Followers

Thursday 6 September 2012

ထိုင်းစတိုင် ကျွဲကောသီးသုတ်စားမယ်

ကျွဲကောသီးတွေပေါတဲ့ ယခုလိုမိုးရာသီမှာ အပြောင်းအလဲလေးဖြစ်အောင် ယိုးဒယားစတိုင် ကျွဲကောသီးသုတ်လေး သုတ်စားကြရအောင်။
မိုးရာသီရဲ့ ချမ်းစိမ့်စိမ့်နေ့တွေမှာ ကျွဲကောသီးသုတ် ချဉ်ငံစပ်လေးသုတ်စားကြတာပေါ့။

ပါဝင်သောပစ္စည်းများ
၁။ ကျွဲကောသီးကြီတစ်လုံး
၂။ပုဇွန် (၆ ကောင်ခန့်)
၃။ ကြက်သွန်ဥနီအသေး (၄ ဥခန့်)
၎။ကြက်သွန်ဥဖြူ (၃ မွှာ)
၅။မြေပဲလှော် (စားပွဲတင်ဇွန်း တစ်ဇွန်း)
၆။နံနံပင် (၂ ပင်ခန့်)
၇။ပူဆီနံ (အနည်းငယ် ..မထည့်လဲရ)
၈။ငရုတ်သီစိမ်း (၅ထောင့်ခန့်) အစပ်ကြိုက်သူများ ပိုထည့်နိုင်ပါသည်။
၉။ငံပြာရည် (စားပွဲတင်ဇွန်း ၂ဇွန်း)
၁၀။ ထန်းလျှက်ခဲ (၂ ခဲ)
၁၁။သံပရာရည် (စားပွဲတင်ဇွန်း ၁ဇွန်း)
၁၂။ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း)


ပြုလုပ်ပုံ အဆင့်ဆင့်
--ကျွဲကောသီးကို အခွံများနွှာ၍ နွှင်လိုက်ပါ။
--ဆီ (၂)ဇွန်းနှင့် ကြက်သွန်ဖြူနီကြော်ပြီး ဘေးသို့ဖယ်ထား။ ထိုအိုးထဲတွင်ပင် ပုဇွန်ကို ထည့်၍ ကျက်အောင်ကြော်လိုက်ပါ။
--အသုတ်နယ်၍ကောင်းမည့် ဇလုံကြီးထဲ ပါဝင်သော ပစ္စည်းများဖြစ်ကြသည့် ကျွဲကောသီး၊ထောင်းပြီးသားမြေပဲ၊ကြော်ထားသော ကြက်သွန်ဖြူ၊နီ ၊ပူဆီနံ၊နံနံရွက်များအားလုံးထည့်၍ ငံပြာရည်၊ထန်းလျှက်ခဲ၊သံပုရာရည်ကိုပါ ထည့်၍ သမအောင် နယ်ပြီးလျှင် အသင့်စားသုံးရန် ကျွဲကောသီးသုတ်လေး သုံးဆောင်နိုင်ပါပြီရှင်။


မေကတော့ ကျွဲကောသီးသုတ် ချဉ်ချဉ်လေးမှာ ထောပတ်သီး အီအီစိမ့်စိမ့်လေး ထည့်စားရတာကိုကြိုက်လို့ ထောပတ်သီးလေး ထည့်စားတယ်။






..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်