Followers

Thursday 12 July 2012

Gmail ထဲမှာ အလိမ်အညာ

တစ်နေ့ အပြင်သွားစရာလေးလဲရှိ၊ လမ်းလဲ ကြုံတာနှင့် မိတ်ဆွေတစ်ယောက်ရဲ့ကားနဲ့ လမ်းကြုံလိုက်ခဲ့တယ်။ မိတ်ဆွေဆိုပေမဲ့ သူက မေ့ထက် အများကြီးကြီးတဲ့ ဦးလေးအရွယ်ဆို ပိုမှန်ပါတယ်။ စကာင်္ပူကိုရောက်နေတာလဲ နှစ်(၂၀) ကျော် ကာလရှိပြီးဖြစ်သူတစ်ဦးပါ။ အဂျီ င်္နီယာတစ်ယောက်အဖြစ် ကုမ္မဏီတစ်ခုမှ ရာထူးကြီးကြီးနဲ့ လက်ရှိလုပ်ကိုင်နေသူပါ။ မေ ခုလို သူ့အကြောင်းကိုပြောပြတာက နောက်ပိုင်းမေရေးမဲ့ အကြောင်းအရာလေးကို ဟုတ်ပါ့မလားလို့ သံသယဖြစ်တာတို့ ၊မယုံတာတို့ စသည့် ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့် စာဖတ်သူအချို့ရဲ့ သဘောထားတွေကြောင့်ပါ။ ထိုသူများရဲ့ နာမည်ရင်းများကိုတော့ တစ်လုံးစီသာ ယူသုံးမှာပါ။ ကာယကံရှင်တို့ရဲ့ ပုဂ္ဂိုလ်ရေးကို ကာကွယ်လိုသောကြောင့်ပါရှင်။
ဦးသိန်းက ပျော်ပျော်နေတတ်ပြီး စကားပြောရင်လဲ ဟာသတွေ အမြဲပြောတတ်တာကြောင့် အလုပ်ထဲမှာရော၊ပြင်ပမှာပါ လူချစ်လူခင်ပေါတယ်။ စာရေးဆရာကြီး အော်ပီကျယ်နဲ့ ကျောင်းနေဖက်လို့ မပြောရဘူး။ အမြဲတမ်းကို ဟာသတွေ နှောပြောတတ်တာကြောင့် သူနဲ့တွေ့ရင် ပါးစပ်က မပိတ်နိုင်ဘူး။
ထိုနေ့ကလဲ ကားထဲမှာ ထွေရာလေးပါးပြောရင်း ၊ ရယ်မောနေကြရင်း ၊ သူ့ဆီကို ရောက်လာတဲ့ Email အကြောင်းဆီကိုရောက်လာတယ်။
စာပါအကြောင်းအရာက ဦးသိန်းရဲ့ သူငယ်ချင်းဖြစ်သူ ဦးဝင်းက ပိုက်ဆံလှမ်းချေးတာလေးပါ။
မေလ်ထဲမှာတော့
သူငယ်ချင်းရေ...။
ငါ အခု အနောက်နိုင်ငံဘက်ကို ခရီးထွက်လာရင်း  ပတ်စပို့အပါအဝင် ငါ့ရဲ့ ပိုက်ဆံအိတ်တွေပါ ရုတ်တရက်ကျပျောက်သွားလို့ ငါ့မှာ ပြန်လာဖို့လဲ အခက်တွေ့နေတယ်။ ဟိုတယ်ခတွေရှင်းဖို့လဲ ပိုက်ဆံမရှိတာကြောင့် အမှန်တကယ် အကူအညီလိုနေပါတယ်ကွာ။ အကယ်၍များ မင်းကူညီနိုင်မယ်ဆိုလျှင်ဖြစ် 2885 (စတာလင်ပေါင်) ကို ဟိုတယ်ကို လွှဲပြီးငွေရှင်းပေးဖို့ အကူအညီတောင်းပါရစေ။ လွှဲပေးရမည့် ဘဏ်အကောင့်ကို ထည့်ပေးလိုက်ပါတယ်။ မင်းရဲ့ ကျေးဇူးကို အမှတ်ရနေပါမည်။
စသည်ဖြစ် ရေးသားထားသည့် မေလ် တစ်စောင်ကြောင့် ဦးသိန်းမှာလဲ သို့လော သို့လောတွေ ဖြစ်သွားရတာပေါ့။ သူငယ်ချင်း ကိုဝင်းက အမှန်တကယ် အခက်ခဲကြုံရင်လဲ ကူညီရန်အသင့်ပါ။ သို့ပေမဲ့ ခရီးထွက်သွားသည် ဆိုတာလဲ အသံမကြား၍ လိုရမည်ရ ဦးဝင်းရဲက ဖုန်းကို လှမ်းခေါ်ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူက ဖုန်းဖြေပါတော့သည်။
အကျိုးကြောင်းကို မေးကြည့်တော့ ထိုမေလ်ကို သူပို့ရခြင်းမဟုတ်ကြောင်းနှင့် ယခုရက်ပိုင်းအတွင်း မည်သည့်ခရီးမျှ မထွက်ရသေးကြောင်း ပြန်လည်ဖြေရှင်းရင်း ထိုမေလ်သည်လည် မိမိမေလ်မဟုတ်ကြောင်း ခိုင်မာစွာပြောကြားခဲ့သည်။
ထိုမေလ်ကြောင့် ဦးဝင်ကိုယ်တိုင်လဲ ထိတ်လန့်သွားခဲ့သည်။ မိမိနာမည်ကို အလွဲသုံးစားလုပ်၍ ပိုက်ဆံတောင်းခံလာသောမေလ်ကြောင့် တစ်စုံတစ်ယောက်ထံသို့ ယခုခဲ့သို့ မေလ်မျိုးထပ်မံရောက်ရှိသွားပြီး ထိုသူမှာလဲ သူငယ်ချင်းဖြစ်သူ အခက်အခဲဖြစ်၍ ကူညီရန် ဝန်မလေးပဲ အကျိုးအကြောင်းမသိ ကူညီလိုက်မိပါက နှစ်ဦးနှစ်ဖက် အငြင်းပွား၊မိတ်ပျက်မှုများ၊ဆုံးရှုံးမှုများ ကြုံလာနိုင်သည်။
ထိုကြောင့် မိမိမေလ်အကောင့်ထဲရှိ သူငယ်ချင်း မိတ်ဆွေ အားလုံးထံသို့ မေလ်ဖြစ်သော်၎င်း၊ဖုန်းဖြစ်သော်၎င်း အကြောင်းကြား၍ မိမိနာမည်ဖြစ် ထိုသို့ ပိုက်ဆံတောင်းခံလာသော အီးမေလ်ဝင်လာပါက မိမိမဟုတ်ကြောင်းနှင့် မည်သည့် ငွေမျှ မလွှဲပါရန် မေတ္တာရပ်ခံခဲ့ရသည်။
ထို အလိမ်အညာမေလ်ပို့ခံရသူချင်းမှာ တစ်ဦးနှင့်တစ်ဦး ပြင်ပတွင်ပါ လွန်စွာရင်းနှီး၍ ယခုရရှိသည့် အီးမေလ်မှာ စစ်မှန်ပါသလော မေးသားချိန် ရလိုက်၍ အလိမ်အညာဖြစ်ကြောင်း အဖြေမှန်ကို သိခဲ့ရသည်။
အကယ်၍ ဦးသိန်းကသာ သူငယ်ချင်း ဦးဝင်းအတွက် စိုးရိမ်ပြီး ငွေလွှဲမိပါက သူငယ်ချင်း နှစ်ဦးနှစ်ဖက်လဲ ငွေကြေးကြောင့် အချင်းများနိင်သည်..။ အကယ်၍ ဦးသိန်းဖုန်းခေါ်ချိန်တွင် ဦးဝင်းလဲ အခြားနိုင်ငံသို့ အလုပ်ကိစ္စဖြစ်ခရီးထွက်နေပြီး ဖုန်းမကိုင်မိပါက(သို့) အကြောင်းအမျိုးမျိုးကြောင့် ဖုန်းမကိုင်ဖြစ်ပါက  ဦးသိန်းလဲ သူငယ်ချင်းဖြစ်သူအတွက် အစိုးရိမ်ပိုပြီး ငွေလွှဲမိနိုင်သည်။
ထိုနေရာတွင် အထူးသတိထားရမည့် သူများမှာ
ဘဏ်ကဒ်သုံး၍ ငွေအလွှဲအပြောင်းများ၊နှင့်စီးပွားရေးသမားများ
ခရက်ဒစ်ကဒ်သုံးသူများ
နိုင်ငံခြားသို့ ကူးလူးကား ခရီးထွက်တတ်သည့် စီးပွားရေးလုပ်ငန်းရှင်များ(သို့) ကုမ္မဏီဝန်ထမ်းများ
ဘဏ်ကဒ်၊ခရက်ဒစ်ကဒ်သုံး၍ အွန်လိုင်းဈေးဝယ်တတ်သူများ
ထိုသူများ၏ ဘဏ်ငွေဝင်၊ငွေထွက်မှုကို လေ့လာ၍ ထိုကဲ့သို ဖြစ်ရပ်များ ဖြစ်လာနိုင်ပါသောကြောင့် အထူးသတိပြုဆင်ခြေကြပါရန် ယခုပို့စ်လေး ရေးသားရင်း သတိပေးလိုက်ပါတယ်ရှင်။

မှတ်ချက်။ ။ ယခုပို့စ်လေးအား ကာယကံရှင် ဦးသိန်းထံမှ ခွင့်ပြုချက်ယူ ခွင့်တောင်းရေးသားထားခြင်းဖြစ်ပါသည်ရှင်..။ ထိုမေလ်ထဲမှ ဦးဝင်းမှ ဦးသိန်းထံပေးပို့သော အီးမေလ်အတုမှာ အင်္ဂလိပ်လို ရေးသားထားခြင်းဖြစ်ပြီး ထိုနေ့က ဦးသိန်းဆီမှ ဖတ်ခဲ့ရပြီး မြန်မာလို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်ရှင်.။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



1 comment:

  1. ကြည့်ရတာ..အကောင့်ပာက်ပြီး.လုပ်တာထင်တယ်...နောက်ပြီး.သူတို့ နှစ်ယောက်သူငယ်ချင်းအရင်းဆိုတာ
    သိမှ..လုပ်လို့ ရတာဆိုတော့..သူတို့ ကိုသိတယ်ထင်တယ်.

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်