Followers

Sunday 18 September 2011

အချစ်=အလွမ်း

ချစ်သူနှစ်ဦးကြားမှာ ခွဲခွာခြင်းဆိုတာ အဆိပ်ပြင်းတဲ့ သေမင်းတမန် လက်နက်တစ်ခုလိုပါပဲ..........။

ချစ်ကြပြီဟေ့ဆို တူနှစ်ကိုယ်ကြား လေတိုးမှာတောင် စိုးရိမ်နေကြသေးတာမို့  ရေမြေတွေ ခြားပြီး ဝေးနေသူတွေအတွက်ကတော့ အလွမ်းဆိုတာ အရင်းနှီးဆုံး မိတ်ဆွေပါပဲ...............။


မပြေလည်တဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့  ကြိုးစားရုန်းကန် ရပ်တည်နေကြတဲ့ ချစ်သူတွေ အတွက် “တစ်နေ့ ”ဆိုတဲ့ မြင်နိုင်စွမ်း မရှိသေးတဲ့ ဆုံစည်းမှုပန်းတိုင်း တစ်ခုကို စိတ်ဝယ်မှန်းဆရင်း မျှော်လင့်ချက်တွေကို အဖန်တလဲလဲ ပြန်လည် အသက်သွင်းနေရတာ တစ်ခါတစ်လေတော့ ပင်ပမ်းလွန်းလှပါတယ်.............။

ဝေကွာခြင်းဆိုတဲ့ နှူံးတင်မြေတွေ တစ်ရစ်ခြင်း တစ်ရစ်ခြင်း တက်လာခဲ့လို့  ရင်တစ်ခုလုံးလဲ မြေနုလွင်ပြင်ကြီး ဖြစ်လို့  ခံစားချက် လှိုင်းတံပိုးတွေ တဗိုင်းဗိုင်းအရိုက်ခံနေရတာ ခွဲနေကြရတဲ့ ချစ်သူတွေ ခံစားသိရှိကြမှာပါ.......။

ဝေးတစ်နေရာက ကြားလာရမည့် ချစ်သူ့ သတင်း .......စာတစ်စောင် ၊ဖုန်းတစ်ခေါ်ကို မျှော်လင့်တစ်ကြီးစောင့်မျှော်နေရတဲ့ အချိန်တွေက အသက်တစ်ကြိမ်စီ ရှူရှိုက်လိုက်စဉ်တိုင်းမှာ မျှော်လင့်ချက်က ငွေ့ ငွေ့ လေး ကပ်ပါလာစမြဲ............။


အလွမ်းဆိုတဲ့ ရသကို ချစ်တတ်သူတွေကသာ ခံစားတတ်တာလေ.........။
ပိုချစ်တတ်ရင် ပိုလွမ်းတတ်ပြီး ပိုခံစားရတာမို့  မချစ်တတ်တာပဲ ကောင်းပါတယ်လို့  တွေးနေမိပေမဲ့ တစ်ယောက်သောသူကို ချစ်နေရပြီ ရင်ခုန်နေရတဲ့ ကြည်နူးခြင်းတွေကလဲ နှစ်သက်စရာမို့  မချစ်ပဲလဲ မနေနိုင်ကြပြန်ပါဘူး.........။

ရင်ထဲကို အချစ်ဝင်ရောက်ခိုလှုံလာပြီးဆိုလျှင်ဖြစ် အချစ်နဲ့  သိပ်သည်းဆတွေတူညီနေတဲ့ အလွမ်းဆိုတာလဲ အချစ်နဲ့  တူတူ ခိုလှုံလာမှာပါပဲ............။

အချစ်နဲ့  အလွမ်းဆိုတာ တကယ်တမ်းတော့ ထပ်တူညီတဲ့ ခံစားမှုလေးတစ်ခုပေါ့............။

အချစ်ရှိရင်အလွမ်းလဲရှိမယ်..........။

အလွမ်းကို ရင်မှာပိုက်ပြီး ပူဆွေးနေမဲ့အစား အမြန်ဆုံး ဆုံစည်းခွင့်ရအောင် ကြိုးစားအားထုတ်ပြီး လွမ်းလို့  ငိုချင်းချနေတဲ့ အချိန်တွေအတွက်ကိုတော့ ပြန်လည်ဆုံဆည်းတဲ့တစ်နေ့ သော အနာဂတ်တစ်ခု လှပဖို့  စွမ်းဆောင်လိုက်ကြတာပေါ့.............။



************မေသဇင်***********


0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်