Followers

Thursday 26 April 2012

အတူရှိမဲ့ ဘဝလေးပါ




ကျောခိုင်းကာ ထွက်သွားခဲ့သူရေ
ဟိုတစ်ချိန် ငါတို့ အတူရှိခဲ့ဖူးတဲ့
နေ့တွေ ၊ညတွေဟာ
ခုတော့ အားလုံးပျောက်ဆုံးကာ
ပုံပြင်တစ်ပုဒ်လိုပါပဲလား။
ငါ့ကို စိတ်မချဘူးလို့ တွင်တွင်ပြောခဲ့သူနင်က
ခုတော့ ငါ့နံဘေးက ရက်ရက်စက်စက်ထွက်ခွာ
နင့် ခြေရာတွေ ထင်ကျန်ခဲ့တဲ့
ငါ့နှလုံးသားကြမ်းခင်း
ဒဏ်ရာတွေထပ်လို့
စိတ္တဇညတွေမှာ
ငါကူးခတ်နေရပေါ့
အတိတ်ဟောင်းကို ငါ ပြန်ပြီ မတမ်းတချင်ပါဘူး
မရနိုင်တော့တဲ့ အရာတွေကို
မမျှော်လင့်ချင်တော့တဲ့ ငါ
အခု အလိုချင်ဆုံးက
အတူရှိမဲ့ ဘဝလေးပါ။


..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်









1 comment:

  1. ကံ မကုန်ရင် တစ်ချိန် ပြန်ဆုံရမှာပေါ့ ချစ် ရာ... ဟုတ်တယ်ဟုတ်... အားတင်းထားကွ... :D

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်