အင်တာနက်ဆိုတာ ဘယ်လိုသုံးရမည်လဲ
သေချာမသိသေးခင်မှာပဲ Ning ဆိုဒ်လေးတစ်ခုကို မေရောက်ရှိလာခဲ့သည်။
နိုင်ဆိုဒ်လေးတွေရဲ့ ထုံးစံ မန်ဘာသစ်လေးတွေ ရောက်ရင်
မိတ်ဆွေ၊သူငယ်ချင်းစိတ်ဓာတ်လေး အပြည့်နှင့် အသစ်ရောက်ရှိလာသူ၏ အိမ်လေးကို
လာရောက်ကြိုဆိုကြသည်။ နွေးထွေးစွာနှင့် လက်တွဲခေါ်ခဲ့သည်။
ထိုသို့သော် သူငယ်ချင်းများစွာထဲမှ “အညို” နှင့် သူမဆုံတွေ့ရန် အကြောင်းဖန်လာခဲ့လေသည်။
“အညို”သည်
ထိုဆိုဒ်ထဲတွင် နာမည်ရနေသော စာရေးသူ။ စာပေအရေးအသားလည်းကောင်း၍ ဗဟုသုတလဲ
စုံသည်။ နည်းပညာအရာမှာလဲ အတော်အသင့် တတ်ကျွမ်းခဲ့ပါသည်။
သူမကတော့
အညိုနှင့်ဆန့်ကျင်ဖက်။ စာရေးရန်မဆိုထားနှင့် မြန်မာဖောင့်ကိုပင်
ကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်။ စာဖတ်ဝါသနာပါသည့်သူမ
ထိုနိုင်ဆိုဒ်လေးထဲတွင် တင်လာသမျှ ကဗျာများနှင့် ဘလော့စာပေများကို
တစ်ခုမကျန် လိုက်လည်ဖတ်ရင်း သူမ၏အချိန်များကိုကုန်ဆုံးစေခဲ့သည်။
ပင်ကိုယ်က
စကားနည်းသောသူမ မည်သူ့ကိုမျှလည်း စကားပြောရန်ဆန္ဒမရှိခဲ့ပါ။ အလုပ်နားချိန်
ညအခါသို့ရောက်တိုင်း သူမ၏ တစ်ဦးတည်းအဖော်ဖြစ်သည့် ကွန်ပျူတာလေးဖွင့်
မန်ဘာဝင်ထားသည့် ဆိုဒ်လေးထဲမှ ဘလော့ပေါင်းများစွာကို လိုက်ဖတ်ရင်း သူမရဲ့
အချိန်တွေကိုကုန်ဆုံးစေခဲ့သည်။ ထိုဘလောပေါင်းများစွာကပင် သူမ၏ အဖော်။
သို့သော် မည်သည့် ဘလော့တစ်ပုဒ်ကိုမှ သူမ ကွန်မန့်မပေးခဲ့ပါ။ like
မလုပ်ခဲ့ပါ။ ထိုအချင်းအရာသည် သူမ၏ အားနည်းချက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်
သူမသည် ထိုဆိုဒ်ထဲမှ စာရေးသူများအားလုံးကို တဖက်သတ်သိကျွမ်းနေခဲ့ပါပြီ။
သူမ၏ အထီးကျန်ဆန်ဆန်နေတတ်မှုကြောင့် မည်သူ့ကိုမှတော့စကားမပြောဖြစ်၊
ခင်မင်မှုတွေမပေးဖြစ်ခဲ့ပါ။ မိမိအိမ်သို့ ရောက်လာကြပြီး
သူငယ်ချင်းဖြစ်ချင်တယ်ဆိုသည့် ကမ်းလှမ်းချက်များကိုပင် သူမ
ငြင်းပယ်ခဲ့ပါသည်။
ထိုသို့တစ်ကိုယ်တည်းနေ့ရက်တွေကို
ဖြတ်သန်းလာခဲ့ရင်း တစ်နေ့ အညိုနှင့်သူမ စကားပြောဖြစ်ခဲ့ပါသည်။
အညိုတင်ထားသော နည်းပညာပို့စ်များကို ဖတ်ရသည်ကိုနားမလည်သည့်သူမ မဖြစ်မနေ
မေးမှ ရတော့မည်ဖြစ်သောကြောင့် ပထမဆုံးအကြိမ် ကွန်မန့်ပေး၍ မေးခဲ့သည်။
ထိုအချိန်တွင်သူမ မြန်မာစာကို မတောက်တစ်ခေါက်ရိုက်တတ်နေပါပြီ။
အညိုတင်ထားသည့်
ပို့စ်အောက်မှာ ကွန်မန့်ပေး၍မေးရင်း ဖြေရင်း အညိုက ပို့စ်ထဲမှာ
ဖြေနေရတာမကောင်းဘူး၊ ကျွန်တော့်မေးလ်ကို အက်လိုက်ဆိုသည်နှင့်
ပထမဦးဆုံးအကြိမ် မိမိမသိခဲ့သည့် သူစိမ်းတစ်ယောက်၏ အီးမေလ်ကိုအက်ပြီး
လက်ခံစကားပြောခဲ့ပါသည်။
ထိုမှတဆင့်
အညိုနှင့်သူမစကားတွေ ပြောဖြစ်ကြရင်း ခင်မင်တွယ်တာခဲ့ပါသည်။ သံယောဇဉ်တွေ
တိုးလာကြရင်း သိယုံကျွမ်းယုံဆိုသည်ထက်ပိုကာ
ရင်ဘတ်ချင်းအပ်သူငယ်ချင်းများဖြစ်လာခဲ့သည်။
ရင်ဖွင့်ဖော်သူငယ်ချင်းများဖြစ်လာသည်။ နေ့စဉ်နှင့်အမျှ ကုန်ဆုံးခဲ့ရသည့်
ရက်တွေမှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအားလုံးကို ရင်ဖွင့်ခဲ့ကြသည်။
စိတ်ညစ်စရာများကို
ညိုဆီရင်ဖွင့်ပြီး ငိုကြွေးနေလျှင် ညိုက ဟာသတွေပြောရင်း
သူမကိုရယ်မောခြင်းဖြစ် အဆုံးသတ်စေခဲ့သည်။ အခက်အခဲတွေ ကိုယ်စီရှိကြသည့်
သူမတို့ သူငယ်ချင်းနှစ်ယောက်၏ ချစ်သူများအကြောင်းရင်ဖွင့်ကြရင်းလဲ
တစ်ခါတစ်ရံ အတူတူငိုကြွေးခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့
တည်ငြိမ်ရင့်ကျက်သည့် အညိုကသာ ဟာသများပြောခြင်း၊သီချင်းဆိုပြခြင်းများဖြစ်
နာကျင်စရာများကို ဖြေသိမ့်ပေးခဲ့သည်။
အညို့ကြောင့်ပင်
မေဆိုသည့် သူမသည် အပေါင်းအသင်းသူငယ်ချင်းများကို
ခင်မင်တွယ်တာတတ်လာခဲ့သည်..။ ညို့ကြောင့်ပင် အညိုရေးနေသည့်
ဟာသများလိုက်ရေးတတ်လာခဲ့သည်။ အညို့ရဲ့ လမ်းပြမှုကြောင့်ပင် သူမ
အင်တာနက်လမ်းပေါ် လျှောက်တတ်လာခဲ့သည်။
ဘယ်လိုရေစက်ကြောင့်လဲ
မသေချာ သံယောဇဉ်ကြီးလွန်းသော မေတို့ နှစ်ယောက်အပေါ် အခြားသူများ၏
ပုတ်ခတ်ပြောဆိုခြင်းများလဲ ကြုံခဲ့ရသည်။ ဘယ်သူတွေ ဘယ်လိုဆိုဆို မေတို့
သူငယ်ချင်းသံယောဇဉ် လက်တွဲမဖြုတ်ခဲ့ကြပါ။
ထိုစဉ်က
မကျန်းမာသော မေ့ကို အညို စောင့်ရှောက်ပေးခဲ့သည်..။ အဝေးမှနေ၍
ဆေးသောက်ချိန် ၊အစားစားချိန်မှအစ ဂရုတစိုက် ဖုန်းဆက်ကာ သတိပေးတတ်သည်။ မေ
အွန်လိုင်းပေါ်သို့ (၂)ရက်မှ (၃)ရက်မတက်နိုင်ခဲ့လျှင် မေ နေမကောင်းဘူး ဆိုတာ
သေချာသိနေခဲ့သည့် ညိုသည် စိုးရိမ်လွန်းစွာ မေ့အကောင့်ထဲသို့ အချိန်ပြည့်
မေလ်ပို့နေတတ်သည်။ ထိုအချိန်မျိုးတွင် မေ
ဖုန်းပိတ်ထားတတ်သောကြောင့်ဖြစ်သည်။
ပျော်ရာမှာမနေ
တော်ရာမှာ နေသည့် စကားအတိုင်း ညိုသည် သူလက်ရှိနေထိုင်သည့်
နေရာလေးကိုစွန့်ခွာ၍ မွေးရပ်မြေသို့ ပြန်ပါတော့မည်တဲ့။ သူတပါးနိုင်ငံမှာ
သူတပါးကိုအလုပ်အကျွေးပြုရသည်ထက် မွေးရပ်မြေမှာ ကိုယ်ပိုင်အလုပ်လေးးတစ်ခု
ရအောင်ပြန်လုပ်တော့မည်ဟု ဆုံးဖြတ်ချက်နှင့် မွေးရပ်မြေသို့ ပြန်ရန်
ဆုံးဖြတ်ခဲ့လေပြီ။ ထိုရပ်ဝန်းတွင် အင်တာနက်မရှိတဲ့။
ထိုနေ့မှစ၍
မေ မပျော်နိုင်ခဲ့ပါ။ အညိုလဲ မေနှင့်တူစွာပင်။ ဘဝအခြေအနေကြောင့်သာ
ရုန်းကန်လှုပ်ရှားရင်း မခွဲချင်သော်လည်း ခွဲခွာရမည်။ ပြန်ရမည်ဆိုသော နေ့မှစ၍
အညိုသည် တစ်ယောက်ထဲ ကျန်ရစ်ခဲ့မည့် မေ့ အတွက်ပြင်ဆင်သင့်သည်များကို
ပြင်ဆင်ပေးခဲ့သည်။
မေလိုအပ်မည်ထင်သည့်
နည်းပညာများ ဆော့ဝဲများကို စုဆောင်းပေးပြီး တစ်နေရာတွင်
မြုပ်နှံထားပေးခဲ့သည်။ မေလိုအပ်နိုင်သည်များကို စုဆောင်းရှာဖွေ
ထားပေးခဲ့သည်။ အညိုရှိစဉ်အခါက မေသည် အညို၏ အရိပ်အောက်တွင် လိုချင်သမျှ
တစ်ချက်တ လိုက်ယုံနှင့် နာရီပိုင်းအတွင်းရရှိနိုင်လောက်အောင်
အညိုဖြည့်ဆည်းပေးခဲ့သည်။ ခုတော့ သူ သွားတော့မည်။
မှတ်မှတ်ရရ
အညိုပြန်မည့်ရက်တွင် မေသည် အလုပ်မှ ခွင့်တစ်ပတ်ယူခဲ့ကာ အညိုနှင့်
နေ့စဉ်စကားပြောခဲ့သည်။ သီချင်းကြိုက်တတ်သည့် သူမတို့ သူငယ်ချင်းနှစ်ယောက်
တစ်နေကုန်သီချင်းတွေ ထိုင်ရွေးနေခဲ့ကြသည်။ တစ်နိုင်ငံဆီခြားနေပေမဲ့ သူမတို့
လွန်စွာနီးကပ်ခဲ့သည်။ သူ့အကြိုက် ၊ကိုယ့်အကြိုက်သီချင်းများအားလုံး
လက်ရွေးစင်များထုတ်ကာ ကူးထားကြသည်။
အညိုပြန်သည့်နေ့တွင်
ဆက်သွယ်ရေးပြတ်တောက်သည့် နောက်ဆုံးချိန်ထိ မေတို့ ဖုန်းပြောဖြစ်ခဲ့ကြသည်။
ဆက်သွယ်ရေး လုံးဝပျောက်တောက်သွားချိန်မှာတော့ မေ့ ရင်ထဲမှာလဲ
အခင်မင်၊အရင်းနှီးရဆုံးသော သူငယ်ချင်းနေရာ ကွက်လပ်ဖြစ်ကာ ကျန်ခဲ့လေပြီ။
ထိုနေ့က
အညို့အသံကိုနောက်ဆုံးသာ ကြားရ၍ ခုချိန်ထိ ပြန်လည်မကြားမိတော့ပါ။ အညို
ဘယ်လိုနေသည် မေသိခွင့်မရှိတော့ပါ။ အညိုအဆင်ပြေလား၊နေကောင်းကျန်းမာလား
မေမသိနိုင်တော့ပါ။ အညိုသည် မေ့နံဘေးမှ ပျောက်ဆုံးသွားလေပြီ။
အညိုမရှိသည့်နောက်တွင်
မေသည် အရင်အချိန်လိုမျိုး တစ်ယောက်ထဲသာ။
အညို့ကြောင့်ပင်အခြားသူငယ်ချင်းများရရှိလာခဲ့ပေမဲ့ မှန်ရာကိုဝန်ခံရလျှင်
အညိုကိုခင်မင်တွယ်တာသလောက် အခြားသူငယ်ချင်းများကို မေ မတွယ်တာခဲ့ပါ။
အခြားသူများကို ခင်သော်လည်း အညို့ကိုခင်မင်သလောက်မခင်မင်ခဲ့ပါ။ အညိုနှင့်
မရင်းနှီးစဉ်က တစ်ယောက်ထဲ အထီးကျန်စွာနေထိုင်ခဲ့ပေမဲ့
အညိုနှင့်ခင်မင်ခဲ့သည့် ကာလတစ်လျှောက်မှာ ရရှိခဲ့သည့်
ဂရုစိုက်မှု၊အားပေးကူညီမှု၊လက်ဆွဲခေါ်တတ်သည့် ကြင်နာသည့် လက်တစ်စုံကြောင့်
အညိုမရှိချိန်တွင် မေ့ ရင်မှာ လစ်ဟာခဲ့လေပြီ။
မေ့နံဘေးမှ
အညိုထွက်သွားပြီး (၅)လမျှအကြာတွင် အညို့ကိုယ်စား အညိုဟု မေနာမည်ပေးထားသော
သူငယ်ချင်းတစ်ယောက် မေ ကောက်ရခဲ့ပြန်ပါသည်။ သူ့နာမည် အညိုမဟုတ်ပေမဲ့ သူ့ကို
အညိုဟု မေခေါ်ခဲ့သည်။ မေ့ကိုတွေ့စမှာ သူသည် ကြောက်လန့်စွာနှင့်
ထွက်ပြေးခဲ့သည်။ တစ်ရက်ပြီးတစ်ရက် နေ့စဉ်နှင့်အမျှ တွေ့မြင်ရဖန်များလာတော့
သူသည် မေ့ကို ကြောက်လန့်ခြင်းမရှိတော့ပါ။
ခုချိန်မှာတော့
ထိုအညိုသည် တစ်ချိန်က မေ အဖြစ်သို့ ရောက်ရှိနေကာ မေသည် အညိုကဲ့သို့
ယခုလက်ရှိ အညိုလေးပေါ်ကြင်နာခဲ့ရသည်။ ဂရုစိုက်ခဲ့သည်။ မေနှင့်သူ
တွေ့ဆုံနေကြအချိန်လေးတိုင်းတွင် အညိုရောက်ရှိလာသည်။
ခုချိန်မှာတော့
အညိုသစ်လေးသည် မေပြောသမျှ နားလည်သည် ၊နားမလည်နိုင်ခဲ့သည်ကို
မေသေချာမသိခဲ့ပေမဲ့ မေ ရင်ဖွင့်စရာပြောစရာများကို မေ့ကိုစူးစိုက်ကြည့်ရင်း
နားထောင်တတ်နေပြီ။ မေ အားငယ်ချိန်တိုင်းမှာ ငိုကြွေးနေလျှင်လည် အညိုလေးက
စူးစူးစိုက်စိုက် ကြည့်နေတတ်မြဲ။ အညို့ကို သတိရမှုတွေအပေါ်လဲ အညိုသစ်လေး
ကြားနာရစမြဲ။
မေ့ရဲ့ အညိုသစ်လေးသည် အခြားသူမဟုတ်။ မေနေထိုင်နေသည့် ခြံဝန်းထဲမှ ပိန္နဲပင်လေးတွင် ရောက်ရောက်လာတတ်သည့် ရှည့်ညိုလေးပင်ဖြစ်သည်.။
မေနှင့်တွေ့စက
ကြောက်လန့်တတ်ကာ မေ့ကိုအတွေ့မခံ ပြေးထွက်သွားသော် သူသည် ခုချိန်မှာတော့
နေ့လည်ခင်းအချိန်ရောက်တိုင်း မေနှင့်သူ ဆုံဖြစ်ကြသည်။
သူလာသည့်အသံကြားသည်နှင့် မေသည် သူကြိုက်တတ်သည့် ၊သူစားမည်ဟု ထင်လောက်သည့်
အသီးအနှံများကို ယူပေးပြီး ကျွေးကာ မေပြောချင်တာ ထိုင်ပြောနေလေ့ရှိသည်။
မေက
အသီးလေးတစ်လုံးချပေးလိုက် (ဥပမာ
စပျစ်သီး၊စတော်ဘယ်ရီသီး၊ဘလူးဘယ်ရီ၊ရက်စ်ဘယ်ရီ) သူက ပြေးဆင်းပြီးယူလိုက်
အပေါ်ပြေးတက်လိုက် မေ့ကိုစူးစိုက်ကြည့်ပြီး မေပြောသမျှကို နားထောင်လိုက်။
စားလို့ကုန်သွားရင် နောက်ထပ်အသီးတစ်လုံး ပြေးဆင်းယူလိုက်။ ထပ်ပေး၍
ဆင်းမယူတော့လျှင်တော့ သူ အစာဝပြီ။ ထိုအခါ မေကပင် အလိုက်တစ်သိ သွားတော့
ပြန်တော့ ဟုဆိုပြီး ထထွက်လာလျှင် သူလဲ တစ်ပင်ပေါ်တစ်ပင်ကူးကာ
ပျောက်သွားလေပြီ။
နောက်နေ့
ထိုအချိန်ရောက်သည်အထိ တစ်နေကုန်မတွေ့ရပဲ ဆုံနေကြအချိန်ဆိုလျှင်
ပြန်လည်ရောက်ရှိလာသည်။ မိုးဖွဲဖွဲ ကျနေလျှင်ပင်
သူရောက်ရှိလာတတ်သည်။ရေစိုစုတ်ဖွားဖြစ်နေသည့် သူ့ကို
“မိုးရွာနေတယ်..မြန်မြန်စား မြန်မြန်ပြန်”
ဟု
ဆိုကာ အသီးများပုံချပေးပြီး အတင်းပြန်ခိုင်းရသည်။ ထိုအခါမျိုးတွင်လည်း
သူသည် နားလည်နေသည့်အလား ပြူးကြောင်းကြောင်တစ်ချက်ကြည့်ကာ
စားသောက်ပြီးပြန်လေ့ရှိသည်။
မေ့စကားကို နားမလည်သည့် ရှည့်ညိုလေး အညိုသည် ဘယ်နေရာကိုသွားသွား အချိန်တန်လျှင် မေရှိရာ အရောက်လာခဲ့တတ်သည်။
မေ ခင်မင်တွယ်တာခဲ့သည့် အညိုကရော မေ့ရှေ့မှောက်တစ်နေ့ ပြန်လည်မရောက်ရှိနိုင်ပေဘူးလား။
သံယောဇဉ်ဆိုသည့် မမြင်နိုင်သည့် ကြိုးလေးသည် ခိုင်မြဲပါသည်။
တစ်နေ့
အညိုလည်း မေ့ဆီ အရောက်ပြန်ခဲ့နိုင်ပါသည်. ခုချိန်မှာတော့ မေ ပြောဆိုတိုင်း
ပြူးကြောင်ကြောင် ကြည့်နေတတ်သည့် ရှည့်ညိုလေး အညိုကို အဖော်လုပ်ရင်း
သူငယ်ချင်း အညိုကို စောင့်မျှော်နေခဲ့ပါသည်။
အညို
ပြန်သွားခဲ့သည်မှာ တစ်နှစ်တိတိတိုင်လေပြီ။ အားငယ်တတ်သည့် မေ့ကို
အားငယ်တတ်သည့် အချိန်တိုင်း အားပေးတတ်သည့်အညို ပျောက်ဆုံးခဲ့သည်မှာ
တစ်နှစ်ရှိခဲ့ပြီ။ မရင်းနှီးသည့် သူစိမ်းများကို
စကားပြောရန်ရှက်ရွံ့တတ်သည့်မေ့ကို ပြောရဲဆိုရဲ ရှိလာအောင် ဆွဲခေါ်ပေးသည့်
အညို ခုချိန်မှာ ဘာတွေများ လုပ်လို့ ဘယ်လိုအခြေအနေကို ဖြတ်သန်းနေရပါသလဲ မေ
သိချင်နေလိုက်တာ။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
မေရယ်. . . . . . . .
ReplyDeleteကီးဘုတ်ပေါ်က လက်တွေလည်း တန့်နေပီ
အညို ဘာမှဆက်မပြောတော့ပါဘူး
ဘာကြောင့်လဲဆိုတော့ တစ်ဖက်သူဘ၀ပျက်အောင်တော့
မလိမ်ပါရစေနဲ့....... သံယောဇဉ်တွေကို အချိန်တွေက
ကုစားပေးကြတယ်ဆို...... မှားတယ်လို့ ပြောပါရစေမေ