Followers

Wednesday 5 September 2012

အိုဘယ့်မြန်မာမလေး

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်းယောင်းမတို့ရေ......။

ငါတို့ဘိုးဘွား ၊ဘီဘင်များက
သယ်ဆောင်လာကြ
ရိုးရာဓလေ့၊ယဉ်ကျေးမှုများ
သင့်ခေတ်မှာထား
စွန့်ကြမည်လား၊စွန့်မည်လား။

ရင်ဖုံး၊ချိတ်ထမီ ၊ဆံမြိတ်ချီ
ပျိုမေ ယဉ်လှသည်။

သင်တို့၊ငါတို့ မျက်မှောက်ကာလ၊
အတင့်ရဲကာ၊ ခေတ်ဆန်းပေါ်
စကပ်တိုတို၊ပျိုမေဝတ်ကွဲ့
ဘောင်းဘီချက်ပြုတ် အမြင်မတော်၊
ဟိုဖော် ၊ဒီဖော် မြင်အောင်ဖော်လှစ်
အကျီ င်္ပါးနှင့် ဗိုလ်ပေါင်းလယ်ပျော်။ (ဗိုလ်ပေါင်း=လူအများ၊လူအပေါင်း)

ကိုးရီးယား ၊အမေရိကန်
တုကာပကြ ၊နိုက်ကလပ်က အပြင်ဆင်နော်။
တိုင်းတပါးသားတွေ ပညာရှာဖို့
ရုန်းကန်လှုပ်ရှားကြိုးစားလို့တော်၊
တုပကာမှား၊ ရွှေမြန်မာများ
ဝေလေလေသာအော်။

ဖြစ်ပျက်ပုံများ၊ ရှုကာထား
မျှော်မြင်တွေးကြည့်နော်။
နောင်အနှစ်(၂၀)၊တို့ပြည်ဝယ်
မြန်မာဝတ်စုံဘယ်မှာလဲကွယ်။

မြန်မာဝတ်စုံ ကြည့်မည်လား၊
ပြတိုက်မှာကွယ် ကြည့်ကြဟယ်၊
တို့ဘိုးဘွားတွေ ထားခဲ့တယ်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်







0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်