Followers

Sunday 5 August 2012

Icon Shoes ကုမ္မဏီထံသို့ မေတ္တာကဗျာ


ဘာသာယဉ်ကျေးမှုကို အလေးမထား၊
Icon Shoes တဲ့လား။
ဘာသာရေး ပဋိပက္ခစစ်ဖြစ်အောင်၊
သူ့ရဲ့ ဒီဇိုင်းက သွေးထိုးလှုံ့ဆော်။
အပ္ပါယ်ငရဲအကြောင်း မသိထား၊

မယုံကြည်ဘူးတဲ့လား။
မေးလိုက်ချင်ရဲ့ ဒီဇိုင်နာ၊
အဲ့ဒီလောက် ဥာဏ်ထိုင်းရသလား။
အကြံကုန်တဲ့ သင့်ဦးနှောက်ကို၊
အကြံတစ်ခု ပေးစေလို။
မထွင်တတ်ရင် တောင်းပန်ပေး၊
ဖိနပ်ဒီဇိုင်းကို ငါတို့ဆွဲပေး။
ဒီဇိုင်နာကြေးလဲမလိုပါ ၊
free of charge နဲ့ ပေးလိုက်မှာ။
တောင်းဆိုချင်တာ တစ်ခုထဲ၊
တို့ဗုဒ္ဓဘာသာဝင်ကို

အနူးအညွတ်တောင်းပန်ကွဲ့။
မြတ်စွာဘုရားက အပြစ်မဆိုပါ၊
သင့်ကို ခွင့်လွတ်မှာ။
ခွင့်မလွတ်တာ ငရဲမင်း၊
သူ့ကိုတွေဖို့ သင်အပ္ပါယ်ဆင်း။
သေလွန်ခါမှ တွေ့မည့်အပ္ပါယ်ကို၊
သင်ကမကြောက်ပါဘူးဆို။
တွေ့ကြုံလိမ့်မယ် သင့်ဘဝတစ်လျှောက်၊
ဒုက္ခပင်လယ် အခေါက်ခေါက်ရောက်။
ကူကား ယက်ကာ ရုန်းအော်ပါ၊
ဘဝသံသရာမှာ။
လူမျိုးဘာသာ သင်အလေးမထား
သင့်ကမ္ဘာကြီး အမှောင်ကျသွား။
Icon Shoes ကုမ္မဏီမှာ ထုတ်လုပ်သူ၊ဒီဇိုင်နာများ ထုတ်လုပ်စရာ ဖိနပ်ဒီဇိုင်း ရှာပါးနေလျှင် ပွင့်လင်းစွာ ဝန်ခံပြီး ပြောလိုက်ပါ။ တို့မြန်မာ ဒီဇိုင်နာတွေအားလုံးစုပေါင်းပြီး သင့်ကုမ္မဏီအတွက် ဒီဇိုင်းဆွဲပေးပါမယ်။ ဒီဇိုင်နာကြေး ပေးစရာငွေ မရှိရင် ရိုးသားစွာ ဝန်ခံပါ။ သင့်ကို သနားပြီး FOC( free of charge) နဲ့ ဆွဲပေးမယ်။ လိုချင်တာ တစ်ခုထဲမှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို စိတ်ကျေနပ်သည်အထိ ကျေနပ်အောင် တောင်းပန်ပေးဖို့ပါပဲ။




..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်