Followers

Saturday, 15 October 2011

သူစိမ်းနှစ်ဦးကြားက စာနာခြင်း မြဲကြပါစေ

တစ်ကြိမ်တစ်ခါမှ မမြင်ဘူးကြတဲ့ သူစိမ်းနှစ်ယောက်

 သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်သွားကြာတာ

ဝမ်းသာစရာ သတင်းပါ..............။

အရမ်းရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေနှစ်ဦး

သူစိမ်းတွေ ဖြစ်သွားခဲ့ကြမယ်ဆိုရင်တော့

အခြေအနေတွေက ဝမ်းနည်းစရာကောင်းလွန်းလှပါတယ်..............။

ချစ်စကို ရှည်စေ

မုန်းစကို တိုစေ..............။

ရန်သူ ရဖို့ ဆိုတာ လွယ်ကူပေမဲ့

ချစ်ခင်သူရဖို့ ရာ ခက်ခဲလွန်းလှပါတယ်..........။

အတုအယောင် မိတ်ဆွေများကို စွန့် လွတ်ပြီး

မိတ်ဆွေ စစ်ရဲ့  လက်ကို မြဲမြဲ ဆုပ်ကိုင်ပါ....။

မကောင်းသော စကားပြောဆိုခြင်းမှ ကွာဝေးစွာ နေထိုင်ကာ

ဝမ်းနည်း အားငယ်မှုတွေကို ကြင်နာစွာ နှစ်သိမ့်ပေးပါ


ဥပက္ခာတရားကို လစ်လျူ

ဂရုဏာတရားလက်ကိုင်ထား

စာနာခြင်းများ ဒီခန္ဓာမှာ မြဲကြပါစေ..........။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်









0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်