Followers

Tuesday 21 August 2012

စံမမှီသည့် ငါ့အချစ်



မမြင်ဖူးလို့ ရူးခဲ့တာလဲ မဟုတ်ရပါ။


မချစ်ဖူးသေးသည့် ငါ့နှလုံးသား၊


တစ်ဆတ်ဆတ်လှုပ်ခတ်ကာ ရိုက်သွား၊


ဧဝထားသွားခဲ့သည့် ၊ပန်းသီတစ်ဖဲ့ကိုများ


ငါကောက်စားမိခဲ့လေသလား............။





ယစ်မူးသည့်ရင်ခုန်ခြင်းတွေ အစပြု ၊
သိပ်ချစ်မိခဲ့ပြီချစ်သူ။



အကြင်နာစိမ့်စမ်း ၊
ကျော်ဖြတ်သည့် ဒီမနောလမ်း၊


နင့်အချစ်ကို လှမ်းလို့ခေါ်၊




ဘဝခရီးလမ်းကို တွေးကာမျှော်၊
အားစိုက်ကာ လိုက်ခဲ့ပြီ။





ချွေးစို့စို့ ချစ်သူလက်ကိုဆုပ်ကိုင်၊


အားတင်းခဲ့ရသည့် ဘဝအားမာန်၊


ထိုင်ခုံပြာပြာပေါ်က ရယ်စရာဟာသ၊


လေပြည့်အဝှေ့မှာ ခိုဝင်လှမ်းသည့်၊


ကြည်နူးစရာအနမ်း....။


မှေးစက်ခွင့်ရ နွေးထွေးသည့် ရင်ခွင်ကျယ်၊


ဒီအရာတွေကို


ငါမက်မက်မောမော ပိုင်ဆိုင်ခဲ့တယ်။





ပျော်လို့မဆုံး ၊ မော်ကာပြုံးနှင့်


ကြည်နူးမှုလမ်း၊ ထပ်တူ လျှောက်လို့မှ မပြီးဆုံးခင်


ပေးခဲ့ဖူးသည့်ခရမ်းရောင်အနမ်း၊


သစ်ရွက်နွမ်းလို တိမ်တွေလိုလွင့်မျော၊


အသဲပုံနေဝန်းနီကြီး ကမ္ဘာမြေတစ်ဖက်ခြမ်းကို၊
ခေါင်းငိုက်ငုံ့လျှို၊


ငါ့ရဲ့အချစ်အင်ပါယာ
အမှောင်တွေကာဖုံး ၊


ကျဆုံးခဲ့ရလေပြီ။





ငါ့ရင်မှ နှလုံးသား၊


အချစ်တွေ ခမ်းသွား၊


စိမ်းလန်းခြင်းတွေ ညှိုးခြောက်၊


အချစ်ပျောက်တာလဲ မဟုတ်ခဲ့ပါ။





တူနှစ်ကိုယ် တဲအိုပျက်၊


ခိုဝင်ရန်ခက်လို့


ခရောင်းလမ်းကြမ်းမှာ ၊


ယှဉ်တူကာ လှမ်းတဲ့ ခြေလှမ်း၊


ထမင်းရည်ပူပူကို ၊ငြူငြူစူစူ၊


မသောက်ဝံ့လို့လဲ ၊ မဟုတ်ရပါချစ်သူ။





ဘဝသစ် စဖို့အရေး၊


တွေးဆကာ ကြောက်ရွံ့ပြေး၊


မဝံ့မရဲခဲ့လို့ ၊ ခြေလှမ်းကြဲကြဲနှင့်


နောက်ဆုတ်ပြေးတာလဲ ၊မဟုတ်ရပါ ချစ်သူ။





ချစ်သူ လက်ကိုဆွဲ ၊ဂုဏ်ငယ်မှာကိုလဲ


ဘယ်ခါမျှ မတွေး ၊ဘဝခြင်းဝေးအောင်


မကြံရွယ်ခဲ့ပါဘူး ချစ်သူ။





သူနှင့်သာဆိုရင်.............


ပိုးဖလံမျိုး၊မီးကိုတိုး


ပြာပူလဲမကြောက်၊


ဆူးငေါက်တောက်ထဲလှမ်း


ခရောင်းလမ်းကို လျှောက်ဝံ့ပါလျှက်


ငါနှင့်ချစ်သူ ၊ဘဝထပ်တူ


တစ်သက်တာ ပျော်ရွှင်ရန်ထက်


အမေ့ပါးပြင်ထက် မျက်ရည်တစ်စက်


တွေးဆကာ၊ မြင်ယောင်မိပြန်တော့


ငါ့နှလုံးသား သွေးစက်တို့ လွှမ်းလဲ


ဆုံးဖြတ်ခဲ့ရပြီလေ။





နှုတ်ခမ်းပါးမှာ ပန်းတစ်ပွင့်ပန်ဆင်၊


အမုန်းမပါ ၊အပြုံးနှင့်သာ


ဝေးကြဖို့လမ်း၊တွေးဆလွမ်းရင်း


လမ်းခွဲကြရအောင်နော်။





စံမမှီသည့် ငါ့အချစ်





ဥပက္ခာပစ်လို့ မေ့ထားခဲ့လိုက်ပါ ချစ်သူ။






..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်