Followers

Friday 4 May 2012

အချိန်နှင့်အတူ ပြောင်းလဲသွားခဲ့သည့် ကလေးတစ်ယောက်စိတ်ထား




(၅)နှစ်အရွယ်ကလေးတစ်ယောက် နှုတ်ဖျားက ခပ်ဖွဖွ ထွက်ကျလာတဲ့ စကားတစ်ခွန်းက
“မေမေ့ကို အရမ်းချစ်တယ်”



ထိုကလေး (၁၀)နှစ်သားအရွယ်ရောက်လာပြန်တော့ သူ့အတွေးထဲမှာ ကိန်းအောင်းနေတာက


“မေမေဟာ အရာရာကို စွမ်းဆောင်နိုင်တယ်”



(၁၆) နှစ်အရွယ်ရောက်လာရော သူတွေးမိခဲ့တာက
“မေမေဟာ နားပူအောင် အတော်လေးကို မြည်တွန်းတောက်တီးတတ်သူပါလား”



(၁၈)နှစ်ဆိုတဲ့ ကာလတစ်ခုကို ကြာမြင့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့အတွေးထဲမှာ
“ငါ အမေ့အိမ်ပေါ်က ဆင်းသွားပြီး လောကကြီးထဲမှာ အတွေ့ကြုံသစ်ရှာတာ ပိုကောင်းလိမ့်မယ်”



လောကကြီးထဲမှာ ကျင်လည်ခဲ့တဲ့ အချိန်တွေနဲ့ ပေါင်းပြီး သူရဲ့ အသက် (၂၅)နှစ်ဆိုတာ ရောက်ခဲ့ပြန်တော့ သူ့အတွေးထဲမှာ
“တစ်ချိန်က မေမေ ပြောခဲ့၊ဆိုခဲ့တာတွေက အမှန်တွေကြီးပါပဲလား”



အသက်(၃၀)လဲ ပြည့်လာပြန်တော့ သူ့အတွေးတွေက ပြောင်းလဲလာရော
“ မေမေ့အိမ်ကပဲ နွေးထွေးလုံခြုံပါတယ်လေ။မေမေ့အိမ်ကို ပြန်သွားအုံးမှ”



တဖြည်းဖြည်းနဲ့ အသက်တွေလဲကြီးလာခဲ့ပြီ။ ခုဆိုရင်တစ်ချိန်က ထိုကလေး အသက်(၅၀) ပြည့်သွားခဲ့ပြီ။ သူ့အတွေးထဲမှာလဲ ပူလောင်နေခဲ့တယ်။ သူ့ရင်ထဲမှာ တီးတိုးစကားဆိုနေခဲ့တယ်။
“ငါ မေမေ့ကို မဆုံးရှုံးချင်ဘူး”



သူ့အသက်(၇၀)အရွယ်လဲရောက်ရော သူ့ရင်ထဲက ဆုံးရှုံးမှုတစ်ခုက အရာအားလုံး ဆုံးရှုံးသွာရတာထက် ပိုခံစားနေရတယ်။ သူငြီးတွားခဲ့မိပါရဲ့။
“ငါ့မေမေကို ပြန်ရမယ်ဆိုရင် ငါ့မှာရှိသမျှ ပိုင်ဆိုင်မှုတွေနဲ့ လဲလှယ်ယူလိုက်ပါ့မယ်။ မေမေ့ကိုသာ ငါနဲ့ အတူနေစေဖို့ ငါ့လက်ထဲ ပြန်ပေးလှည့်ပါ”



ကုန်လွန်သွားခဲ့တဲ့ အချိန်တွေနဲ့အတူ မိခင်ကြီးလဲ ပျောက်ဆုံးသွားခဲ့ရပြီ။



အမေဆိုတာ တစ်ယောက်ထဲ ရှိခဲ့တာပါ။ သို့ပေမဲ့ အမေနဲ့ ပတ်သက်ပြီး ခံစားချက်အမျိုးမျိုးနဲ့ အတွေးတွေ အမျိုးမျိုး ပြောင်းလဲခဲ့ကြတယ်။
ခုချိန်မှာ သင့်မှာ အမေဆိုတာ ရှိနေသေးရင် အမေနဲ့ အတူနေခွင့်ရတဲ့ အချိန်လေးမှာ အမေ့ကိုစိတ်ချမ်းသာအောင်ထားပြီး ပြုစုလှည့်ပါ။
အမေ့ရင်ခွင်ရဲ့ နွေးထွေလုံခြုံမှုကို အမေကို လက်လွတ်ဆုံးရှုံးခဲ့ဖူးသူတွေ ပိုပြီး သိကြပါတယ်။
အမေ့ကို ပြုစုချင်တာတောင် ပြုစုခွင့်မရတော့တဲ့ အခြေအနေမျိုးမရောက်ခင်အချိန်လေးမှာ အမေနဲ့အတူနေခွင့်ရတုန်းလေး အမေ့ကို ပြုစုကြပါနော်။
အချိန်တွေများစွာနောက်ကျပြီးမှ ရတဲ့ နောင်တထက် ခုလက်ရှိရနေတဲ့ အချိန်လေးမှာ အမေ့ကို မေတ္တာပေးကြရအောင်။







..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်










1 comment:

  1. အခု အသက် ၂၀ပြည့်တော့မယ် အမေနဲ့ ခွဲနေ၇တာ ၅နှစ်ပြည့်တော့မယ် အမေ့အိမ်ပြန်ပီ အမေ ချက်ကျွေးတဲ့ထမင်း ပြန်စားချင်လိုက်တာ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်