Followers

Thursday 6 September 2012

ပျိုလေး၏ မောင်ကြီးများ


ဆွမ်းအုပ်နီနီ မေမေရွက်လို့
နက်ဖြန်မနက်ကျောင်းသွားမယ်။

မောင်ကြီးလိုက်မလားမေက မေးတော့၊
မလိုက်ပါဘူး မေလေးရယ်။


မောင်ကြီးမှာလေ အလုပ်တွေများ၊
ညဥ့်နက်သန်းခေါင် ဘောပွဲရယ်။


ချဲဆီး၊မန်ယူ အော်ကာဟစ်ရ
လောင်းကြေးမရှုံးအောင် အားစိုက်ဟယ်။


ဘောပွဲအလာ စောင့်ကာဆိုင်းတော့၊
အပျင်းပြေလေး ရှာလာမယ်။


PC ဖွင့်ကာ အာရုံစိုက်ပေါ့၊
Dotaခုတ်ရင်း ကြူလိုက်တယ်။


မောင်ကြီးညောင်းထိုင်း များလွန်းပြန်တော့၊


တစ်ကိုယ်လုံးလဲ ကိုက်လှတယ်။


ညောင်းပြေညာပြေ ခြေလက်တွေတွက်
မာဆပ်ပြေးလို့ နှိပ်လိုက်တယ်။


သားဖြူပေါင်ပေါ် ပျိုရွယ်လေးတွက်
မုဒိတာပွား ရှုခဲ့တယ်။


ညနေစောင်းတော့ ချိန်ကောင်းပေါ့၊
ပေါင်းသင်းတွေကို စုလိုက်မယ်။


နေညိုလေပျို တူစုံကစ်လို့
ဘီယာ၊ထန်းရေ အကုန်မိုက်တယ်။


မူးနေပြီလား ပေါင်းသင်းများ
KTV ကို လစ်ဆိုကွယ်။


မိုက်ကိုင်လက်ထဲ မောင်ကြီးဟဲ
မိုက်ခဲကြီးပေါ့ကွယ်။


တွေ့ကြပြီလား ချစ်နှမများ
မောင်ကြီးအလုပ်ရှုပ်တယ်။


ကုသိုလ်ပညာ ဥစ္စာပွားဖို့
မောင်ကြီးတွေးချိန် မရှိပါကွယ်။


ဘုန်းကြီးကျောင်းသွား ချစ်နှမများ
ကုသိုလ်ပွားကြကွယ်။


ရပ်ကျိုး၊ရွာကျိုး ချစ်နှမသယ်ပိုး
မောင်ကြီးမူးတော့မယ်။
မူးတော့မယ် ..၊မူးတော့မယ်။







..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်