ငါမရှိတဲ့ နေ့ တွေကို နင်ဘယ်လို ဖြတ်သန်းခဲ့တာလဲ
နင်မရှိတဲ့ ငါ့ရဲ့  နေ့ တွေကတော့ ခြောက်သွေ့ လွန်းလှတယ်ဆိုတာ ကြေကွဲစွာနဲ့  သိလိုက်ရတယ်.................။
တိတ်ဆိတ်စွာ ကျဆင်းနေတဲ့ ရှိုက်သံမဲ့ မျက်ရည်တွေက
ငါပိုင်ဆိုင်တဲ့ ညတွေမှာ ငါ့ရဲ့ အဖော်မွန်ပါ...............။
ကြည်လင်သာယာတဲ့ ငါ့ရယ်သံတွေ ဘယ်လိုရှိလဲ ဆိုတာတောင်
ခုချိန်မှာ ငါ ပြန်ပြီး မမှတ်မိတော့ဘူးလေ............။
အနာဂတ်ဆိုတဲ့ တံခါးကို ဖွဖွကလေး ငါ ခေါက်ကြည့်တော့
မှိန်ပြပြ မျှော်လင့်ချက်က ခပ်ဟဟလေး ငါ့ကို ရယ်ပြနေလေရဲ့ .........။
အားတင်းထားပါ...........။
ကျနေတဲ့ စိတ်ဓာတ်တစ်ချို့ ကို ကြိုးစားပြီး ကောက်ယူလိုက်ပါလို့  ငါ့ကိုယ်ငါ အားပေးစကားတွေပြောရင်း
မနက်ဖြန်အတွက် လေလေး တစ်ရှိုက်တော့ ခိုးရှူသွင်းခဲ့တယ်............။
ငါ့ရဲ့ အတွေး ၊ ငါ့နံဘေးမှာ နင့်ကို လှဲသိပ်ရင်း
သောကတစ်ချို့  ဖြေဖျောက်ခဲ့ရသူပေါ့.........။
ငါ သိပ်ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို ကြားနိုင်ခဲ့ရင်
ငါ့ရင်ခွင်ဆီ ပြေးလာလှည့်ပါ..............။
သောက အမောဖြေဖျောက်နိုင်ဖို့ 
ငါ့နှလုံးသား အားဆေးတစ်ခွက်တော့ သောက်ဖို့ လိုနေတယ်နော်..........။
အကောင်းအဆိုး ရင်ဆိုင်နိုင်ဖို့ 
ငါ့နံဘေးမှာ ငါလိုအပ်နေတဲ့ မင်း ရှိနေပေးဖို့  အသေအချာ လိုအပ်နေတယ်..............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
လွမ်းရတဲ့ဘ၀ ကို နှိစ်သက်နေမိပါပီ အသဲကွဲတဲ့သူဟာ စာတွေအမြဲရေးနေတတ်တယ်နော် အားပေးလျှက်ပါနော်
ReplyDeleteအားမငယ်နဲ့ မေ... နင့်အနား ငါ ရှိမယ်နော်..။ :)
ReplyDeleteကဗျာလေးကိုထက်တူခံစားခဲ့ပါတယ်အလွမ်းခရီးသည်ရေ
ReplyDeleteချမ်းမြေ့ပါစေနော်...
အလွမ်းတွေနဲ့လဲဝေးပါစေလို့
c-box မတွေ့လို့ဒီမှာပြန်ရေးခဲ့တာပါ သတိရနေတုန်းလေး
ReplyDeletefollower လဲတစ်ခါထဲလုပ်ခဲ့ပါတယ်နော်
ကျေးဇူးတင်ပါတယ်ရှင်
ReplyDeleteစီဘောက်စ်ကိုတော့ မထားတာပါ.......။
ခုလို ဝင်ရောက်လေ့လာပေးတာကို ကျေးဇူးတင်ပါတယ်ရှင်