Followers

Friday 5 October 2012

Bobotie (ဘိုဘိုထီ) ခေါ် အာဖရိကဟင်းလျာ

အသီးအရွက်တွေကြီးစားနေရလို့ ငြီးငွေ့နေကြပြီးလားမသိဘူးဆိုပြီး ဒီနေ့တော့ Bobotie (ဘိုဘိုထီ)လို့ ခေါ်တဲ့ အာဖရိကဟင်လျာလေးတစ်ခုကို ချက်ကြမယ်ဟေ့ကောင်းကောင်းအစီအစဉ်မှာ ချက်မယ်လို့ စိတ်ကူးရပါတယ်။အစားအစာ အသစ်အဆန်းလေးတွေကို စိတ်ပါဝင်စားစွာ ချက်လိုကြတဲ့ ဝါသနာတူ သူငယ်ချင်းတွေ ရသာကောင်းမွန်တဲ့ နာမည်ကျော် အာဖရိကဟင်းလျာလေးကို ချက်စေချင်လို့ပါ။
မူရင်းဟင်းလျာကတော့ အမဲသားကို ချက်တာပါ။ အမဲသားကို ရှောင်ကြည်ကြသူများအတွက်တော့ အခြားအသားအစားထိုးပြီး ချက်လို့ရပါတယ်။ ကြက်၊ဝက်သား(အဆီမပါ)၊ဆိတ်သား စသည်ဖြစ်ပေါ့။ မူးရင်းဟင်းလျာက အမဲသားနှင့်ချက်သောအတွက်ကြောင့် အမဲသားနှင့်ပဲ ဖော်ပြထားပေးပါ့မယ်ရှင်။




ဒီဟင်းလျာလေးက ခက်လားဆိုတော့ မခက်ပါဘူး။ ဒါပေမဲ့ အချိန်တော့ နည်းနည်းပေးရလိမ့်မယ်။ ဒါကလည်း ပထမအကြိမ်မို့ပါ။ ချက်တာလေး အကျင့်ရသွားရင် လွယ်ကူသွားပါပြီ။

Bobotie (ဘိုဘိုထီ) ချက်ရန် ပါဝင်သောပစ္စည်းများ



၁။ နှုတ်နုတ်စဉ်းထားသော အမဲသား ၅၀၀ ဂရမ် (၃၀သားခန့်)
၂။  Bobotie အမှုန့် ဆိုပြီးလာတာရှိတယ်။ မရှိရင် curry powder စားပွဲတင်ဇွန်း (၃) ဇွန်းကိုသုံးပါ အတူတူပါပဲ။
curry powderမရှိရင် ကိုယ်တိုင်လုပ်ယူမယ်နော်။
ကရဝေးရွက် တစ်ရွက် ၊
အခေါက် တစ်ခေါက်၊
နာနတ်ပွင့် ၃ပွင့်
၊လေးညှင်း ၂ပွင့်၊
ဖာလာ ၃စေ့
ငရုတ်သီးအစိမ်းမုန့် ကော်ဖီဇွန်း ၂ဇွန်း
နံနွင်းမုန့်အနည်းငယ် စသည်တို့ကရောထောင်းပြီး သုံးလို့ရပါတယ်။

၃။ပေါင်မုန့်အဖြူ ၂ ချပ်(ခေါ်) ၂ ခု
၎။ကြက်သွန်ဥနီဥကြီး တစ်ဥ(သေးလျှင် ၂ ဥမျှထည့်ပါ)
၅။ကြက်သွန်ဖြူ ၃မွှာခန့်
၆။ကရဝေးရွက် ၃ ရွက်
၇။ဆား ကော်ဖီဇွန်း တစ်ဇွန်း
၈။ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

၉။ကြက်ဥ ၂လုံး
၁၀။သကြား စားပွဲတင်ဇွန်း ၂ဇွန်း
၁၁။ သံပယိုသီးအရည် စားပွဲတင်ဇွန်း ၂ ဇွန်း (သံပုရာသီးသုံးလျှင်လဲရ၏။ အာဖရိကလိုနေရာက သံပုရာသီးရှားတော့ သံပုယိုသီးကိုသာ သုံးကြသည်)


ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ပေါင်မုန့် (၂)ချပ်ကို ငါးမိနစ်ခန့် ရေစိမ်လိုက်ပါ။

ပြီးနောက် ရေညှစ်ပြီး အဆင့်သင့်ထားထားပါ။
၂။ပါးပါးလှီးထားသော ကြက်သွန်ဖြူနီကို ဆီအနည်းငယ်နှင့်ကြော်လိုက်ပါ။ ကြက်သွန်များ အညိုရောင်သန်းလာပြီး ရနံ့မွှေးလာပါက ကရဝေးရွက်နှင့် အသင့်ပြုလုပ်ထားတဲ့ Bobotie  အမှုန့်(သို့)ကိုယ်တိုင်လုပ်ထားသော ဟင်းမွှေးမာဆလာ (၃)ဇွန်းကို အိုးထဲ ထည့်လှော်ပါ။ မီးအရှိန်မပျင်းပါစေနှင့်။မီးပြင်းက ဟင်းမှုန်များ တူးသွားပြီး ရသာပျက်နိုင်ပါသည်။

မီးအေးအေးနှင့် ထည့်လှော်ထားသော ဟင်းမှုန်များမွှေးရနံ့သင်းပျံ့လာလျှင် အမဲသားစဉ်းကောကို ထည့်၍ကြော်ပါ။

ငါးမိနစ်ခန့်ကြော်ပြီးနောက် ရေညှစ်ထားသော ပေါင်မုန့်ရေစိမ်ကိုထည့်၍ နောက်ထပ် ငါးမိနစ်မျှ ကြော်လိုက်ပါ။
ရေခြောက်နေလျှင် ရေအနည်းငယ်မျှထည့်ပါ။ ရေမြုပ်နေရန်မဟုတ်။ အနည်းငယ် စိုစွတ်နေယုံသာ။ ပေါင်မုန့်ကိုရေညှစ်စဉ်က ရေမစင်ခဲ့လျှင် ထပ်ထည့်စရာမလိုတော့ပါ။



၃။ အသားများ မွှေးရနံ့လှိုင်ကာ ကျက်လာပါက Oven ထဲမှ အပူဒဏ်ကို ခံနိုင်သည့် လင်ဗန်း ထဲသို့ အသားများ လောင်းထည့်၍ ညီညာစွာ ဖြန့်ခင်းပေးထားပါ။

Oven ကို 160ဒီဂရီ အပူပေးပြီး မိနစ် ၄၀ခန့်ထိ bake ရပါမည်။ အသားကျက်သည် ၊မကျက်သည်ကို သိလိုလျှင် ဝါးတူဖြစ်ဖြစ်၊အသုံးမပြုရသေးသော သွားကြားထိုးတံနှင့်ဖြစ်ဖြစ် ထိုးကြည့်ပါ။ အသားမှုံများကပ်ပါလာလျှင် ထိအသားသည်မကျက်သေး။
၎။ ထိုသို့ bake နေစဉ်မှာပဲ ကြက်ဥကိုသကြား ၊သံပုယိုသီးအရည်များနှင့် ခေါက်ထားပေးပါ။



၅။မိနစ် ၄၀ မျှ ဖုတ်ပြီး အသားကျက်လာပြီးဆိုလျှင် Oven ထဲမှာထုတ်ပြီ ခေါက်ထားသော ကြက်ဥများ အပေါ်တွင်ဖြန့်ခင်းလောင်းချကာ နောက်ထပ် ၁၅ မိနစ်(သို့) ကြက်ဥ အကြောတင်းသည်အထိ ပြန်လည် ဖုတ်ပေးရပါမည်။


ထို့နောက်မှာတော့ စားချင်စဖွယ် မွှေးကြိုင်နေသည့်  Bobotie (ဘိုဘိုထီ) ကို စားချင်စဖွယ် မြင်ရပါပြီ။

အာဖရိက အစားအစာ Bobotie (ဘိုဘိုထီ) သည် အာဖရိတွင်သာမက အခြားသောနိုင်ငံများတွင်လည်း နာမည်ကျော်ကြားသော ဟင်းလျားတစ်ခုဖြစ်သည်။

Bobotie (ဘိုဘိုထီ) ကို Yellow rice ဟုခေါ်သည့် ကြက်သွန်ဖြူနီ ကို နံနွင်းမှုန့်အနည်းငယ်နှင့် ဆီသတ်ကြော်ထားသည့် ထမင်းနှင့် တွဲဖက်စားသုံးကြသည်။
အသီးအရွက်အဖြစ် ခရမ်းချဉ်သီးကို ပါးပါးလှီးကာ ဆားအနည်းငယ်၊ သံလွင်ဆီအနည်းငယ် ၊သကြားအနည်းငယ်၊ ရှာလကာရည်နှင့်သော်လည်းကောင်း ၊သံပုရာရည်ညှစ်၍သော်လည်းကောင်းသုပ်ပြီး အချဉ်သုပ်အဖြစ် တွဲဖက်သုံးဆောင်ကြပါသည်ရှင်။

 





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

2 comments:

  1. အဲဒီလိုထူးဆန်းတာလေးတော့စားချင်တယ် မလုပ်တတ်ဘူး
    လုပ်ပြထားတဲ့ပုံလေးထဲက အစာတွေအားလုံးကိုကြိုက်တယ်
    လက်ဝင်တယ်နော်
    c-box မှာတွေ့လို့ပြန်လိုက်တာပါ ပါဆယ်ပါဆွဲလိုက်ပြီနော်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ထူးထူးဆန်းဆန်း အာဖရိကဟင်းလျာ ဘိုဘိုထီကို စိတ်ဝင်တစားအားပေးသွားတယ် မေသဇင်ရေ။
    ကြက်သားအစားထိုးပြီးချက်ကြည့်မယ် အမွှေးအကြိုင်တွေရလွယ်ပေမယ့် Bobltie အမှုန့်နေရာမှာ curry powder ကိုပဲ အစားထိုးသုံးရမယ်ထင်တယ်။ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်