မုသာဝါဒ.............
လူတိုင်းကိုယ်စီ သုံးစွဲဖူးခဲ့ကြမှာပဲ..........
ပုတုဇဉ်တွေထဲမှာတော့ ရှောင်နေကြပေမဲ့ လွတ်ဖို့ ရာ ခဲယဉ်းတဲ့ ကံတပါး.........။
“ငါ ဘယ်တုန်းကမှ လိမ်ညာပြီးမပြောဆိုဘူး”
လို့  ပြောတဲ့သူကပင် ထိုစကားမှာတင် မုသားဝါဒ တစ်ကြိမ်ကျူးလွန်မိပြီးသား.....
လူသားတစ်ဦးအတွက် အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ မုသားသုံးမိကြမှာမလွဲပင်.......
တစ်ခါတစ်ရံ တစ်ပါးသူ အကျိုးတစ်စုံတရာအတွက် မုသားသုံးဖြစ်ခဲ့တယ်.......။
တစ်ခါတစ်ရံ မိမိအကျိုးတစ်စုံတစ်ရာအတွက် မုသားသုံးခဲ့ရတယ်..........။
တစ်ခါတစ်ရံ
ကလေးငယ်တွေကို မသွားသင့် မစားသင့်တာလေးတွေအတွက် မုသားသုံးပြီး
ပုံပြင်တစ်ပုဒ်ပမာ လှည်ပတ် ပြောဆိုခဲ့ရင်း မုသားကို
သုံးဖြစ်ခဲ့ကြတယ်.......။
တစ်ခါတစ်ရံ သက်ကြီးရွယ်အိုတွေနဲ့  မုသားသုံးဖြစ်ခဲ့ကြပြန်ပါရော...
သူတပါးအကျိုးအတွက် သုံးဖြစ်ခဲ့တဲ့ မုသားတစ်စုံတစ်ရာ..........
မိမိအကျိုးအတွက်သုံးဖြစ်ခဲ့တဲ့ မုသားတစ်စုံတစ်ရာ...........
ကောင်းမွန်စေလိုသော စေတနာနှင့် သုံးခဲ့တဲ့ မုသား..........
အကြောင်းကြောင်းသော အကျိုးအတွက် သုံးဖြစ်သွားတဲ့ မုသား...........
လိမ်ညာပြောဆိုခြင်းကို
မနှစ်သက်ပါလို့  သတိရှိရှိနဲ့ ရှောင်ကျည်သူတွေ ရှိနေသလို
လိမ်ညာပြောဆိုခြင်းထဲမှာပဲ မွေ့ လျော်နေသူတွေကလဲ ဒုနဲ
့ဒေးပါပဲ.............
သူတပါးကို ကောင်းစေချင်၍ လမ်းမှန်ရောက်စေချင်၍ သုံးဖြစ်ခဲ့သည့် အဖြူရောင်မုသား....
ထိုအရာသည်လဲ မုသားပင်တည်း...........။
သူတပါး အကျိုး ပျက်စီးစေချင်၍ သုံးလိုက်သည့် မုသား
မဲညစ်ကောက်ကျစ်သည့် အမဲရောင်မုသား...........။
စနောက်လို၍ သုံးလိုက်မိသော မုသားတစ်စုံတစ်ရာကြောင့်
တစ်ပါးသူ ပျက်စီးရာရောက်ခဲ့သည်လဲ ရှိခဲ့ဖူးမည်....။
မိမိက မရည်ရွယ်ခဲ့ပေမဲ့ တစ်ပါးသူ လမ်းလွှဲသွားခဲ့ရတာမျိုး ရှိခဲ့ဖူးမည်...။
အလိမ်အညာ
စကားလုံးတွေ အောက်မှာ ပျော်မွေ့ နေသူတွေက စကားလုံးအလိမ်အညာတွေ သုံးပြီး
တစ်ပါးသူကို လှည့်ပတ်နေရတာကိုပင် ပျော်မွေ့ နေပြီး မိမိလိမ်ညာနေတဲ့
အကြောင်းအရာတွေကို မယုံယုံအောင်ပြော...
ထိုသို
့ပြောနေရင်းမှ မိမိကိုယ်တိုင် ထို အလိမ်အညာဇာတ်ကောင်ထဲ စိတ်ကိုနှစ်ရင်း
စိတ်ကြီးဝင် အဟုတ်ကြီးမှတ်ကာ ထိုအလိမ်အညာအောက်မှ မထွက်တော့ပဲ
လိမ်ပြီးရင်လိမ် ညာပြီးရင်ညာရင် တစ်ရစ်ပြီးတစ်ရစ် တွယ်ကာငင်လျှက် ကိုယ်ဟာ
မုသားကောင်းလုံးလုံးကြီးဖြစ်နေတာကိုတောင် ကိုယ့်ဘာသာကိုယ်
သတိမထားနိုင်သူတွေကလဲ အများအပြား...........
သံသရာစက်ဝန်းဆိုတဲ့
လှည့်ပတ်နေတဲ့ ကာလတစ်ခုမှ ကိုယ်က သူတစ်ပါးကို ထိုသို့  ပြုမူခဲ့လျင်
ကိုယ်ကိုယ့်လဲ သူတစ်ပါးက တူသောအကျိုးနှင့် ပြုမူခဲ့မည်မှာ မလွဲပင်.........
ထိုအတွက်
မိမိသည် မုသားဝါဒကို ချစ်မြတ်နိုးပြီး သုံးစွဲခဲ့လျှင် မိမိကိုလဲ
တစ်စုံတစ်ယောက်က သူချစ်မြတ်နိုးသော မုသားဝါဒ တစ်ခု
လက်ဆောင်အဖြစ်ပြန်လည်ပေးလာမည်ကို လက်ခံယူရမည်ပင်.............။
သင်................
ထိုတစ်လက်ဆောင်ကို လက်ခံယူချင်ပါသလား.............။
သင်...................
မုသားဝါဒကို ချစ်မြတ်နိုးစွာ လိုချင်ပါသလား............။
သင်..........................
မုသားဝါးကို ချစ်မြတ်နိုးစွာ သုံးနေပါသလား............။
သင်..............
မုသားဝါဒကို ထွေးပွေ့ ထားနေတုန်းလား...............။
တွေးဆကြံစည်ရင်း....
စွဲလမ်းနေတဲ့ မုသားဝါဒ တစ်စုံတစ်ရာကို တူတူ စွန့် လွတ်ကြရအောင်နော်............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်