Followers

Friday 13 July 2012

Ipad လိုချင်လျှင် ဒီမေးခွန်းလေးဖြေပါ

မေလဲ စာရေးတာ လိုင်းကြောင်းပြောင်းနေပြီ။ ပုံမှန်ရသပို့စ်တွေ ရေးနေရာကနေ ဒီအလိမ်အညာတွေကို အသိပေးနေတဲ့ ဘက်ကို ရေးဖြစ်နေတယ်။ ဒါပေမဲ့လဲ ဒါဟာ သိသင့်တယ် ထင်လို့ စာဖတ်သူတွေ ဗဟုသုတ ရစေဖို့ စေတနာနဲ့ တင်ပေးလိုက်ရခြင်းပါ။
ယခု ပို့စ်ပါအကြောင်းလေးက အခြားနိုင်ငံတွေမှာ ကြုံရလားတော့ အတိအကျမဆိုနိုင်။ စကာင်္ပူနိုင်ငံမှာ အင်တာနက်သုံးသူများကတော့ ဧကန်မုချ ကြုံရတတ်ပါတယ်။ မိမိအင်တာနက် သုံးနေချိန် တစ်ခါတစ်ရံ Browserတစ်ခု ကျလာလေ့ရှိတယ်။
ဥပမာ- သင်ဟာယနေ့ကံထူးရှင်။ သင့်မှာ Iphone (သို့ ) Ipad မဲပေါက်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။
စသည်ဖြစ် ဘောက်စ်လေး တစ်ခု လှုပ်တုပ် လှုပ်တုပ် ကျလာတတ်ပါတယ်။
ထိုကဲ့သို့ ကျလာပါက မိမိက cancel လုပ်လိုက်လျှင် သူ့ဆီမှ နောက်ထပ်
သင်အခွင့်အရေးကို ဆုံးရှုံးခံမှာ သေချာလား စသည်ဖြစ်ထပ်မေးတတ်တယ်။
ထိုကဲ့သို မေးလာရင်လဲ ထိုအခွင့်ရေးကို လက်လွတ်ခံလိုက်ပါ။ သူတို့ ပေးလာမည့် မည်သည့် အိုင်ဖုန်း၊အိုင်ပက်ကိုမှ တွေးယူဖို့စိတ်မကူးပါနှင့်။
တစ်နေ့ မေ့မိတ်ဆွေတစ်ယောက်က အလုပ်လဲ နည်းနည်းပါးနေတာနဲ့ ထိုကျလာတဲ့ ဘောက်စ်လေးထဲက မေးးခွန်းလေးတွေကို ထိုင်ဖြေနေလိုက်သည်။အရင်ကတော့ ငြင်းနေကျပါ။ ထိုနေ့ ပျင်းပျင်းရှိတာနှင့် သူမေးလာတာတဲ့ မေးခွန်းတွေကို ထိုင်ဖြေနေမိသည်။
မေးခွန်းတွေ မေးပြီး၊ပေးထားတဲ့ အဖြေ(၃)ခုထဲမှ အဖြေမှန်ရွေး (သို့) yes /no ရွေးယုံလေး၊ စိတ်ဝင်စရာလေးဆိုတော့ ဦးလေးလဲ အရှိန်ကောင်းကောင်းနှင့် ထိုင်ဖြေနေသည်။
ဦးလေး ထိုင်ဖြေနေလိုက်သည်မှာ မေးခွန်း (၄ရ) ခု ရှိလာသည်။ (၄၄)ခု တော့ မှန်သွားပြီ။
သို့သော် မေးလာသော မေးခွန်းတွေ ထိုင်ဖြေနေရသည်မှာ ညီးငွေ့လာသောကြောင့် ရပ်နားရန်ဆုံးဖြတ်ခါ ပိတ်လိုက်တော့ ထုံးစံအတိုင်း သင် အိုင်ပက် ရရှိရန် အခွင့်လမ်းနီးနေပြီ ။ ရပ်မှာသေချာလား။
ဦးလေးကလဲ သေချာတယ်ပေါ့။ ထိုနေ့က ထိုမျှလောက်နှင့် ရပ်နားကာ စက်ပိတ်လိုက်သည်။
(၂)ရက်ခန့်မျှ ကြာသော ဦးလေးထံသို့ ဘေလ် ရောက်လာခဲ့ပါသည်။
အထက်ပါ မေးခွန်းတွေကို ဖြေဆိုထားသည့်အတွက် မေးခွန်းတစ်ခုလျှင် SGD $3 နှုန်းဖြစ် မေးခွန်း (၄၇) အတွက် $141 SGD ပေးဆောင်ရန် StarHub မှ ငွေတောင်းခံလာသည်။
ထိုအချိန်ကျမှ ဦးလေးမှာ မျက်လုံးပြူးသွားရသည်။ ဖြေချင်အုံးဟဲ့ ပဟေဠိ။
ငါ့လောက်ညံ့တဲ့သူများရှိသေးသလား။ မေးခွန်းတစ်ခုကို ၃ ဒေါ်လာပေးပြီးများ ဖြေရတယ်လို့ ဆိုပြီး သဘောတွေ ကျနေပါလေရော။
ကဲ သူငယ်ချင်းတို့တွေထဲမှာရော ပဟေဠိမေးခွန်းတွေကို ဖြေဆိုရတာ ကြိုက်နှစ်သက်သူများ ရှိပါသလား။ အဲ့လို အွန်လိုင်းက မေးလာသမျှကို ယောင်ယမ်းပြီးမဖြေနှင့်နော်။
သူတို့ပေးတာ လိုချင်လို့ပဲ ဖြစ်စေ။ ပဟေဠိဖြေရတာ စိတ်ဝင်စားလိုပဲဖြစ်စေ။ အချိန်တွေ ပိုနေလို့ အပျင်းပြေဖြစ်စေ မေးလာသမျှ ယောင်ယမ်းပြီး မဖြေလိုက်ပါနှင့်။
အဲ မေးခွန်းတစ်ခုကို ၃ ဒေါ်လာနှင့် ဝယ်ယူပြီး ဖြေဆိုချင်တယ်ဆိုရင်တော့လဲ သူငယ်ချင်းတို့ သဘောအတိုင်းပါပဲနော်။
ပျော်ရွှင်ကြပါစေ။ အလိမ်အညာ ခံရခြင်းမှ ကင်းဝေးကြပါစေရှင်။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်