Followers

Saturday 10 September 2011

ချစ်သူ ရှိခဲ့ဖူးတာ အပြစ်လား

ချစ်သူ တစ်ကြိမ်တစ်ခါ ရှိခဲ့ဖူးတာ အပြစ်လား...............။

အကြောင်းမတိုက်ဆိုင်လို့  လမ်းခွဲခဲ့ဖြစ်သွားတာ အပြစ်လား..........။

ရရှိခဲ့တဲ့ နာကျင်ခြင်းတွေနဲ့  ဒဏ်ရာပလပွ ပွနေတာ ကိုယ့်အမှားတစ်ခုမှ မပါပဲ လမ်းခွဲဖြစ်ခဲ့တဲ့ ချစ်သူကွဲခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်မှာ အပြစ်ရှိလား.....။

ကိုယ့်ဒေသ မဟုတ်တဲ့ ဒေသ တစ်ခုမှာ ဆုံတွေ့ ပြီး အမှတ်မထင် ချစ်သူဖြစ်သွားခဲ့ရတဲ့ ပထမဆုံးချစ်သူ............။

ချစ်သူ ဖြစ်ပြီး ချစ်သူသက်တမ်း (၂)ပတ်လောက်အကြာမှာ သူမ ချစ်ခဲ့တဲ့ ချစ်သူဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ်က အိမ်ထောင်ကျခဲ့ပြီး အကြောင်းမတိုက်ဆိုင်လို့  လမ်းခွဲခဲ့သူဆိုတာ ထိုသူဆီက ဖွင့်ဟ ဝန်ခံတာ မဟုတ်ပဲနဲ့  သူ့ ပတ်ဝန်ကျင်မှ တစ်ယောက်သောသူကြောင့် သိခဲ့ရတယ်........။

သူမ ကြေကွဲခဲ့ပါတယ်.........။

သူဟာ တစ်ခုလပ်မို့ လား........။ မဟုတ်ပါ.............။

အချစ်မှာ ပျိုတယ်အိုတယ်ဆိုတာ မရှိပါ .....။ သူ အိုအိုပျိုပျို သူမ ချစ်မှာပင်........။

ထိုအတွက်ကြောင့် ကြေကွဲရခြင်းမဟုတ်ခဲ့ပါ........။

သူမကြေကွဲခဲ့တာက ဒီသတင်းကို အမှန်တိုင်းမပြောပြပဲ သူမ တစ်နေရာက ကြားလာတဲ့အထိ ဖုံးကွယ်ထားတဲ့ အဖြစ်လေးပါ........။

သူမကို ရေရှည်အတွက်မရည်ရွယ်ခဲ့လို့  သူ့ ရဲ့  နောက်ကွယ်က ရှိခဲ့တဲ့ အကြောင်းကို ဖုံးကွယ်ထားခဲ့ခြင်းပေါ့......။

တစ်ခွန်းသော တောင်းပန်စကားကိုမျှ မဆိုခဲ့တဲ့ ချစ်သူကို သူမကပဲ ချစ်တဲ့ စိတ်တွေနဲ့  ခွင့်လွတ်ပေးခဲ့ပါတယ်......။

ဒုတိယ အကြိမ် ကြေကွဲမှုကတော့................

သူမ ချစ်ခဲ့တဲ့ ချစ်သူမှာ အိမ်ထောင်ကွဲပြီး လေးနှစ်အကြာ နောက်ထပ် ချစ်သူတစ်ယောက် ရှိနှင့်ထားတာကို မပြောပဲ ဖုံးကွယ်ပြီး သူမကို ချစ်ရေးဆိုခဲ့တာလေ....။

ထပ်ပြီးကြေကွဲရတာပေါ့.............။

ပြီးတော့ မထင်မှတ်ပဲ သိလာရတာ သူချစ်သူနဲ့  သူမက ဝေးကွာနေတဲ့ သူငယ်ချင်းတွေလေ.........။

နောက်ပိုင်းမှာ ပြန်ဆုံကြတော့ ပထမလူ ရင်ဖွင့်လာသမျှကို ဒိုင်ခံနားထောင်ပေးနေရတာ ဒုတိယနေရာမှာ ရှိတဲ့ သူမတဲ့...........။

ဘယ်လို နှလုံးသားနဲ့  နားထောင်ပေးနေရမလဲဆိုတာ ကိုယ်ချင်းစာပေးပါ...........။

ဘာမှ မသိရှာတဲ့ ပထမလူကို ငှဲ့ ညှာပြီး ဆုံးဖြတ်ချက် တစ်ခုနဲ့  သူမ လမ်းခွဲခဲ့တာလေ...........။

လပေါင်းများစွာ ချစ်သူနဲ့ သူငယ်ချင်းကြား ဆုံးဖြတ်ရခက် ဒီရင်ထဲက ခံစားချက်တွေက ကိုယ့်ရင်ထဲက ဝေဒနာတောင်မမြင်နိုင်လောက်အောင်ပါပဲ.............။

ဘဝအမောတွေနဲ့  နှလုံးသားနုနု တစ်စုံအပေါ်ကျရောက်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို သူမ အလူးအလဲ ခံစားခဲ့ရပါသည်....။

စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ ဘဝပေးတာဝန်တွေကြောင့် ကိုယ့်ကိုကိုယ် ယိုင်နဲ့ မသွားအောင် ထိန်းကျောင်းရင်း အလုပ်ထဲမှာပဲ စူးစိုက်အာရုံ ပြုခဲ့တော့တယ်................။

အချစ်ဆိုတဲ့ စကားလုံးတစ်ခုကိုတော့ သူမ ကြောက်လန့် သွားခဲ့ရပြီး...........။

အင်းးးးးးးးးးး ကာလတစ်ခု အတိုင်းအတာအထိပေါ့........။

ဒါပေမဲ့လဲနော်........... ဘယ်တော့မှ မသေဆုံးနိုင်တဲ့ အရာထဲမှာ အချစ်ဆိုတာလဲ ပါဝင်ပါတယ်......။

နေရာဒေသ ပေါက်ရောက်ရာနေရာသာ ကွဲလွဲသွားပါလိမ့်မယ်..........။ အချစ်က မသေဆုံးနိုင်ပါဘူး.......။

ဖြတ်ကျော်သွားတဲ့ အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ သူမ ရင်ခွင်သစ်တစ်ခုကို ထပ်ပြီးတွေ့ ရှိပြန်တယ်..........။

မရရှိခဲ့ဘူးတဲ့ အကြင်နာကို ချိုမြိန်စွာ မှီဝဲစားသုံးရင်း သူမရဲ့  အတွေ့ အကြုံတွေကိုလဲ ရိုးသားစွာ ဖွင့်ဟ ဝန်ခံခဲ့တယ်.......။

တစ်နေ့  မထင်မှတ်ပဲ သူမ ယုံကြည်ကိုးစားသူက သူမကို စကားတစ်ခွန်းပြောလာတယ်.........။

“ရှေ့ ကလူ ဆွဲစားထားတာကြီးတဲ့”

ကြားရတဲ့ သူမနားကိုတောင် သူမမယုံနိုင်ခဲ့ပါ.......။ ဒီလိုပြောလာခဲ့မယ်ဆိုတာကိုပါ.........။

ပြောရက်လိုက်လေခြင်း..........။ သူမရဲ့  အရှက်တရား ၊ သိက္ခာတစ်ခုအတွက် သူမဟာ ဒီလို လွယ်ကူတဲ့သူလား.....။

မိန်းကလေးတစ်ယောက်ချစ်သူရှိခဲ့ဖူးတာနှင့်ပဲ ယုံကြည်စရာမကောင်းတော့ဘူးလား...။

ချစ်သူရှိတာနှင့်ပဲ ဘဝကို ပုံပေးရမတဲ့လား...........။

သူမ ထိုသို့ အဖြစ်မခံနိုင်ပါ.........။

ချစ်သူကို ဘဝပုံပေးမည့်သူ စာရင်းထဲ သူမ မပါခဲ့ပါ.......။

ဒါကို ချစ်သူ သိသင့်ပါသည်.........။

သူမ ထို ချစ်သူကို အရမ်းချစ်မိနေပြီ ဖြစ်သောကြောင့် ထိုချစ်သူ နားလည်အောင် ပြောချင်သည့် စကားတစ်ခွန်းကတော့ ..........


“သူမသည် မြန်မာမိန်းကလေး မိမိ၏ တန်ဖိုးရှိလှတဲ့ အပျိုစင်ဘဝကို ချစ်သူဆိုသော စကားလုံးအောက်တွင် လဲလှယ်ယူမည့်သူ မဟုတ်” ဆိုတာကိုပင်...........။

လုံခြုံစွာ ကာကွယ်ထားတဲ့သူမ အတွက် တစ်ကြိမ်တစ်ခါ ချစ်သူရှိခဲ့ဖူးခြင်းသည် အပြစ်လား.......???????

***********မေသဇင်***********


မှတ်ချက်။      ။
တစ်ယောက်သော သူ၏ ဖြစ်ရပ်မှန်....။
ကွန်မန့် ပေးရာတွင်
ကျေးဇူးပြု၍ ထိုယောင်္ကျားသားတို့ ၏
ကောင်း၏ ဆိုး၏ကို အပြစ်တင် ဝေဖန်ပြောဆိုခြင်းမပြုကြပါရန်
မေတ္တာရပ်ခံပါသည်........။
သူမဆိုသောထိုသူ လိုအပ်နေသည်မှာ သူမလေးအတွက် နွေးထွေးသော နှစ်သိမ့်မှုလေးသာတည်း..။
ထိုသူမလေး ကြေကွဲနေရှာ၏.......။



3 comments:

  1. ဖတ်သွားပါတယ် ကောင်မလေးမှန်ပါတယ်
    တော်တော်များများပေါ့လေ ကျွန်တော်ကြားဖူတာကိုပြောတာနော်
    အခုစာထဲကကောင်မလေးလိုမဟုတ်ဘူးခင်ည :P

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်