Followers

Saturday 3 November 2012

အရှေ့ပိုးကရင် သစ္စာတိုင်ဓူဝေရိုးရာ မင်္ဂလာပွဲ


ဓူဝေဆိုသည်မှာ ကရင်လူမျိုးစု တစ်စု၏ ကိုးကွယ်မှုတစ်ခုဖြစ်ပါသည်။ ဓူဝေကိုးကွယ် ယုံကြည်ကြသည့် ကရင်လူမျိုးအများစုမှာ ဘားအံခရိုင်၊ကော့ကရိတ်ခရိုင်တို့မှဖြစ်ပါသည်။

ကရင်ပြည်နယ်မြို့တောင်ဘက် ခုနှစ်မိုင်ခန့်အကွာ ဇွဲကပင်တောင်ခြေ ၊ တော်ပုံကျေးရွာတွင် အရှေ့ပိုးကရင်လူမျိုး လက်ထပ်ခါစဇနီးမောင်နှံတို့ သွားရောက်၍ ရှစ်ခိုးပူဇော် သစ္စာပြုကြသော ဓူဝေစေတီ (ဒူဝေ) ရှိလေသည်။ ထိုစေတီကို သစ္စာပြု၍ လက်ထပ်သောကြောင့် သစ္စာတိုင်စေတီဟုလည်း ခေါ်ကြသည်။

မင်္ဂလာမောင်နှံတို့ ဓူဝေစေတီသို့ လာရောက်ပူဇော်ရာတွင် သတို့သားဖြစ်သူက အုန်းသီးကိုကိုင်ဆောင်ကာ သတို့သမီးဖြစ်သူက ကွမ်းအစ်ကို ကိုင်ဆောင်လာရပါသည်။
ထို့နောက် မင်္ဂလာမောင်နှံတို့သည် ဘုရားကိုလက်ယာရစ် သုံးပတ်လှည့်၍ ဆန်ပေါက်ပေါက်များကို မြှောက်ကြဲ၍ ပူဇော်ကြရလေသည်။
ထိုနောက်ဘုရားကိုပူဇော်ရန်နှင့် သစ္စာတိုင်ဆုတောင်းကြရန် အုန်းရည်၊ကွမ်း၊လက်ဖက်တို့ဖြစ် ပူဇော်ကာ ဘုရားဒါယကာ လူကြီးသူမတို့က ဦးဆောင်၍ ဆုတောင်းပထ္ထနာ ရွတ်ဆိုပေးရလေသည်။ (ထိုသို့ ပြုလုပ်ရန် သတို့သားဖြစ်သူမှာ အုန်းသီးများခွဲခြင်း ၊သတို့သမီးဖြစ်သူက ကွမ်းအစ်ပြင်ဆင်ခြင်းများကို ပြုလုပ်ရပါသည်။)
ထို့နောက် ရေကြည်တစ်ခွက်ကို လက်ချင်းယှက်ကိုင်ပြီး ရေစက်ချ ဆုတောင်းကြရလေသည်။
ဤသို့ဖြစ် ဘုရားဝတ်ပြု၊ပူဇော်ရေစက်ချခြင်းဖြစ် မင်္ဂလာဦး သစ္စာတိုင်တည်ခြင်းကို အလှူပြုခြင်း ပြီးမြှောက်အောင်မြင်ခဲ့ပါသည်။

ဓူဝေကိုးကွယ်သူများ၏ အယူအဆအရ အိမ်ထောင်ပြုခဲ့မည်ဆိုလျှင် သင် မည်သည့် နေရာသို့ ရောက်ရှိနေစေကာမူ ထို ဓူဝေစေတီသို့ မဖြစ်မနေ သစ္စာတိုင်တည်ကြရသည်။ သို့မှသာ သင်၏ အိမ်ထောင်ရေးသာယာဖြောင့်ဖြူးမည်ဟု စွဲမြဲစွာ ယုံကြည်ထားကြသည်။
ဓူဝေကန်တော့ပြီးပြန်လာသော မင်္ဂလာလှည်းယဉ်(သို့) ကား များ ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် မည့်သည့်ရွာ မည်သည့်အရပ်မဆို ထိုယာဉ်အား ရပ်နားစေ၍ ခဲဖိုး (ဂဲဖိုး)ငွေများ တောင်းနိုင်ပါသည်။
အသံချဲ့စက်သံ ကျယ်လောင်စွာ ဖွင့်ထားသော ထိုယာဉ်တန်းကြီး၏ အသံကြားလျှင် ရွာနီးချုပ်များက ကားတားကာ ခဲဖိုး(ဂဲဖိုး) ငွေများကို အပျော်သဘောဖြစ် တောင်းဆိုလေသည်။
ထိုသည်ကာ ပျော်ရွှင်ဖွယ်ကောင်းသော မင်္ဂလာအချိန်ပင်ဖြစ်လေသည်။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်










0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်