“ဒိန်း”
တခြားအသံတော့ မဟုတ်ရပါ..။ လေယာဉ်ဘီးနှင့်မြေပြင်ကြီး ထိတွေ
့သံပါ...။ထိုအသံကြောင့် လှုပ်ရှားနေသော သံစဥ့် ရင်တွေ ပို၍ မြန်ဆန်စွာ
ခုန်လာပါတော့သည်...။ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ကိုယ်တိုင်
ကျယ်လောင်စွာကြားနေမိသည်..။ လှုပ်ရှားနေသော ရင်နှင့်အတူ လူကလဲ
အငြိမ်မနေနိုင်ပါ...။ လူက ထိုင်ရမလို ထရမလိုနှင့်...။လေယာဉ်ကြီးရဲ့ 
အသွားနှုန်းက မရပ်သေး၍ ထ၍ မရသေး...။ ကြာလိုက်တာလို့  စိတ်က တွေးနေမိသည်..။
ဖင်တစ်ကြွကြွနှင့် ဖြစ်နေသော သူမကိုယ်သူမ ဘေးဘီးက လူတွေများ
အမြင်ကပ်မလားလို့  ရုတ်တရက် အတွေးဝင်လာ၍ ခုမှ ဘေးဘီးကို အလျှင်အမြန်
အကဲခတ်မိသည်..။ကိုယ့်ဘေးမှ လူတွေကလဲ ကိုယ့်လိုပဲ စိတ်လှုပ်ရှား
နေကြ၍ထင်၏..။ သူမဖြစ်နေပုံကို သတိပြုမိပုံမရ...။လေယာဉ်မယ်က
ဆင်းခွင့်ပြုသည်နှင့် အားလုံး၏ ရှေ့ မှ သူမ အလျှင်အမြန်
ပြေးထွက်လိုက်သည်...။
ကို့ 
ကို သူမတွေ့ ချင်လှပြီး...။ မတွေ့ ရသည့် နှစ်နှစ်အတွင်း
ကိုဘယ်လိုများပြောင်းလဲနေပြီးလဲ
မသိ..။ပိန်များပိန်လာလား..ပိုပြီးတော့များဝလာမလားတော့ မသိပါ..။ ကို့ ကို
အရမ်းလွမ်းတာပဲလို့  ကို့ ရင်ခွင်မှာ ခိုဝင်ပြီး ပြောလိုက်ချင်သည်...။
စိတ်လောနေ၍ အမြန်ဆုံး အပြင်ကိုရောက်နေသော သူမကို အစောင့်များက
တော်ယုံနှင့် သွားခွင့်မပြုပါ..။တော်တော်ကြာသည် အထိ တိုးရှိုးတောင်းပန်ကာ
အကြိမ်ကြိမ် ခွင့်တောင်းမှ နောက်ဆုံးတွင် ထို လေဆိပ်ကြီးမှ သူမ
ထွက်ခွင့်ရခဲ့သည်...။ဘာပဲပြောပြော ခုလို သူမကို သွားခွင့်ပြုတာကိုပင် သူမ
အလွန်ကျေးဇူးတင်မိပါသည်...။
မှန်နံရံနှင့်ကာရံထားသော ထိုနေရာလေးမှ ထွက်ခွင့်ရသည်နှင့်
ကြိုဆိုသူမရှိသည်မှာသေချာနေသော သူမ ကားငှားရာသို့ သွား၍ တွေ့ ရာကားကို
အမြန်ဆုံးငှားကာ ကို ပေးထားခဲ့ဖူးသော လိပ်စာကို ရွတ်ပြ၍ စေလိုရာကို
ညွန်လိုက်တော့သည်..။
“သံစဉ်ရဲ့ ရင်တွေ အရမ်းခုန်နေတယ် ..ကို”
တစ်ကိုယ်တီး တီးတိုးငြီးဆိုမိ၏...။သံစဉ်ပြန်လာမှာကို ကို့ ကို
အသိမပေး...။သံစဥ့်ကို ရုတ်တရက် တွေ့ လိုက်လျှင် ကို အံ့သြဝမ်းသာသွားမှာ
သေချာပါသည်...။
တိတ်တိတ်လေး ကိုမသိအောင် ခိုးပြန်လာတဲ့ သံစဉ်ကို
“ဘာလို့ ကြိုမပြောတာလဲ သံစဉ်ရယ်..သံစဉ်ကြိုပြောရင် ကို လာကြိုမှာပေါ့”
လို့  မချင့်မရဲ လေသံနှင့်ပြောမှာ သေချာပါသည်...။
သံစဉ်နှင့် ကို သည် မြန်မာပြည် မဟုတ်သော အခြားနိုင်ငံ တစ်နိုင်ငံတွင်
ဆုံဆည်းကြသည်....။ မိဘနှစ်ပါးလုံး ရှေ့ ဆင့်နောက်ဆင့် ဆုံးသွားသော သံစဉ်သည်
တရွာမပြောင်း သူကောင်းမဖြစ် ဆိုသည့် စကားပုံကို လက်ကိုင်သုံးလျှက် မိဘတို့ 
ထားခဲ့သည့် အိမ်နှင့်ခြံကို ရောင်းကာ တိုင်းတစ်ပါးတွင် အခြေချရန်
စိတ်ကူးနှင့် အမိမြေမှ ထွက်ခွာခဲ့သည်..။တစ်ကောင်ကြွက်များဖြစ်ကြတဲ့ မိဘ
နှစ်ပါးကြောင့် သံစဉ်မှာ ဆွေမျိုး အရင် အခြာ မရှိခဲ့ပါ..။ထို့ ကြောင့်
ဘဝတိုးတက်ရေးအတွက် သံစဉ်က တိုင်းတပါးကို သံယောဇဉ်ပြတ်
ထွက်ခွာသွားရခြင်းပါ..။ကိုနှင့် မဆုံခင် အချိန်ထိပေါ့...။
>>>>>>>>>>>>>>>>>>>>>>>>@@@@@@@@@@@@@@@@@>>>>>>>>>>>>>>>
ကိုယ့်ကိုကိုယ် ရဲရင့်လှပြီး ထင်ပေမဲ့ ရေခြားမြေခြား ဆွေမျိုးများအလည်မှာ
မဝံ့မရဲ ဖြစ်နေသော သံစဉ်သည် ကိုနှင့်အမှတ်မထင် ဆုံမိရာမှ ရင်းနှီး
ကျွမ်းဝင်လာပြီး ကို့ ရဲ့  ကူညီ ဖေးမမှုများနှင့် ရှေ့ ဆက်ရတဲ့ နေ့ တွေက
များလာခဲ့သည်..။ထိုမှ တဆင့် ကို့ ရဲ့  တည်ငြိမ်ရင့်ကျက်ခြင်း တစ်ချို့ 
ကြောင့် ရင်ခုန်မှုတွေ ပိုလာကာ ....။ ကိုကလဲ သံစဉ်နှင့် ထပ်တူဖြစ်၍
မကြာခင်မှာပဲ သံစဉ်တို့  နှစ်ယောက် ချစ်သူ အဖြစ်သို့ 
ရောက်ရှိသွားတော့သည်..။
ချစ်သူဖြစ်ပြီး တစ်နှစ်လောက်အကြာတွင် ကိုက..
“သံစဉ်...ကိုတို့ တွေ ဒီမှာတော့ တစ်သက်လုံး မနေနိုင်ဘူး..။ကိုယ့်နိုင်ငံလေးမှာပဲ အခြေပြန်ချရအောင်နော်...”
ဆိုတဲ့ စကားပြောလာတော့သည်...။ကို ဘာပြောပြော ကို့ ကို ချစ်ခဲ့သော သံစဉ်က
“ဟုတ်ကဲ့ ကို”
ဆိုသော စကားတစ်ခွန်းက လွဲလျှင် ဘာပြောမည်နည်း...။ ထို့ ကြောင့် ကို့ အစီအစဉ်အတိုင်း ကိုက အရင်ပြန်သွားခဲ့သည်..။ကိုပြောခဲ့သည်က...
“သံစဉ်...ကိုတို့ နှစ်ယောက်လုံး တူတူ့ပြန်ပြီး ရောက်တာနှင့် လက်ထပ်ရင်
အဆင်မပြေနိုင်ဘူး..။ဒီတော့ ကို အရင်ပြန်ပြီး စီးပွားရေး လုပ်ငန်း တစ်ခုခု
အရင် ပြန်လုပ်မယ်...။ အခြေကြပြီးဆိုတာနဲ့  သံစဥ့်ကို
လှမ်းခေါ်လိုက်မယ်...။အဲ့ဒီတော့မှ ကို တို့လက်ထပ်ကြမယ်နော်...”
ထိုသို့ ပြောပြီး ပြန်သွားခဲ့သော ကိုသည် အမိမြေသို့  ရောက်သည်နှင့်
သူကြံရွယ်ထားသည့် စီးပွားရေး ကို စတင်လုပ်ကိုင်ပါတော့သည်..။ အခြားတော့
မဟုတ်ပါ..။သံစဉ်တို့ နှစ်ယောက် ကြိုတင် ကြံရွယ်ထားသည့်အတိုင်း
ခြံစိုက်ခြင်း အလုပ်ပင်ဖြစ်သည်..။
“အပင်တွေ စိုက်ရတာကို သံစဉ်ရော ကိုပါ နှစ်သက်တယ်...။ ကိုတို
့နှစ်ယောက်လုံးက အပင်လေးတွေကို ချစ်တယ်..။အဲ့ဒီ အလုပ်က အသက်ကြီးတဲ့အထိ
ကိုတို့ နှစ်ယောက် စိတ်အေးအေး ချမ်းချမ်းနဲ့  လုပ်နိုင်တယ်..။ သံစဉ်က
ပန်းလေးတွေနဲ့  စကားပြောရတာ ပျော်တယ်မဟုတ်လား..။ကိုက သံစဉ်ချစ်တဲ့ ပန်းလေးတွေ စိုက်မယ်လေ..။”
ဆိုပြီး ပြောသွားတဲ့ ကို ၊ အမိမြေကို ပြန်ရောက်သည်နှင့် မှော်ဘီဘက်မှ
စိုက်ခင်းတစ်ချို့ ကို ဝယ်ကာ လုပ်ငန်း စပါတော့သည်..။သံစဥ့်ဆီကိုလဲ
အမြဲတစေပင်
“သံစဉ်ရေ..ကိုတော့ ဘာတွေ ဘယ်လို လုပ်နေပြီး”
ဆိုတာကို အမြဲတမ်း စဉ်ဆက်မပျက် သတင်းပေးလျှက်ရှိသည်..။ပန်းမျိုးဝယ်တာက အစ
အလုပ်သမားငှားတာ အဆုံး ဖုန်းဆက်၍တမျိုး မေးလ်ပို့ ၍ တစ်ဖုံ သံစဥ့်
မျက်စေ့ထဲ မမြင်ရယုံ တမယ် ကို့ အပြောနှင့် စိတ်အာရုံမှာ မြင်ယောင်နေမိ၏..။
ကို့ ကို တွေ့ ရန် စိတ်လောနေသော ကို့ ကို ပြောချင်သော စကားများကို
တတွတ်တွတ်နှင့် ပြောနေသော သံစဉ်အား သံစဉ်ငှားစီးလာသော ကားသမားမှာ
လှည့်ကြည့် လှည့်ကြည့်နှင့် သူ့ ကိုသူပဲ မယုံနိုင်သလိုလို
တွေးတွေးငေးငေးနှင့်..။ သူ့ ဘာသာသူ ဘယ်လိုထင်ထင် သံစဉ်
ဂရုမစိုက်ပါ..။အရေးကြီးတာ ကို့ ဆီ အမြန်ရောက်ဖို့ ပါပဲ..။ ဟော...ဟိုရှေ့ က
ခြံကလေးပဲ..။ကို ပေးထားတဲ့ လိပ်စာ အတိုင်းဆို အဲ့ဒီခြံကလေးပဲပေါ့..။
>>>>>>>>>>>>>>>>@@@@@@@@@@@@@@>>>>>>>>>>>>>>>>>>>>
“ကိုရေ...သံစဉ်ပြန်လာပြီး...”
ရင်ထဲကနေ ဟစ်အော်နေမိသည်..။ကားရပ်တာနှင့် ကားပေါ်က အမြန်ဆင်းပြီ ကို
့ခြံထဲဆီသို့  အပြေးလှမ်းမိတော့သည်..။ပြေးလာသော သံစဉ်ရင်ဘတ်အား
အစောင့်ဆိုသူက တွန်းလွတ်လိုက်သည်..။
“ဝင်ခွင့်မရှိတဲ့”
ဘာလို့  ဝင်ခွင့် မရှိရမှာလဲ..သံစဉ်က ကို့  ချစ်သူလေ..။သို့ သော်သူက
ဝင်ခွင့်မပြုပါ..။အမျိုးမျိုးတောင်းပန်သော်လဲ မရ..။ ကို့  ချစ်သူပါလို့ 
တွင်တွင်ပြောတော့မှ ကို့ ရဲ့ 
“ခွင့်ပြုချက်ပါမှ ခွင့်ပြုမယ်”
တဲ့...။
“အိုးးးးးး ကိုမသိအောင် ၊ ကို့ ကို အံ့သြ သွားအောင် လုပ်ပါမယ်ဆိုမှ
ဘယ်လိုလုပ်ခွင့်ပြုချက်က ယူရမလဲနော်..။ ဟွန်း...ကိုကလဲ ကြီးကျယ်လိုက်တာ.။
ခြံစောင့်ကို ဒီလို မှာထားရတယ်လို့ ..။ခုတော့ ခြံစောင့်က ကို
့ချစ်သူဆိုတာတောင်မှ ဝင်ခွင့်မပြုဘူး”
နောက်ဆုံးတော့ တစ်တွင်တွင် တောင်းပန်သံကြောင့် ခြံစောင့်မှာ သံစဥ့်ကို
ခြံတွင်းသို့  ဝင်ရောက်ခွင့် ပြုလိုက်၏...။ အိုး...ဝမ်းသာလိုက်တာ..။သံစဉ်
ကို့ ကို တွေ့ ရတော့မယ်..။
အယ်...ဟိုမှာ ကို..။ သံစဉ် ကို့ ကို တွေ့ သွားပြီ..။ အလုပ်သမားတစ်ချို့ကို
ညွန်ကြားနေသော ကို...။ အသားနည်းနည်းညိုလာတာက လွဲလို့  ဘာမှ
မပြောင်းလွဲ...။နေအုံး...ပြောင်းလဲသွားတာ နောက်တစ်ခုက ကို့ မျက်နှာသည်
အရင်တုန်းကလို ပြုံးချိုခြင်းမရှိ..။သံစဥ့်အထင် အနည်းငယ်ညှိုးငယ်နေသည်..။
“ကို..ဘာဖြစ်လို့ လဲဟင်..။ခြံထဲမှာ ပိုးကျလို့ လား..။”
တစ်ခါတရံ ကိုပြောခဲ့ဖူးသည်..။ခြံထဲမှာ ပိုးကျသည့် အခါမျိုးတွင်တော့
စိတ်ညစ်တယ် သံစဉ်ရယ် ..ကိုလဲ ပိုပင်ပမ်းတာပေါ့ ဆိုတာကြောင့်၊ ခု ကို
့မျက်နှာ ညှိုးငယ်နေခြင်းမှာ ခြံထဲတွင် ပိုးကျနေ၍များလား..။ ကိုဆီသို့ 
အမြန်ပြေးသွားမည် ကြံရွယ်လိုက်သော ခြေလှမ်းကို ရုတ်တရက် ရပ်လိုက်ပြီး...
“နေအုံး...ကိုမသိအောင် ခြံထဲ အရင်လိုက်ကြည့်လိုက်အုံးမယ်..။ဒါမှ ကိုပြောမှ
ကိုဘာပြောမလဲဆိုတာ သံစဉ်သိပြီးသားဆိုပြီး ကို့ ရှေ့ ကနေ
ကြိုပြီးပြောနိုင်မှာ..။”
ဆိုတဲ့ စိတ်ကူလေးနှင့် ကိုခြံထဲ လှည့်ပတ်ကြညိ့မိသည်..။
အိုးးးးးးးးးးးးးး ကြည့်စမ်း နှင်းဆီခင်းကြီး..။အရောင်စုံလှတဲ့
နှင်းဆီခင်းကြီးကြောင့် သံစဉ်မှာ
ကလေးလေးတစ်ယောက်သဖွယ်ပျော်ရွှင်သွားသည်..။ကိုပြောဖူးတဲ့ သံစဉ်ကြိုက်သည့်
ရေမွှေးနှင်းဆီတွေ ပိုများတယ်ဆိုတဲ့ နှင်းဆီပန်းခင်း..။လိပ်ပြာလေးတွေက ဟိုဒီ
ပျံဝဲလို့ ..။သံစဉ်လိပ်ပြာလေးတွေကိုချစ်တယ်..။ ပန်းဝတ်ရည်တွေကို
စုပ်ယူနေတဲ့ ပျားနှင့် ပိတုန်းကိုတော့ သံစဉ်ကြောက်၏။။သူတို့ ၏
ပြင်းထန်လှသော အဆိပ်နှင့်သံစဉ်ငယ်ငယ်က အကိုက်ခံခဲ့ရဖူးသောကြောင့်ဖြစ်သည်..။
ကြည့်စမ်းးးးးးးး ဒီဘက်မှာက ဂန္ဒာမာပန်းခင်းကြီး..။အပွင့်တွေက စွင့်ကားနေတာပဲ...။တော်လိုက်တဲ့ ကို...။သေချာကို ပြုစုထားနိုင်တယ်..။
နေအုံးးးးးးဒီဘက်မှာက စံပယ်ပန်းခင်းကြီးပဲ..။ကို
သံစဉ်ကိုပြောတယ်လေ..။သံစဉ် ပြောထားခဲဖူးတဲ့ “ပန်းတွေထဲမှာ စံပယ်ပန်းအနံ
့ကို အကြိုက်ဆုံး..။စံပယ်ပန်းအနံ့ က ရင်ထဲကို အေးသွားတာပဲ” လို
့ပြောခဲ့ဖူးတဲ့ စကားကြောင့် ကို စံပယ်တွေလဲ အများကြီးစိုက်တယ်တဲ့..။
အင်းးးးးးးးး.ဒီဘက်မှာက သစ်ခွခြံပဲ... များလိုက်တဲ့ သစ်ခွတွေ..။
အရောင်ကိုစုံနေတာပဲ..။အလင်းရောင်ကို လုံလောက်စွာ ရ၇ှိပြီး..နေအပူ
သက်သာစေရန် ပလပ်စတစ်အကြည် မိုးထားသော သစ်ခွခြံကလဲ တစ်မျှော်တစ်ခေါ်..။
သစ်ခွပန်းတွေ လေအတိုက်မှာ ယိမ်းထိုးနေပုံက သံစဉ်ကိုပဲ
လက်ယပ်ခေါ်နေသယောင်ယောင်...။
ဟိုငေးဒီငေးနှင့် ဥယာဉ်ထဲမှာ ပျော်နေသော သံစဉ်တစ်ယောက် လက်ရှိအခြေအနေနှင့်
အချိန်ကိုပင် မေ့လျှော့နေမိ၏..။လေထဲမှာ ဝဲပျံလာသော ပန်းရနံ့ တွေက
သံစဉ်စိတ်ကို ယစ်မူးစေသည်..။ထိုသို့  သွားနေရင်းနှင့်မှ ရုတ်တရက်
သတိဝင်လာလျှက် ပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့....
“အား မိုးတောင် ချုပ်တော့မှာပါလား..။ ညနေကိုစောင်းလို့ အတော်လေးမှောင်စပြုနေပြီ ။ မဖြစ်ဘူး..။ကို့ ဆီ သွားတော့မှ..”
ခြေလှမ်းကိုနောက်ပြန်လှည့်၍ ကိုရှိရာသို့  အပြေးလှမ်းခဲ့လိုက်မိ၏...။
ဟော.....ဟိုမှာ ကို..။ ခေါင်းငိုက်စိုက်၍ အိမ်လေးဆီသို့  ခြေလှမ်းနေသော ကို့ နောက်သို့  အမှီလိုက်ရင်း
>>>>>>>>>>>>>>>>@@@@@@@@@@@@@@@@>>>>>>>>>>>>>>>>>>>>
“ကို...............”
လှမ်းနေသော ကို ခြေလှမ်းက တုန့် ခနဲ့  ရပ်သွားသည်..။ပြီးတော့မှ
မဟုတ်နိုင်ပါဘူးလေ ဆိုသည့် အတွေးမျိုးနှင့် ရှေ့ ဆက်လှမ်းရန်
ခြေလှမ်းပြင်နေသော ကို့ အား..
“ကို....................”
အသံရှိန်ကို ပိုမြင့်၍ ထပ်ခေါ်လိုက်မိ၏..။ ဒီတစ်ခါတော့ သေချာသော ဟန်ဖြစ်
ကို့ ရဲ့  လှမ်းနေသော ခြေလှမ်း တုန့် ခနဲ့  ရပ်သွားသည်..။သံစဉ် “ကို ”
အနီးသို့  အပြေးလေးလှမ်းကာ ပြေးရပ်ပြီး
“ကို”
ကို့  လက်ကို ဆွဲကာ လှုပ်ရမ်းလျက် ထပ်ခေါ်လိုက်တော့ ကိုက သံစဉ်ဆွဲထားသော
လက်ကို တွေးတွေးလေး ငုံ့ ကြည့်၍ ကို့မျက်နှာပြင်ပေါ်မှာ အရောင်တွေ
ပြောင်းလဲလာခဲ့သည်..။
ကိုရဲ့  မျက်ဝန်းအိမ်မှ မျက်ရည်တွေ အိုင်ဖွဲ့ လာသည်..။ ကို့ ရဲ့  နှုတ်ခမ်းများကလဲ တဆက်ဆက် တုန်လျှက်....။
“ဟင့် အင်း ကို...။မပြောနဲ့  ...။ ကိုဘာပြောမလဲ သံစဉ်သိတယ်...။ မပြောနဲ
့နော်...။ ခဏလေးပဲ... သံစဉ်ကို ခဏလေးပဲ ဖြစ်ဖြစ် ကိုနဲ
့နေခွင့်ပြုနော်...။နော်...ကို...။ မပြောလိုက်နဲ့ ...။”
သို့ သော်..သံစဉ်ဆုတောင်းမပြည့်ခဲ့ပါ...။ ကိုဆီမှ...
“သံစဉ်...သံစဉ်သတင်းတွေ ကိုကြားခဲ့ပါတယ်..။ကို
ရင်နှင့်အမျှကြေကွဲခဲ့ပါတယ်..။ ကို သံစဉ်အတွက် ရည်စူးပြီး ကောင်းမှုတွေ
လုပ်ပေးခဲ့ပါတယ်..။ သံစဉ်ရေ လွတ်ရာကျွတ်ရာကို သွားတော့နော်...ကို
ပြုခဲ့သမျှ ကောင်းမှူအစုစုတို့အတွက် အမျှဝေပါတယ်.. သံစဉ်သာဓုခေါ်နော်။
သံစဉ်ရေ......
..အမျှ...အမျှ...အမျှ”
အားးးးးးးးးးးး
ကို..............
အေးစိမ့်သွားသော ခံစားမှုနှင့်အတူ သံစဉ် တစ်ကိုယ်လုံး လေဟာနယ်ထဲ
ရောက်သွားသလို...။ အရှိန်ပြင်းလွန်းလှသော အရာတစ်ခုက ကိုနှင့် သံစဉ်ကို
ခြားနားလိုက်သလိုခံစားမှုမျိုး...။
သံစဉ် စိတ်ကူးခဲ့သလို နောက်ဆုံးအခွင့်အရေး အနေနှင့် ကိုနှင့် အတူ နေခွင့်မရှိတော့...။
သံစဉ်ချစ်တဲ့ ကို့ ကို သံစဉ်ခွဲသွားရပြီး...။
>>>>>>>>>>>>>>>@@@@@@@@@@@@@@@@@@>>>>>>>>>>>>>>>
ထိုဇာတ်လမ်း၏ ဖြစ်ပုံမှာ.......... ထိုနေ့ က အလုပ်နောက်ကျသော သံစဉ်သည်
အလုပ်ရှိရာ အလောတကြီးသွားရင်း မီးပွိုင့်တစ်နေရာသို့ အရောက် အစိမ်းရောင်မှ
အနီရောင်သို့ပြောင်းလုနေပြီးဖြစ်သောမီးပွိုင့်ကို မှီလုသည် အထင်နှင့်
ကူးခဲ့ကာ လမ်းခုလတ်အရောင် ရုတ်တရက်နီသွားသော မီးပွိုင့်မီးနီကြောင့်
ကြောက်လန့်ကာ ခြေလှမ်းတုံ့က ရပ်သွားစဉ်မှာပဲ မီးပွိုင့်မီး
အစိမ်းရောင်ကြောင့် တစ်အုံထိုးပြိုဆင်းလာသည့် ကားများစွာထဲမှ တစ်စီးသည့်
သံစဉ်အား မရှောင်နိုင်ခဲ့သလို သံစဉ်လဲ လမ်းလယ်ကောင်တွေ ထိုကားအား
မရှောင်နိုင်ခဲ့စွာနှင့်.....
သို့ သော်...သံစဉ်..သူချစ်သော ချစ်သူဆီသို့  အရောက်ပြန်ခဲ့ပါသည်..။တနေ့ 
အတူတူနေကြပြီး သာယာသော မိသားစုဘဝလေး တည်ဆောက်ကြမည်လို့ ပြောထားခဲ့ဖူးသော
စကားတစ်ခွန်းအတွက် အတူနေရန် ပြန်လာသော သံစဉ်.....။
ခုတော့..................
ကိုနှင့် အဝေးဆုံးကို ထွက်သွားခဲ့ရလေပြီ။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်