Followers

Thursday 23 August 2012

တဏှာနွံမှာ ကျွံမိသူငါ



ဘယ်သက်၊ဘယ်ရွယ်
သေရမည်လဲ ငါ့မသိ။

ဘယ်သို့ အနာ ၊ရောဂါစွဲကပ် ၊
သေရမည်လဲ မသိ။

နာကျင်၊သက်သောက်၊အမောဖောက်
မည်သို့ခံစား၊
သေရမည်ကို ငါမသိ။

ညဥ့်နက်သန်းကောင်၊မိုးလင်းမှောင်၊
ဘယ်နေ့ချိန်ခါ၊
သေရမည်လဲ ငါမသိ။

ငါ၏သုသာန် ၊မြုပ်နှံရာလဲ၊
အဘယ်ရှိအံ့ ငါမသိ။

ငါသေသွားသော် ၊
ဘယ်ဘုံ၊ဘယ်နန်း၊
စံမြန်းမည်လဲ ငါမသိ။

မသိ၊မသိတွေ များလှ၊
ဤဘဝ၌
ငါ၏ခန္ဓာ၊ငါ့ဥစ္စာ ၊
ပျော်ရွှင်တွေးကာ
မညှာတာခိုင်း
အမှန်မမြင်၊ မှားခြင်းသောင်းဖြောင်း


ကိလေသာတော ၊ မွေ့ပျော်မြူးခဲ့
ရသာမဲ့အပြုံး ၊ကိုယ်ထင်ပြုံး
ပျော်တစ်ပြုံးပြုံး ၊မော်မဆုံး
အမှောင်ယံမှာ၊ လူးလားကူးခတ်
အတုယောင်မှာ ၊ပျော်ရွှင်မြူးကြွ
တဏှာနွံမှာ ကျွံနေခဲ့ပြီ။။







..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်