Followers

Friday 7 September 2012

ဗီယက်နမ် ဖက်ထုပ်(သို့)ကော်ပြန့်လိပ်အပျော့

ဗီယက်နမ် ဖက်ထုပ်ပျော့ (Vietnamese Salad Roll (Goi Guon)
ဒီ ကော်ပြန့်ပျော့လေးဟာ အသီးအရွက်တွေကိုသာ အဓိကထားပြီး လုပ်ထားတာလေးကြောင့် ပိန်ချင်၍ ဝိတ်လျော့လိုသူများအတွက် အထူးသင့်လျော်သော အစားအစာတစ်ခုဖြစ်ပါသည်။
စားသုံရသည်မှာလဲ အရသာကောင်းမွန်လှသလို ကယ်ရိုရီလဲ မများတာကြောင့် ကျန်းမာရေးရှုထောင့်ကကြည့်လျှင်လဲ မည်သည့်အသက်အရွယ်မဆို စားသုံးရန်သင့်တော်နိုင်ပါသည်။
အစားအသောက်တွက် ပြင်ဆင်ချိန်မှာလဲ (၁၅)မိနစ်သာကြာ၍ အချိန်ပေးချက် မချက်နိုင်သူများအတွက်လဲ အဆင်ပြေပါသည်။

ပါဝင်သောပစ္စည်းများ
၁။ ဖက်ထုပ်လုပ်ရန် ဆန်နှင့်ပြုလုပ်ထားသော ဆန်ပြားရွက် (အောက်ဆုံးမှ ပုံတွင်ကြည့်ပါ)
အိုးရှင်းကဲ့သို့သော ဆူပါးမားကက်ကြီးများတွင် ဝယ်ယူ၍ ရနိုင်ပါသည်။
၂။ဆလပ်ရွက် (၂)ပင်
ရေစင်အောင်ဆေး၍ ရေစစ်ထားပါ။
၃။မုန့်ဟင်းခါးဖတ် (၂၅သား)
၎။သခွားသီး အလောတော်တစ်လုံး
၅။မုန်လာဥနီ တစ်လုံး
၆။နံနံရွက် လက်တစ်ဆုပ်စာ
၇။ ပုဇွန် (၅ ကျပ်သား)
၈။ စပ်ထားသော အချဉ်ရည်
အသုတ်များတွင် ထည့်သုံးသည့် မန်းကျည်းရည်ပျစ်ပျစ်နှင့်စပ်ထားသော ငရုတ်ဆီအချည်ရည်ပျစ်ပျစ်ကို အသုံးပြုနိုင်ပါသည်။

ပြုလုပ်ပုံအဆင့်ဆင့်
၁။ပုဇွန်ကို ခွာ၍ ရေနွေးနှင့်ပြုတ်လျှင်သော်လည်းကောင်း ၊အိုးကင်းလှော်၍သော်လည်ကောင်း ချက်လိုက်ပါ။ အိုးကင်းလှော်သည်မှာ ပို၍မွှေးသည်။
၂။ သခွားသီး၊မုန်လာဥနီကို ၂လက္မအရှည်ခန့် ပိုင်းဖြတ်ပြီး အချောင်းလေးများဖြစ်အောင် လှီထားလိုက်ပါ။
၃။နံနံရွက်ကိုလဲ ပါးပါးလေး လှီးထားလိုက်ပါ။ ဆလက်ရွက်ကို အရွက်လိုက်သော်လည်းကောင်း ၊ပါးပါးလှီး၍သော်လည်းကောင်း အသုံးပြုနိုင်သည်။ မေကတော့ လိပ်ရလွယ်အောင် လှီးလိုက်တယ်။
အားလုံးပြီးရင် လိပ်တော့မယ်နော်။
ဆန်ပြားလို့ ပြောခဲ့သည့် လိပ်ရသည့်အရွက် (မေ မြန်မာလို မခေါ်တတ်၍ပါ)က အခြောက်တွေနဲ့လာတာ။
သူ့ကို ပျော့သွားအောင် မလိပ်ခင်လေးမှာ ရေနွေးပန်းကန်ထဲ နှစ်စိမ်လိုက်လျှင် ပျော့သွားပါသည်။
ဆန်ရွက်ပြား ပျော့သွားလျှင် သခွားသီး၊မုန်လာဥနီ၊နံနံရွက်၊ပုဇွန်၊မုန့်တီဖတ်၊အနည်းငယ်စီကို ထိုအရွက်ပေါ်သို့ တင်ပြီး အချဉ်ရည်ပျစ်ပျစ် အနည်းငယ်လေး ဆမ်းကာ လိပ်ပြီး စားသုံးနိုင်ပါပြီရှင်။

ပါဝင်တဲ့ ပစ္စည်းတွေပါ။

သူငယ်ချင်းတို့အတွက် မေ လိပ်ထားပေးတယ်။ ယူသာ စားသွားကြ။ ဆန်ပြားလေးတွေကို ရေနွေးစိမ်လိုက်တော့ ကြည်ကြည်လေး ဖြစ်သွားတယ်။
မုန့်စိမ်းပေါင်းနဲ့စားတဲ့ အာပိုတို့လို ဟာမျိုးထဲလဲ ထည့်လိပ်လို့ရပါတယ်။ ဆန်ပြားထူတော့ ဆန်ပါဝင်မှုနှုန်းများပြီး ဗိုက်ပိုပြည့်တာပေါ့။ ဝိတ်လျော့ချင်တဲ့ မမတွေအတွက်ကတော့ ဆန်ပြားပါးပါးလေးတွေကို ရွေးပြီးသုံးတာ ပိုအဆင်ပြေပါတယ်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

1 comment:

  1. စားချင်တယ် ချက်တတ်ဝူ့း့
    ဒီနေ့ ဒီအိမ်လေးထဲဝင်မွှေဖြစ်တယ်
    စားလေးတွေအတော်ဖတ်လို့ကောင်းတယ်
    ပညာတွေလဲရတယ်။

    ဖိနပ်ကြော်ငြာကိုရေလည်တင်းနေတယ်
    မကျေနပ်တာဗျာာာာာတကယ်ပဲ။ထုတ်စရာ
    ဒီဇိုင်းရှားလို့ဗျာာာာာာာာာာာ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်