ချစ်သော သူငယ်ချင်းရေ.................

နင်နဲ့  ငါ့ကြားကို ခွဲခွာခြင်း ဆိုတဲ့ တံတိုင်းတစ်ခု အခြားခံရပြန်ပြီး............။
အရင်က နင် ထွက်သွားမယ် ဆိုတိုင်း ငါ ငိုကြွေးခဲ့တယ်..........။
ငါ ဝမ်းနည်းခဲ့တယ်...............။
နင့်ကို ဘယ်တော့မှ မတွေ့ ရတော့ဘူးလို့  ငါ တွေးနေမိပြီး နင်နဲ့ မခွဲခင်ကတည်းကနေ ကြိုလွမ်းခဲ့မိတဲ့ အချိန်တွေက အကြိမ်ကြိမ်ပါပဲ..............။
ဒါပေမဲ့ နင့်ငါ့အနားကို အမြဲပြန်ရောက်ခဲ့တယ်နော်............။
ခုတစ်ခါလဲ ခွဲခွာမယ်ဆိုပြီး နင် နှုတ်ဆက်နေပြန်ပြီး............။
ဒါပေမဲ့ ဒီတစ်ကြိမ် ငါ ငိုမနေတော့ဘူး.............။
နင်ပြန်မှာကို မယုံကြည်လို့ လားလို့  နင်မေးတော့မယ် မဟုတ်လား...........။
နင်ပြန်မှာကို မယုံကြည်လို့  မဟုတ်ပါဘူး...။ ဒီတစ်ကြိမ် နင်ပြန်မယ်ဆိုတာကို ငါ ယုံကြည်ပါတယ် သူငယ်ချင်း.......။
ဒါပေမဲ့ ဘာကြောင့် ငါ ဝမ်းမနည်းတာလဲ ဆိုတာတော့ ငါ ပြောမပြတတ်ဘူး.......။
ငါ့ကိုယ်ငါပဲ သိလိမ့်မယ်............။
ငါတို့ တွေ ပြိုလဲနေတဲ့ လမ်းတစ်ခုပေါ်မှာ တစ်ယောက်ကို တစ်ယောက် ဖေးမကြရင်း လမ်းအတူ လျှောက်ခဲ့ဖူးကြတယ်..............။
ပွင့်အန်လာတဲ့ ခံစားချက်တွေနဲ့ တစ်ယောက်ပခုံးပေါ် တစ်ယောက် မေးတင်ရင်း အတူငိုကြွေးခဲ့ဖူးကြသလို
တစ်ယောက်ပုခုံးတစ်ယောက်ထိုးပေးရင်နဲ့ လဲ နှစ်သိမ့် ပေးခဲ့ကြဖူးတယ်........။
မကျေနပ်တာတွေကို နင်နဲ့ ငါ အပြိုင် အော်ပြီး ရန်ဖြစ်ခဲ့ကြသလို နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့  စွာတေလန်အောင် ရန်ဖြစ်တတ်တဲ့ နင့်ကို အနိုင်မယူနိုင်တဲ့
ငါက ခြေစောင့် စိတ်ကောက်ပြီး ကွန်ပြူတာ ပိတ်ချလိုက်တဲ့ အကျင့်ဆိုးနဲ့  ပွဲသိမ်းလေ့ရှိတယ်နော်..........။
ရန်ဖြစ်တိုင်း လက်ပါတတ်တဲ့ငါက အဝေးက နင့်ကို ဆော်ပလောတီးခွင့်မရတိုင်း လောက်စလုံးနဲ့  လှမ်းပြစ်မယ်လို့ ကြိမ်းဝါးနေတာ အကြိမ်ပေါင်းများလို့  ကောင်းကင်မှာ ပျံနေတဲ့ ငှက်တွေတောင် လောက်စလုံးဆိုတာ ကြောက်စရာ လက်နက် မဟုတ်တော့ဘူးလို့  ပြောလာကြပြီး......။
သူငယ်ချင်း အချင်းချင်း အူပုတ်ပြီး မပြောဖြစ်ခဲ့တဲ့ ငါ့ရင်ထဲက စကားတစ်ခွန်းကတော့လေ
နင့်ရဲ့  အများအတွက် အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ကို လေးစားတယ်........။
အများအတွက် အပင်ပမ်းအဆင်းရဲခံပြီး မအိပ်မနေ ကြိုးစားပေးခဲ့တဲ့ နင့်ရဲ့  စေတနာတွေကို အလေးထားတယ်....။
အတန်းပညာမတတ်ခဲ့ဘူးလို့  နင်ပြောခဲ့ပေမဲ့ နင့်ရဲ့  မြင့်မားတဲ့ လေ့လာမှုစွမ်းအားတွေ အတွက် ငါ ဂုဏ်ယူတယ်.....။
နင်ပြန်တော့မယ်လို့  ခဏ ခဏ နှုတ်ဆက်ပြီး ပျောက်ပျောက်သွားတဲ့အတွက် သူငယ်ချင်းတွေကတော့ မယုံကြတော့ဘူး.......။
လျှပ်စစ်တစ်စီး လေတစ်ဝှေ့ မှာ ကလောင်သစ်နဲ့  ပြန်လာမယ်ဆိုပြီး တွေးနေကြပေမဲ့ နင့်အကြောင်းသိတဲ့ ငါကတော့ ယုံတယ် အညို........။
အဝေးကို ပျံသန်းတော့မဲ့ နင့်အတွက် ကံကောင်းခြင်းတွေ ဝဲပျံလာပါစေလို့ ပဲ ဆုတောင်းပေးလိုက်ပါတယ်........။
နင်လိုချင်တဲ့ နွေးထွေးတဲ့ မေတ္တာတွေကို ပိုင်ဆိုင်နိုင်ပါစေနော်........။
အညို............
ငါလေ ရင်ထဲက စကားလုံးများစွာ အိပ်သွန်ဖာမှောက် ပြောချလိုက်ချင်ပေမဲ့ ပြောမထွက်ခဲ့ဘူး....။
ချစ်သူ ငယ်ချင်းရေ ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့နော်...........။
ခွဲခွာခြင်းအတွက် ပြန်ဆုံခြင်းဆုတာကလဲ ရှိနိုင်ပါတယ်.............။
သံသရာ စက်ဝိုင်းထဲမှာ ဆုံမှတ်ကတော့ တစ်နေရာထဲပါပဲ.........။
ကောင်းကင်နဲ့  မြေပြင်ထိစပ်နေသလို သမုဒ္ဒရာရေပြင်ဟာလဲ တစ်သားထဲပါပဲ...........။
ငါတို့  တစ်နေ့ ပြန်ဆုံကြမှာပဲ.............။
တစ်နေ့ နေ့  တစ်ချိန်ချိန် တစ်နေရာရာမှာပေါ့.......။
နင့်ရဲ့  အပျင်းပြေရန်ဖြစ်ဖက် သူငယ်ချင်း

0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်