး.....။ရုပ်က ခွက်ပြင်လို ခွက်ဝင်နေပြီး ကိုယ့်ကိုကိုယ် မသိသေးဘူး..။

ရင်ကျော်။ ကဲ မင်းသမီးရေ တို့ တွေ လေကြောရှည်လို့  မဖြစ်သေးဘူး....။ မင်းသမီးရဲ့  အကအလှကို စောင့်ကြည့်နေကြတဲ့ ပရိတ်သတ်တွေက အင်တာနက်ဘေလ် တက်လို့  စိတ်တွေ တိုပြီး ဇာတ်စင်ကို ခဲနဲ့  ဝိုင်းကာထုရင်ဖြစ် ကိုရင်ကျော်တိုက်ဆောက်ဖို့  အကုန်သက်သာပါပြီ..........။

ခွမ်းးးးးးးးးးးးးးး
ရင်မောင်။ အရေးထဲသူက လောဘဇော တက်ချင်နေသေးတယ်..........။

ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့  ပြည့်စုံတဲ့ အေးချမ်းသာယာ ဒီလိုညချမ်းလေးမှာ မျြိ့ တော်သူ/သားတို့ အတွက် မေ ကပြအသုံးတော်ခံမှာ ဒီလိုရှင့်..........
ရွာစားစိန်မှော်လက်သံ
ဗေထိဗြောင်.........ဗေထိဗြောင်းးးးးးးး
ဗေဂျိ။။။။။။။ဗေဂျိ

ချမ်းမြေ့ ချမ်းမြေ့ပါစေ...........။
ချမ်းမြေ့ ချမ်းမြေ့ပါစေ.....................။
ခရီရိတ်တာလဲ ချမ်းမြေပါစေ......... အက်ဒ်မင်လဲ ချမ်းမြေ့ပါစေ.............မန်ဘာအပေါင်းလဲ ချမ်းမြေ့ပါစေ........။
ဘဝတိုတို အတွင်းမှာ ငိုချင်းရှည်များကင်းဝေးပါစေ.....။ ရနံ့  မွှေးသော ပန်း လဲ လန်းပါစေ.....
....................................
......................................................။


ပြုံးပျော်နိုင်ကြပါစေရှင်.............

မေသဇင်


4 comments:

  1. ;)
    အားပါးတရရယ်ခဲ့တယ်နော်

    ReplyDelete
  2. ဒါတွေလည်း ရတာပဲနော်..အဟိ

    ReplyDelete
  3. တချိန်တစ်ခါဆီသို့

    ReplyDelete
  4. တချိန်တစ်ခါဆီသို့

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်