Followers

Tuesday 24 July 2012

ကျေးဇူးဆပ်ခွင့်ပြုပါ


အသိတွေ မစု ၊
သတိရယ် မပြု၊
ပြက္ခဒိန်စာရွက်
တစ်ရွက်ပြီးတော့ ၊
တစ်ရွက် လှန်၊
အပြန်တစ်လဲလဲ ၊ စုတ်ဖြဲခဲ့မိတာ ၊
ဆယ့်နှစ်လ ရာသီတွေလွန်လာလို့
အမှတ်တရနေ့လေးတောင် ရောက်လာခဲ့ပေါ့။
မေမေ့ သွေးနဲ့ချွေးကို ရေစက်ချ၊
အသက်ကို လောင်းကြေးထပ်၊
သေမင်းကို စိန်ခေါ်ကာ စစ်ခင်း၊
အနိုင်ကျင်းရင်း
ပေးခဲ့သည့် လက်ဆောင်။
အရင်းက ကြီးသော်ငြား
ရမည့်အကျိုး၊ အတိုးကိုမျှော်
မှန်းဆကာ မထားခဲ့
ချစ်သမီးအပြုံး ၊ ပီတိနှလုံးနှင့်သာ
စားသုံးခဲ့သူ အနန္ဒ မေတ္တာရှင်မေမေ ။
ရာသီတွေပြောင်း၊
နှစ်ဟောင်းလာသော်၊
ကကြီး၊ခ ခွေး ဘယ်လိုရေးကို၊
လက်ကိုင်ကာပေး၊
သင်ပေးခဲ့သူ၊
လက်ဦးဆရာတစ်ဆူ၊
ကျေးဇူးရှင်မေမေ။
သမီးမျက်နှာ စန္ဒာလ ပမာ
သမီးမျက်ဝန်း ငွေကြယ်ရွှန်း
တစ်ဖျတ်ဖျတ် လက်သည့်အလှ
တစ်စိမ့်စိမ့်ရှုကာမဝ
ပွေ့ပိုက်ချီကာနမ်း
အနာဂတ်ရဲ့လမ်း၊ တွေးဆမျှော်မှန်း
ဘဝခရောင်းလမ်းမှာ
ပန်းပွင့်တွေ စီကာချ
ဖြောင့်ဖြူးခြင်းလမ်းတစ်စကို
ပို့ဆောင်ခဲ့သူ ဖေဖေ။
ဒီအမိ၊အဖ ကျေးဇူး
မြင့်မိုရ်တောင်းဦးပမာ
မြင့်ကာမိုးထား
ဆပ်၍မကုန် ၊ဖြည့်ဆည်းမခမ်း
မေတ္တာသမုဒ္ဒရာကမ်းမှာ
ရတနာသုံးပါ ဦးထိပ်ထား
အမိ၊အဖ ခြေရာ ဦးထိပ်ကာသာ
ရိုသေဝပ်တွား ရှစ်ခိုးကာလေ
အရိုအသေပြု တောင်းဆုဆိုရင်း
သိတတ်လိမ္မာ
သမီးကညာအဖြစ်နှင့်သာ
ကျေးဇူးဆပ်ခွင့်ပြုပါရစေ။





..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်

1 comment:

  1. သမီးလိမ္မာလေး အတွက် မမေရဲ့ မိဘတွေ အရမ်းဂုဏ်ယူမှာပဲ.။ လာသွားပါတယ် မမေ.။

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်