ပထမဆုံး မေ့ကိုယ်မေ မိတ်ဆက်ပါရစေ...............။
မေက ကရင်ပြည်နယ် ဒေါနတောင်ခြေက မထင်မရှား ကျေးတောရွာလေးမှာ ကြီးပြင်းလာခဲ့သူပေါ့.........။
တောဓလေ့
တောသဘာဝထဲမှာ ကျင်လည်လာခဲ့ရင် မြို့ ကြီး ပြကြီးကို စိတ်ကူးယဉ်ပုံဖော်
စိတ်ကူးပန်ချီတွေ အကြိမ်ကြိမ်ရေးဆွဲခဲ့ဖူးတယ်..............။
ဖိနပ်မပါ ခြေဗလာနဲ့  ရွာရိုးကိုးပေါက် လျှောက်ခါ သွားခဲ့တာလဲ အကြိမ်ကြိမ်ပါပဲ...........။
သာမန်ဆင်းရဲတဲ့ မိသားစုမှ လူဖြစ်ခွင့်ရလာတဲ့မေ ခြိုးခြံချွေတာရင်း တစ်ခါတစ်ရံ အဝတ်ရေစို လဲစရာအပိုတောင် မရှိခဲ့သူလေ............။
ရေနံချေးဝနေတဲ့
ရေနံဆီမီးခွက်မှိန်မှိန်အောက်မှာ ဆည်းပူးလာခဲ့တဲ့ စာတွေကို ရွတ်အံရင်း
မေ့ရဲ့  နေ့ တွေက မရိုးနိုင်တဲ့ ထပ်တူညီချင်းတွေနဲ့  ကုန်ဆုံလာခဲ့ရင်းနဲ
့သာ.............။
ခေတ်တစ်ခေတ်ရဲ
့ ရေစီးချောင်းထဲမှာ ကွန်ပြူတာဆိုတာ လူတိုင်းရဲ့  ပါးစပ်ဖျားထဲမှာ
ခိုတွဲနေချိန် ၊ ရွယ်တူ သူငယ်ချင်းတွေ မြို့ ပေါ်တက်ပြီး ကွန်ပြူတာဆိုတဲ့
ပညာရပ်ကို သွားရောက်ဆည်းပူးနေချိန်မှာ မေ့အတွက်ကတော့ အိပ်မက်ထဲတောင်
ထည့်မက်ခွင့်မရခဲ့တဲ့ အခြေအနေနဲ့ ပေါ့..........။
ပညာကို
အာသာငမ်းငမ် လိုချင်နေတဲ့ အရွယ်မို့  မေလဲ သင်ယူခဲ့ချင်ပေမဲ့ ဘဝက ပေးလာတဲ့
အခြေအနေတွေနဲ့ မို့  အခွင့်အရေးတစ်ခုတောင်ဆိုပြီး မိဘကို အပူကပ်ရမှာတောင်
မဝံ့ရဲခဲ့ပါဘူး...........။
သင်ယူတတ်မြောက်လာတဲ့
အတန်းပညာတွေကို စာရင်းချုပ်ကြည့်လိုက်တော့ နောက်ဆုံးစားရင်းကျန်
ခပ်ထူထူစာရွက်တစ်ရွက်ပေါ်က လက်မှတ်တစ်ခုနဲ့  အများက ခေါ်ဆိုတဲ့ ဘွဲ
့လက်မှတ်တဲ့..........။
ဒါဟာ သင်ကြားတတ်မြောက်လာတဲ့ ပညာရေးစားရင်းချုပ်ပါ.......။
ဘဝအာမခံ လက်မှတ်မဟုတ်သလို ရေရာတဲ့ အလုပ်ထောက်ခံစာလဲ မဟုတ်ခဲ့ပါဘူး.......။
မွန်းကြပ်လွန်းတဲ့ အကြပ်အတည်းတွေနဲ့  ဖြတ်သန်းလာရတဲ့ ဘဝအခက်အခဲတွေကြောင့်....
စူးစမ်းလေ့လာတတ်တဲ့
အရွယ်မှာ စွန့် စားလိုစိတ်တစ်ခုထဲနဲ့  မွေးရပ်မြေက ထွက်ခွာလာပြီး
လူမျိုးခြားတွေအလည်မှာ ဘဝရပ်တည်မှုအတွက် အံကိုခဲ ကြံ့ ခိုင်အောင်ရပ်တည်ရင်း
စွမ်းအားရှိသလောက်နဲ့  မယိုင်လဲအောင် တည့်မတ်လာခဲ့ရတဲ့ အခြေအနေတွေနဲ့ 
.....
တစ်နေ့ တာ
ကုန်ဆုံးသွားတဲ့ ဒုက္ခတွေကို ကျောခင်းအိပ်ရင်း နောက်တစ်နေ့ မှာ ကြုံတွေ
့လာနိုင်တဲ့ အခက်အခဲတွေအတွက် အားမွေးယူနေရတဲ့ အခြေအနေက
သံသရာတစ်ခုပမာ......။
ရပ်တန့် လို
့မရတဲ့ ကြိုးစားအားထုတ်မှုတွေထဲမှာ တစ်ချိန်က စိတ်ကူးယဉ်ခွင့်မရခဲ့တဲ့
ကွန်ပြူတာ ဆိုတဲ့ ဝေါဟာရတစ်ခုကို အသက်ပြန်သွင်းရင်း လမ်းတစ်ခုပေါ်
မှုန်ဝါးဝါးအစပြုလျှောက်ခဲ့ရင်းမှ ဒီလမ်းလေးပေါ်မှာ တမ်းတ
စွဲလမ်းတတ်လာခဲ့ပြီး......။
မေ သင်ယူခဲ့တဲ့ ဒီပညာလေးကြောင့် ဘဝရဲ့  အခက်အခဲတစ်ချို့ ကို ချိုမြမြ ဖြတ်သန်းနိုင်လာခဲ့ပြီ.....။
ငယ်ငယ်လေးထဲက ဝါသနာပါလာခဲ့တဲ့ စာရေးခြင်းဆိုတဲ့ ဝါသနာမျိုးစေ့ကိုလဲ ဒီမြေမှာ စိုက်ခွင့်ရခဲ့ပြီ..........။
သင်ယူခွင့်ရဖို
့ကိုတောင် စိတ်ကူးယဉ်ခွင့်မရခဲ့တဲ့ အခြေအနေကနေ ခုဆိုရင် ဝက်ဘ်ဆိုဒ်
တစ်ကာလှည့်ပြီး ယောင်းမတစ်ချောင်းလို ဟိုလိုက်မွှေ ဒီလိုက်မွှေ ရင်း
လေ့လာတတ်နေခဲ့ပြီ........။
မနက်မိုးလင်းလို့  အိပ်ရာက နိုးတယ်ဆိုတာနှင့် လက်က ကွန်ပြူတာကို ဖွင့်နေလျှက်သား အခြေအနေမျိုးထိ စွဲလမ်းနေမိခဲ့ပြီး.........။
ဒီလို အခြေအနေမျိုးနှင့်မေ...................
ခုချိန်မှာ မေ ချစ်တဲ့ ရွာကို ပြန်ချင်လားမေးရင် မေရဲ့  တွေဝေနေတဲ့ မျက်နှာကို ခဏတော့ မြင်ရလိမ့်မယ် ထင်ပါရဲ့ ..........။
ဒါပေမဲ့ မေ ရွာကို ချစ်တယ်..............။
မေ ရွာမှာနေတုန်းက PC တစ်လုံးမရှိခဲ့ဘူး.........။
ဒါပေမဲ့
မေတို့ ရွာမှာ ပေစိလို့ ခေါ်တဲ့ တောစီစစ်ဖိနပ်ကို နွေမိုးဆောင်း စီးပြီ
ဘောင်းဘီတိုနဲ့  စွပ်ကျယ်လက်ပြတ်ကို အချိန်ပြည့်ဝတ်တတ်တဲ့ ခပ်ဂေါက်ဂေါက်
ပေစိ တော့ ရှိတယ်လေ.......။
မေ့ရွာမှာ ခုလို (၂၄ )နာရီ လျှပ်စစ်မီးမရှိဘူး........။
စွမ်းအင်ချွေတာတဲ့ သဘာဝအလင်းနဲ့  ရေနံဆီမီးခွက်ရှိတယ်......။
ဒီတော့ ခုလို အိပ်ပျက်ညတွေထဲမှာ အချိန်မကုန်တော့ဘူး...........။
မေ့ရွာမှာ နက်(Net) မရှိဘူး...............။
ဒါပေမဲ့ နတ်တွေတော့ရှိတယ်.........။
(၃၇)မင်းတောင်မကဘူး.........။စုံနေတာများ ဆိုင်းသံဗုံသံတွေက တညံညံ........။
ကမ္ဘာကြီး ရွာကြီးဖြစ်လားမဖြစ်လား မသိနိုင်ပေမဲ့ ဒီရွာကြီးကတော့ သူ့ ရွာနှင့်သူ တစ်ကမ္ဘာသီးသန့် ပမာ.....။
မေ့ရွာမှာ ဝက်ဘ်(Web) မရှိဘူး...........။
ဒါပေမဲ့ မနက်မိုးလင်းရင် တိုးပြီး ဝယ်ရတဲ့ တစ်ဆိုင်ထဲသော ဝက်သားဆိုင်တော့ သေချာရှိတယ်.......။
ဝက်သားတုံးကို
ချိန်ခွင်ထဲ လေဟုန်နဲ့  ဝုန်းခနဲ့  ပစ်ထည့် အရှိန်နဲ့  ကျသွားတဲ့
ဝက်သားတုံး လေဟုန်ထဲ ပြန်မတက်ခင် ကောက်ယူပေးလိုက်တဲ့ အရှိန်က မြန်လိုက်တဲ့
အရှိန် ဒီဝက်ဘ်(Web)ထဲ ကူးသန်းသွားလာနေရတာလောက်ကတော့
ပျင်းတောင်ပျင်းသေးတယ်.........။
မေတို့ ရွာမှာ ကွန်နက်ရှင် မရလဲ ဘာမှတော့ မဖြစ်ပါဘူး....။
ကွန်မရှိရင် ရေမြုံး၊ ရေကွင်း ၊ ငါးမျှားတံ နဲ့  ပိုက်တွေ ထောင်စားလို့ ရတယ်လေ.......။
ဘယ်သူ့ ကိုမှ ဒေါသတစ်ကြီး မေတ္တာပို့ နေစရာမလိုတော့ဘူးပေါ့.........။
မေတို့ တွေ တိုင်းတစ်ပါးမှာ ရုန်းကန်နေကြရတယ်.........။
တစ်နေ့ နေ့ တစ်ချိန်ချိန် အိမ်ပြန်ကြရမှာပါပဲ.............။
တောဓလေ့မှာ ပျော်မွေ့ ခဲ့တဲ့မေ တောရဲ့  သဘာဝကို ချစ်တယ်..........။
“အွန်လိုင်း”ဆိုတာ သုံးခွင့်မရခဲ့တော့ရင် မေချစ်တဲ့ အမြတ်တနိုးလွယ်ခဲ့တဲ့ “ပလိုင်း” လွယ်ပြီး တောခုတ်သွားမယ်..........။
“ဝက်ဘ်ဆိုဒ်”တစ်ကာလှည့်ပြီး
ယောင်းမတစ်ချောင်းလို မွှေနေတဲ့ အချိန်တွေအတွက် အဲ့ဒီယောင်းမ
အိမ်ပြန်ယူသွားပြီး “ဝက်စာ“ ကျိုတဲ့ အခါတွေမှာ မွှေနေလိုက်မယ်............။
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဘာတွေကိုပဲ အဆက်ဖြတ်ရ ဖြတ်ရ မေ အချိန်တန်ရင် မေချစ်တဲ့ ရွာလေးဆီကို ပြန်ခဲ့ပါ့မယ်...........။
မေ့ရဲ့  ဇာတိချက်မြုပ် ရွာလေးကို မေ အရမ်းချစ်လို့ ပေါ့.......။
မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်