“မြရာ
ကိုယ်နောက်ကို လိုက်ခဲ့ပါ..ကိုယ်တို့ ရဲ့  နှစ်ယောက်တစ်အိမ်မက်ဘဝကို
အတူတည်ဆောက်ကြတာပေါ့...။ ကိုယ်တို့  နှစ်ဦးသဘောတူ လက်ထပ်ကြမယ်ကွာ.....”
“ဟင်အင်း မလိုက်ဘူး...။ မိဘတွေ
သဘောတူညီမှုမရှိတဲ့ အိမ်ထောင်ရေးမျိုး မြရာ မဖန်တီးချင်ဘူး..။ မြရာရဲ့ 
မိဘတွေ သဘောတူလာတဲ့ အထိ မြရာ ကြိုးစားမယ်မောင်..။ အချိန်ကာလ ဘယ်လောက်ပဲ
ကြာပါစေ မြရာစောင့်မယ်မောင်...”
“ဟာ....မြရာကလဲကွာ...။ မြရာနဲ့  မောင်
ချစ်သူဖြစ်လာကြတာ ခုဆို သုံးနှစ်သုံးမိုးဆိုတာထက်ကို ကျော်လွန်နေပြီး..။
မောင်တို့ တွေ အရွယ်လဲ ရောက်ပြီ....။ကိုယ်တို့ မှာ ကိုယ်စီအလုပ်အကိုင်တွေနဲ
့ မိသားစု ဆိုတဲ့ ဘဝတစ်ခု တည်ထောင်ဖို့  ခိုင်မာနေတဲ့ အခြေအနေမျိုးကိုလဲ
ကိုယ်တို့  ကြိုးစားနိုင်ခဲ့ပြီ...။ ဘာလိုသေးလဲ မြရာရာ..။ မြရာနဲ့  မောင်ရဲ
့ ဘဝနှစ်ခု ပေါင်းစပ်ပြီး နွေးထွေးတဲ့ မိသားစု ဘဝလေးတစ်ခုကို
ထူထောင်ကြမယ်လေ..”
“မြရာတို့ တွေ
အရွယ်ရောက်လာကြပြီ...ကိုယ်ပိုင်အလုပ်အကိုင်တွေနဲ့  မိသားစု ဘဝလေးတစ်ခုကို
တည်ဆောက်ဖို့  မပူပင်ရတော့ဘူးဆိုပေမဲ့ မြရာတို့ တွေဟာ မြရာတို့ မိဘတွေရဲ့ 
သားသမီးတွေပါမောင်...။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုမရှိတဲ့ အိမ်ထောင်ရေး ၊
မိဘတွေ မကြည်ဖြူပဲ စလိုက်ရတဲ့ မိဘတွေ ရဲ့  စိတ်ဆင်းရဲမှုတွေနဲ့  စတင်ခဲ့တဲ့
အိမ်ထောင်ဦးခရီးလမ်းအစကို မြရာ မလျှောက်ချင်ဘူးမောင်...”
“မြရာ ...မြရာရဲ့  မိဘတွေရဲ့  စကား မောင်နဲ့ 
လက်ထပ်ရင် အမွေဖြတ်မယ်ဆိုတဲ့ စကားကြောင့်လား....။မြရာက ကိုယ်နဲ့ 
လက်ထပ်လိုက်လို့  ဆင်းရဲမှာ ကြောက်တာလား..။ မြရာမိဘတွေ ထားသလို မောင်
မြရာကို မထားနိုင်မှာဆိုးလို့ လား...”
“မဟုတ်ဘူးမောင်...မြရာ ဆင်းရဲမှာကို
မကြောက်ပါဘူး...။ မောင်နဲ့  နှစ်ယောက်အတူတူ ရုန်းကန်ရမယ်ဆိုရင်လဲ
ရုန်းကန်ရတဲ့ ဘဝကို မြရာမကြောက်ပါဘူး...။ ဒါပေမဲ့ မြရာရဲ့  မိဘတွေ
စိတ်ဆင်းရဲ မဲ့ လုပ်ရပ်မျိုး မြရာ မလုပ်ဘူးမောင်”
နှစ်ဦးသဘောတူ လက်ထပ်ရန်
တွင်တွင်ငြင်းဆန်နေသော ချစ်သူလေးကို မင်းမင်း ဘယ်လို ဖြောင့်ဖျ
ရမယ်မှန်းမသိ..။ သူနဲ့  ကိုယ်နဲ့ က ခုတွေ ခု ချစ် ခုလက်ထပ်ချင်ကြတဲ့
သူတွေလဲ မဟုတ်..။ အထက်တန်းကျောင်းသားဘဝထဲကနေ သူငယ်ချင်းတွေ..။ အချိန်တန်
အရွယ်ရလာတော့ ရင်ခုန်သံတွေ ပြောင်းပြီး ချစ်သူဘဝ ရောက်ခဲ့ကြတဲ့ သူတွေ...။
ခုတော့ ကျောင်းတွေပြီးလို့  မိဘတွေဆီက
စီးပွားခွဲထွက်ပြီး ကိုယ်ပိုင် အလုပ်အကိုင်ကိုယ်စီနှင့် ဘဝတစ်ခု
တည်ဆောက်ကြမယ်ဆိုလျှင်လဲ ပူပင်စရာမရှိ...။ တစ်ခုတော့ ရှိသည်..။
နှစ်ဖက်မိဘတွေက စီးပွားပြိုင်ဖက် န်ညှိုးရန်စတွေနှင့်မို့  ဘယ်လိုမှ
သဘောမတူနိုင်ဟု ရာဇသံတွေ ထုတ်ထားကြတဲ့ ကြားမှာ အပြစ်မဲ့တဲ့
ချစ်သူနှစ်ဦးက မြေဇာပင်တွေပမာ...။ ဒါကို သမီးအလိမ္မာဖြစ်ချင်တဲ့
ကိုယ့်ချစ်သူကလဲ မိဘစကားတွေ နားထောင်လို့  ဒီလိုပုံဆို ဒီချစ်သူနှစ်ဦး
နီးစပ်ဖို့ က မလွယ်....။
“မောင်........
မြရာတို့  အတူ ကြိုးစားကြမယ်နော်...။ မြရာတို
့ရဲ့  နှစ်ဖက်မိဘတွေ သဘောတူလာတဲ့ အချိန်အထိ ၊ မြရာတို့ ရဲ့  အချစ်တွေ ကို
မိဘတွေ အသိအမှတ်ပြုပြီး ကြည်ဖြူလာတဲ့ အထိ မြရာနဲ့ မောင် ကြိုးစားကြမယ်လေ..”
“ဘယ်အချိန်ထိ စောင့်ရမှာလဲ မြရာ..။ မောင်တို့ 
စောင့်လာတာလဲ ကြာနေပြီ...။ တောင်းဆိုးပလုံးဆိုးသာ
ပစ်ရိုးထုံးစံရှိတယ်....သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဘူးတဲ့
မြရာ...မောင်တို့ တွေ သားသမီးဆိုးတွေ မှ မဟုတ်တာ...။မောင်တို့ 
ခုလက်ထပ်လိုက်မိဘတွေ သဘောမတူလဲ ခဏပေါ့..နောက်တော့ တဖြည်းဖြည်း သူတို့ 
စိတ်ပြေလာမှာပါ..။ခွင့်လွတ်မှာပါ မြရာရယ်..။ ခွင့်မလွတ်နိုင်လို
့အမွေဖြတ်မယ်ဆိုရင်ရော ဘာဖြစ်သေးလဲ...မောင်တို့ ဘဝကို ရုန်းကန်ဖို့ 
အခြေအနေမမဲ့သေးပါဘူး..။ခုလက်ရှိ မြရာရဲ့  မိဘတွေ မြရာကို ထားသလို
ထားနိုင်ချင်မှ ထားနိုင်မယ် ဆိုပေမဲ့ မြရာ နဲ့  မောင်တို့ ဘဝ
ဆင်းရဲတွင်းထဲမှာ ထမင်းရည်တူတူသောက်ပြီး ရုန်းကန်ရမဲ့
အခြေအနေမဟုတ်ပါဘူး....။ တွေဝေမနေနဲ့  မြရာ...။ မောင်တို့ 
အမြန်ဆုံးလက်ထပ်ကြမယ်...”
“မဟုတ်ဘူးမောင်...မြရာကြောက်ရွံနေတာ
ဆင်းရဲရမဲ့အခြေအနေ ရုန်းကန်ရမဲ့ အခြေအနေကြောင့် မဟုတ်ဘူး..။
အမွေဖြတ်ခံရမယ်ဆိုတဲ့ အခြေအနေကြောင့်တော့မှန်တယ်...။ ဒါဟာလဲ မြရာက
ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတစ်ခုကို မက်မောတွယ်တာနေလို့ မဟုတ်ဘူး...။မြရာ
သားသမီးကောင်းပီသချင်တယ်မောင်..။ မောင်သိမှာပါ...။
သားသမီးဝတ်(၅)ဖြာကို.....
သားသမီးဝတ်
ကျွေးမွေးမပျက်၊
ကျွေးမွေးမပျက်၊
ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊
လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်၊ကျင့်ဖွယ်သားတို့ သား။
အဲ့ဒီထဲမှာ မွေးခံထိုက်စေ ဆိုတာလဲ ပါတယ်မောင်..။
မွေခံထိုက်စေဆိုတာ မိဘက ချမ်းသာနေမှ မိဘရဲ့  ပစ္စည်းဥစ္စာ
ပိုင်ဆိုင်မှုတွေကို ဆက်ခံနိုင်မှ အမွေရတာမဟုတ်ဘူး..။ မိဘက
ချမ်းသာသည်ဖြစ်စေ..ဆင်းရဲသည် ဖြစ်စေ..မိဘရဲ့  ပိုင်ဆိုင်မှုတွေကို
အမွေဆက်ခံနိုင်ခွင့်ရှိရမယ်မောင်...။ အဖိုးတန်ပစ္စည်းကိုသော်၎င်း..မိဘရဲ့ 
အဝတ်တစ်ထည်ကိုသော်၎င်း မိဘက ပေးနိုင်တဲ့ အနေအထာမှ လိုလားစွာပေးခဲ့တဲ့
အမွေပစ္စည်းကို ဆက်ခံနိုင်မှ သားသမီးကောင်း ပီသနိုင်မှာပါ...။
အမွေပြတ်စွန့် ပယ်ခံရပြီး မိဘပိုင်ဆိုင်တဲ့
ပစ္စည်းတွေထဲမှ အပ်တိုတစ်ချောင်းတောင်ပိုင်ဆိုင်ခွင့်မရခဲ့ဘူးဆိုရင်
အဲ့ဒီသားသမီးဟာ ဘယ်တော့မှ သားသမီးကောင်းပီသနိုင်တော့မှာ မဟုတ်ပါဘူး...။
မြရာ မိဘရဲ့  အမွေကို သားသမီးကောင်းပီသစွာ ပိုင်ဆိုင်ချင်တယ်မောင်...။
ဒါဟာ သားသမီးတိုင်းရဲ့  ဝတ်တရားပါ..။မိဘရဲ့  အမွေဖြပတ်စွန့် လွတ်ခံရပြီး
အမွေကို ဆက်ခံခွင့်မရသူဟာ သားသမီးဝတ်ဆိုတဲ့ တာဝန်ကို မကျေပြွန်ဘူးမောင်...။
မိဘရဲ့ အမွေလို့  သတ်မှတ်ပြီးပေးခံရတဲ့ အပ်တိုတစ်ချောင်မျိုးကိုတောင်
လိုလားစွာ လက်ခံယူပြီး အမွေအနှစ်အဖြစ်
ထိန်းသိမ်းစောင့်ရှောက်ချင်ပါသေးတယ်..။
ဒါကြောင့် မောင်ခေါ်မဲ့ နှစ်ဦးသဘောတူ လမ်းကို မလျှောက်လှမ်းနိုင်တာ မြရာကို ခွင့်လွတ်ပါမောင်...”
“မောင်နားလည်ပါပြီ မြရာ...။ မြရာပြောသလိုပဲ မောင်တို့ ဟာ
သားသမီးကောင်းတွေ ပီသစွာ မိဘရဲ့  အမွေအနှစ်ကို ပိုင်ဆိုင်နိုင်ဖို့ 
ထိန်းသိမ်းနိုင်ဖို့  သားသမီးကောင်းတွေ ပီသအောင် ကြိုးစားကြရမယ်..။ မိဘက
လိုလားစွာ ထားပေးခဲ့တဲ့ အမွေ..အပ်တိုတစ်ချောင်းကိုသော်၎င်း ၊
အဝတ်စုပ်တစ်ထည်ကိုသော်၎င်း ၊ ပိုင်ဆိုင်မှု အစုစုတို့ ကိုသော်၎င်း မောင်တို့ နဲ
့ထိုက်တန်စွာရရှိဖို့  မောင်တို့ မိဘတွေ ရဲ့  သားသမီးအလိမ္မာအဖြစ်
ရပ်တည်သွားကြရမယ်..။
မြရာနဲ့  မောင်တို့ ရဲ့  တူနှစ်ကိုယ်ခရီးကိုတော့ မိဘတွေ သဘောတူပြီး စိတ်တိုင်းကျ လိုလားတဲ့ အထိ မောင်တို့  စောင့်ကြတာပေါ့...။
ကျေးဇူးတင်ပါတယ် မြရာ...။ မောင့်ကို သိသင့်သိထိုက်တဲ့
သားသမီးဝတ်ကို သေချာရှင်းပြပေးတဲ့ အတွက်ကိုရော..အမွေခံသားတစ်ယောက် ၊
မိဘအမွေကို ထိန်းသိမ်းပေးနိုင်တဲ့ သားတစ်ယောက်အဖြစ် လမ်းပြခေါ်ဆောင်ပေးတဲ့
မောင့်ချစ်သူလေးကို မောင် လေးစားပါတယ် မြရာ...။
မောင်တို့ တွေ မိဘတွေ သဘောတူကြည်ဖြူလာတဲ့
အထိစောင့်မယ်..။အချိန်ဘယ်လောက်ပဲ ကြာကြာ..မောင်တို့ ရဲ့ ခိုင်မြဲတဲ့
အချစ်တွေနဲ့  တွဲလက်တွေ မဖြုတ်ပဲ မိဘတွေ အသိအမှတ်ပြုလာတဲ့ အထိမောင်တို့ 
စောင့်စားကြမယ် မြရာ...။
မွေခံထိုက်တဲ့ သားသမီးတွေအဖြစ်နဲ့  မောင်တို့ တွေ လက်တွဲကြတာပေါ့...”
တစ်နေ့ နေ့  လက်တွဲခွင့်ရမှာပါ...။ အချစ်တွေ ခိုင်မြဲဖို့ သာ လိုပါတယ်...။ တွဲလက်တွေ မဖြုတ်ကြေး....။
ခိုင်မြဲသော သစ္စာတရားနဲ့  မောင်တို့  ရှေ့ ဆက်ကြတာပေါ့ မြရာ...........................။
♣ ♣ ♣ မေသဇင် ♣ ♣ ♣
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်