Saturday, 3 November 2012

ဘဲဥ/ ကြက်ဥ ပဲဆီပေါင်း



ပြည်ပရောက်သူတွေအဖို့တော့ ကြက်ဥဆိုသည်မှာ အချစ်ဆုံးလက်တွဲဖော်ကြီး။ ချက်ပြုတ်ရသည်မှာ လွယ်ကူ၍လည်းကောင်း၊အချိန်သက်သာ၍လည်းကောင်း ၊ဈေးသက်သာ၍သော်လည်းကောင် မရှိမဖြစ် အကောင်းဆုံးအဖော်မွန်ပါပဲ။ မေကတော့ ကြက်ဥကြိုက်လွန်း၍ နေ့စဉ်နှင့်အမျှ စားသုံးသူဖြစ်ပါတယ်။ ဟီးးးး
အများဆုံး စားဖြစ်သည့် နည်းကတော့ ကြက်ဥနှင့်မားမား ခေါက်ဆွဲပြုတ်ပေါ့။ ပြည်ပမှာက ဘဲဥရှားပါသည်။ ကြက်ဥကိုသာ အများဆုံး စားသုံးနေရသောကြောင့် ကြက်ဥဟုသာ ခေါ်ဝေါ်သုံးစွဲသွားပါမည်။
ကြက်ဥကို နေ့စဉ်နှင့်အမျှ နည်းမျိုးစုံချက်စားထားသမျှ ဒီနေ့တော့ ကြက်ဥပဲဆီပေါင်းလေးကို သူငယ်ချင်းတို့တွေလဲ ချက်ရအောင် မျှပေးလိုက်ပါတယ်ရှင်။ အလွယ်ဆုံး ဟင်းချက်နည်းတွေကို ရေးပေးပါ မမမေဟု တောင်းဆိုတတ်သူများအတွက် အလွယ့်တကာ အလွယ်ဆုံး ချက်နည်းလေးပါပဲရှင်။

ပါဝင်သော ပစ္စည်းများ



၁။ ကြက်ဥ (၅)လုံး
၂။ ခရမ်းချဉ်သီး (၂)လုံး
၃။ကြက်သွန်နီဥကြီး (၂)ဥ
၎။ငရုတ်သီးစိမ်း (၁၀)တောင့်ခန့်
၅။ပဲငံပြာရည်အနောက်(သို့)ပဲဆီ စားပွဲတင်ဇွန်း (၁)ဇွန်း
၆။ခရုဆီ စားပွဲတင်ဇွန်း (၁)ဇွန်း (မကြိုက်လျှင် မထည့်ပါနှင့်)
၇။သကြား ကော်ဖီဇွန်း (၁)ဇွန်း
၅။ဂျင်း အနည်းငယ်
၆။ဆားအနည်းငယ်
၇။ဆီအနည်းငယ်


ပြုလုပ်ပုံအဆင့်ဆင့်

၁။ကြက်ဥကို ရှေးဦးစွာ ပြုတ်ထားလိုက်ပါ။ ကြက်ဥကျက်သွားသောအခါ အခွံမာများ ခွာထားကာ ဓားဖြင့် မွှန်းထားနှင့်ပါ။
ကြက်ဥကို ထိုအတိုင်း ချက်လျှင်လည်းရပါသည်။ မေကတော့ ဆီးအိုးကပ်လေးနဲ့ ပြန်လိမ့်ပြီး ကြော်ထားတယ်။ ရနံ့လေး ပိုမိုသင်းပျံ့ပြီး ကြက်ဥလေးလဲ အကြောမာအောင်လို့ပါ။

၂။ခရမ်းချဉ်သီး ၊ကြက်သွန်နီတို့ကို ပုံတွင်ပြထားသည့်အတိုင်း အကွင်းလိုက်လှီးထားပေးပါ။

၃။မီးဖိုပေါ်ဒယ်အိုးတင်၊ဒယ်အိုးပေါ်တွင်ဆီထည့် (ဆီအများကြီး သုံးရန်မလိုပါ) ၊ ဆီပူလာလျှင် လှီးထားသော ကြက်သွန်နှင့် ဂျင်းကိုကြော်လိုက်ပါ။

၎။ကြက်သွန်နီများ ပျော့ပျောင်းကာ ကျက်လောက်ပြီးဆိုပါက ခရမ်းချဉ်သီးထည့် ၊ ကြက်ဥထည့် ၊ စတူရောထားသော ခရုဆီ၊ပဲဆီ ၊သကြား၊ဆားအနည်းငယ် တို့ကို ထည့်ကာ သမအောင်မွှေပေးလိုက်ပါ။

၅။ ရသာများအားလုံး သမမျှတပြီးဆိုလျှင် ငရုတ်သီးစိမ်းလေးကို ထည့်ပြီး မွှေကာ မီးဖိုပေါ်မှ ဖယ်ရှားနိုင်ပါပြီ။
ကြက်ဥပြုတ်ထားပြီးလျှင် ချက်ရသည့်အချိန်မှာ ခေတ္တမျှသာ ဖြစ်၍ အချိန်ကုန်သက်သာကာ အလျှင်စလိုချက်ပြုတ်ရသူများအတွက် အထူးသင့်လျော်ပါသည်။ ကြက်ဥကို ရေစင်အောင်ဆေးပြီး ထမင်းအိုးထဲ ထည့်ထားပြီးချက်လျှင် ထမင်းနှင့်ဟင်း တပြိုင်ထဲ ကျက်နိုင်သည့် အနေအထားဖြစ်သည်။

မေ ချက်ထားသည့် ကြက်ဥပဲဆီပေါင်းကို သုံးဆောင်နိုင်ပါသည်ရှင်။








..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys